မရေရာသည့် စက်သုံးဆီအခြေအနေများကြောင့် မလေးရှားနိုင်ငံသားများ EV ကို ပိုမိုအသုံးပြုနိုင်ဖွယ်ရှိ

News Image

  • မရေရာသည့် စက်သုံးဆီအခြေအနေများကြောင့် မလေးရှားနိုင်ငံသားများ EV ကို ပိုမိုအသုံးပြုနိုင်ဖွယ်ရှိ

ကွာလာလမ်ပူ၊ ပြည်တွင်းရေး

အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စက်သုံးဆီနှင့်ပတ်သက်၍ မသေချာမရေရာမှုများ မြင့်တက်လာနေစဉ် မလေးရှားနိုင်ငံသားများအနေဖြင့် လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) များကို ပြောင်းလဲအသုံးပြုလာနိုင်ဖွယ်ရှိကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် မလေးရှားပြည်သူများအနေဖြင့် ကိုယ်ပိုင်ယာဉ်များထက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို ပိုမိုအသုံးပြုလာနိုင်သည့် အလားအလာများရှိနေကြောင်း၊ ယင်းကဲ့သို့ ပြောင်းလဲမှုများသည် ပိုမိုသက်သောင့်သက်သာဖြစ်ပြီး ပိုမိုယုံကြည်စိတ်ချရသော အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု လိုအပ်လာနေပြီဆိုသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ လစဉ်တွေ့ဆုံမှုအခမ်းအနားတွင် ဝန်ကြီး အန်သိုနီ လိုကီက ရှင်းလင်းပြောကြားခဲ့သည်။

အလားတူ အနောက်အာရှဒေသတွင် ဖြစ်ပေါ်နေသည့် မသေချာသော ပထဝီနိုင်ငံရေးအခြေအနေများသည် သယ်ယူပို့ဆောင်ရေးကဏ္ဍအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလာပြီဆိုသည့် အချက်ကို ငြင်းပယ်၍မရနိုင်တော့ကြောင်းနှင့် အစိုးရဘက်ကလည်း စက်သုံးဆီ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရေးနှင့် စီးပွားရေးတည်ငြိမ်ရေးကို ဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

Ref: Xinhua

MWD