ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးထားရှိသည့် ဆောင်းပဲမျိုးစုံ စိုက်ဧက ၁၂၀၀၀၀ ကျော် ရိတ်သိမ်းမှု ၅၀ ရာခိုင်နှုန်းပြီးစီး

News Image

  • ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးထားရှိသည့် ဆောင်းပဲမျိုးစုံ စိုက်ဧက ၁၂၀၀၀၀ ကျော် ရိတ်သိမ်းမှု ၅၀ ရာခိုင်နှုန်းပြီးစီး

ကျောက်ဆည်    မတ်   ၇

      မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးထားသည့် ဆောင်း ပဲမျိုးစုံသည် အောင်မြင်ဖြစ်ထွန်းပြီး ယခုအခါ ရိတ်သိမ်းမှုများ ဆောင်ရွက်နေပြီဖြစ်ကာ ၅၀ ရာခိုင်နှုန်း ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ကျောက်ဆည်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နို၀င်ဘာလနှင့် ဒီဇင်ဘာလအတွင်းက ကျောက်ဆည်ခရိုင် အတွင်းရှိ  တောင်သူများသည် ဆောင်းပဲမျိုးစုံဖြစ်သည့် ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ပဲကြား၊ ပဲယင်း၊ ပဲပုတ်၊ မတ်ပဲနှင့်အခြားပဲ  စုစုပေါင်းစိုက်ဧက ၁၂၅၂၆၅ ဧကစိုက်ပျိုးခဲ့ကြသည်။

တောင်သူတွေအနေနဲ့ ဆောင်းပဲမျိုးစုံ စိုက်ပျိုးကြပြီးတော့ ကုလားပဲတစ်ဧကကို (၁၅ ဒသမ ၃၃) တင်း ၊ ပဲတီစိမ်းတစ်ဧကကို (၁၆ ဒသမ ၄၀) တင်း၊ ပဲမျိုးစုံတစ်ဧကကို (၁၅ ဒသမ ၁၈) တင်း၊ ပဲကြီးတစ်ဧကကို(၁၂ ဒသမ ၈၃) တင်း၊ ပဲကြားတစ်ဧကကို (၁၃ ဒသမ ၈၀) နဲ့ ပဲယင်းတစ်ဧကကို (၁၂ ဒသမ ၉၃)တင်းလောက် အထွက်နှုန်း ရရှိကြတယ်ဟု ကျောက်ဆည်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ညိမ်း ထွေးက ပြောကြားသည်။ 

ကျောက်ဆည်ခရိုင်   ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံစိုက်ဧက (၅၈၃၇၅)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၂၂၄၃) ဧကနှင့် မြစ်သားမြို့နယ်တွင် (၄၄၆၄၇)ဧက စုစုပေါင်းခရိုင်အတွင်း စိုက်ဧက (၁၂၅၂၆၅) ဧကစိုက်ပျိုးခဲ့ပြီး ဒေသအတွင်းမှ ပဲစိုက်တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းကောင်းမွန်စေရေး   အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 

MWD