အီရန်ထံမှ နျူကလီးယားလက်နက်များ မထုတ်လုပ်ဟူသော အာမခံချက်များရရှိပြီဟု ဒေါ်နယ်ထရမ့်ပြော

News Image

  • အီရန်ထံမှ နျူကလီးယားလက်နက်များ မထုတ်လုပ်ဟူသော အာမခံချက်များရရှိပြီဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် အီရန်ထံမှ နျူကလီးယားလက်နက်များ မထုတ်လုပ်ပါဟူသော ခိုင်မာသည့် အာမခံချက်များကို ရရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

ထရမ့်အနေဖြင့် အီရန်ထံသို့ ပိုမိုကြမ်းတမ်းသော အဆိုပြုချက်တစ်ရပ် ပေးပို့ထားသည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ အဆိုပြုချက်နှင့်ပတ်သက်၍ မည်သည့်ညှိနှိုင်းမှုမဆိုသည် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကို တရားဝင် အဆုံးသတ်စေရေးနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် သဘောတူညီချက်ရရှိရန် အချိန်ပိုမိုကြာမြင့်စေမည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။

မည်သည့်သဘောတူညီချက်ပင်ဖြစ်စေ ၎င်းအနေဖြင့် ဦးစားပေးထားသည့် အရေးကြီးကိစ္စများမှာ အီရန်နိုင်ငံက နျူကလီးယားလက်နက် မထုတ်လုပ်ရေးနှင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးတို့ဖြစ်ကြောင်း ထရမ့်က မေ ၃၀ ရက် ညပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် Fox News သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

အီရန်ဘက်ကမူ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လိုပါက အမေရိကန်ဘက်က ထိန်းသိမ်းထားသည့် အီရန်နိုင်ငံပိုင် ဒေါ်လာ ၁၂ ဘီလီယံကို ဦးစွာ ပြန်လည်ထုတ်ပေးရမည်ဖြစ်ကြောင်းနှင့် စစ်ပွဲရပ်ဆိုင်းရာတွင် လက်ဘနွန်နိုင်ငံလည်း ပါဝင်ရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။

Ref: AGC

MWD