သမ္မတ ထရမ့်၏ စိတ်အခြေအနေပေါ်မူတည်၍ ကမ္ဘာ့ရေနံစျေးနှုန်းများ အတက်အကျဖြစ်နေသည်ဟု စလိုဗက် ဝန်ကြီးချုပ် ဝေဖန်

News Image

  • သမ္မတထရမ့်၏ စိတ်အခြေအနေပေါ်မူတည်၍ ကမ္ဘာ့ရေနံစျေးနှုန်းများ အတက်အကျဖြစ်နေသည်ဟု စလိုဗက်ဝန်ကြီးချုပ် ဝေဖန်

ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ အတက်အကျဖြစ်ပေါ်နေမှုသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ စိတ်အခြေအနေနှင့် နေ့စဉ်နိုးထမှုအပေါ်တွင် သာ မူတည်နေကြောင်း စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက သရော်၍ ပြောကြားလိုက်သည်။

အမေရိကန်စစ်တပ်အနေဖြင့် အီရန်နိုင်ငံအပေါ် ပြတ်သားပြီး ပြင်းထန်သော စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် သမ္မတထရမ့်ထံ ရွေးချယ်စရာ နည်းလမ်းများ တင်ပြတော့မည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ရေနံစျေးနှုန်းမှာ လေးနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်း ကြောင့် ဝန်ကြီးချုပ်ဖီကိုက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့ (မေ ၁) က Brent ရေနံစိမ်းစျေးနှုန်းမှာ တစ်စည်လျှင် ၁၂၆ ဒေါ်လာအထိ ၇ ရာခိုင်နှုန်းခန့် ရုတ်တရက် ခုန်တက်သွားခဲ့ပြီးနောက် တစ်စည်လျှင် ၁၀၈ ဒေါ်လာအထိ ပြန်လည်ကျဆင်းခဲ့သည့် ဖြစ်စဉ်အပေါ် ဝန်ကြီးချုပ် ဖီကိုက ဘရာတီဆလာဗာမြို့၌ သတင်းထောက်များကို ပြောကြားရာတွင် "သမ္မတထရမ့် စိတ်ကြည်လင်စွာ နိုးထလာပါက ရေနံစျေးကျဆင်းပြီး စိတ်မကြည်မလင်ဖြင့် ထုတ်ပြန်ချက် တစ်စုံတစ်ရာပြုလုပ်ပါက စျေးနှုန်းများ အလိုအလျောက် မြင့်တက်သွားသည်" ဟု ဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး