ဩဂုတ်လ ၂၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီအထိ ရရှိထားသည့် တိုင်ဖွန်မုန်တိုင်း Kajiki ၏ နောက်ဆုံးအခြေအနေ

News Image

  • ဩဂုတ်လ ၂၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီအထိ ရရှိထားသည့် တိုင်ဖွန်မုန်တိုင်း Kajiki ၏ နောက်ဆုံးအခြေအနေ
  • ဩဂုတ်လ ၂၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီအထိ ရရှိထားသည့် တိုင်ဖွန်မုန်တိုင်း Kajiki ၏ နောက်ဆုံးအခြေအနေ

ယနေ့ ဩဂုတ်လ ၂၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီအထိ ရရှိထားသည့် တိုင်ဖွန်မုန်တိုင်း Kajiki ၏ နောက်ဆုံးအခြေအနေ လက်ရှိအချိန်မှာ အဆိုပါ တိုင်ဖွန်းမုန်တိုင်း Kajiki သည် ဗီယက်နမ်နိုင်ငံ၏ ကမ်းရိုးတန်း အနီးကို ရောက်ရှိနေပြီဖြစ်ပြီး၊ ကုန်းတွင်းပိုင်းကို မကြာခင် ဝင်ရောက်တော့မှာ ဖြစ်ပါသည်။

မုန်တိုင်းတည်နေရာ

မုန်တိုင်းဗဟိုချက်သည် ဗီယက်နမ်နိုင်ငံ၊ Da Nang မြို့၏အနောက်မြောက်ဘက် ၂၇၀ ကီလိုမီတာ (၁၆၈ မိုင်) ခန့်အကွာမှာ တည်ရှိနေပါသည်။

လက်ရှိပြင်းအား

မုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီ ၁၆၅ ကီလိုမီတာ (၁၆၅ km/h) ရှိနေပြီး၊ အမြင့်ဆုံး လေပြင်းတိုက်ခတ်မှုနှုန်းကတော့ တစ်နာရီ ၁၇၅ ကီလိုမီတာ အထိ ရောက်ရှိနိုင်ကြောင်းဖော်ပြထားပါသည်။

ရွေ့လျားမှု

မုန်တိုင်းသည် အနောက်ဘက်ကို တစ်နာရီ ၂၀ ကီလိုမီတာ နှုန်းဖြင့်ဆက်လက်ရွေ့လျားနေပါသည်။ မုန်တိုင်းသည် ကုန်းတွင်းပိုင်းကို ဝင်ရောက်လာသည်နှင့်အမျှ အင်အားအနည်းငယ်လျော့ကျသွားနိုင်သည်ဟုခန့်မှန်းထားသော်လည်း ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတွေအတွက်တော့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနှင့်မြေပြိုမှုအန္တရာယ်တွေ ရှိနေဆဲဖြစ်ပါသည်။

လက်ရှိအခြေအနေအရ တိုင်ဖွန်းမုန်တိုင်း Kajiki ၏ သက်ရောက်မှုသည် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံစလုံးမှာ တွေ့မြင် နေရပါသည်။ သို့သော် လေပြင်းတိုက်ခတ်ခြင်းမျိုးထက် မိုးသည်းထန်စွာရွာသွန်းခြင်းကို အဓိကထားပြီး သက်ရောက် နေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံအပေါ် သက်ရောက်မှု

Kajiki သည် မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်ခြင်း မဟုတ်သော်လည်း၊ ၎င်း၏ အင်အားကြောင့် မုတ်သုံလေကို ပိုမိုအားကောင်းစေပါသည်။ ထို့ကြောင့် လက်ရှိမှာ မြန်မာနိုင်ငံအနှံ့အပြား၊ အထူးသဖြင့် ကမ်းရိုးတန်း၊ မြစ်ဝ ကျွန်းပေါ်နှင့် တောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှု အန္တရာယ်များရှိနေနိုင်ပါသည်။

ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု

မုန်တိုင်းသည် ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်တွင် အားအများကြီးလျော့ကျသွားသော်လည်း ၎င်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်ခြေ မြင့်မားနေပါသည်။ ရုတ်တရက် ရေကြီးရေလျှံမှုနှင့် တောင်ကျရေများအတွက် ထိုင်းအစိုးရက ပြည်သူများကို သတိပေးထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါသည်။

နှစ်နိုင်ငံစလုံးအတွက် အဓိကအန္တရာယ်သည် လေပြင်းထန်မှုထက် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် မိုးသည်း ထန်စွာရွာသွန်းမှုကနေ ဖြစ်ပေါ်လာသည့် ရေဘေးနှင့်မြေပြိုမှုများ ဖြစ်နိုင်ပါသည်။

ကိုးကား- မိုးလေဝသပညာရှင်တစ်ဦး

News Video