ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ပြတိုက်အဆောက်အအုံကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာ ပြတိုက် (နေပြည်တော်) ကို ငလျင်ဒဏ်ခံနိုင်အောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။
moi
MM-News-Category
