စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ စီးပွားဖြစ် နွားမွေးမြူ တောင်သူများနှင့် တွေ့ဆုံ
ကျောက်ဆည်၊ မေ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့်အတူ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ စီးပွားဖြစ် နွားမွေးမြူတောင်သူ (၅၁) ဦးနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရ သည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် စီးပွားဖြစ် နွားမွေးမြူတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ နွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး နွားမွေးမြူတောင်သူများမှ လိုအပ်ချက် နှင့် သိရှိလိုသည်များတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ စေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
