ပဲခူးမြို့၌ ကျင်းပနေသည့် ပညာရေးနှင့် အားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး ကြည့်ရှုအားပေး
ပဲခူး မေ ၂၀
ပဲခူးမြို့၌ ရက် ၁၀၀ စီမံချက်အနေဖြင့် Football for School ၊ Smart School Program ဘောလုံးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ စဉ်ဆက်မပြတ် ကြိုးစားလေ့ကျင့်သွားကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားများ၏ ဘောလုံးလေ့ကျင့်မှု သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပဲခူးမြို့ အားကစားဥယျာဉ်၌ ကျင်းပနေသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
MWD
