မဟာဗျူဟာမြောက် မိတ်ဖက်သစ်အဖြစ် ခိုင်မာစေရန် ပြင်သစ်နှင့်ဟန်ဂေရီနိုင်ငံတို့ ကြိုးပမ်းမည်
ပါရီ ဇွန် ၃
ယခုနှစ်မကုန်မီ ပြင်သစ်နှင့်ဟန်ဂေရီနိုင်ငံတို့သည် နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအသစ်ကို အပြီးသတ်နိုင်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်သွားမည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဇွန် ၃ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါကြေညာချက်ကို ပါရီမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် ဟန်ဂေရီဝန်ကြီးချုပ် ပီတာမာဂျာနှင့်အတူ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေး၊ နျူကလီးယားစွမ်းအင်၊ စက်မှုလုပ်ငန်း၊ အာကာသ၊ စိုက်ပျိုးရေး၊ စီပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုတို့အပါအဝင် မဟာဗျူဟာမြောက်ကဏ္ဍများတွင် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဟု ပြင်သစ်သမ္မတက ပြောသည်။ နိုင်ငံတကာအခြေအနေတွင် ပိုမိုနီးကပ် သည့် ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်ဟု ဟန်ဂေရီဝန်ကြီးချုပ်က ပြောသည်။
နှစ်နိုင်ငံကြား အနာဂတ်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကိုလည်း ကြိုဆိုကြောင်း၊ အဆိုပါသဘောတူညီချက်သည် စီပွားရေး၊ ယဉ်ကျေးမှု၊ သံတမန်ရေးနှင့် ဥရောပသမဂ္ဂဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံဆက်ဆံရေးများကို ပိုမိုခိုင်မာစေမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ
MDN
