တရုတ်နိုင်ငံက ကမ်းတက်စစ်ရေး လေ့ကျင့်မှု၌ စက်ရုပ်ခွေးများနှင့် FPV ဒရုန်းများအသုံးပြု

News Image

  • တရုတ်နိုင်ငံက ကမ်းတက်စစ်ရေး လေ့ကျင့်မှု၌ စက်ရုပ်ခွေးများနှင့် FPV ဒရုန်းများအသုံးပြု

တရုတ်ပြည်သူ့    လွတ်မြောက်ရေး တပ်မတော်က  ကမ်းတက်စစ်ဆင်ရေးအတွက် စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ရာ ထိုစစ်ရေးလေ့ကျင့်မှုတွင် စက်ရုပ်ခွေးများနှင့် first-person view(FPV) ဒရုန်းများစွာကိုအသုံးပြုကြောင်း တရုတ်နိုင်ငံပိုင်CCTV သတင်းဌာနကဖော်ပြထားသည်။

ထိုစစ်ရေးလေ့ကျင့်မှုတွင် ကျောပေါ်၌ဖောက်ခွဲရေး ပစ္စည်းများတင်ဆောင်ထားသည့်    စက်ရုပ်ခွေးအမြောက်အမြားကို ကမ်းတက်စဉ် ရှေ့ပြေးအဖြစ်စေလွှတ်ပြီး ကမ်းတက်တပ်ဖွဲ့ဝင်များအနေဖြင့် ရန်သူ့ခံစစ်စည်းကို အလွယ်တကူ ထိုးဖောက်နိုင်ရန် ရှေ့ဆုံးမှနေ၍ လမ်းကြောင်းရှင်းပေးခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင်  အထူးဒရုန်းတပ်ဖွဲ့များက FPV ဒရုန်းများကိုလွှတ်တင်ကာ     ရန်သူ၏ပစ်ကူပေးနေရာများကို ချေမှုန်းမှုများ   လုပ်ဆောင်ခြင်းအားဖြင့် စက်ရုပ်ခွေးများကို အကာအကွယ်ပေးသည်။

ထို့ပြင် ကင်းထောက်ဒရုန်းများကလည်း စစ်မြေပြင်ကိုစောင့်ကြည့်ကာ     ရန်သူ့တည်နေရာများကို သတင်းပေးပို့ခြင်းအားဖြင့် စစ်မြေပြင်တွင်ပြန့်ကျဲနေသော စစ်သည်များအား စက်ရုပ်ခွေးများက ခဲယမ်းများ ပေးပို့မှုလုပ်ဆောင်နိုင်ရန် ကူညီပေးသည်။

စက်ရုပ်ခွေးများတွင် စက်သေနတ်တပ်ဆင်ထားသည့် စက်ရုပ်များလည်း ပါဝင်ကြောင်း သိရသည်။   

MWD