ရမည်းသင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်
ရမည်းသင်း မေ ၂၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး သင်းရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကား ပြောကြားပြီး ခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်အေမီမီခန့်က တောင်သူများအား ချေးငွေစည်းကမ်း သတ်မှတ်ချက်များကို ဆွေးနွေးပြောကြားကာ နန်းလုံကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၂၁၃ ဦးတို့အား ပဲတီစိမ်းဧက ၁၃၄၉ ဧကအတွက် ချေးငွေကျပ် ၃၃၇၂ ဒသမ ၅၀ သိန်းအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)
MDN
MM-News-Category
