ရုရှားအနေဖြင့် ဗင်နီဇွဲလား အချုပ်အခြာအာဏာကို လေးစားပြီး တောင် အမေရိကနိုင်ငံရှိ ပြဿနာများကို နိုင်ငံတကာဥပဒေနှင့်အညီ ဖြေရှင်းသင့်ကြောင်း ကရင်မလင် တိုက်တွန်း

News Image

  • ရုရှားအနေဖြင့် ဗင်နီဇွဲလား အချုပ်အခြာအာဏာကို လေးစားပြီး တောင် အမေရိကနိုင်ငံရှိ ပြဿနာများကို နိုင်ငံတကာဥပဒေနှင့်အညီ ဖြေရှင်းသင့်ကြောင်း ကရင်မလင် တိုက်တွန်း

အမေရိကန်တပ်များ ကာရေဘီယံပင်လယ်တွင် စုစည်းနေမှုနှင့် ပတ်သက်၍ ရုရှားအနေဖြင့် ဗင်နီဇွဲလားနိုင်ငံ အချုပ်အခြာအာဏာကို လေးစားပြီး တောင်အမေရိကနိုင်ငံရှိ ပြဿနာများကို နိုင်ငံတကာဥပဒေကို အခြေခံ၍ ဖြေရှင်းသင့်သည်ဟု ကရင်မလင်ပြောခွင့်ရ ဒီမီထရီ ပက်စကိုက တိုက်တွန်း ပြောကြားလိုက်ပါသည်။ 

ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုက ဗင်နီဇွဲလားနိုင်ငံသည် ပြီးခဲ့သည့် နှစ် ၁၀၀ အတွင်း အမေရိကန်၏ ဝင်ရောက်စီးနင်းမှု အပြင်းထန်ဆုံး ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရကြောင်း ထပ်တလဲလဲ ပြောကြားလျက် ရှိသလို အမေရိကန်ဘက်ကလည်း ဗင်နီဇွဲလားသည် မူးယစ်ဆေးဝါး တရားမဝင် သယ်ယူခြင်းကို တိုက်ဖျက်ရာတွင် ထိရောက်စွာ မဆောင် ရွက်နိုင်ဟု စွပ်စွဲထားပါသည်။ 

ယခုအချိန်ထိ အမေရိကန် ရေတပ်သည် ကာရေဘီယံပင်လယ်တွင် သင်္ဘောရှစ်စင်း၊ အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းနှင့် စစ်သား ၁၀,၀၀၀ ခန့် တပ်စွဲထားပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည်ဟု ဝါရှင်တန်က ညွှန်ကြားသည့် လှေများကို တိုက်ခိုက်မှု ကိုးကြိမ် ပြုလုပ် ခဲ့ရာ လူ ၃၀ ကျော် သေဆုံးသွားခဲ့ပါသည်။

နယူးယောက်တိုင်းမ်သတင်းစာ၏ ဖော်ပြချက်အရ အောက်တိုဘာ ၇ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားနှင့် မြင့်တက်လာနေသာ တင်းမာမှုများကို သံတမန်နည်းကျ ဖြေရှင်းရန် ကြိုးပမ်းမှုအားလုံးကို လျှော့ချလိုက်ကြောင်း သိရပါသည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်းဗင်နီဇွဲလားရှိ မူးယစ်ဆေးဝါး ကတ်တယ်အဖွဲ့များ၏ အဆောက်အအုံများကို စတင်တိုက်ခိုက်နိုင်ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြ ထားကြပါသည်။

ကိုးကား - TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