မိတ္ထီလာမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်

News Image

  • မိတ္ထီလာမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်

မိတ္ထီလာ မေ ၂၀

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိတ္ထီလာခရိုင်ဘဏ်ခွဲ၏ ၂ဝ၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးက အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိတ္ထီလာ ခရိုင်ဘဏ်ခွဲ မန်နေဂျာ ဒေါ်မော်စီက ၂ဝ၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဦးသန်းဌေးက သီးနှံအာမခံထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လျှော်ဖြူကန် ကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာအုပ်စုနှင့် ကျွဲတလင်းကျေးရွာအုပ်စုတို့မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)

MDN