ကျောက်ကပ်အားကောင်းစေပြီး ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်နိုင်သည့်အစားအစာများ

Posted_Date

Image

ကျောက်ကပ်အားကောင်းစေပြီး ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်နိုင်သည့်အစားအစာများ

Body

ကျောက်ကပ်ဆိုသည်မှာ လူ့ခန္ဓာကိုယ် အတွင်း  ရှိသမျှအဆိပ်အတောက်များကို ဆီးမှတစ်ဆင့် စွန့်ထုတ်သန့်စင်ပေးသော အရေးပါသည့်   အစိတ်အပိုင်းဖြစ်သည်။

ကျောက်ကပ်     ပုံမှန်အလုပ်မလုပ်ပါက အဆိပ်အတောက်များပြည့်နေပြီး ရောဂါ ဝေဒနာဖိစီးသည့်ခန္ဓာကိုယ်   ဖြစ်လာပါလိမ့်မည်။     ကျောက်ကပ်ကျန်းမာရေးအတွက်     နေ့စဉ်လိုအပ်သောအာဟာရ ဓာတ်များပါဝင်သည့်     အစားအစာများ စားသုံးသင့်သည်။

ပန်းသီး

ပန်းသီးသည်    ကိုလက်စထရောနှင့်ဂလူးကို့စ်ပမာဏကို လျော့ကျစေနိုင်သော ပျော်ဝင်အမျှင်ဓာတ်ပါဝင်သည့်   အရင်း အမြစ်တစ်ခုဖြစ်သည်။  ပန်းသီးကို အခွံပါ စားသုံးသင့်သည်။    အခွံတွင်   ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများစွာ   ပါဝင်သကဲ့သို့ ပန်းသီးစိမ်းတွင် ဗီတာမင်-C ကြွယ်ဝစွာ ပါဝင်သည်။

Omega-3 Fatty Acid 

အကျိုးပြုအက်စစ်  Omega-3  Fatty Acid  များကို ပင်လယ်ငါးမှရရှိနိုင်သည်။ အကျိုးပြုအဆီများက အာရုံကြောစနစ်၏ ဆဲလ်များတည်ဆောက်ရာတွင်    အဓိက နေရာမှပါဝင်သည်။ နှလုံးကြွက်သားများ နှင့် ခုခံအားစနစ်ကို အားကောင်းစေသည်။ လိုအပ်သည့်အာဟာရများ  စုပ်ယူရာတွင်    ကူညီပေးသည်။ ဦးနှောက်နှင့် အမြင်အာရုံ ဖွံ့ဖြိုးစေသည်။ နှလုံးရောဂါဖြစ်နိုင်ခြေကို    လျော့နည်းစေသည်။  သွေးတွင်းကိုလက် စထရောကို လျော့ကျစေသည်။

ကိုက်လန်

ကိုက်လန်တွင်  ဗီတာမင်-A၊  ဗီတာမင်-C၊ ဗီတာမင်-K နှင့် ကယ်လ်စီယမ်အပါအဝင်   အရေးပါသောဗီတာမင်နှင့်  သတ္တုဓာတ်များပါဝင်သည်။      ကာရိုတီ နွိုက်နှင့်  ဖလေဗိုနွိုက်တို့ကြွယ်ဝသဖြင့်   မျက်စိကျန်းမာရေးနှင့်   ကင်ဆာရောဂါ တို့ကို ကာကွယ်နိုင်စွမ်းရှိသည်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးသည် အနံ့အရသာ ကောင်းမွန်သကဲ့သို့ ဗီတာမင်နှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ  ပါဝင်မှုများသည်။ ယင်းတွင်ပါဝင်သည့်   အမျှင်ဓာတ်နှင့်   အာဟာရဓာတ်များကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးနိုင်ပြီး ရောင်ရမ်းမှုလျော့ကျစေသည်။

ဟင်းနုနယ်

ဟင်းနုနယ်တွင်  ဗီတာမင်-A၊ ဗီတာ မင်-C၊ ဗီတာမင်-K နှင့် ဖောလိတ်ဓာတ် ပါဝင်မှုမြင့်မားသည့်အပြင် ဘီတာကယ်ရို တင်းကြောင့်လည်း       ကိုယ်ခံအားကို ကောင်းစေနိုင်သည်။ အမြင်အာရုံအတွက် ကောင်းသည့် အစိမ်းရောင်အသီးအရွက် တစ်မျိုးလည်းဖြစ်၍ စားသုံးသင့်သည်။

