တိုက်ကြီးမြို့နယ်၌ တောင်သူများသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ၊ ရေတင်ဆိုလာပန့်၊ စပါးမျိုးသန့်မျိုးပွားမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် သဘာဝမြေဩဇာများပေးအပ်ပွဲအခမ်းအနား ကျင်းပ

News Image

  • တိုက်ကြီးမြို့နယ်၌ တောင်သူများသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ၊ ရေတင်ဆိုလာပန့်၊ စပါးမျိုးသန့်မျိုးပွားမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် သဘာဝမြေဩဇာများပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဧပြီ ၂၇

 

၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းခြင်း၊ ၂၀၂၆-၂၀၂၇ မိုးစပါးအတွက် တောင်သူများသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ၊ ရေတင်ဆိုလာပန့်၊ စပါးမျိုးသန့် မျိုးပွားမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် သဘာဝမြေဩဇာများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ တောင်သူ ဦးစိုးထွန်း၏ လယ်မြေ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုက်ကြီးခရိုင်အတွင်းရှိ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုက်ကြီးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို  ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုက်ရိုက်မျိုးစေ့ချကိရိယာ၊ ရေတင် ဆိုလာပန့်၊ စပါးမျိုးသန့် မျိုးပွားမျိုးစေ့၊ ပိုက်ဆံလျှော် မျိုးစေ့နှင့် သဘာဝမြေဩဇာများကို တောင်သူများထံ ပေးအပ်ပြီး ကောက်ရိုးထုံးစက်ဖြင့် ကောက်ရိုးထုံးနေမှုနှင့် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးစံကွက် ရိတ်သိမ်းနေမှု၊ စပါးမျိုးစေ့နမူနာများ ပြသထားရှိမှု၊ ဓာတ်မြေဩဇာများ၊ ကော်ဖီပျိုးပင်များ၊ စိုက်ပျိုးရေး သုံးပစ္စည်းများ၊ အနိမ့်တင်ဆိုလာ ရေတင်စက်များနှင့် မျိုးစေ့ချကိရိယာများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)

MDN