၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

News Image

  • ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမ၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မန္တလေးတက္ကသိုလ်နှင့် ကျောက်ဆည်တက္ကသိုလ်တို့မှ ပါမောက္ခ ဌာနမှူး ဆရာမကြီး များက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ ဘာသာရပ်များ ကျောင်းသား/ ကျောင်းသူများ စနစ်ကျစွာ ဖြေဆိုအောင်မြင်နိုင်ရေး သင်ကြားပို့ချဆွေးနွေးခဲ့ရာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)