ကလေးဘဝမှာ ဖုန်းကြည့်ချိန်များသူများ ဆယ်ကျော်သက်တွင် စိတ်ပူပန်မှုများဖြစ်လာနိုင်
စင်ကာပူက ပညာရှင်တွေ ၁၀ နှစ်ကျော်ကြာအောင် လေ့လာလိုက်တဲ့အခါ စိတ်ဝင်စားစရာ အချက်တစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ အသက် နှစ်နှစ်အောက် ကလေးတွေမှာ ဖုန်း ဒါမှမဟုတ် တီဗွီကြည့်ချိန် အရမ်းများရင် သူတို့ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ စိတ်ပူပန်တတ်တဲ့ရောဂါ ပိုဖြစ်လာနိုင်ပြီး ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း တခြားကလေးတွေထက် ပိုနှေးကွေးသွားတတ်တယ် ဆိုတာပါပဲ။
ဒါက ဘာကြောင့်လဲဆိုရင် ဖန်သားပြင်တွေကို အကြည့်များတဲ့အတွက် ကလေးရဲ့ ဦးနှောက်ထဲက အမြင်အာရုံနဲ့ သိမြင်မှုဆိုင်ရာ အစိတ်အပိုင်းတွေဟာ ပုံမှန်မဟုတ်ဘဲ စောစောစီးစီးရင့်ကျက်သွားလို့ပါ။ ဒီလိုဖြစ်သွားတဲ့အခါ ကလေးဟာ ပြောင်းလဲလာတဲ့ အခြေအနေတွေအပေါ် လိုက်လျောညီထွေဖြစ်အောင် လုပ်တဲ့နေရာမှာ အားနည်းသွားတတ်ပါတယ်။
ဒါပေမဲ့ သုတေသီတွေကအကြံပြုထားတာတစ်ခုရှိပါတယ်။ ဘာလဲဆိုရင် အသက် သုံးနှစ်လောက်ကစပြီး မိဘတွေက ကလေးကို စာဖတ်ပြတာမျိုး ဒါမှမဟုတ် အတူတူကစားတာမျိုးတွေကို အချိန်ပေးပြီးလုပ်ပေးမယ်ဆိုရင် အဲဒီဆိုးကျိုးတွေကို ပြန်ပြီးလျော့ပါးသွားအောင် ကူညီပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အနာဂတ် စိတ်ကျန်းမာရေးအတွက် ငယ်စဉ်ကတည်းက ဖုန်းကြည့်ချိန်ကို ထိန်းချုပ်ပေးဖို့က တကယ့်ကိုအရေးကြီးတဲ့ အခြေအနေဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
Ref: ST
ကိုထက်

,
,
,
,
,
,
,
,
,
,
,
,