အမေရိကန်က အနာဂတ်တိုက်ပွဲဝင် ယာဉ်တွေအတွက် ၅၀ မမ အမြောက်သစ်တွေ တပ်ဆင်တော့မည်
အမေရိကန်က သူတို့ရဲ့သံချပ်ကာ တိုက်ယာဉ်တွေကို ခေတ်မီအောင်ပြောင်းလဲဖို့အတွက် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးခြေလှမ်းတစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ အနာဂတ်စစ်မြေပြင်မှာ ပိုမိုပြင်းထန်တဲ့ ပစ်အားကို အသုံးပြုနိုင်စေဖို့အတွက် Bushmaster အမျိုးအစား ၅၀ မမ အမြောက် ၁၆ လက်ကို စတင်မှာယူလိုက်ပြီလို့ သိရပါတယ်။
အခုလက်ရှိ အမေရိကန်တပ်မတော်မှာ အသုံးပြုနေတဲ့ ဘရတ်ဒလေတိုက်ယာဉ်တွေနေရာမှာ အစားထိုးမယ့် XM30 ဆိုတဲ့ယာဉ်အသစ်တွေမှာ ဒီအမြောက်တွေကို တပ်ဆင်ပြီး စမ်းသပ်သွားမှာပါ။ ဒီတိုက်ယာဉ်ဟာ လူမဲ့ထိန်းချုပ်နိုင်တဲ့ အမြောက်စင်တွေ၊ အဆင့်မြင့်အာရုံခံကိရိယာတွေနဲ့ ရန်သူ့တိုက်ခိုက်မှုကို ပိုမိုခံနိုင်ရည်ရှိတဲ့ ကိုယ်ထည်ပိုင်းဆိုင်ရာ ဒီဇိုင်းတွေပါဝင်တဲ့ တိုက်ယာဉ်တစ်မျိုးဖြစ်ပါတယ်။
ဒီ ၅၀ မမ အမြောက်ရဲ့ ထူးခြားချက်က ရန်သူ့အခြေအနေကိုမူတည်ပြီး ကျည်ဆန်အမျိုးအစား ချက်ချင်းပြောင်းလဲပစ်ခတ်နိုင်တာပဲဖြစ်ပါတယ်။ အမြောက်အရွယ်အစား ကြီးမားလာတဲ့အတွက် ယာဉ်ပေါ်မှာ ကျည်ဆန်အမြောက်အမြား သယ်ဆောင်လို့မရပေမယ့် ပစ်မှတ်တစ်ခုကို ဖျက်ဆီးနိုင်ဖို့ ကျည်ဆန်အနည်းငယ်ပဲ လိုအပ်တော့မှာ ဖြစ်ပါတယ်။
MWD
