ပြည်မြို့၌ လေကြောင်းလူငယ်အခြေခံသင်တန်း ဖွင့်လှစ်
ပြည် ဧပြီ ၂၇
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ပြည်)တို့ ပူးပေါင်းစီစဉ်သည့် လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ ခေတ္တရာ ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ကာကွယ်ရေးအတွက် အားထားရသည့် ပျံသန်းရေးဆိုင်ရာပညာရှင်များ၊ လေကြောင်း စက်မှုလက်မှုပိုင်းဆိုင်ရာနှင့် မြို့ပြလေကြောင်းဆိုင်ရာ ပညာရှင်များဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် အခြေခံလေကြောင်းလူငယ် သင်တန်းသားများအတွက် ထောက်ပံ့ငွေကျပ် ၆၂ သိန်းပေးအပ်ပြီး လေကြောင်းဆိုင်ရာ သမိုင်းမှတ်တမ်း ဓာတ်ပုံများနှင့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုအားပေး၍ သင်တန်းသား သင်တန်းသူများနှင့်အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
MDN
