ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်ကြမည့် နိုင်ငံရေးပါတီများ
-
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမတိုင်မီအချိန်မှစ၍ အမျိုးသားရေးလှုပ်ရှားမှုများနှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့ပါသည်။ သို့သော် ခေတ်စနစ်အမျိုးမျိုး ပြောင်းလဲခဲ့ရခြင်းကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလ နိုင်ငံရေးပါတီများဖျက်သိမ်းခဲ့ရသဖြင့် နိုင်ငံရေးပါတီများမှာ နှစ်ကာလကြာရှည်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းမရှိဘဲကွယ်ပျောက်ခဲ့ရသည်။၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ခွင့်ရရှိခဲ့ပါသည်။ ယနေ့အချိန်ကာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြရန် ဖွဲ့စည်းထူထောင်စည်းရုံး ဆောင်ရွက်နေသည့်ကာလဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်တည်ထောင်ထားသည့်နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးဆောင်ရွက်မည့်ပါတီခြောက်ပါတီနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စည်းရုံးဆောင်ရွက်မည့် ပါတီ ၅၁ ပါတီရှိပါသည်။ယင်းပါတီများတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလမှ ယနေ့အထိ ဆက်လက်တည်ရှိနေခဲ့သော ပါတီ ၃၆ ပါတီနှင့် ပုဒ်မ ၃ အရ အသစ်တည်ထောင်သောပါတီ ၂၁ ပါတီဖြစ်ပါသည်။ နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာသည့်နိုင်ငံရေးပါတီ ၂၈ ပါတီ၊ တိုင်းရင်းသားမျိုးနွယ်အလိုက် ဖြစ်ပေါ်လာသောပါတီ ၁၃ ပါတီနှင့် ဒေသအလိုက် ဖွဲ့စည်းထူထောင်ထားသော ပါတီ ၁၆ ပါတီဖြစ်ကြောင်း တွေ့ရှိရပါသည်။သမိုင်းအစဉ်အလာမြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့မှုသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်နိုးကြားလာရာမှ နိုင်ငံရေးပါတီများ စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၀၆ ခုနှစ်တွင်ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး (YMBA) ပေါ်ပေါက်ခဲ့ပြီး ဘာသာရေး၊ လူမှုရေးလုပ်ငန်းများကိုဆောင်ရွက်ရာမှတစ်ဆင့် နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရောက်ခဲ့ရာ နိုင်ငံရေးအစ (YMBA)ကဟု ဆိုစမှတ်ပြုခဲ့ကြသည်။လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ဦးကာလတွင် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအင်အားစုအဖွဲ့များ အမြောက်အမြားပေါ်ပေါက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဥပဒေအာဏာတည်သည့်နေ့မှစ၍ ၁၈ လအတွင်းရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်သော်လည်း နိုင်ငံရေးအင်အားစုများတွင် ဝါဒစွဲ၊ ဂိုဏ်းကွဲ၊ အုပ်စုကွဲများနှင့် တောခို လက်နက်ကိုင်သောင်းကျန်းမှု အခြေအနေများကြောင့် ၁၉၅၁ - ၁၉၅၂ ခုနှစ်မှသာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ဖဆပလအနိုင်ရရှိခဲ့သည်။ဖဆပလအဖွဲ့ချုပ်ကြီးမှာ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် လိုအပ်သည့်အချိန်တွင် နိုင်ငံသားအားလုံး သွေးစည်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့ပါသည်။ ၁၉၃၀ ပြည့်နှစ်တွင် မြန်မာ့လူငယ် ခေတ်ပညာတတ် နိုင်ငံရေးသမားသခင်များသည် တကောင်း အဘိရာဇာ တို့ဗမာသီချင်းကြီးကိုသီဆို၍ လာမည့်ဘေးပြေးတွေ့ဟူသည့် ကြွေးကြော်သံကို ဟစ်ကြွေးကာ တို့ဗမာအစည်းအရုံးကြီးကို စတင်ဖွဲ့စည်းခဲ့သည်။တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာရခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်များမဟုတ်၊ တိုင်းပြည်တွင် ကျရောက်နေသော ပကတိအခြေအနေများကိုဝင်ရောက်ဆောင်ရွက်ရန် သမိုင်း၏ တောင်းဆိုချက်အရ ထင်ရှားမှန်ကန်စွာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သမိုင်း၏ တောင်းဆိုချက်အရ “ဗမာ (မြန်မာ) ပြည်သည် တို့ပြည်၊ ဗမာ (မြန်မာ) စာသည် တို့စာ၊ ဗမာ(မြန်မာ)စကားသည် တို့စကား”... စသောကြွေးကြော်သံများဖြင့် တို့ဗမာအစည်းအရုံး ကြီးသည်ပေါ်ထွက်လာရခြင်းဖြစ်သည်။စစ်ကြိုခေတ်တွင် တို့ဗမာအစည်းအရုံးကြီးသည် နယ်ချဲ့ပယောဂဖြင့် နှစ်ဂိုဏ်းကွဲခဲ့ရသော်လည်း လွတ်လပ်ရေးတိုက်ပွဲကြီး နီးလာသောအခါ ပြန်လည်သွေးစည်းကြပြီး ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းကာ ဘီအိုင်အေတပ်မတော်ကြီးထူထောင်၍ လွတ်လပ်ရေးတိုက်ပွဲ ဝင်နိုင်ခဲ့ကြခြင်းသည် အမျိုးသားညီညွတ်ရေးလမ်းစဉ်၏ “စံ” တစ်ခုဖြစ်ခဲ့ပေသည်။ထို့အပြင် ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာအစည်း အရုံးကြီး၏ ကိုယ့်မင်းကိုယ်ချင်းအဖွဲ့က ကမကထပြု နှိုးဆော်စည်းရုံးနိုင်ခြင်းဖြင့် ဗြိတိသျှ အစိုးမိုးခံ ဥပဒေပြုလွှတ်တော်တွင် အမျိုးသား လွတ်လပ်ရေးအဆိုကို ထူးခြားစွာစတင်၍တောင်းဆိုခဲ့သည်။ မြန်မာပြည်၏ ဥပဒေခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။ ထိုလှုပ်ရှားမှုနှင့် မရှေးမနှောင်းပင် တို့ဗမာအစည်း အရုံးကြီးသည် အနာဂတ်အမျိုးသား လွတ်လပ်ရေးခြေလှမ်းအတွက် အမျိုးသားညီညွတ် ရေးတပ်ပေါင်းစုကြီးအဖြစ် “မြန်မာ့လွတ်လပ်ရေး ထွက်ရပ်ဂိုဏ်းကြီး”ကို တည်ထောင်ခဲ့သည်။၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးအပြီး ၁၉၄၆ ခုနှစ်တွင် ကန်တော်ကြီးနေသူရိန် အမျိုးသား ညီလာခံကြီးအပြီး၌ ဖဆပလအဖွဲ့ချုပ်ကြီးဟူ၍ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲကြီး၏ နောက်ဆုံး အဆင့်အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးကို ထူထောင်ခဲ့ကြသည်။ ဤကဲ့သို့ အမျိုးသားညီညွတ်ရေးကို ထူထောင်နိုင်ခဲ့ခြင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရေးကြီးဆုံးသော ဆောင်ရွက်ချက်သမိုင်း တစ်ကွေ့မှတ်တမ်း (Historical Turning Point) ဖြစ်ခဲ့လေသည်။ယနေ့အချိန်အခါသည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင် ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဦးတည်ချက်ထားရှိပြီး ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန်မှာလွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ပြီး ရွေးကောက်ပွဲအလွန် ခိုင်မာအားကောင်းသော လွှတ်တော်များ၊ အစိုးရအဖွဲ့များဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးရရှိရန်မှာ မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။မြန်မာလူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် အနာဂတ်တွင်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်များအတွင်း နိုင်ငံ့အကျိုး၊ မိမိတို့၏တိုင်းရင်းသားလူမျိုးစုများအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရန် အချိန်အခါလည်း ကျရောက်နေပြီဖြစ်ပါသည်။နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲများနိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုမှာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးပါတီ ၄၃ ပါတီ ဖွဲ့စည်းခဲ့ပြီး ၁၉၅၀-၅၂ ခုနှစ် ပထမအကြိမ် ပါလီမန်ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၂ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဩဂုတ် လ ၂၂ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယအစည်းအဝေးကျင်းပရာတွင် နိုင်ငံရေးပါတီ ၂၄ ပါတီ ရှိခဲ့သည်။နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ပြုခဲ့ရာ နိုင်ငံရေးပါတီ ၂၃၉ ပါတီအထိ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင်နိုင်ငံရေးပါတီ ၉၃ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေမှာ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီ ၃၇ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၇၁ ဦး၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးပါတီ ၉၁ ပါတီ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၃၈ ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီ ၉၁ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦးဖြစ်ပြီး ယခုကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း သိရှိရပါသည်။မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများတွင်မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့်သာ ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအထိ အနိုင်ရသဖြင့် အစိုးရဖွဲ့စည်း နိုင်ခဲ့သောနိုင်ငံရေးပါတီများမှာ ဖဆပလ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ဖြစ်သည်ကို တွေ့ရှိရ ပါသည်။ အစိုးရဖွဲ့စည်းနိုင်သည့်ပါတီ သုံးပါတီသာရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်း သားပါတီများ ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်များကို အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP)ကို ကျင့်သုံးဆောင်ရွက်ခြင်း ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီများ အနေဖြင့် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများအရ ကိုယ်စားလှယ်နေရာများ ရရှိနိုင်ကြမည်ဖြစ်ပါသည်။လွှတ်တော်အတွင်း တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များပါဝင်လာခြင်းဖြင့် ဒေသဆိုင်ရာ ကိုယ်စားပြုမှု တိုးမြင့်ရရှိလာမည်ဖြစ်ပြီး တိုင်းရင်း သားများဆန္ဒကို ပိုမိုညှိနှိုင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ MMP စနစ်သည် တရားမျှတမှုမြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။နိုင်ငံရေးပါတီများသည် မကြာမီကာလတွင် မဲဆန္ဒရှင်ပြည်သူလူထုအတွင်း မဲဆွယ်စည်းရုံးခြင်း မှစတင်၍ နိုင်ငံရေးတာဝန်များ ထမ်းဆောင်ကြရ တော့မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဆောင်ရွက်ကြရာတွင် ဥပဒေနှင့်အညီမျှမျှတတ မဲဆွယ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။ မီဒီယာအားကို အသုံးပြု၍ အမုန်းစကားများဖြင့် ပါတီအချင်းချင်း တိုက်ခိုက်မဲဆွယ်ခြင်း၊ အချို့နိုင်ငံရေးပါတီများက မိမိပါတီအနိုင်ရရှိရေး အတွက် ပြည်သူလူထုကို နည်းလမ်းမမှန်သော စည်းရုံးရေးနည်းများဖြင့် မဲဆွယ်ခြင်းတို့ကို ရှောင်ရှား သင့်ပါသည်။ပါတီခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် နိုင်ငံတော်ကို ဦးဆောင်မည့် နေရာများတွင် ပါဝင်ဆောင်ရွက်ကြရန် ရည်မှန်းချက် ထားသူများဖြစ်ကြရာ ပါတီ၏ ဂုဏ်သိက္ခာ၊ နိုင်ငံရေး ဂုဏ်သိက္ခာများအတွက် နောင်လာနောက်သားများနှင့် နိုင်ငံသားများ လေးစားတန်ဖိုး ထားသော စံနမူနာပြသနိုင်ရေး ပြုမူနေထိုင်ပြောဆိုကြရန် အကြံပြုတိုက်တွန်းလိုပါသည်။ တရားမဝင် မီဒီယာ များနှင့် ဥပဒေနှင့်မညီညွတ်သော ပြောဆိုခြင်းများကို ရှောင်ရှားသင့်ပါသည်။နိုင်ငံရေးပါတီများသည် တရားဥပဒေကို လေးစားလိုက်နာခြင်း (Rule Of Law)နှင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံရေးအရ ရင့်ကျက်တည်ငြိမ်ခြင်းတို့ကို အလေးထား ကြိုးစားအားထုတ်ကြရန် တိုက်တွန်း အပ်ပါသည်။နိုင်ငံရေးပါတီများက အသွင်သဏ္ဌာန်ကောင်းမွန် ရန်အတွက်ဖွဲ့စည်းပုံ၊ ပါတီဝင်အင်အား၊ ပါတီ ရုံးခန်းအဆောက်အအုံ၊ ပါတီရန်ပုံငွေတို့ကို သတ်မှတ်ချက်အတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ် သလို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင် ရန်အတွက်လည်း သတ်မှတ်ထားသည့် ကိုယ်စား လှယ်ဦးရေပြည့်မီအောင် တင်သွင်းနိုင်ခဲ့ကြပြီး ဖြစ်ပါသည်။ ပါတီ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ဆောင်ချက်များ ကောင်းမွန်စွာဖြင့် အနှစ်သာရရှိပြီး ပြည်သူလူထု အားကိုးထောက်ခံ ယုံကြည်မှုဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ပါတီကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နိုင်ကြတော့မည်ဖြစ်ပါသည်။နိုင်ငံ့ကောင်းကျိုးဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေးမဲဆန္ဒရှင်ပြည်သူများအနေဖြင့် အရည်အချင်း ပြည့်ဝ၍ လုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး အတွေ့အကြုံ ရင့်ကျက်ကာ နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ မဲပေးကြရန် တိုက်တွန်းလိုပါသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းထားရှိပြီး ရွေးကောက်ပွဲလုံခြုံရေး၊ ပါတီဝင်များနှင့် ပါတီရုံးခန်းများလုံခြုံရေး၊ ကိုယ်စားလှယ်လောင်းများ လုံခြုံရေး၊ မဲဆန္ဒရှင်များ လုံခြုံစွာဆန္ဒမဲပေးနိုင်ရေးတို့ကို အစိုးရဌာနအဖွဲ့အစည်းများက ဆောင်ရွက် ပေးလျက်ရှိပါသည်။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံရေးပါတီများကို ကြိုဆိုလိုက်ရပါသည်။ ရည်ညွှန်းချက်များ၁။ သခင်များနှင့် အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုကြီး (၁၉၃၀-၁၉၄၈)၊ တက္ကသိုလ် စိန်တင်။၂။ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ များအပေါ် လေ့လာခြင်း (ပထမတွဲ၊ ဒုတိယတွဲ)။၃။ ကမ္ဘာ့နိုင်ငံရေးပါတီစာတမ်းများ (ဦးမြသောင်း)။MOI

