တပ်ကုန်းမြို့နယ်၌ ငွေကျပ်သိန်း ၈၀၀ တန်ဖိုးနှင့် ကျိုင်းတုံမြို့နယ်၌ ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

News Image

  • တပ်ကုန်းမြို့နယ်၌ ငွေကျပ်သိန်း ၈၀၀ တန်ဖိုးနှင့် ကျိုင်းတုံမြို့နယ်၌ ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၆

 

တပ်ကုန်းမြို့နယ်၌ ငွေကျပ်သိန်း ၈၀၀ တန်ဖိုးနှင့် ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ရက် ညနေ ၅ နာရီတွင် သတင်းအရ တပ်ကုန်းမြို့နယ် ပင်လောင်း-နေပြည်တော်ကားလမ်း မိုင်တိုင်အမှတ် (၇/၀) အနီးတွင် ပင်လောင်းမြို့နယ် ပိန္နဲကုန်းကျေးရွာနေ ခွန်ထွန်းချစ်(၂၀)နှစ် မောင်းနှင်ပြီး ပင်လောင်း မြို့နယ် နဂါးပတ်ကျေးရွာနေ ခွန်ငြိမ်းချမ်း (၂၀) နှစ်နှင့် ပင်လောင်းမြို့နယ် ပိန္နဲကုန်းကျေးရွာနေ ခွန်နေဝင်းထွန်း (၂၀) နှစ် လိုက်ပါလာသော CROWN အမျိုးအစားယာဉ်နှင့် ပင်လောင်းမြို့နယ် လိန်းလီကျေးရွာနေ ကိုလင်း (၂၈) နှစ် မောင်းနှင်ပြီး ပင်လောင်းမြို့နယ် ပိန္နဲကုန်းကျေးရွာနေ ခွန်မောင် (၂၂) နှစ် လိုက်ပါလာသော DREAM 125 အမျိုးအစား ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ ငါးဦး သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၈၀၀) သိမ်းဆည်းရမိသဖြင့် ကိုလင်း၊ ခွန်မောင်၊ ခွန်ထွန်းချစ်၊ ခွန်ငြိမ်းချမ်းနှင့် ခွန်နေဝင်းထွန်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

 

ထို့အတူ ဧပြီ ၄ ရက်မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာအုပ်စု နောင်ရှဲန်ကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ် ပိန်းခမ်းကျေးရွာနေ ကျအူ (၅၀) နှစ် မောင်းနှင်လာသော WAVE i 125 အမျိုးအစားဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၇၀) သိမ်းဆည်းရမိသဖြင့် ကျအူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်

MDN