စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဟုမ္မလင်းမြို့ရှိ MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
မုံရွာ မေ ၂၃
စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးသည် ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ ရှိ MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား မျိုးကောင်းစပါးများနှင့် နေကြာ မျိုးစေ့များ ပေးအပ်ကာ တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ဟုမ္မလင်းမြို့ မြို့တော်ခန်းမ၌ ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
MDN
MM-News-Category
