ပြိုင်ဘက်လန်ဒန်ကလပ်အသင်းအားလုံးကို ရှုံးနိမ့်သည့် ပထမဆုံးအသင်းအဖြစ် ဝက်စ်ဟမ်းအသင်း မှတ်တမ်းဝင်
လန်ဒန်မြို့တွင် ယှဉ်ပြိုင်သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) အဖြစ် အာဆင်နယ်အသင်းနှင့် တွေ့ဆုံကစားရာတွင် ဝက်စ်ဟမ်းအသင်းသည် ၁ ဂိုး–ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ဘက်လန်ဒန်ကလပ်အသင်းအားလုံးကို ရှုံးနိမ့်သည့် ပထမဆုံးလန်ဒန်ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဝက်စ်ဟမ်းအသင်းသည် ယခုဘောလုံးရာသီအတွင်း ရလဒ်များ ဆက်တိုက်ဆိုးရွားနေပြီး လန်ဒန်ကလပ်အသင်းများဖြစ်သည့် ဘရန့်ဖို့ဒ်အသင်းကို ၃ ဂိုး–ဂိုးမရှိ၊ ချယ်လ်ဆီးအသင်းကို ၃ ဂိုး–၂ ဂိုး၊ ဖူလ်ဟမ်အသင်းကို ၁ ဂိုး–ဂိုးမရှိ၊ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ ဂိုး–၁ ဂိုး၊ စပါးအသင်းကို ၃ ဂိုး–ဂိုးမရှိ၊ အာဆင်နယ်အသင်းကို ၁ ဂိုး–ဂိုးမရှိဖြင့် အားလုံးကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဝက်စ်ဟမ်းအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၃၆ ပွဲကစားပြီးချိန်၌ ရမှတ် ၃၆ မှတ်သာ ရရှိထားကာ တန်းဆင်းဇုန်အတွင်းရှိ အဆင့် (၁၈) နေရာတွင် ရပ်တည်နေသည်။
လက်ကျန်ပွဲစဉ်များအဖြစ် နယူးကာဆယ်အသင်းနှင့် လိဒ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲများအပါအဝင် ရလဒ်များအပေါ် မူတည်၍ တန်းဆင်းခြင်းအခြေအနေ ဆက်လက်သတ်မှတ်ရမည်ဖြစ်ကြောင်း သိရသည်။
MWD