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမတိုင်မီအချိန်မှစ၍ အမျိုးသားရေးလှုပ်ရှားမှုများနှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့ပါသည်။ သို့သော် ခေတ်စနစ်အမျိုးမျိုး ပြောင်းလဲခဲ့ရခြင်းကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလ နိုင်ငံရေးပါတီများဖျက်သိမ်းခဲ့ရသဖြင့် နိုင်ငံရေးပါတီများမှာ နှစ်ကာလကြာရှည်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းမရှိဘဲကွယ်ပျောက်ခဲ့ရသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ခွင့်ရရှိခဲ့ပါသည်။ ယနေ့အချိန်ကာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြရန် ဖွဲ့စည်းထူထောင်စည်းရုံး ဆောင်ရွက်နေသည့်ကာလဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်တည်ထောင်ထားသည့်နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးဆောင်ရွက်မည့်ပါတီခြောက်ပါတီနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စည်းရုံးဆောင်ရွက်မည့် ပါတီ ၅၁ ပါတီရှိပါသည်။

ယင်းပါတီများတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလမှ ယနေ့အထိ ဆက်လက်တည်ရှိနေခဲ့သော ပါတီ ၃၆ ပါတီနှင့် ပုဒ်မ ၃ အရ အသစ်တည်ထောင်သောပါတီ ၂၁ ပါတီဖြစ်ပါသည်။ နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာသည့်နိုင်ငံရေးပါတီ ၂၈ ပါတီ၊ တိုင်းရင်းသားမျိုးနွယ်အလိုက် ဖြစ်ပေါ်လာသောပါတီ ၁၃ ပါတီနှင့် ဒေသအလိုက် ဖွဲ့စည်းထူထောင်ထားသော ပါတီ ၁၆ ပါတီဖြစ်ကြောင်း တွေ့ရှိရပါသည်။

သမိုင်းအစဉ်အလာ

မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့မှုသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်နိုးကြားလာရာမှ နိုင်ငံရေးပါတီများ စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၀၆ ခုနှစ်တွင်ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး (YMBA) ပေါ်ပေါက်ခဲ့ပြီး ဘာသာရေး၊ လူမှုရေးလုပ်ငန်းများကိုဆောင်ရွက်ရာမှတစ်ဆင့် နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရောက်ခဲ့ရာ နိုင်ငံရေးအစ (YMBA)ကဟု ဆိုစမှတ်ပြုခဲ့ကြသည်။

လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ဦးကာလတွင် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအင်အားစုအဖွဲ့များ အမြောက်အမြားပေါ်ပေါက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဥပဒေအာဏာတည်သည့်နေ့မှစ၍ ၁၈ လအတွင်းရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်သော်လည်း နိုင်ငံရေးအင်အားစုများတွင် ဝါဒစွဲ၊ ဂိုဏ်းကွဲ၊ အုပ်စုကွဲများနှင့် တောခို လက်နက်ကိုင်သောင်းကျန်းမှု အခြေအနေများကြောင့် ၁၉၅၁ - ၁၉၅၂ ခုနှစ်မှသာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ဖဆပလအနိုင်ရရှိခဲ့သည်။

ဖဆပလအဖွဲ့ချုပ်ကြီးမှာ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် လိုအပ်သည့်အချိန်တွင် နိုင်ငံသားအားလုံး သွေးစည်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့ပါသည်။ ၁၉၃၀ ပြည့်နှစ်တွင် မြန်မာ့လူငယ် ခေတ်ပညာတတ် နိုင်ငံရေးသမားသခင်များသည် တကောင်း အဘိရာဇာ တို့ဗမာသီချင်းကြီးကိုသီဆို၍ လာမည့်ဘေးပြေးတွေ့ဟူသည့် ကြွေးကြော်သံကို ဟစ်ကြွေးကာ တို့ဗမာအစည်းအရုံးကြီးကို စတင်ဖွဲ့စည်းခဲ့သည်။

တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာရခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်များမဟုတ်၊ တိုင်းပြည်တွင် ကျရောက်နေသော ပကတိအခြေအနေများကိုဝင်ရောက်ဆောင်ရွက်ရန် သမိုင်း၏ တောင်းဆိုချက်အရ ထင်ရှားမှန်ကန်စွာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သမိုင်း၏ တောင်းဆိုချက်အရ “ဗမာ (မြန်မာ) ပြည်သည် တို့ပြည်၊ ဗမာ (မြန်မာ) စာသည် တို့စာ၊ ဗမာ(မြန်မာ)စကားသည် တို့စကား”... စသောကြွေးကြော်သံများဖြင့် တို့ဗမာအစည်းအရုံး ကြီးသည်ပေါ်ထွက်လာရခြင်းဖြစ်သည်။

စစ်ကြိုခေတ်တွင် တို့ဗမာအစည်းအရုံးကြီးသည် နယ်ချဲ့ပယောဂဖြင့် နှစ်ဂိုဏ်းကွဲခဲ့ရသော်လည်း လွတ်လပ်ရေးတိုက်ပွဲကြီး နီးလာသောအခါ ပြန်လည်သွေးစည်းကြပြီး ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းကာ ဘီအိုင်အေတပ်မတော်ကြီးထူထောင်၍ လွတ်လပ်ရေးတိုက်ပွဲ ဝင်နိုင်ခဲ့ကြခြင်းသည် အမျိုးသားညီညွတ်ရေးလမ်းစဉ်၏ “စံ” တစ်ခုဖြစ်ခဲ့ပေသည်။

