အစ္စရေးက ပုံရိပ်ပြန်လည်မြှင့်တင်ရေးအတွက် ဝါဒဖြန့်ချိရေး ဘတ်ဂျက် ကို ငါးဆနီးပါး မြှင့်တင်

News Image

  • အစ္စရေးက ပုံရိပ်ပြန်လည်မြှင့်တင်ရေးအတွက် ဝါဒဖြန့်ချိရေး ဘတ်ဂျက် ကို ငါးဆနီးပါး မြှင့်တင်

အစ္စရေးအစိုးရအဖွဲ့သည် နိုင်ငံတကာတွင်ပျက်စီးနေသော ၎င်း၏ ပုံရိပ် ကို ပြန်လည်မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ Public Diplomacy လုပ်ငန်း များအတွက် လာမည့်ဘတ်ဂျက်တွင် ရှယ်ကယ် ၂.၃၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇၂၉ သန်းနီးပါး) ကို ခွဲဝေချထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဘတ်ဂျက်ပမာဏသည် နိုင်ငံ၏ပုံရိပ်ကို ပြုပြင်ရေးအတွက် သုံးစွဲသည့်စရိတ်ကို ငါးဆနီးပါး မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ သိသိ သာသာ တိုးမြှင့်လိုက်ခြင်းသည် ပြည်ပနိုင်ငံများ၏ လူထုထင်မြင်ယူဆချက် များကို စိုးရိမ်နေရကြောင်း ပြသနေသည်။

နိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ဂျေရုဆလင်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခု၌ ဝန်ကြီးဌာနတွင် Public Diplomacy ဌာနခွဲ အသစ် တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၇) က ကြေညာ ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့လုပ်ဆောင်ခြင်းသည် အရေး ပါသော မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ပြည်ပနိုင်ငံများတွင် လူထု၏အမြင်သည် အစ္စရေးဆန့်ကျင်ရေးဘက်သို့ ဦးတည်သွားပါက အစိုးရ၏ လုပ်ဆောင်ချက်များကို ချက်ချင်း အကျိုး သက်ရောက်စေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

၎င်းက ဆက်လက်၍ " အများပြည်သူ၏ အသိအမြင်အတွက် တိုက်ပွဲဝင် ခြင်းသည် အမျိုးသားလုံခြုံရေး မဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်ဆိုသည့် အယူအဆက ထိုဆုံးဖြတ်ချက်မှာ အခြေခံကျပါသည်" ဟု ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံ၏ပုံရိပ်မြှင့်တင်ရေးအတွက် ရှယ်ကယ် ၂.၃၅ ဘီလီယံ ဘတ်ဂျက်ကို အတည်ပြုလိုက်ကြောင်းကိုလည်း အတည်ပြုခဲ့သည်။

အစ္စရေးသည် လွန်ခဲ့သည့်နှစ်ကပင် Public Diplomacy အတွက် ဒေါ်လာ ၁၅၀ သန်းခန့်ကို ခွဲဝေပေးခဲ့ပြီးဖြစ်သည်။ ယင်းပမာဏသည် ယခင်နှစ်များ၏ ပျမ်းမျှသုံးစွဲမှုထက် အဆ ၂၀ ပိုများခဲ့သော်လည်း၊ ယခု ဘတ်ဂျက်သစ်သည် ယခင်နှစ်ကထက်ပင် များစွာတိုးမြှင့်လိုက်ခြင်း ဖြစ် သောကြောင့် အစ္စရေးအနေဖြင့် ပြည်ပပုံရိပ်အတွက် အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြနေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