ကန်စွန်းဥ

ကန်စွန်းဥတွင် ဗီတာမင်-K နှင့် ဗီတာ မင်-C ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် B6၊ ပိုတက်ဆီယမ်နှင့်  အမျှင်ဓာတ်တို့လည်းပါဝင်သည်။  ပိုတက်ဆီယမ်အပါအဝင်   ဗီတာမင်နှင့်သတ္တုဓာတ်များက ခန္ဓာကိုယ်ထဲမှ  ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးကာ   ကျောက်ကပ်အပေါ်       သက်ရောက်မှုလျော့နည်းစေရန် ကူညီပေးသည်။

ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်သည် ဗီတာမင်-C၊ အမျှင် ဓာတ်နှင့် ဖောလိတ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး ပိုတက်ဆီယမ်ပါဝင်မှုနည်းသော ကြောင့် ကျောက်ကပ်အတွက် ကောင်းမွန် သည့်အစားအစာဖြစ်သည်။  ဂေါ်ဖီထုပ်ကို   ကျောက်ကပ်ဆဲလ်များ   ပြန်လည် ကောင်းမွန်စေရန်နှင့်       ကျောက်ကပ် တစ်သျှူးများကို ကာကွယ်ပေးရန် စားသုံး သင့်သည်။      ကျောက်ကပ်တစ်ခုလုံး

ကျန်းမာရေးကို    မြှင့်တင်ပေးရုံသာမကပျက်စီးမှုများ   နောက်ထပ်မဖြစ်စေရန် ကာကွယ်ပေးသောကြောင့်  မိမိ၏နေ့စဉ် အစားအသောက်ထဲတွင်   ဂေါ်ဖီထုပ်ကို  ထည့်သွင်းစားသုံးသင့်သည်။

အနီရောင်စပျစ်သီး

အနီရောင်စပျစ်သီးတွင်  ပိုလီဖီနောဟုခေါ်သည့် အပင်မှရရှိသောဒြပ်ပေါင်းများကြွယ်ဝစွာပါဝင်ပြီး    ကျောက်ကပ်သွေးစီးဆင်းမှု ကောင်းမွန်ခြင်း၊  ရောင်ရမ်းမှုကျဆင်းခြင်းတို့နှင့်  ဆက်စပ်နေသည်ဟု သုတေသနအရ ဖော်ပြထားသည်။ ပိုလီဖီနောက   ကျောက်ကပ်အပေါ်    ဖိစီးမှု လျော့ပါးစေပြီး အဆိပ်အတောက်များနှင့် သွေးတွင်းသကြားဓာတ် မြင့်မားမှုကြောင့် ဖြစ်ပေါ်လာသည့်         ပျက်စီးမှုများမှ ကာကွယ်ပေးသည်။ နေ့စဉ် စားသောက် သည့်စာရင်းတွင်   အနီရောင်စပျစ်သီးလက်တစ်ဆုပ်စာစားခြင်း   သို့မဟုတ် ဖျော်ရည်ပြုလုပ်       သောက်သုံးခြင်းက ကျောက်ကပ်ကျန်းမာရေးကို      သိသိ သာသာကောင်းမွန်နိုင်သည်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူသည် အရောင်ကျစေပြီးအင်တီအောက်စီးဒင့်ဒြပ်ပေါင်းများ ကြွယ်ဝ စွာပါဝင်သည့်အတွက် ကျောက်ကပ်ရောင် ရမ်းမှုကို လျော့ကျစေသည်။ ကြက်သွန် ဖြူပုံမှန်စားသုံးခြင်းက    ကျောက်ကပ် ပျက်စီးမှုကိုညွှန်ပြသည့်   အမှတ်အသား များကို    လျော့ကျစေပြီး    ဆဲလ်များကို အကာအကွယ်အလွှာတစ်ခုအနေဖြင့် ကာကွယ်ပေးသည့်   အကျိုးသက်ရောက်မှုရှိသည်။    ထို့ပြင်   သွေးတိုးရောဂါက  ကျောက်ကပ်ပျက်စီးမှု၏ အဓိကအကြောင်း ရင်းတစ်ခုဖြစ်ပြီး ကြက်သွန်ဖြူက သွေး ပေါင်ချိန်ကို      အနည်းငယ် လျော့ကျစေနိုင်သည်။      ကျောက်ကပ်မပျက်စီးရန် ကာကွယ်ပေးနိုင်သည်။

    ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးတွင် အင်တီအောက် စီးဒင့်နှင့်  ဖလေဗိုနွိုက်များ  ကြွယ်ဝစွာ ပါဝင်ပြီး အဆိုပါဒြပ်ပေါင်းများက အရောင် ကျစေကာ      ကျောက်ကပ်ထိခိုက်မှုမှ ကာကွယ်ပေးသည်။  ဘလူးဘယ်ရီသီးလက်တစ်ဆုပ်စာကို     ပုံမှန်စားသုံးခြင်း ကြောင့်   ကျောက်ကပ်လုပ်ဆောင်ချက်ကောင်းမွန်စေပြီး   ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ လျော့နည်းစေသည်ကို တွေ့ရသည်။    ကျောက်ကပ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး      ပျက်စီးမှုများ၏ အစောဆုံးအဆင့်မှ  ပြန်လည်ကောင်းမွန် စေသည်။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီတွင်  ပိုတက်ဆီယမ်ပါဝင်မှု နည်းပြီး ဗီတာမင်-C၊ ဗီတာမင်-K၊  ဖော လိတ်နှင့်    အမျှင်ဓာတ်ကြွယ်ဝစွာပါဝင် သည်။     အဆိုပါ အာဟာရဓာတ်များက ကျောက်ကပ်ပျက်စီးခြင်း၏      အဓိက အကြောင်းရင်းများဖြစ်သည့်   ရောင်ရမ်းမှုနှင့်    ဓာတ်တိုးပစ္စည်းများ၏ ပျက်စီးမှုများကို  လျော့ကျစေသည်။ ပန်းဂေါ်ဖီက ကျောက်ကပ်ဆဲလ်များ      မပျက်စီးရန်  အကာအကွယ်အဖြစ် လုပ်ဆောင်ပေးပြီး လိုအပ်သည့်    အာဟာရဓာတ်ကိုလည်း ကူညီပေးသည်။    ပန်းဂေါ်ဖီကို     ပုံမှန် စားသုံးခြင်းကြောင့်  ခန္ဓာကိုယ်အတွင်းရှိ      အဆိပ်အတောက်များကို ဖယ်ရှားပေးကာ ကျောက်ကပ်လုပ်ဆောင်ချက်ကို မြှင့်တင် ပေးနိုင်သည်။

ကျောက်ကပ်ကျန်းမာစေရန်ထိန်းသိမ်းခြင်း

ကျောက်ကပ်ကျန်းမာရေးကို ထိန်းသိမ်းရန် ရေများများသောက်သင့်သည်။ ဆားနှင့် ပြုပြင်ထားသောအစားအစာများ လျှော့ စားသင့်သည်။  သကြားနှင့် အနီရောင်အသားများ စားသုံးမှုကို    လျှော့ချသင့်သည်။   သွေးပေါင်ချိန်နှင့်   သွေးတွင်း သကြားဓာတ်အဆင့်ကို ထိန်းချုပ်နိုင်ရန် ပုံမှန်လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီ ကြာ (အပြေး၊  ရွရွပြေး၊  လမ်းလျှောက်၊ စက်ဘီးစီး၊     ရေကူး)  ပြုလုပ်သင့်သည်။ ဆေးလိပ်ဖြတ်သင့်သည်။ အရက်လျှော့ သောက်သင့်သည်။       ဆေးဝါးများကို ဆရာဝန်ညွှန်ကြားထားသည့်အတိုင်းသာ သောက်သင့်သည်။ လုံလောက်စွာအိပ်စက်မှု (၆-၈ နာရီကြာအိပ်စက်ခြင်း)  က ကျောက်ကပ်လုပ်ဆောင်ချက်ကို ကောင်း မွန်စေသည်။

အချုပ်အားဖြင့်ဆိုရသော် ကျောက်ကပ် ကျန်းမာရေးအတွက်  ရေသောက်သုံးမှုကို   ထိန်းညှိသင့်သည်။    သင့်တော်သည့်  ရေသောက်သုံးမှုက အညစ်အကြေးများ ကို    ဖယ်ရှားရာတွင်   အကူအညီပေးသဖြင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး ရေကိုလွန်ကဲစွာသောက် သုံးခြင်းကြောင့်    ဖြစ်ပေါ်လာစေသော ကျောက်ကပ်၏ဖိစီးမှုကို  ကာကွယ်ပေး သည်။ ကျောက်ကပ်ရောဂါရှိသူအနေဖြင့်   သောက်သုံးသည့် အရည်အမျိုးအစားနှင့်   ပမာဏကို အထူးသတိထားသင့်ကြောင်း   ရေးသားလိုက်ရပါသည်။ 

MWD