ထို့အပြင် ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာအစည်း အရုံးကြီး၏ ကိုယ့်မင်းကိုယ်ချင်းအဖွဲ့က ကမကထပြု နှိုးဆော်စည်းရုံးနိုင်ခြင်းဖြင့် ဗြိတိသျှ အစိုးမိုးခံ ဥပဒေပြုလွှတ်တော်တွင် အမျိုးသား လွတ်လပ်ရေးအဆိုကို ထူးခြားစွာစတင်၍တောင်းဆိုခဲ့သည်။ မြန်မာပြည်၏ ဥပဒေခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။ ထိုလှုပ်ရှားမှုနှင့် မရှေးမနှောင်းပင် တို့ဗမာအစည်း အရုံးကြီးသည် အနာဂတ်အမျိုးသား လွတ်လပ်ရေးခြေလှမ်းအတွက် အမျိုးသားညီညွတ် ရေးတပ်ပေါင်းစုကြီးအဖြစ် “မြန်မာ့လွတ်လပ်ရေး ထွက်ရပ်ဂိုဏ်းကြီး”ကို တည်ထောင်ခဲ့သည်။

၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးအပြီး ၁၉၄၆ ခုနှစ်တွင် ကန်တော်ကြီးနေသူရိန်အမျိုးသား ညီလာခံကြီးအပြီး၌ ဖဆပလအဖွဲ့ချုပ်ကြီးဟူ၍ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲကြီး၏ နောက်ဆုံး အဆင့်အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးကို ထူထောင်ခဲ့ကြသည်။ ဤကဲ့သို့ အမျိုးသားညီညွတ်ရေးကို ထူထောင်နိုင်ခဲ့ခြင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရေးကြီးဆုံးသော ဆောင်ရွက်ချက်သမိုင်း တစ်ကွေ့မှတ်တမ်း (Historical Turning Point) ဖြစ်ခဲ့လေသည်။

ယနေ့အချိန်အခါသည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင် ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဦးတည်ချက်ထားရှိပြီး ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန်မှာလွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ပြီး ရွေးကောက်ပွဲအလွန် ခိုင်မာအားကောင်းသော လွှတ်တော်များ၊ အစိုးရအဖွဲ့များဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးရရှိရန်မှာ မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

မြန်မာလူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် အနာဂတ်တွင်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်များအတွင်း နိုင်ငံ့အကျိုး၊ မိမိတို့၏တိုင်းရင်းသားလူမျိုးစုများအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရန် အချိန်အခါလည်း ကျရောက်နေပြီဖြစ်ပါသည်။

နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲများ

နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုမှာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးပါတီ ၄၃ ပါတီ ဖွဲ့စည်းခဲ့ပြီး ၁၉၅၀-၅၂ ခုနှစ် ပထမအကြိမ် ပါလီမန်ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၂ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဩဂုတ် လ ၂၂ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယအစည်းအဝေးကျင်းပရာတွင် နိုင်ငံရေးပါတီ ၂၄ ပါတီ ရှိခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ပြုခဲ့ရာ နိုင်ငံရေးပါတီ ၂၃၉ ပါတီအထိ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင်နိုင်ငံရေးပါတီ ၉၃ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေမှာ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီ ၃၇ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၇၁ ဦး၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးပါတီ ၉၁ ပါတီ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၃၈ ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီ ၉၁ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦးဖြစ်ပြီး ယခုကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများတွင်မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့်သာ ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအထိ အနိုင်ရသဖြင့် အစိုးရဖွဲ့စည်း နိုင်ခဲ့သောနိုင်ငံရေးပါတီများမှာ ဖဆပလ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ဖြစ်သည်ကို တွေ့ရှိရ ပါသည်။ အစိုးရဖွဲ့စည်းနိုင်သည့်ပါတီ သုံးပါတီသာရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်း သားပါတီများ ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်များကို အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP)ကို ကျင့်သုံးဆောင်ရွက်ခြင်း ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီများ အနေဖြင့် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများအရ ကိုယ်စားလှယ်နေရာများ ရရှိနိုင်ကြမည်ဖြစ်ပါသည်။

လွှတ်တော်အတွင်း တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များပါဝင်လာခြင်းဖြင့် ဒေသဆိုင်ရာ ကိုယ်စားပြုမှု တိုးမြင့်ရရှိလာမည်ဖြစ်ပြီး တိုင်းရင်း သားများဆန္ဒကို ပိုမိုညှိနှိုင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ MMP စနစ်သည် တရားမျှတမှုမြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

နိုင်ငံရေးပါတီများသည် မကြာမီကာလတွင် မဲဆန္ဒရှင်ပြည်သူလူထုအတွင်း မဲဆွယ်စည်းရုံးခြင်း မှစတင်၍ နိုင်ငံရေးတာဝန်များ ထမ်းဆောင်ကြရ တော့မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဆောင်ရွက်ကြရာတွင် ဥပဒေနှင့်အညီမျှမျှတတ မဲဆွယ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။ မီဒီယာအားကို အသုံးပြု၍ အမုန်းစကားများဖြင့် ပါတီအချင်းချင်း တိုက်ခိုက်မဲဆွယ်ခြင်း၊ အချို့နိုင်ငံရေးပါတီများက မိမိပါတီအနိုင်ရရှိရေး အတွက် ပြည်သူလူထုကို နည်းလမ်းမမှန်သော စည်းရုံးရေးနည်းများဖြင့် မဲဆွယ်ခြင်းတို့ကို ရှောင်ရှား သင့်ပါသည်။

ပါတီခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် နိုင်ငံတော်ကို ဦးဆောင်မည့် နေရာများတွင် ပါဝင်ဆောင်ရွက်ကြရန် ရည်မှန်းချက် ထားသူများဖြစ်ကြရာ ပါတီ၏ ဂုဏ်သိက္ခာ၊ နိုင်ငံရေး ဂုဏ်သိက္ခာများအတွက် နောင်လာနောက်သားများနှင့် နိုင်ငံသားများ လေးစားတန်ဖိုး ထားသော စံနမူနာပြသနိုင်ရေး ပြုမူနေထိုင်ပြောဆိုကြရန် အကြံပြုတိုက်တွန်းလိုပါသည်။ တရားမဝင် မီဒီယာ များနှင့် ဥပဒေနှင့်မညီညွတ်သော ပြောဆိုခြင်းများကို ရှောင်ရှားသင့်ပါသည်။

နိုင်ငံရေးပါတီများသည် တရားဥပဒေကို လေးစားလိုက်နာခြင်း (Rule Of Law)နှင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံရေးအရ ရင့်ကျက်တည်ငြိမ်ခြင်းတို့ကို အလေးထား ကြိုးစားအားထုတ်ကြရန် တိုက်တွန်း အပ်ပါသည်။

နိုင်ငံရေးပါတီများက အသွင်သဏ္ဌာန်ကောင်းမွန် ရန်အတွက်ဖွဲ့စည်းပုံ၊ ပါတီဝင်အင်အား၊ ပါတီ ရုံးခန်းအဆောက်အအုံ၊ ပါတီရန်ပုံငွေတို့ကို သတ်မှတ်ချက်အတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ် သလို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင် ရန်အတွက်လည်း သတ်မှတ်ထားသည့် ကိုယ်စား လှယ်ဦးရေပြည့်မီအောင် တင်သွင်းနိုင်ခဲ့ကြပြီး ဖြစ်ပါသည်။ ပါတီ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ဆောင်ချက်များ ကောင်းမွန်စွာဖြင့် အနှစ်သာရရှိပြီး ပြည်သူလူထု အားကိုးထောက်ခံ ယုံကြည်မှုဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ပါတီကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နိုင်ကြတော့မည်ဖြစ်ပါသည်။

နိုင်ငံ့ကောင်းကျိုးဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေး

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အရည်အချင်း ပြည့်ဝ၍ လုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး အတွေ့အကြုံ ရင့်ကျက်ကာ နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ မဲပေးကြရန် တိုက်တွန်းလိုပါသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းထားရှိပြီး ရွေးကောက်ပွဲလုံခြုံရေး၊ ပါတီဝင်များနှင့် ပါတီရုံးခန်းများလုံခြုံရေး၊ ကိုယ်စားလှယ်လောင်းများ လုံခြုံရေး၊ မဲဆန္ဒရှင်များ လုံခြုံစွာဆန္ဒမဲပေးနိုင်ရေးတို့ကို အစိုးရဌာနအဖွဲ့အစည်းများက ဆောင်ရွက် ပေးလျက်ရှိပါသည်။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံရေးပါတီများကို ကြိုဆိုလိုက်ရပါသည်။         

ရည်ညွှန်းချက်များ

၁။ သခင်များနှင့် အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုကြီး (၁၉၃၀-၁၉၄၈)၊ တက္ကသိုလ် စိန်တင်။

၂။ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ များအပေါ် လေ့လာခြင်း (ပထမတွဲ၊ ဒုတိယတွဲ)။

