(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော် မတ် ၂၇
(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော် (ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေးပြစစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/81205
MM-News-Category

,