ရေတိုက်စားသွားသည့် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက် လမ်းပိုင်း တာပေါင် ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

News Image

  • ရေတိုက်စားသွားသည့် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက် လမ်းပိုင်း တာပေါင် ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည်  ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန် စေရေး ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေတိုက်စားသွားသည့် ကျောက်ဆည်မြို့နှင့် တံတားဦးမြို့တို့အား ဆက်သွယ်ထားသောလမ်းမှ လမ်းပိုင်းတာပေါင်အား ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားသည့်အတွက် ကုန်စည် စီးဆင်းမှုများ လျင်မြန်ချောမွေ့လျက်ရှိကြောင်း သိရသည်။ 

 ပျက်စီးသွားသည့် လမ်းတာပေါင်သည် ဒွေလှကျေးရွာအနီး ၁၄ ကီလိုမီတာနှင့် ၁၆.၄၉ ကီလိုမီတာအတွင်း လမ်း တာပေါင်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းခန့်မှန်းခွင့်ပြုရန်ပုံငွေ ၁၁၀ ဒဿမ ၅ ကျပ်သန်းဖြင့် အရှည်(၁.၇)ကီလိုမီတာ၊ ပျမ်းမျှအကျယ်(၁.၈၃)မီတာရှိ လမ်းတာပေါင်အား မြို့နယ် လမ်းဦးစီးဌာနမှ  ပြန်လည် ပြုပြင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

 အဆိုပါလမ်းသည် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့အား ဆက်သွယ်ထားသည့် လမ်းမကြီး ဖြစ်သောကြောင့် လမ်းအသုံးပြုသည့် ဒေသခံပြည်သူများ များပြားပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍ များ အသုံးပြုရာ၌ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်သည့်အတွက် များစွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။  

သက်မောင် (ကျောက်ဆည်)