သီပေါမြို့နယ်၌ ဆောင်းပဲပုပ်စံကွက်ရိတ်သိမ်း

News Image

  • သီပေါမြို့နယ်၌ ဆောင်းပဲပုပ်စံကွက်ရိတ်သိမ်း

သီပေါ မေ ၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာ၌ ဆောင်းပဲပုပ်စံကွက်ရိတ်သိမ်းပွဲကို ဧပြီ ၂၈ ရက် နံနက်ပိုင်းက တောင်သူ ဦးနန္ဒော၏လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ဆောင်းပဲပုပ်စံကွက်ရိတ်သိမ်းခြင်းကို စံပြကွက် ဧက ၁၀၀ ၏ ကိုယ်စားပြုစံကွက်ဖြစ်သော တောင်သူ ဦးနန္ဒော၏ လယ်မြေနှစ်ဧကတွင်စိုက်ပျိုးထားသည့် ဆောင်းပဲပုပ် ၆ ဒသမ ၆ စံကွက်ငယ်ကို ရိတ်သိမ်းခဲ့ရာ အထွက်နှုန်းမိတ်ဖက် (Y-Method)အရ ၃၄ ဒသမ ၅၀ တင်းထွက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

MDN