ရွှေပြည်သာမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းမှု တောင်သူကွင်းသရုပ်ပြပွဲကျင်းပ
ရွှေပြည်သာ မေ ၃
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၂၁)ရပ်ကွက် (လိန်ကုန်း)ကျေးရွာတွင် နွေစပါး စံကွက်ရိတ်သိမ်းမှု တောင်သူ ကွင်းသရုပ်ပြပွဲကို တောင်သူ ဒေါ်သန်းသန်းအေး၏ စိုက်ခင်း၌ စိုက်ပျိုးထားသော ရက် ၉၀ စပါး အစေ့ချစိုက်ခင်း ဧရိယာခြောက်ဧက၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
တက်ရောက်
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရွှေပြည်သာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင် နှင့်ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်း၊ အမှတ်(၂၁)ရပ်ကွက် (လိန်ကုန်း)ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြပြီး တစ်ဧက အစိုအထွက်နှုန်း ၁၀၈ ဒသမ ၄၈ တင်း (အခြောက် ၁၀၅ ဒသမ ၇ တင်း) ထွက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)
MDN
MM-News-Category
