တောင်းဆိုချက်များကို လိုက်လျောမည်ဆိုပါက ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးဆောင်ရွက်မည်ဟု လက်ဘနွန်ပြောကြား

News Image

  • တောင်းဆိုချက်များကို လိုက်လျောမည်ဆိုပါက ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးဆောင်ရွက်မည်ဟု လက်ဘနွန်ပြောကြား

ဘေရွတ်   မေ   ၁၁

လက်ဘနွန်၏  တောင်းဆိုချက်များကို လိုက်လျောမည်ဆိုပါက  အစ္စရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေး  ဆောင်ရွက်မည်ဟု လက်ဘနွန်ဝန်ကြီးချုပ် နာဝပ်ဆာလန်က   မေ ၁၀ ရက်တွင် ပြောကြားသည်။

 စစ်ပွဲများရပ်တန့်ရန်  လက်ဘနွန်က  ဆန္ဒရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နယ်စပ်မှ ဆုတ်ခွာရေးကို လက်ဘနွန်က တောင်းဆိုကြောင်းနှင့် လက်ဘနွန်အနေဖြင့် စစ်ဖြစ်မည့်အရေးကို မလိုလားကြောင်း ၎င်းကပြောကြားသည်။  လက်ဘနွန်နိုင်ငံသားအများစုမှာ စေ့စပ်ညှိနှိုင်းရေးကိုသာလိုလားကြောင်း သိရသည်။  လက်ဘနွန်နိုင်ငံရှိ ဗင်ဂျေဗီအီမြို့သည် လက်ရှိအချိန်တွင် ပျက်စီးမှုရှိကာ ဂါဇာဒေသကဲ့သို့ဖြစ်နေပြီး လက်ဘနွန်တောင်ပိုင်းတွင် တင်းမာမှုများမြင့်တက်နေကာ လက်ဘနွန်ကျေးရွာ  ၈၆   ရွာသည်  အစ္စရေးလက်အောက်သို့ ကျရောက်နေကြောင်း ၎င်းကပြောကြားသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

MDN