အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယနှစ်ဝက် အတန်းတင်စာမေးပွဲများကျင်းပ

News Image

  • အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယနှစ်ဝက် အတန်းတင်စာမေးပွဲများကျင်းပ

နေပြည်တော် မတ် ၁၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယနှစ်ဝက် အတန်းတင်စာမေးပွဲများကို ယနေ့စတင်ကျင်းပသည်။

စာမေးပွဲများကျင်းပရာသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ နောဓိဉာဏအမှူးပြုသော ဌာနကြီးမှူးဆရာတော်များ၊ ပါမောက္ခဆရာ တော်များ၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တာဝန်ရှိသူများက ကြွရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါ အတန်းတင်စာမေးပွဲများသို့ ပြည်တွင်း ပြည်ပ သင်တန်းသား သင်တန်းသူ ၂၉၈ ပါး/ဦး ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲကာလမှာ မတ် ၁၆ ရက်မှ ၂၆ ရက်အထိ (ရုံးပိတ်ရက်များမပါ) ကိုးရက်ကြာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  

moi