ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
ကျောက်ဆည်၊ ဧပြီ ၄
ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီက မြို့ သန့်ရှင်းသာယာလှပရေး ဆူးကုန်းရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် သီရိသာသနာ့ ဓမ္မာရုံတို့၏ အတွင်းအပြင်နေရာများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ရပ်ကွက် အတွင်းရှိ ပြည်သူ များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့်လူမှုရေးအသင်းအဖွဲ့ ၄၇ ခုနှင့် ပြည်သူများ စုစုပေါင်း အင်အား(၂၃၀) ဦး ကျော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော ပလတ်စတစ်အမှိုက်များ၊ သစ်ရွက်/သစ်ကိုင်းအခြောက်များနှင့် အမှိုက်မျိုးစုံကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခဲ့ကြောင်း သိရှိရပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ မြို့သန့်ရှင်း သာယာရေး မြို့တွင်း၊ မြို့ပြင် လမ်းဘေးဝဲ/ယာနေရာများ၊ ဘိုးဘွားရိပ်သာ၊ ပြည်သူ့ဆေးရုံနှင့် ဘုရား၊ ကျောင်း၊ ကန်နေရာများအား ဆက်လက်၍ စုပေါင်းသန့်ရှင်းခြင်းများဆောင်ရွက်သွားမည်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

,