မင်းတုန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
မင်းတုန်း ဇွန် ၃
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်လင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်အထက် ကျောင်းသား ကျောင်းသူ ၂၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)
MDN
MM-News-Category
