ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၀၁၁ ဦးရှိပြီး စိတ်အားထက်သန်စွာ လာရောက် မဲပေး

News Image

  • ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၀၁၁ ဦးရှိပြီး စိတ်အားထက်သန်စွာ လာရောက် မဲပေး

ကျောက်ဆည်၊ ဒီဇင်ဘာ - ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၀၁၁ ဦးရှိပြီး စိတ်အားထက်သန်စွာ ဆန္ဒမဲပေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကျောက်ဆည်မြို့နယ်အတွင်းရှိ မဲရုံများ၌ ဆန္ဒမဲ ပေးမည့်ပြည်သူများအနေဖြင့် မဲရုံဖွင့်လှစ်မည့် နံနက် ၆ နာရီ မထိုးခင်ကပင် ဆန္ဒမဲပေးရန်ရောက်ရှိနေကြကြောင်းဆူးကုန်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍သိရှိရပြီး ကျောက်ဆည်မြို့နယ် တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၉၅ အုပ်စု၊ မဲရုံ ၁၈၉ ရုံ၊ အမျိုးသားမဲဆန္ဒရှင် ၈၈၈၅၆ ဦး၊ အမျိုးသမီးမဲ ဆန္ဒရှင် ၁၀၁၂၅၅ ဦး၊ စုစုပေါင်း ၁၉၀၁၁၁ ဦးရှိကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)