နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများအပေါ် လိုက်နာဆောင်ရွက်နိုင်ရေး ထပ်ဆင့်ရှင်းလင်း
မြစ်ကြီးနား မေ ၁၁
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများအပေါ် လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရ အဖွဲ့က ဌာနဆိုင်ရာများအား ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လုပ်ငန်းများအကောင်အထည် ဖော်ရာတွင် ရေရှည်အကျိုးစီးပွားကိုကြည့်၍ စနစ်တကျ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
အမှာစကားပြောကြား
ထို့နောက် ပြည်နယ်ဝန်ကြီးများက ရက်ပေါင်း ၁၀၀ အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
MDN
MM-News-Category
