အမေရိကန်နှင့် အစ္စရေးတို့၏ မဟာမိတ်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှဖြတ်သန်းခွင့်မပြုကြောင်း အီရန်ထုတ်ပြန်

News Image

  • အမေရိကန်နှင့် အစ္စရေးတို့၏ မဟာမိတ်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှဖြတ်သန်းခွင့်မပြုကြောင်း အီရန်ထုတ်ပြန်

အမေရိကန်နှင့် အစ္စရေးတို့ကို ထောက်ခံအားပေးသည့် မဟာမိတ်များ၏ ဆိပ်ကမ်းများသို့သွားမည့် မည်သည့်သင်္ဘောကိုမဆို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က မတ်လ ၂၇

ရက်တွင်ထုတ်ပြန်ကြေညာသည်။ အမေရိကန်နှင့်အစ္စရေး မဟာမိတ်သင်္ဘောများအတွက်  ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားကြောင်းနှင့်   ဖြတ်သန်းသွားလာပါက ပြင်းထန်သော နောက်ဆက်တွဲ အကျိုးဆက်များနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း IRGC တပ်ဖွဲ့က သတိပေးထားသည်။

အီရန်သည် ရေနံတင်သင်္ဘော ၁၀ စင်းကိုဖြတ်သန်းခွင့်ပြုရန် သဘောတူထားသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ၂၆ ရက်တွင် ပြောထားသော်လည်း အီရန်ဘက်ကမူ ယင်းပြောဆိုချက်သည် မဟုတ်မမှန် ပြောဆိုချက်သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ထို့ပြင် အီရန်အစိုးရသည် ဒေသတွင်းရှိ အရပ်သားပြည်သူများအနေဖြင့် အမေရိကန်တပ်ဖွဲ့ဝင်များရှိရာ နေရာများနှင့်ဝေးရာသို့   အမြန်ဆုံး တိမ်းရှောင်ရန် တိုက်တွန်းထားပြီး အမေရိကန်နှင့်အစ္စရေး တပ်မတော်သားများကို တွေ့ရှိသည့်နေရာတိုင်း၌ ချေမှုန်းသွားရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ထို့အတူ    ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC) အဖွဲ့ဝင် နိုင်ငံများရှိဟိုတယ်များအနေဖြင့်လည်း အမေရိကန် စစ်သည်များကို လက်မခံရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရတ်ချီက သတိပေးထားသည်။

Ref: Xinhua

MWD