၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်း စုစုပေါင်း ၇၈.၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၇ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီထိ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ကုန်းစံကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၁ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီမှ ၁၁ နာရီထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းလေးကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ တိနားကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင် လောင်းမြို့နယ်၊ နန့်ဖာမူ ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၂ နာရီထိ မိုင်းပျဉ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပျဉ်းမြို့နယ်၊ တောင်သုံးလုံးကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉.၅ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
MOHA

,
,
,
,
,
,