၃။ ကမ္ဘာ့နိုင်ငံရေးပါတီစာတမ်းများ (ဦးမြသောင်း)။

MOI

ဦးရွှေဦး

ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေး
-
ဖွံ့ဖြိုးတိုးတက်မှုဟာ ဖြစ်ထွန်းမှုတွေ၊ အသစ်ဖန်တီးမှုတွေနဲ့ စည်စည်ကားကားရှိနေပေမယ့် စစ်ပွဲတွေကတော့ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ကိုပဲ ဦးတည်နေပြီး တွေ့သမျှမြင်ကွင်းကို အနိဋ္ဌာရုံတွေနဲ့ ပြည့်နေစေတော့တာပါပဲ။ စစ်နဲ့ကြုံလိုက်ရင် ရုပ်ဝတ္ထုမှန်သမျှဟာ ပျက်စီးသွားနိုင်တယ်။ လူအပါအဝင် သက်ရှိအရာမှန်သမျှကို အပြင်ဒဏ်ရာတွေများစွာဖြစ်သွားစေနိုင်သလို ကုသရခက်တဲ့ နက်နက်ရှိုင်းရှိုင်း ကြေကွဲစရာဝေဒနာတွေကိုပါ ဖြစ်သွားစေပါတယ်။စစ်ဟာ လူ့အသိုင်းအဝိုင်းတစ်ခုအပေါ် ဘယ်လောက်တောင်သက်ရောက်စေပါသလဲ။ ၂၀ ရာစု အစောပိုင်းကာလရဲ့ ဩဇာအရှိဆုံးစီးပွားရေးပညာရှင် ဂျွန်မေနတ်စ်ကိန်း (John Maynard Keynes ) ကတော့ ငြိမ်းချမ်းရေးရဲ့စီးပွားရေးအကျိုးဆက်များ (The Economic Consequences of the Peace) စာအုပ်ထဲမှာ “စစ်ဆိုသောအရာသည် မည်သူပင်နိုင်သည်ဖြစ်စေ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုနှင့် မျိုးဆက်တို့၏ အနာဂတ်ကို ဖျက်ဆီးပစ်တတ်သည်” လို့ ရေးထားတယ်။ပစ္စုပ္ပန်ရော အနာဂတ်ကိုပါ တစ်ပြိုင်နက် ဖျက်ဆီးပစ်နိုင်စစ်ဟာ ပစ္စုပ္ပန်ရော အနာဂတ်ကိုပါ တစ်ပြိုင်နက် ဖျက်ဆီးပစ်နိုင်တဲ့အရာ ဖြစ်တယ်။ စစ်ပွဲအတွင်းမှာရော စစ်ပွဲကာလအလွန်မှာပါ ရုပ်ဝတ္ထုအပျက်အစီး တွေဖြစ်စေတယ်။ သက်ရှိသတ္တဝါ လူသားတွေကိုတော့ ကိုယ်ခန္ဓာအတွင်းအပြင် ဝေဒနာအစုံဖြစ်စေတယ်။ စစ်ပွဲတစ်ခုရဲ့ မြင်ကွင်းကို မှန်းဆမြင်ယောင်ကြည့်တဲ့အခါ သေနတ်သံ၊ ဗုံးသံတွေကြားမှာ ကြောက်လန့်တကြားနဲ့ ပြေးလွှားနေတာတွေ၊ ထိခိုက်ဒဏ်ရာရ ခံစားမှုဝေဒနာတွေ၊ သက်မဲ့ရုပ်အလောင်းတွေ၊ စစ်နဲ့ ဘယ်လိုမှမပတ်သက်တဲ့ ကလေးငယ်တွေ၊ သားသည်မိခင်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်ထိတ်လန့်နေတဲ့မျက်နှာတွေ မြင်ကွင်းထဲရောက်လာပါလိမ့်မယ်။ စိတ်ကူးရုံနဲ့တင် စစ်ပွဲရဲ့ရက်စက်မှုတွေက နှလုံးသားကို တိုက်ရိုက်သက်ရောက်လာတတ်ပြီး ကြေကွဲစရာတွေ ခံစားသွားရနိုင်ပါတယ်။စစ်ဖြစ်နေတဲ့ ဒေသတစ်ခုဟာ သုသာန်တစ်စပြင်လိုပါပဲ။ လူတွေ ကျီးလန့်စာစား ပြေးလွှားအသက်ရှင်နေရတဲ့ အရပ်ဖြစ်သွားတယ်။ စစ်ပွဲတွေပြီးသွားခဲ့ရင်လည်း စစ်ကပေးတဲ့ ဝေဒနာတွေက ချက်ချင်းရပ်သွားမှာ မဟုတ်ဘူး။ အပြင်ဒဏ်ရာတွေ ကျက်သွားတဲ့ ကာလတစ်ခု ကြာတဲ့အထိ စိတ်ဒဏ်ရာတွေက မပျောက်နိုင်သေးတာမျိုး၊ လူမှုရေး၊ စီးပွားရေးမတည်ငြိမ်မှုတွေနဲ့ အနာဂတ်မျှော်လင့်ချက်ကင်းမဲ့ပြီး အသက်ရှင်ရပ် တည်နေရတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ စစ်ပွဲကြောင့် တစ်စုံတစ်ယောက် သေကျေပျက်စီးခဲ့ရင်ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု ထိခိုက်ဒဏ်ရာရသွားတယ်ပဲဖြစ်ဖြစ် အကျိုးဆက်ကတော့ အဲဒီတစ်ယောက်မှာပဲ ပြီးဆုံးမသွားပါဘူး။ ထိခိုက်သွားတဲ့ လူတစ်ယောက်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လူမှုအသိုက်အဝန်းအနာဂတ်ကိုပါ ထိခိုက်သွားပါတော့တယ်။အဲဒီလူနဲ့ပတ်သက်တဲ့၊ သူ့ကိုမှီခိုနေတဲ့ ဘဝတွေအားလုံးအပေါ် ဆက်တိုက်သက်ရောက်သွားတတ်ပါတယ်။ လူမမည်လေးတွေ အားကိုးမဲ့သွားမယ်၊ မှီခိုသူ သက်ကြီးရွယ်အိုဘဝတွေ ပိုပြီးချည့်နဲ့သွားမယ်၊ ဖြစ်တည်ထားတဲ့ မိသားစုအသိုက်အမြုံလေး ပြိုကွဲပျက်စီးသွားပြီး သောကတွေ ပင်လယ်ဝေသွားမယ်၊ လူငယ်တွေ ကျန်ခဲ့မယ်ဆိုရင် အနာဂတ်ရည်မှန်းချက်တွေ မှေးမှိန်သွားသလို၊ ပျောက်ပျယ်သွားသလို ခံစားကြရပါလိမ့်မယ်။နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်စပ်ပြီးတွေးကြည့်ရင် စစ်ပွဲတွေဟာ နိုင်ငံ့စီးပွားရေးအခြေအနေတွေ၊ အရင်းအမြစ်ခွဲဝေမှုတွေ၊ ဝင်ငွေခွဲဝေမှုတွေကို မတည်မငြိမ်ဖြစ်စေပြီး အနုတ်လက္ခဏာကို ဦးတည်တဲ့အပြောင်းအလဲတွေ အများကြီးဖြစ်သွားစေနိုင်ပါတယ်။ ကုန်ထုတ်စွမ်းအားစုတွေ ရဲ့ တန်ဖိုးတွေပြောင်းလဲသွားတယ်၊ ကုန်စည်စျေးနှုန်းတွေလည်း အပြောင်း အလဲတွေဖြစ်လာပြီး စျေးကွက်အခြေအနေ အပြောင်းအလဲသိပ်မြန်တာတို့၊ မတည်မငြိမ်ဖြစ်တာတို့ပါ ကြုံလာရနိုင်တယ်။စစ်ပွဲတွေဟာ ဒီမိုကရေစီတို့၊ စျေးကွက်စီးပွားရေးဆိုတဲ့အစီအစဉ်တွေအတွက်လည်း ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်စွမ်းမရှိဘူး။ ဥပဒေမဲ့ လှုပ်ရှားတတ်တဲ့ မြေအောက်စီးပွားရေးတို့၊ မှောင်ခိုစီးပွားရေးတို့ တွင်ကျယ်လာပြီး တစ်နပ်စားစီးပွားရေးလုပ်သူတွေ အလုပ်ဖြစ်စေတယ်။ စစ်ပွဲတွေရဲ့အကျိုး ဆက်တွေထဲမှာ စာနာသလိုလို၊ ကူညီသလိုလိုနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ လူလည်ကျ၊ အနိုင်ကျင့်မှုတွေကလည်း ကြုံရနိုင်ပါသေးတယ်။ ဆိုလိုတာက စစ်ဒဏ်သင့်နေတဲ့နိုင်ငံ၊ ဒေသတွေက စီးပွားရေးအခွင့်အလမ်းတွေကို တခြားနိုင်ငံတွေက အချောင်လာနှိုက်တာမျိုး၊ လူမှုရေးကိစ္စတွေမှာ အနိုင်လာကျင့်တာမျိုးတွေ ရှိလာသလို နိုင်ငံရေးတွေမှာလည်း သိသိသာသာရော မသိမသာပါ ဝင်ရောက်ပတ်သက်၊ သွေးထိုးသပ်လျှိုမှုတွေလည်း ရှိလာတတ်ပါတယ်။လူတွေဟာ စစ်ပွဲကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ စစ်ပွဲကို မက်မက်မောမောနဲ့ ဖန်တီးနေတဲ့လူတွေလည်း ရှိကြတယ်ဆိုရင် ယုံချင်မှယုံကြပါလိမ့်မယ်။ လူတိုင်းမကြိုက်တဲ့ စစ်ပွဲတွေကို ကိုယ်ကျိုးစီးပွား၊ ကိုယ့်အတ္တအတွက် နှစ်နှစ်ခြိုက်ခြိုက် ဖန်တီးနေသူတွေ ဒီကမ္ဘာပေါ်မှာ ရှိနေပါတယ်။ ဘာလို့ ဒီလိုဖန်တီးနေကြပါသလဲ။ သေချာတာကတော့ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု၊ အဖွဲ့တစ်ဖွဲ့ရဲ့ ကိုယ်ကျိုးစီးပွားတွေအတွက်ကြောင့်ပါပဲ။ အဲဒီအကျိုးစီးပွားတွေရဲ့နောက်မှာ ထုထည်ကြီးမားတဲ့ လောဘ၊ ဒေါသတွန်းအားတွေရှိနေပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာဖြစ်နေတဲ့ စစ်ပွဲတွေမှာဆို ပယောဂတွေမျိုးစုံ ရှုပ်ယှက်ခတ်နေတာပဲ။ အဲဒီပယောဂတွေကိုက သေနတ်တွေ၊ အမြောက်တွေ၊ ကျည်ဆန်၊ ဗုံးဆန်တွေ ထပ်တိုးအင်အားဖြည့် ပေးတတ်ပြီး စစ်ပွဲတွေကို ပိုပြီးကြီးမား၊ အားကောင်းစေလာတော့တာပဲ။ပန်းတိုင်အဖြစ် ထည့်သွင်းထားဖျက်ဆီးတတ်တဲ့သဘာဝရှိတဲ့ စစ်ပွဲတွေဟာ တစ်ကမ္ဘာလုံးက လိုလိုလားလား အားထုတ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း၊ တခြားစီပါပဲ။ ကမ္ဘာပေါ်က နိုင်ငံအများစုပါဝင်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင်က ၂၀၁၅ ခုနှစ်မှာ ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၁၇ ချက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အချက်ကို ပန်းတိုင်အဖြစ် ထည့်သွင်းထားတာကို တွေ့ကြရပါလိမ့်မယ်။ဒီတော့ စစ်ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးက လိုချင်နေတဲ့အရာဆိုတာ သေချာတဲ့ကိစ္စပါ။ ဒီလိုဆိုရင် အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးဆိုတာကို ဘယ်လိုနားလည် ထားကြသလဲ။ ပညာရှင်တွေ၊ သုတေသီတွေကတော့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုရှင်းပြထားပေမယ့် ကာလရှည် အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ် ဖြစ်ပေါ်နေတယ်ဆိုရင်ပဲ သာမန်လူတွေ လက်လှမ်းမီတွေးဆနိုင်တဲ့ ငြိမ်းချမ်းရေး လို့ဆိုရမှာပါ။လက်နက်ကိုင်တိုက်ခိုက်မှုတွေ မရှိတာနဲ့ ငြိမ်းချမ်းပြီလို့ဆိုနိုင်ပေမယ့် ကာလရှည်ကတော့ မငြိမ်းချမ်းနိုင်ဘူး။ ရရှိထားတဲ့ငြိမ်းချမ်းမှုကလည်း မတည်တံ့နိုင်ဘူး။ ဒီတော့ ရေရှည်တည်တံ့မယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖြစ်ဖို့လိုပါတယ်။ အချိန်အကြာကြီး တည်တံ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ကိုယ်ချင်းစာစိတ်၊ အမြော်အမြင်ရှိတဲ့ စိတ်ထားတွေ အားကောင်းနေတဲ့ နေရာမျိုးမှာမှ တည်ရှိနိုင်မှာပါ။ အဲဒီလိုငြိမ်းချမ်းရေးမျိုး ရခဲ့ရင်တော့ ဒေသတစ်ခု၊ နိုင်ငံတစ်ခုရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားတက်စရာ ဖြစ်လာနိုင်တာပေါ့။ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်နေတဲ့ လူသားတွေ အတော်များများမှာ မွန်မြတ်တဲ့စိတ်ထား၊ နှလုံးသားတွေရှိနေပါသေးတယ်။ နှလုံးခုန်သံမရပ်သေးတဲ့ အချိန်လေးမှာရလာနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေကို ကိုယ်တိုင်ခံစားချင်တဲ့၊ အနာဂတ်မျိုးဆက်တွေအတွက် အမွေကောင်းတွေ ချန်ထားချင်တဲ့ မျှော်လင့်ချက်စိတ်ကူးတွေပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဝါရင့်သမ္ဘာရင့် ဂျာမန်နိုင်ငံရေးသမား Willy Brandt ပြောခဲ့ဖူးတဲ့ စကားတချို့ ကို ပြန်စဉ်းစားမိတယ်။ Willy Brandt က “ ငြိမ်းချမ်းရေးဟာ အရာရာတိုင်းကို မလုပ်ပေးနိုင်ပေမယ့် ငြိမ်းချမ်းရေးမရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး” တဲ့။ ဒီတော့ လူတိုင်းဟာ ငြိမ်းချမ်းရေးကို မဖြစ်မနေ လိုချင်နေကြမှာပါပဲ။စစ်ပွဲဆိုတဲ့အရာက ချုပ်နှောင်ထားဆဲဖြစ်ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာတော့ မလွယ်လှဘူး။ ငြိမ်းချမ်းရေးပန်းတိုင်ဟာ မမျှော်မှန်းရဲလောက်အောင် ခမ်းနားကြီးကျယ်နေသလား။ ငြိမ်းချမ်းရေးဆိုတာရဖို့ သိပ်ပြီးခက်ခဲနေတာလား။ ငြိမ်းချမ်းရေးချိုးငှက်ဟာ လွတ်လပ်စွာ ပျံသန်းပြီး တေးသီကျူးချင်ပေမယ့် စစ်ပွဲဆိုတဲ့ အရာက ချုပ်နှောင်ထားဆဲဖြစ်သတဲ့။မေတ္တာရပ်ခံပါရစေ။ လူ့အဖွဲ့အစည်း တစ်ရပ်၊ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ပစ္စုပ္ပန်ကာလ အမြော်အမြင်ရှိမှုတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒီတော့ နိုင်ငံ့အနာဂတ်၊ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် မျက်တောင်မွေး တစ်ဆုံးထက် ကျော်လွန်တဲ့၊ မျက်စိ အမြင်တစ်ဆုံးထက် ကျော်လွန်မြင်နိုင်စွမ်းရှိတဲ့ စိတ်ထားတွေနဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။လူသားအားလုံးဟာ မမြဲခြင်း အနိစ္စတရားကပ်လျက်နဲ့ အသက်ရှင်ရတဲ့သူတွေပါ။ နှလုံးသွေးလည်ပတ်မှုရပ်လို့ ရှင်သန်မှုရပ်တန့်သွားခဲ့တဲ့အခါ တမလွန်ဘဝဆီကို ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ရုပ်ဝတ္ထုမှန်သမျှ ဘာကိုမှယူသွားလို့မရပါဘူး။ အသက်ရှင်သန်စဉ်က ပြုမူခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ နှလုံးသွင်းခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးအကောင်းတွေရဲ့ အကျိုးဆက်တွေပဲ ပါသွားမှာပါ။ စိတ်ကောင်း၊ နှလုံးကောင်းတွေနဲ့ လုပ်ခဲ့တာတွေကတော့ ကောင်းမှုအဖြစ်နဲ့ နောင်သံသရာအထိ အကျိုးသက်ရောက်မှုရှိနေမှာဖြစ်သလို ကျန်ရစ်ခဲ့တဲ့ကာယကံ ရှင်ရဲ့အသိုင်းအဝိုင်း၊ အနာဂတ်မျိုးဆက်တွေပါ ဂုဏ်ယူရမယ့် အမွေကောင်းတွေအဖြစ် ကျန်ရစ်ခဲ့မှာပါ။စစ်ပွဲဆိုတာကို ကြားကို မကြားချင်တော့ပါဘူး။ ငြိမ်းချမ်းရေးစကားသံတွေကိုပဲ ကြားပါရစေတော့။ အမြန်ဆုံးပဲ ငြိမ်းချမ်းရေးဖြစ်ထွန်းစေချင်ပါတယ်။ ငြိမ်းချမ်းရေးတကယ်ရှိမှပဲ ဖွံ့ဖြိုးတိုးတက်မှုကို ပီပီပြင်ပြင် ထိထိရောက်ရောက် လှုပ်ရှားဆောင်ရွက်နိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို သေချာပေါက် ရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒီတော့ အားလုံးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးကို ဇွဲနပဲနဲ့ ဆက်ပြီးစောင့်နေကြပါပြီ။ ။MOIPhoto Credit to UNSSC

