တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

News Image

  • တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်    မေ    ၂၀

     ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို  ယနေ့မွန်းလွဲပိုင်းတွင်ကရင်ပြည်နယ်  ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိအားကစားဥယျာဉ်ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကိုးသိန်း အားကစားကွင်းတို့၌ ဇုန်လေးဇုန်ခွဲ၍ ကျင်းပလျက်ရှိသည်။

ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဘားအံမြို့  ဇွဲကပင်အားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ   ရန်ကုန်တိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၁ ဂိုးဂိုးမရှိဖြင့် လည်းကောင်း၊ ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌   ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့်  ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုနယ်မြေ  နေပြည်တော်အသင်းက  ချင်းပြည်နယ်အသင်းကို  ၁ ဂိုး  ဂိုးမရှိဖြင့်လည်းကောင်း၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့်မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းက ကယား ပြည်နယ်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။

မေလ ၂၁ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး မေလ ၂၂ ရက် ညနေ ၃ နာရီခွဲတွင် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ ပဲခူးမြို့   အားကစား ဥယျာဉ်ကွင်း၌ ချင်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊  တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း တို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

အဆိုပါ ဇုန်လေးဇုန်တွင် အုပ်စုပတ်လည် ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို မေလ ၁၉ ရက်မှ ၂၆ ရက်အထိ    ကျင်းပသွားမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ (YTC စက်ဘီးလေ့ကျင့်ရေး၊ ပဒေသာ၊ သန်လျင်နှင့် ပဒုမ္မာ) အားကစားကွင်းတို့တွင်   မေလ ၂၉ ရက်မှ ဇွန်လ ၂ ရက်အထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့်  မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။ 

MWD