အဓိကပြိုင်ဘက်အာဆင်နယ်အသင်းကိုအနိုင်ရရှိပြီး မန်စီးတီးအသင်း ကာရာဘောင်းဖလားဆွတ်ခူး

News Image

  • အဓိကပြိုင်ဘက်အာဆင်နယ်အသင်းကိုအနိုင်ရရှိပြီး မန်စီးတီးအသင်း ကာရာဘောင်းဖလားဆွတ်ခူး

လန်ဒန်   မတ်   ၂၃

ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနှင့်     အာဆင်နယ်အသင်းတို့ ကစားခဲ့ရာ  မန်စီးတီးအသင်းက ၂ ဂိုး- ဂိုးမရှိဖြင့်   အနိုင်ရရှိပြီး နောက် ကာရာဘောင်းဖလား ချန်ပီယံဆုကို ကိုးကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ပြီး    ယခုဘောလုံးရာသီ တွင်  ပထမဆုံးဆုဖလားကို   ဆွတ်ခူးရရှိကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်      နှစ်သင်းစလုံးခြေစွမ်းပိုင်း ကွာခြားမှုမရှိဘဲ  အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့သော်လည်း  အာဆင်နယ်အသင်း ဂိုးသမား  ကီပါအမှားအယွင်းများ လုပ်ဆောင်ခဲ့ပြီးနောက် မန်စီးတီးအသင်းက အခွင့်အရေးများရရှိပြီး မန်စီးတီးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို  ပွဲချိန် မိနစ် ၆၀ နှင့် ၆၄ မိနစ်တို့တွင် လူငယ်ကစားသမား အိုရီလီက သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည်      ကာရာဘောင်းဖလား ပြိုင်ပွဲတွင်၂၀၂၁-၂၀၂၂ ဘောလုံးရာသီက ချန်ပီယံဆုဆွတ်ခူးနိုင်ပြီးနောက်ပိုင်းတွင် ချန်ပီယံဆုဆွတ်ခူး နိုင်ခြင်းမရှိဘဲ ယခုဘောလုံးရာသီမှသာ  ပြန်လည်ဆွတ်ခူးနိုင်ကာ  အသင်းအတွက် ကိုးကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည်   ကာရာဘောင်းဖလား ပြိုင်ပွဲတွင် ချန်ပီယံဆုများကို ၁၉၆၉-၁၉၇၀ ဘောလုံး ရာသီ၊ ၁၉၇၅-၁၉၇၆ ဘောလုံးရာသီတို့တွင် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နောက်ပိုင်းတွင် ၂၀၁၃-၂၀၁၄ ဘောလုံး ရာသီ၊ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ၊ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ၊   ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ၊ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ၊ ၂၀၂၀-၂၀၂၁ ဘောလုံး ရာသီတို့တွင် ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့ကာ ယခု ဘောလုံးရာသီတွင်လည်း   ထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည် ယခုကဲ့သို့ ကာရာဘောင်း ဖလားပြိုင်ပွဲတွင် ကိုးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ၁၀ ကြိမ်ဆွတ်ခူးထားကာ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသည့် လီဗာပူးအသင်းကို လိုက်မီနိုင်ရန်  တစ်ကြိမ်သာ လိုအပ်နေပြီး ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်သကဲ့သို့ နည်းပြ ဂွါဒီယိုလာအတွက်လည်း မန်စီးတီးအသင်း နည်းပြဘဝတွင်  ကာရာဘောင်းဖလားကို  ငါးကြိမ်မြောက်အဖြစ်   ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း    သိရသည်။             

Ref;Fotmob

MWD