ဖွံ့ဖြိုးတိုးတက်မှုဟာ ဖြစ်ထွန်းမှုတွေ၊ အသစ်ဖန်တီးမှုတွေနဲ့ စည်စည်ကားကားရှိနေပေမယ့် စစ်ပွဲတွေကတော့ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ကိုပဲ ဦးတည်နေပြီး တွေ့သမျှမြင်ကွင်းကို အနိဋ္ဌာရုံတွေနဲ့ ပြည့်နေစေတော့တာပါပဲ။ စစ်နဲ့ကြုံလိုက်ရင် ရုပ်ဝတ္ထုမှန်သမျှဟာ ပျက်စီးသွားနိုင်တယ်။ လူအပါအဝင် သက်ရှိအရာမှန်သမျှကို အပြင်ဒဏ်ရာတွေများစွာဖြစ်သွားစေနိုင်သလို ကုသရခက်တဲ့ နက်နက်ရှိုင်းရှိုင်း ကြေကွဲစရာဝေဒနာတွေကိုပါ ဖြစ်သွားစေပါတယ်။

စစ်ဟာ လူ့အသိုင်းအဝိုင်းတစ်ခုအပေါ် ဘယ်လောက်တောင်သက်ရောက်စေပါသလဲ။ ၂၀ ရာစု အစောပိုင်းကာလရဲ့ ဩဇာအရှိဆုံးစီးပွားရေးပညာရှင် ဂျွန်မေနတ်စ်ကိန်း (John Maynard Keynes ) ကတော့ ငြိမ်းချမ်းရေးရဲ့စီးပွားရေးအကျိုးဆက်များ (The Economic Consequences of the Peace) စာအုပ်ထဲမှာ “စစ်ဆိုသောအရာသည် မည်သူပင်နိုင်သည်ဖြစ်စေ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုနှင့် မျိုးဆက်တို့၏ အနာဂတ်ကို ဖျက်ဆီးပစ်တတ်သည်” လို့ ရေးထားတယ်။

ပစ္စုပ္ပန်ရော အနာဂတ်ကိုပါ တစ်ပြိုင်နက် ဖျက်ဆီးပစ်နိုင်

စစ်ဟာ ပစ္စုပ္ပန်ရော အနာဂတ်ကိုပါ တစ်ပြိုင်နက် ဖျက်ဆီးပစ်နိုင်တဲ့အရာ ဖြစ်တယ်။ စစ်ပွဲအတွင်းမှာရော စစ်ပွဲကာလအလွန်မှာပါ ရုပ်ဝတ္ထုအပျက်အစီး တွေဖြစ်စေတယ်။ သက်ရှိသတ္တဝါ လူသားတွေကိုတော့ ကိုယ်ခန္ဓာအတွင်းအပြင် ဝေဒနာအစုံဖြစ်စေတယ်။ စစ်ပွဲတစ်ခုရဲ့ မြင်ကွင်းကို မှန်းဆမြင်ယောင်ကြည့်တဲ့အခါ သေနတ်သံ၊ ဗုံးသံတွေကြားမှာ ကြောက်လန့်တကြားနဲ့ ပြေးလွှားနေတာတွေ၊ ထိခိုက်ဒဏ်ရာရ ခံစားမှုဝေဒနာတွေ၊ သက်မဲ့ရုပ်အလောင်းတွေ၊ စစ်နဲ့ ဘယ်လိုမှမပတ်သက်တဲ့ ကလေးငယ်တွေ၊ သားသည်မိခင်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်ထိတ်လန့်နေတဲ့မျက်နှာတွေ မြင်ကွင်းထဲရောက်လာပါလိမ့်မယ်။ စိတ်ကူးရုံနဲ့တင် စစ်ပွဲရဲ့ရက်စက်မှုတွေက နှလုံးသားကို တိုက်ရိုက်သက်ရောက်လာတတ်ပြီး ကြေကွဲစရာတွေ ခံစားသွားရနိုင်ပါတယ်။

