စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နွေစပါးမျိုးစေ့ထုတ် ဧက (၁၀၀) စိုက်ခင်းအား ကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံ

News Image

  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နွေစပါးမျိုးစေ့ထုတ် ဧက (၁၀၀) စိုက်ခင်းအား ကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံ

ကျောက်ဆည်၊ မေ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယနေ့နက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ်၊ အင်ဒိုင်းကျေးရွာတွင် စိုက်ပျိုးထားသော နွေစပါးမျိုးစေ့ထုတ်ဧက(၁၀၀) စိုက်ခင်းအားစိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် အတူ ကြည့်ရှုစစ်ဆေးပြီး မျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် မျိုး​စေ့ထုတ်တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မျိုးစေ့စိုက်ပျိုးထုတ်လုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုမေးမြန်းခဲ့ရာ တောင်သူများက သိရှိလိုသည်များကို တင်ပြရာ ဝန်ကြီးမှ ရှင်းလင်းဖြေကြားခဲ့ပြီး တောင်သူများအဆင်ပြေစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)