ကိုယ်ခံအားမြှင့်တင်သည့် ကုထုံးက ဆေးယဉ်ပါး ဗက်တီးရီးယားများကို တိုက်ဖျက်နိုင်မည်

News Image

  • ကိုယ်ခံအားမြှင့်တင်သည့် ကုထုံးက ဆေးယဉ်ပါး ဗက်တီးရီးယားများကို တိုက်ဖျက်နိုင်မည်

     ဩစတြေးလျ သုတေသီများသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားတုံ့ပြန်မှုကို မြှင့်တင်ပေးခြင်းဖြင့် ဆေးယဉ်ပါး ဗက်တီးရီးယား ကူးစက်မှုကိုတိုက်ဖျက်နိုင်မည့် နည်းလမ်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။ ထိုနည်းလမ်းသည် ပဋိဇီဝဆေးများနေရာတွင် အစားထိုးသုံးနိုင်မည့် အလားအလာကောင်းသော နည်းလမ်းအသစ်တစ်ခုဖြစ်သည်။ 

ကွင်းစလန်းတက္ကသိုလ်မှ ဦးဆောင်သည့် သုတေသနပြုချက်အရ ကျူးကျော်လာသော ဗက်တီးရီးယားများကို ချေမှုန်းနိုင်စေရန်ကိုယ်ခံအားကလာပ်စည်းများက mitoch-ondria အပိုင်းပိုင်းကွဲထွက်သည့် ဖြစ်စဉ်ကို အသုံးပြုကြောင်း  မေလ  ၁၅ ရက်တွင် ထုတ်ပြန်သည့်တွေ့ရှိချက်၌ ဖော်ပြထားသည်။ သို့သော် အချို့ဗက်တီးရီးယားများသည် ထိုဖြစ်စဉ်ကို တားဆီးရန် နည်းလမ်းများဖန်တီးထားသဖြင့်   ကူးစက်မှုများ ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။ 

ယင်းနောက်တွင်စမ်းသပ်ဆဲဒြပ်ပေါင်းဖြစ်သော HDAC6 inhibitor သည် ကိုယ်ခံအားကလာပ်စည်းများ အတွင်း mitoch-ondria အပိုင်းပိုင်းကွဲထွက်မှုဖြစ်စဉ်ကို ပြန်လည်အသက်ဝင်စေပြီး ဗက်တီးရီးယားများကို တိုက်ဖျက်နိုင်ကြောင်း သုတေသီများက တွေ့ရှိသည်။ ယခုကုထုံးသည် ပဋိဇီဝဆေးများကဲ့သို့ ဗက်တီးရီးယားကို တိုက်ရိုက်ပစ်မှတ် မထားဘဲ ခန္ဓာကိုယ်၏ ကိုယ်ခံအားကို ပြောင်းလဲပေးခြင်းဖြင့် ရောဂါပိုးများကို တိုက်ဖျက်ခြင်းဖြစ်သည်။ 

MWD