စစ်ဖြစ်နေတဲ့ ဒေသတစ်ခုဟာ သုသာန်တစ်စပြင်လိုပါပဲ။ လူတွေ ကျီးလန့်စာစား ပြေးလွှားအသက်ရှင်နေရတဲ့ အရပ်ဖြစ်သွားတယ်။ စစ်ပွဲတွေပြီးသွားခဲ့ရင်လည်း စစ်ကပေးတဲ့ ဝေဒနာတွေက ချက်ချင်းရပ်သွားမှာ မဟုတ်ဘူး။ အပြင်ဒဏ်ရာတွေ ကျက်သွားတဲ့ ကာလတစ်ခု ကြာတဲ့အထိ စိတ်ဒဏ်ရာတွေက မပျောက်နိုင်သေးတာမျိုး၊ လူမှုရေး၊ စီးပွားရေးမတည်ငြိမ်မှုတွေနဲ့ အနာဂတ်မျှော်လင့်ချက်ကင်းမဲ့ပြီး အသက်ရှင်ရပ် တည်နေရတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ စစ်ပွဲကြောင့် တစ်စုံတစ်ယောက် သေကျေပျက်စီးခဲ့ရင်ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု ထိခိုက်ဒဏ်ရာရသွားတယ်ပဲဖြစ်ဖြစ် အကျိုးဆက်ကတော့ အဲဒီတစ်ယောက်မှာပဲ ပြီးဆုံးမသွားပါဘူး။ ထိခိုက်သွားတဲ့ လူတစ်ယောက်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လူမှုအသိုက်အဝန်းအနာဂတ်ကိုပါ ထိခိုက်သွားပါတော့တယ်။

အဲဒီလူနဲ့ပတ်သက်တဲ့၊ သူ့ကိုမှီခိုနေတဲ့ ဘဝတွေအားလုံးအပေါ် ဆက်တိုက်သက်ရောက်သွားတတ်ပါတယ်။ လူမမည်လေးတွေ အားကိုးမဲ့သွားမယ်၊ မှီခိုသူ သက်ကြီးရွယ်အိုဘဝတွေ ပိုပြီးချည့်နဲ့သွားမယ်၊ ဖြစ်တည်ထားတဲ့ မိသားစုအသိုက်အမြုံလေး ပြိုကွဲပျက်စီးသွားပြီး သောကတွေ ပင်လယ်ဝေသွားမယ်၊ လူငယ်တွေ ကျန်ခဲ့မယ်ဆိုရင် အနာဂတ်ရည်မှန်းချက်တွေ မှေးမှိန်သွားသလို၊ ပျောက်ပျယ်သွားသလို ခံစားကြရပါလိမ့်မယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်စပ်ပြီးတွေးကြည့်ရင် စစ်ပွဲတွေဟာ နိုင်ငံ့စီးပွားရေးအခြေအနေတွေ၊ အရင်းအမြစ်ခွဲဝေမှုတွေ၊ ဝင်ငွေခွဲဝေမှုတွေကို မတည်မငြိမ်ဖြစ်စေပြီး အနုတ်လက္ခဏာကို ဦးတည်တဲ့အပြောင်းအလဲတွေ အများကြီးဖြစ်သွားစေနိုင်ပါတယ်။ ကုန်ထုတ်စွမ်းအားစုတွေ ရဲ့ တန်ဖိုးတွေပြောင်းလဲသွားတယ်၊ ကုန်စည်စျေးနှုန်းတွေလည်း အပြောင်း အလဲတွေဖြစ်လာပြီး စျေးကွက်အခြေအနေ အပြောင်းအလဲသိပ်မြန်တာတို့၊ မတည်မငြိမ်ဖြစ်တာတို့ပါ ကြုံလာရနိုင်တယ်။

စစ်ပွဲတွေဟာ ဒီမိုကရေစီတို့၊ စျေးကွက်စီးပွားရေးဆိုတဲ့အစီအစဉ်တွေအတွက်လည်း ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်စွမ်းမရှိဘူး။ ဥပဒေမဲ့ လှုပ်ရှားတတ်တဲ့ မြေအောက်စီးပွားရေးတို့၊ မှောင်ခိုစီးပွားရေးတို့ တွင်ကျယ်လာပြီး တစ်နပ်စားစီးပွားရေးလုပ်သူတွေ အလုပ်ဖြစ်စေတယ်။ စစ်ပွဲတွေရဲ့အကျိုး ဆက်တွေထဲမှာ စာနာသလိုလို၊ ကူညီသလိုလိုနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ လူလည်ကျ၊ အနိုင်ကျင့်မှုတွေကလည်း ကြုံရနိုင်ပါသေးတယ်။ ဆိုလိုတာက စစ်ဒဏ်သင့်နေတဲ့နိုင်ငံ၊ ဒေသတွေက စီးပွားရေးအခွင့်အလမ်းတွေကို တခြားနိုင်ငံတွေက အချောင်လာနှိုက်တာမျိုး၊ လူမှုရေးကိစ္စတွေမှာ အနိုင်လာကျင့်တာမျိုးတွေ ရှိလာသလို နိုင်ငံရေးတွေမှာလည်း သိသိသာသာရော မသိမသာပါ ဝင်ရောက်ပတ်သက်၊ သွေးထိုးသပ်လျှိုမှုတွေလည်း ရှိလာတတ်ပါတယ်။

လူတွေဟာ စစ်ပွဲကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ စစ်ပွဲကို မက်မက်မောမောနဲ့ ဖန်တီးနေတဲ့လူတွေလည်း ရှိကြတယ်ဆိုရင် ယုံချင်မှယုံကြပါလိမ့်မယ်။ လူတိုင်းမကြိုက်တဲ့ စစ်ပွဲတွေကို ကိုယ်ကျိုးစီးပွား၊ ကိုယ့်အတ္တအတွက် နှစ်နှစ်ခြိုက်ခြိုက် ဖန်တီးနေသူတွေ ဒီကမ္ဘာပေါ်မှာ ရှိနေပါတယ်။ ဘာလို့ ဒီလိုဖန်တီးနေကြပါသလဲ။ သေချာတာကတော့ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု၊ အဖွဲ့တစ်ဖွဲ့ရဲ့ ကိုယ်ကျိုးစီးပွားတွေအတွက်ကြောင့်ပါပဲ။ အဲဒီအကျိုးစီးပွားတွေရဲ့နောက်မှာ ထုထည်ကြီးမားတဲ့ လောဘ၊ ဒေါသတွန်းအားတွေရှိနေပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာဖြစ်နေတဲ့ စစ်ပွဲတွေမှာဆို ပယောဂတွေမျိုးစုံ ရှုပ်ယှက်ခတ်နေတာပဲ။ အဲဒီပယောဂတွေကိုက သေနတ်တွေ၊ အမြောက်တွေ၊ ကျည်ဆန်၊ ဗုံးဆန်တွေ ထပ်တိုးအင်အားဖြည့် ပေးတတ်ပြီး စစ်ပွဲတွေကို ပိုပြီးကြီးမား၊ အားကောင်းစေလာတော့တာပဲ။

ပန်းတိုင်အဖြစ် ထည့်သွင်းထား

ဖျက်ဆီးတတ်တဲ့သဘာဝရှိတဲ့ စစ်ပွဲတွေဟာ တစ်ကမ္ဘာလုံးက လိုလိုလားလား အားထုတ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း၊ တခြားစီပါပဲ။ ကမ္ဘာပေါ်က နိုင်ငံအများစုပါဝင်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင်က ၂၀၁၅ ခုနှစ်မှာ ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၁၇ ချက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အချက်ကို ပန်းတိုင်အဖြစ် ထည့်သွင်းထားတာကို တွေ့ကြရပါလိမ့်မယ်။

ဒီတော့ စစ်ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးက လိုချင်နေတဲ့အရာဆိုတာ သေချာတဲ့ကိစ္စပါ။ ဒီလိုဆိုရင် အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးဆိုတာကို ဘယ်လိုနားလည် ထားကြသလဲ။ ပညာရှင်တွေ၊ သုတေသီတွေကတော့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုရှင်းပြထားပေမယ့် ကာလရှည် အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ် ဖြစ်ပေါ်နေတယ်ဆိုရင်ပဲ သာမန်လူတွေ လက်လှမ်းမီတွေးဆနိုင်တဲ့ ငြိမ်းချမ်းရေး လို့ဆိုရမှာပါ။

လက်နက်ကိုင်တိုက်ခိုက်မှုတွေ မရှိတာနဲ့ ငြိမ်းချမ်းပြီလို့ဆိုနိုင်ပေမယ့် ကာလရှည်ကတော့ မငြိမ်းချမ်းနိုင်ဘူး။ ရရှိထားတဲ့ငြိမ်းချမ်းမှုကလည်း မတည်တံ့နိုင်ဘူး။ ဒီတော့ ရေရှည်တည်တံ့မယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖြစ်ဖို့လိုပါတယ်။ အချိန်အကြာကြီး တည်တံ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ကိုယ်ချင်းစာစိတ်၊ အမြော်အမြင်ရှိတဲ့ စိတ်ထားတွေ အားကောင်းနေတဲ့ နေရာမျိုးမှာမှ တည်ရှိနိုင်မှာပါ။ အဲဒီလိုငြိမ်းချမ်းရေးမျိုး ရခဲ့ရင်တော့ ဒေသတစ်ခု၊ နိုင်ငံတစ်ခုရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားတက်စရာ ဖြစ်လာနိုင်တာပေါ့။

ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်နေတဲ့ လူသားတွေ အတော်များများမှာ မွန်မြတ်တဲ့စိတ်ထား၊ နှလုံးသားတွေရှိနေပါသေးတယ်။ နှလုံးခုန်သံမရပ်သေးတဲ့ အချိန်လေးမှာရလာနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေကို ကိုယ်တိုင်ခံစားချင်တဲ့၊ အနာဂတ်မျိုးဆက်တွေအတွက် အမွေကောင်းတွေ ချန်ထားချင်တဲ့ မျှော်လင့်ချက်စိတ်ကူးတွေပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဝါရင့်သမ္ဘာရင့် ဂျာမန်နိုင်ငံရေးသမား Willy Brandt ပြောခဲ့ဖူးတဲ့ စကားတချို့ ကို ပြန်စဉ်းစားမိတယ်။ Willy Brandt က “ ငြိမ်းချမ်းရေးဟာ အရာရာတိုင်းကို မလုပ်ပေးနိုင်ပေမယ့် ငြိမ်းချမ်းရေးမရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး” တဲ့။ ဒီတော့ လူတိုင်းဟာ ငြိမ်းချမ်းရေးကို မဖြစ်မနေ လိုချင်နေကြမှာပါပဲ။

