ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလအတွင်း ပုစွန်မျိုးစုံပိဿာ ၅၅၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့

News Image

  • ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလအတွင်း ပုစွန်မျိုးစုံပိဿာ ၅၅၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့

ဘိုကလေး  မေ  ၂

      ဧရာဝတီတိုင်းဒေသကြီး  ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့  ပြီးခဲ့သည့်  ဧပြီလအတွင်း ပုစွန်မျိုးစုံပိဿာ ၅၅၀၀၀ ခန့် တင်ပို့ရောင်းချနိုင် ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်တင်တင်မေ ၏ပြောပြချက်အရ သိရသည်။ 

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပုစွန်မျိုးစုံပိဿာ ၅၅၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးပွဲရုံ လုပ်ငန်းများသည် ဒေသမှထွက်ရှိသည့် ပုစွန်များဝယ်ယူ၍  စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ 

''ဘိုကလေးမြို့နယ်ကနေ   ရေထွက်ကုန်တွေကို   ရန်ကုန်ဈေးကွက်ကို   တင်ပို့ရောင်းချနေပါတယ်။ 

ပုစွန်အပါအဝင် တခြားရေထွက်ကုန်တွေ ကုန်ချိန် များများ တင်ပို့ရောင်းချနေရတာကြောင့် ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချတဲ့လုပ်ငန်း လုပ်ကိုင်သူတွေလည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းလာပါတယ်။ ရေထွက်ကုန်တွေကို ကုန်တင်ယာဉ်တွေနဲ့  အများဆုံးတင်ပို့ရောင်းချခဲ့ရပါတယ်။ 

တင်ပို့ရောင်းချရတာလည်း အခက်အခဲမရှိပါဘူး''ဟု ဒေါ်တင်တင်မေကပြောသည်။ 

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပုစွန်များမှာ လတ်ဆတ်မှုနှင့် အရွယ်အစားပေါ် မူတည်၍ ဈေးနှုန်း သတ်မှတ်ထားကြောင်း သိရသည်။     

MWD