အမေရိကန်ခြေလျင်တပ်ဖွဲ့ဝင်များ မီးလောင်တိုက်သွင်းခံရမည်ဟု အီရန်သတိပေး

News Image

  • အမေရိကန်ခြေလျင်တပ်ဖွဲ့ဝင်များ မီးလောင်တိုက်သွင်းခံရမည်ဟု အီရန်သတိပေး

အမေရိကန်နိုင်ငံအနေဖြင့် မြေပြင်ကျူးကျော်မှုလုပ်ဆောင်လာပါက အမေရိကန်ခြေလျင်တပ်ဖွဲ့ဝင်များ မီးလောင်တိုက်သွင်း ခံရမည်ဟု အီရန်အရာရှိများက သတိပေးလိုက်ကြောင်းသိရသည်။ ထို့ပြင် အမေရိကန်အနေဖြင့် လူသိရှင်ကြား ဆွေးနွေးမှုများ ပြုလုပ်ရန် အချက်ပြနေသော်လည်း တိုက်ခိုက်ရန် တိတ်တဆိတ်ပြင်ဆင်နေကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါဂါလီဘတ်ကပြောသည်။

အီရန်၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဆော်ဒီအာရေဗျရှိ အယ်ခါလေတပ်စခန်းကို ဒုံးကျည်နှင့် ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ အမေရိကန်၏ Boeing E-3 Sentry အမျိုးအစား ဝေဟင်ကြိုတင်သတိပေးရေး ထောက်လှမ်းရေးလေယာဉ်တစ်စင်း ပျက်စီးကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်အနည်းဆုံး ၁၂ ဦးဒဏ်ရာရရှိပြီး ဒေါ်လာ သန်း၂၇၀ တန်ဖိုးရှိ လေယာဉ်တစ်စင်းပျက်စီးကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ပင်တဂွန်စစ်ဌာနချုပ်ကအတည်ပြုခြင်း မရှိသေးပေ။ 

ထို့ပြင် အနောက်အာရှဒေသရှိ အမေရိကန်-အစ္စရေးတို့နှင့် ပတ်သက်ဆက်နွှယ်နေသောတက္ကသိုလ်များကို   ပစ်မှတ်ထား တိုက်ခိုက်မည်ဟု IRGC ကသတိပေးလိုက်သည်။ အီရန်ရှိ တက္ကသိုလ်များကို အစ္စရေးကတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် မတ်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီမတိုင်မီ အစ္စရေးကို  တရားဝင်ရှုတ်ချရန်နှင့် သို့မဟုတ်ပါက ဒေသတွင်းရှိ တက္ကသိုလ်များကို  တိုက်ခိုက်သွားမည်ဖြစ်ကြောင်း IRGC က သတိပေးထားခြင်းဖြစ်သည်။                             

Ref: RT

MWD