စစ်ပွဲဆိုတဲ့အရာက ချုပ်နှောင်ထားဆဲဖြစ်

ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာတော့ မလွယ်လှဘူး။ ငြိမ်းချမ်းရေးပန်းတိုင်ဟာ မမျှော်မှန်းရဲလောက်အောင် ခမ်းနားကြီးကျယ်နေသလား။ ငြိမ်းချမ်းရေးဆိုတာရဖို့ သိပ်ပြီးခက်ခဲနေတာလား။ ငြိမ်းချမ်းရေးချိုးငှက်ဟာ လွတ်လပ်စွာ ပျံသန်းပြီး တေးသီကျူးချင်ပေမယ့် စစ်ပွဲဆိုတဲ့ အရာက ချုပ်နှောင်ထားဆဲဖြစ်သတဲ့။

မေတ္တာရပ်ခံပါရစေ။ လူ့အဖွဲ့အစည်း တစ်ရပ်၊ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ပစ္စုပ္ပန်ကာလ အမြော်အမြင်ရှိမှုတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒီတော့ နိုင်ငံ့အနာဂတ်၊ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် မျက်တောင်မွေး တစ်ဆုံးထက် ကျော်လွန်တဲ့၊ မျက်စိ အမြင်တစ်ဆုံးထက် ကျော်လွန်မြင်နိုင်စွမ်းရှိတဲ့ စိတ်ထားတွေနဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။

လူသားအားလုံးဟာ မမြဲခြင်း အနိစ္စတရားကပ်လျက်နဲ့ အသက်ရှင်ရတဲ့သူတွေပါ။ နှလုံးသွေးလည်ပတ်မှုရပ်လို့ ရှင်သန်မှုရပ်တန့်သွားခဲ့တဲ့အခါ တမလွန်ဘဝဆီကို ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ရုပ်ဝတ္ထုမှန်သမျှ ဘာကိုမှယူသွားလို့မရပါဘူး။ အသက်ရှင်သန်စဉ်က ပြုမူခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ နှလုံးသွင်းခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးအကောင်းတွေရဲ့ အကျိုးဆက်တွေပဲ ပါသွားမှာပါ။ စိတ်ကောင်း၊ နှလုံးကောင်းတွေနဲ့ လုပ်ခဲ့တာတွေကတော့ ကောင်းမှုအဖြစ်နဲ့ နောင်သံသရာအထိ အကျိုးသက်ရောက်မှုရှိနေမှာဖြစ်သလို ကျန်ရစ်ခဲ့တဲ့ကာယကံ ရှင်ရဲ့အသိုင်းအဝိုင်း၊ အနာဂတ်မျိုးဆက်တွေပါ ဂုဏ်ယူရမယ့် အမွေကောင်းတွေအဖြစ် ကျန်ရစ်ခဲ့မှာပါ။

စစ်ပွဲဆိုတာကို ကြားကို မကြားချင်တော့ပါဘူး။ ငြိမ်းချမ်းရေးစကားသံတွေကိုပဲ ကြားပါရစေတော့။ အမြန်ဆုံးပဲ ငြိမ်းချမ်းရေးဖြစ်ထွန်းစေချင်ပါတယ်။ ငြိမ်းချမ်းရေးတကယ်ရှိမှပဲ ဖွံ့ဖြိုးတိုးတက်မှုကို ပီပီပြင်ပြင် ထိထိရောက်ရောက် လှုပ်ရှားဆောင်ရွက်နိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို သေချာပေါက် ရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒီတော့ အားလုံးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးကို ဇွဲနပဲနဲ့ ဆက်ပြီးစောင့်နေကြပါပြီ။ ။

MOI

Photo Credit to UNSSC

ကြယ်စင်ဖေသင်

နိုင်ငံ့ဝန်ထမ်းများနှင့် ဆန္ဒမဲပေးပိုင်ခွင့်
-
အခုတလော မောင်စံကြီးတို့ ဝန်ထမ်းလောကမှာ စိုးရိမ်စိတ်နဲ့ ပြောနေကြတဲ့ စကားသံတွေ ကြားနေရပါတယ်။ အထူးသဖြင့်တော့ နေပြည်‌တော်က ဝန်ကြီးဌာနတွေနဲ့ လက်အောက်ရုံးချုပ်ဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ မဲပေးခွင့်ကိစ္စပါ။ ရွေးကောက်ပွဲဥပဒေမှာ မိမိအမြဲတမ်းနေထိုင်တဲ့လိပ်စာရှိရာ လဝကပုံစံ (၆၆/၆) ရှိတဲ့ နေရာမှာပဲ မိမိမဲစာရင်းပါမှာဖြစ်လို့ အမြဲတမ်းနေထိုင်ရာနေရာမှာပဲ ပြန်ပြီး မဲပေးရမယ့်သဘောလို့ နားလည်ထားကြလို့ပါ။ တကယ်တော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေမှာ ဒေသတစ်ခုက အခြားဒေသတစ်ခုကို နိုင်ငံ့တာဝန်အရပဲဖြစ်ဖြစ်၊ အခြားလူမှုရေး၊ စီးပွားရေးအရဖြစ်ဖြစ် ပြောင်းရွှေ့နေထိုင်ရတဲ့သူတွေကို အရင်နေထိုင်တဲ့နေရာကနေ လက်ရှိပြောင်းရွှေ့နေထိုင်တဲ့ နေရာကို မဲစာရင်းပြောင်းနိုင်မယ့် အခွင့်အရေးပေးထားပါတယ်။ဝန်ထမ်းတွေ မဲပေးခွင့် မဆုံးရှုံးရအောင်ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရိပ်စားမိလို့ ထင်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် မဲစာရင်း စကပ်တဲ့ ၃၀-၉-၂၀၂၅ ရက်နေ့ရဲ့နောက်တစ်နေ့ ၁-၁၀-၂၀၂၅ ရက်နေ့ ဝန်ထမ်းတွေ မဲပေးခွင့်မဆုံးရှုံးရအောင် ဥပဒေနှင့်အညီ ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ဝန်ကြီးဌာနအသီးသီးကို အကြောင်းကြားခဲ့ပါတယ်။မောင်စံကြီးတို့ ဝန်ကြီးဌာနကတော့ သီတင်းကျွတ်ပိတ်ရက် ပြန်အတက်မှာ ဝန်ထမ်းတွေအားလုံးကို အသိပေးထားလို့ သိပြီးပါပြီ။ အချို့ရုံးတွေကတော့ရုံးပိတ်ရက်ပြန်အတက်မှာ ဌာနအကြီးအကဲတွေ အလုပ်များနေကြလို့ အသိနောက်ကျတာလည်း ဖြစ်နိုင်ပါတယ်။ ဌာနက ညွှန်ကြားရေးမှူး ရှင်းပြတာကတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိနေရာမှာ ရက်ပေါင်း ၁၈၀ ထက်မနည်းနေထိုင်ခဲ့ရင်၊ ကျွန်တော် တို့ အမြဲတမ်းနေရပ်ကိုလည်း ပြန်ပြီးမဲပေးလိုတဲ့ ဆန္ဒမရှိရင် ကိုယ့်ဌာနအကြီးအမှူးရဲ့ ထောက်ခံချက်နဲ့ ပုံစံ (၃-က) လို့ခေါ်တဲ့ ‌ရွေးကောက်ပွဲလျှောက်လွှာပုံစံနဲ့ ကျွန်တော့်အတွက်ဆိုရင်တော့ လက်ရှိနေထိုင်ရာ ဝန်ထမ်းအိမ်ရာရှိတဲ့ ဝဏ္ဏသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထပ်ဆင့်ထောက်ခံချက်နဲ့ ဇမ္ဗူသီရိမြို့နယ် ကော်မရှင်အဖွဲ့ခွဲကို လျှောက်လိုက်ရုံပဲ။ရက်ပေါင်း ၁၈၀ ဆိုတဲ့ သတ်မှတ်ချက်က ဘောင်ဝင်ထောက်ခံချက်ယူတဲ့ကိစ္စကလည်း ဌာနတာဝန်ခံ ထောက်ခံမယ့်နေရာနဲ့ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ထပ်ဆင့်ထောက်ခံရမယ့်နေရာက ပုံစံ (၃-က) မှာ တစ်ခါတည်း ထည့်ထားတာ။ သီးခြားစာရွက်ပုံစံ မလိုပါ ဘူး။ ပုံစံ (၃-က) ကလည်း ရပ်ကွက်ကော်မရှင်မှာ အလကားရပါတယ်။ ကျွန်တော်တို့ကတော့ UEC Website က ယူလိုက်ပါတယ်။ ကျွန်တော်က နေပြည်တော်မှာ တာဝန်ကျတာ သုံးနှစ်နီးပါး ရှိပြီဆိုတော့ အနည်းဆုံး ရက်ပေါင်း ၁၈၀ ဆိုတဲ့ သတ်မှတ်ချက်က ဘောင်ဝင်ပါတယ်။ကျွန်တော့်အမြဲတမ်းနေရပ်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် (၄) ရပ်ကွက်ဆိုတော့ ကျွန်တော်ပြန်ပြီး မဲသွားပေးဖို့ သွားလာရတဲ့စရိတ်၊ ရုံးမှာကလည်း မဲပေးမယ့်အချိန် အလုပ်များနေမှာဆိုတော့ မိမိနေရပ်ပြန်ပြီး မဲပေးဖို့က အခက်အခဲရှိတဲ့အတွက် ကျွန်တော်ရော ကျွန်တော့်ဇနီးပါ ပုံစံ (၃-က) နဲ့ ညွှန်ကြားရေးမှူးချုပ်‌ထောက်ခံချက်နှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထပ်ဆင့်ထောက်ခံချက်နဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲကို ပေးပို့ထားပြီးပါပြီ။ကျွန်တော်တို့ ညွှန်ကြားရေးမှူးချုပ်က ကျွန်တော်တို့ဌာနမှ ကျွန်တော့်လို လက်ရှိနေတဲ့နေရာမှာ မဲစာရင်းပါအောင် ပုံစံ (၃-က) နဲ့ လျှောက်တဲ့စာရင်းတွေကို စုစည်းပြီး ဝန်ကြီးရုံးကို ပို့တယ်လည်း ကြားတယ်။ ဝန်ကြီးရုံးကတော့ ဝန်ကြီးဌာနတစ်ခုလုံးရဲ့ ပုံစံ (၃-က) နဲ့တောင်းဆိုတဲ့ မဲဆန္ဒရှင် စာရင်းတွေကို စုစည်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပို့ဖို့လုပ်နေတယ်လည်း ကြားပါတယ်။ဒီအတိုင်းပဲ ကျွန်တော့်ညီအရင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ တာဝန်ကျလို့ သွားနေတာ တစ်နှစ်တောင်ကျော်နေပြီ။ သူလည်း ကျွန်တော်နဲ့ ကမာရွတ်မြို့နယ် (၄) ရပ်ကွက်မှာပဲ အိမ်ထောင်စု စာရင်း(၆၆/၆) ရှိတာဆိုတော့ သူ့မဲစာရင်းလည်း ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာပဲ ပါမှာ။ သူလည်း ရန်ကုန်ပြန်ပြီး မဲပေးဖို့ မဖြစ်နိုင်တော့ ကျွန်တော့်လိုပဲ ပုံစံ (၃-က) နဲ့ ဌာနရဲ့ ခရိုင်တာဝန်ခံထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထပ်ဆင့်ထောက်ခံချက်နဲ့ ဟင်္သာတကော်မရှင်အဖွဲ့ခွဲမှာ လျှောက်ထားတယ်လို့ပြောတယ်။ချက်ချင်းပေးနိုင်တဲ့ အချက်အလက်တွေပုံစံ (၃-က) နဲ့ တောင်းရမှာဆိုတော့ ဘာတွေ ပုံစံမှာ ဖြည့်ရမှာလဲ၊ ခက်ခက်ခဲခဲလား၊ ဘာအထောက်အထားတွေလိုလဲ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော် ပုံစံ (၃-က) ကို ဖြည့်ပြီးပါပြီ။ လွယ်ကူရိုးရှင်းပါတယ်။ ကိုယ့်အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်၊ အဘအမည်၊ အမိအမည်၊ ကိုယ့်အလုပ်အကိုင်စတဲ့ကိုယ်အလွယ်တကူ ချက်ချင်းပေးနိုင်တဲ့ အချက်အလက်တွေပါပဲ။ နောက်အရေးကြီးတာက လက်ရှိနေရပ်လိပ်စာနဲ့ ကိုယ့်ရဲ့ အမြဲတမ်းနေရပ်လိပ်စာကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် အပြည့်အစုံထည့်ရတယ်။ဒါကလည်း ကိုယ့်ရဲ့ ပုံစံ (၆၆/၆) ရှိတဲ့နေရာမှာ ကိုယ့်မဲစာရင်း ပါနေမှာဆိုတော့ မဲစာရင်း မဖောင်းပွအောင် စိစစ်ပြီး မူလနေရပ်က မဲစာရင်းကို ဥပဒေနှင့်အညီ ဖျက်ရမှာပါ။ ကိုယ်က လက်ရှိနေရာမှာ ရက်ပေါင်း ၁၈၀ အနည်းဆုံး နေထိုင်ပြီးပြီဆိုတာရယ်၊ အခြားနေရာ တွေက မဲစာရင်းတွေမှာ ပါဖို့တောင်းဆိုတာ မရှိဘူးလို့ ဝန်ခံလက်မှတ် ထိုးတာတို့ရယ် ဒါပါပဲ။ ဘာမှခက်ခဲတာ မဖြည့်နိုင်စရာ အချက်မရှိပါဘူး။ ဒီတော့ဗျာ ကျွန်တော်တို့ဝန်ထမ်းတွေ မိမိအမြဲတမ်းနေထိုင်တဲ့ နေရပ်ကိုပြန်ပြီး မဲပေးဖို့ အခက်အခဲရှိတာသိလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဝန်ကြီးဌာနတွေက ပူးပေါင်းညှိနှိုင်းစီစဉ်ထားပြီးဖြစ်လို့ လက်ရှိနေရပ်မှာ မဲပေးနိုင်ဖို့ ပုံစံ (၃-က) နဲ့သာ ကိုယ့်အမည် မဲစာရင်းမှာ ပါဝင်အောင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ။moi

