အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို နိုဝင်ဘာ ၁၇ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲခွဲအတည်ပြုမည်
နယူးယောက် နိုဝင်ဘာ ၁၆
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးအစီ အစဉ်ကို အတည်ပြုပေးထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာ ၁၇ရက်တွင် မဲခွဲအတည်ပြုမည်ဖြစ် ကြောင်း Xinhua သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်၏ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်ကို အတည်ပြုနိုင်ရေးအတွက် အမေရိကန် တာဝန်ရှိသူများသည် ပြီးခဲ့သည့် ရက်သတ္တပတ်ကပင် လုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံများနှင့်စတင်ဆွေးနွေးညှိနှိုင်းခဲ့သည်။
အမေရိကန်အစိုးရကတင်သွင်း ထားသော ဆုံးဖြတ်ချက်မှုကြမ်း၌ ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်း ရေးအစီအစဉ်ကို ကြိုဆိုထားသည်။
သမ္မတဒေါ်နယ်ထရမ့်၏ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်တွင် ဂါဇာဒေသကို ၂ဝ၂၇ ခုနှစ်ထိ ယာယီ အုပ်ချုပ်မည့် ကြားကာလ အုပ်ချုပ် ရေးအဖွဲ့ဖြစ်သည့် ဂါဇာငြိမ်းချမ်း ရေးဘုတ်အဖွဲ့ ဖွဲ့စည်းရန်အဆိုပြု ထားသည်။
ထို့ပြင် သမ္မတဒေါ်နယ်ထရမ့်၏ ဝါဇာငြိမ်းချမ်းရေးအစီအစဉ်တွင် ဂါဇာဒေသ တည်ငြိမ်ရေးအတွက် နိုင်ငံတကာတပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်း ရန် အဆိုပြုထားသည်။
သမ္မတဒေါ်နယ်ထရမ့်၏ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်ကို အတည် ပြုထားသည့် ဆုံးဖြတ်ချက်မူကြမ်း၊ ကို အမြန်ဆုံးအတည်ပြုပေးရန် အမေရိကန်နိုင်ငံနှင့် အာရပ်နိုင်ငံများ က ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ကို တောင်းဆိုထားကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
YDNB
