ကျောက်ဆည်မြို့နယ် ငပြောင် မြောင်းရေဖြင့် တိုက်နယ် (၈) မှ ကျေးရွာအုပ်စု (၄) အုပ်စုတွင် မိုးကြို ပဲတီစိမ်း (၂၃၇) ဧကစိုက်ပျိုး

News Image

  • ကျောက်ဆည်မြို့နယ် ငပြောင် မြောင်းရေဖြင့် တိုက်နယ် (၈) မှ ကျေးရွာအုပ်စု (၄) အုပ်စုတွင် မိုးကြို ပဲတီစိမ်း (၂၃၇) ဧကစိုက်ပျိုး

ကျောက်ဆည်၊ မေ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ပဲမျိုးစုံ ဖူလုံပိုလျှံရေး ပဲသီးနှံ မျိုးစုံ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ငပြောင်မြောင်းရေဖြင့် တိုက်နယ် (၈) မှ ကျေးရွာအုပ်စု (၄) အုပ်စု၌ မိုးကြိုပဲတီစိမ်း ၂၇၃ ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။ 

ထိုသို့စိုက်ပျိုးရာတွင် ကလေးကျေးရွာအုပ်စုတွင် ၆၅ ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် ၈၀ ဧက၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စုတွင် ၄၂ ဧက၊ ကုလားကျောင်းကျေးရွာအုပ်စုတွင် ၅၀ ဧက စုစုပေါင်း ၂၃၇ ဧက စိုက်ပျိုး ထားကြောင်း သိရပြီး မိုးကြိုပဲတီစိမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေးမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများလုံလောက်စွာ ပေးဝေလျက်ရှိကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)