၂၀၂၆ ခုနှစ်၊ ကျောက်ဆည်မြို့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

News Image

  • ၂၀၂၆ ခုနှစ်၊ ကျောက်ဆည်မြို့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကျောက်ဆည်၊ မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၀ ရက် မွန်းလွဲ ၂နာရီက ကျောက်ဆည်ခရိုင် လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။         

ရှေးဦးစွာ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုနှင့်အညီ ကျင်းပသွားမည်ဖြစ်ရာ သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော် မတီ၊ လုပ်ငန်းကော်မတီများက ပူးပေါင်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်က ဖျော်ဖြေရေးအဖွဲ့ (၆)ဖွဲ့က ဖွင့်ပွဲနှင့် ပိတ်ပွဲ များတွင် အလှည့်ကျဖျော်ဖြေမည့် အစီအစဉ်များ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ကျောက်ဆည်မြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌများက ဗဟိုမဏ္ဍပ် နှင့်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုရေး၊ ဧည့်ခံကျွေးမွေးရေး၊ သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များကို ကဏ္ဍအလိုက်ဆွေးနွေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ က စတုဒီသာကျွေးမွေးရေးနှင့်သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

တင်တင်ထွေး