မုံရွာမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၅၃၄၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

News Image

  • မုံရွာမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၅၃၄၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မုံရွာ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ကုလားပဲ ၁၅၃၄၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

မုံရွာမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲဧက ၁၇၇၉၀ စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် အောက်တို ဘာလပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ၁၅၃၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီ မုံရွာမြို့နယ်မှာ ကုလားပဲ ဧက ၁၇၀၀၀ ကျော် စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့ထိ ဧက ၁၅၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်ပေးနေတယ်။ ကုလားပဲစိုက်ပျိုးမှုအနေနဲ့ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာပါတယ်။ ကုလားပဲအထွက်နှုန်းနဲ့ အရည် အသွေး ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်တွေ ရရှိရေးအတွက် တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါ တယ်"ဟု မုံရွာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က ပြောပြသည်။

မုံရွာမြို့နယ်တွင် ပဲမျိုးစုံစိုက် ပျိုးရာ၌ ပဲသီးနှံအထွက်နှုန်းနှင့်အရည်အသွေး ကောင်းမွန်ရေးအတွက် လိုအပ်သည့်မျိုးကောင်း မျိုးသန့်များ၊ သွင်းအားစုများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာပေးခြင်းများကို တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကုလားပဲကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သောကြောင့် ကုလားပဲ ကိုပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသ မရွေး ကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင် က ပြောပြ၍ သိရသည်။ 

ရတနာပုံ