နေပြည်တော်စည်ပင် ဧည့်ရိပ်သာ အိပ်ဆောင်များနှင့် အဆောက်အအုံများ ပြင်ဆင်ထားရှိမှုတို့ကို  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

News Image

  • နေပြည်တော်စည်ပင် ဧည့်ရိပ်သာ အိပ်ဆောင်များနှင့် အဆောက်အအုံများ ပြင်ဆင်ထားရှိမှုတို့ကို  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၃

     နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည်   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်   စည်ပင်ဧည့်ရိပ်သာ၌ တတိယအကြိမ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ရန်အတွက် နေရာချထားမည့်အိပ်ဆောင်များနှင့် အဆောက်အအုံများ  ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြင်ပဧည့်သည်များထားရှိသည့် အဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဧည့်ရိပ်သာအတွင်းရှိ အခန်းများကို လွှတ်တော်ကိုယ်စားလှယ် များအဆင်ပြေစွာ နေထိုင်နိုင်ရေးနှင့် လိုအပ်မည့် အသုံးအဆောင်ပစ္စည်းများ အဆင်သင့်ဖြစ်စေရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန်၊ လွှတ်တော်ကိုယ်စားလှယ်များ အနားယူအပန်းဖြေသည့်အခန်းတွင် နေ့စဉ်ထုတ်သတင်းစာများ  ထားရှိပေးရန်နှင့် ကိုယ်စားလှယ်များအား   အထူးဂရုစိုက် ဝန်ဆောင်မှုပေးရန်၊    ပြင်ပဧည့်သည်များထားရှိသည့်     ဧည့်ရိပ်သာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးစီမံချက် ရေးဆွဲထားရှိရန်၊ လုံခြုံရေးကိုလစ်ဟာမှုမရှိစေဘဲ    အထူးဂရုစိုက်ဆောင်ရွက် ထားရှိရန်တို့ကို တာဝန်ရှိသူများအား   မှာကြားကြောင်း သိရသည်။

MWD