မန်ချက်စတာ၊ မေ ၁၂မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ဆော်မန်အနေဖြင့် ဗြိတိန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံရမည်ဆိုပါက အသင်းကို ပြန်လည်ရောင်းချနိုင်ဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Fair Square က ဆူဒန်ပဋိပက္ခနှင့်ပတ်သက်၍ ယူအေအီးအစိုးရအဖွဲ့ ပါဝင်ပတ်သက်မှုရှိသည်ဟု စွပ်စွဲကာ ဗြိတိန်အစိုးရထံ ရှိတ်ဆော်မန်အား ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုထားသည်။ ဗြိတိန်အစိုးရကလည်း ယင်းတောင်းဆိုချက်ကို စစ်ဆေးလျက်ရှိပြီး ပါဝင်ပတ်သက်မှုရှိကြောင်း အတည်ပြုတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။ရှိတ်ဆော်မန်သည် ၂၀၀၈ ခုနှစ်တွင် မန်စီးတီးအသင်းကို ဝယ်ယူခဲ့ပြီးနောက် စတာလင်ပေါင် သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံကာ ဥရောပထိပ်တန်းအသင်းတစ်သင်းအဖြစ် တည်ဆောက်ခဲ့သည်။အသင်းသည် ရှိတ်ဆော်မန်လက်ထက်တွင် ချန်ပီယံလိဂ်ဖလားတစ်ကြိမ်၊ ပရီးမီးယားလိဂ်ဖလားတစ်ကြိမ်၊ အက်ဖ်အေဖလား သုံးကြိမ်နှင့် ကာရာဘောင်းဖလားတစ်ကြိမ်တို့ကို ရရှိခဲ့သည်။ယခင်ကလည်း ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ရုရှား-ယူကရိန်းအရေးကြောင့် ဗြိတိန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုခံရပြီး အသင်းကို တော့ဘိုလီထံ ပြန်လည်ရောင်းချခဲ့ရသည့် ဖြစ်ရပ်ရှိခဲ့သည်။လက်ရှိတွင် ရှိတ်ဆော်မန်က ယူအေအီးအစိုးရသည် ဆူဒန်ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။Ref: SPORTbibleMWD
Wed, 13-May-2026