သီရိလင်္ကာ၌ တစ်မိနစ်လျှင် လီတာ ၁၀၀၀၀ စီးသည့် မြေအောက်ရေအရင်းအမြစ်ကြီးတွေ့ရှိ

News Image

  • သီရိလင်္ကာ၌ တစ်မိနစ်လျှင် လီတာ ၁၀၀၀၀ စီးသည့် မြေအောက်ရေအရင်းအမြစ်ကြီးတွေ့ရှိ

သီရိလင်္ကာနိုင်ငံ၌ တစ်မိနစ်လျှင် လီတာ၁၀၀၀၀ အထိစီးဆင်းသည့် မြေအောက်ရေအရင်းအမြစ်ကြီးကို ရှာဖွေတွေ့ရှိသည်ဟု အမျိုးသား ရေပေးဝေရေး အဖွဲ့က မတ်လ ၁၃ ရက်တွင်ထုတ်ပြန်ကြေညာသည်။

အဆိုပါ ရေအရင်းအမြစ်ကို နိုင်ငံတောင်ပိုင်းပြည်နယ် ပီတာဘတ်ဒရာ၌တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ရဲစခန်းတစ်ခုအနီး၌ အဝီစိရေတွင်းတူးနေစဉ် ယခုကဲ့သို့တွေ့ရှိခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုမြေအောက်ရေမှထွက်ပေါ်လာသည့် ရေပမာဏသည် တစ်မိနစ်လျှင် ၁၀ ကုဗမီတာအထိရှိကြောင်း၊ အဆိုပါရေပမာဏသည် သီရိလင်္ကာနိုင်ငံ၌ ထွက်ရှိဖူးသော မြေအောက်ရေအရင်းအမြစ်များထက်ပင် ပိုများကြောင်း   တောင်ပိုင်းပြည်နယ် တာဝန်ခံဘူမိဗေဒပညာရှင်    အင်ဒရာဂျီဂါးမေ့ကပြောသည်။

ယခင်က အများဆုံးထွက်ရှိခဲ့ဖူးသောမြေအောက်ရေပမာဏသည် တစ်မိနစ်လျှင် လီတာ ၇၀၀၀ ခန့်ရှိကြောင်း၊ ထိုသို့ထွက်ရှိမှုကို မက်ဒူဒေသ၌တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုပြောသည်။ 

ရေပေးဝေရေးဌာနအနေဖြင့် ယခုတွေ့ရှိသောရေများကို ရေပြတ်လပ်လျက်ရှိသောဒေသများသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောထားသည်။

Ref: Xinhua

MWD