အခုတလော မောင်စံကြီးတို့ ဝန်ထမ်းလောကမှာ စိုးရိမ်စိတ်နဲ့ ပြောနေကြတဲ့ စကားသံတွေ ကြားနေရပါတယ်။ အထူးသဖြင့်တော့ နေပြည်‌တော်က ဝန်ကြီးဌာနတွေနဲ့ လက်အောက်ရုံးချုပ်ဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ မဲပေးခွင့်ကိစ္စပါ။ ရွေးကောက်ပွဲဥပဒေမှာ မိမိအမြဲတမ်းနေထိုင်တဲ့လိပ်စာရှိရာ လဝကပုံစံ (၆၆/၆) ရှိတဲ့ နေရာမှာပဲ မိမိမဲစာရင်းပါမှာဖြစ်လို့ အမြဲတမ်းနေထိုင်ရာနေရာမှာပဲ ပြန်ပြီး မဲပေးရမယ့်သဘောလို့ နားလည်ထားကြလို့ပါ။ တကယ်တော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေမှာ ဒေသတစ်ခုက အခြားဒေသတစ်ခုကို နိုင်ငံ့တာဝန်အရပဲဖြစ်ဖြစ်၊ အခြားလူမှုရေး၊ စီးပွားရေးအရဖြစ်ဖြစ် ပြောင်းရွှေ့နေထိုင်ရတဲ့သူတွေကို အရင်နေထိုင်တဲ့နေရာကနေ လက်ရှိပြောင်းရွှေ့နေထိုင်တဲ့ နေရာကို မဲစာရင်းပြောင်းနိုင်မယ့် အခွင့်အရေးပေးထားပါတယ်။

ဝန်ထမ်းတွေ မဲပေးခွင့် မဆုံးရှုံးရအောင်

ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရိပ်စားမိလို့ ထင်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် မဲစာရင်း စကပ်တဲ့ ၃၀-၉-၂၀၂၅ ရက်နေ့ရဲ့နောက်တစ်နေ့ ၁-၁၀-၂၀၂၅ ရက်နေ့ ဝန်ထမ်းတွေ မဲပေးခွင့်မဆုံးရှုံးရအောင် ဥပဒေနှင့်အညီ ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ဝန်ကြီးဌာနအသီးသီးကို အကြောင်းကြားခဲ့ပါတယ်။

မောင်စံကြီးတို့ ဝန်ကြီးဌာနကတော့ သီတင်းကျွတ်ပိတ်ရက် ပြန်အတက်မှာ ဝန်ထမ်းတွေအားလုံးကို အသိပေးထားလို့ သိပြီးပါပြီ။ အချို့ရုံးတွေကတော့

ရုံးပိတ်ရက်ပြန်အတက်မှာ ဌာနအကြီးအကဲတွေ အလုပ်များနေကြလို့ အသိနောက်ကျတာလည်း ဖြစ်နိုင်ပါတယ်။ ဌာနက ညွှန်ကြားရေးမှူး ရှင်းပြတာကတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိနေရာမှာ ရက်ပေါင်း ၁၈၀ ထက်မနည်းနေထိုင်ခဲ့ရင်၊ ကျွန်တော် တို့ အမြဲတမ်းနေရပ်ကိုလည်း ပြန်ပြီးမဲပေးလိုတဲ့ ဆန္ဒမရှိရင် ကိုယ့်ဌာနအကြီးအမှူးရဲ့ ထောက်ခံချက်နဲ့ ပုံစံ (၃-က) လို့ခေါ်တဲ့ ‌ရွေးကောက်ပွဲလျှောက်လွှာပုံစံနဲ့ ကျွန်တော့်အတွက်ဆိုရင်တော့ လက်ရှိနေထိုင်ရာ ဝန်ထမ်းအိမ်ရာရှိတဲ့ ဝဏ္ဏသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထပ်ဆင့်ထောက်ခံချက်နဲ့ ဇမ္ဗူသီရိမြို့နယ် ကော်မရှင်အဖွဲ့ခွဲကို လျှောက်လိုက်ရုံပဲ။

ရက်ပေါင်း ၁၈၀ ဆိုတဲ့ သတ်မှတ်ချက်က ဘောင်ဝင်

ထောက်ခံချက်ယူတဲ့ကိစ္စကလည်း ဌာနတာဝန်ခံ ထောက်ခံမယ့်နေရာနဲ့ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ထပ်ဆင့်ထောက်ခံရမယ့်နေရာက ပုံစံ (၃-က) မှာ တစ်ခါတည်း ထည့်ထားတာ။ သီးခြားစာရွက်ပုံစံ မလိုပါ ဘူး။ ပုံစံ (၃-က) ကလည်း ရပ်ကွက်ကော်မရှင်မှာ အလကားရပါတယ်။ ကျွန်တော်တို့ကတော့ UEC Website က ယူလိုက်ပါတယ်။ ကျွန်တော်က နေပြည်တော်မှာ တာဝန်ကျတာ သုံးနှစ်နီးပါး ရှိပြီဆိုတော့ အနည်းဆုံး ရက်ပေါင်း ၁၈၀ ဆိုတဲ့ သတ်မှတ်ချက်က ဘောင်ဝင်ပါတယ်။

ကျွန်တော့်အမြဲတမ်းနေရပ်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် (၄) ရပ်ကွက်ဆိုတော့ ကျွန်တော်ပြန်ပြီး မဲသွားပေးဖို့ သွားလာရတဲ့စရိတ်၊ ရုံးမှာကလည်း မဲပေးမယ့်အချိန် အလုပ်များနေမှာဆိုတော့ မိမိနေရပ်ပြန်ပြီး မဲပေးဖို့က အခက်အခဲရှိတဲ့အတွက် ကျွန်တော်ရော ကျွန်တော့်ဇနီးပါ ပုံစံ (၃-က) နဲ့ ညွှန်ကြားရေးမှူးချုပ်‌ထောက်ခံချက်နှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထပ်ဆင့်ထောက်ခံချက်နဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲကို ပေးပို့ထားပြီးပါပြီ။

ကျွန်တော်တို့ ညွှန်ကြားရေးမှူးချုပ်က ကျွန်တော်တို့ဌာနမှ ကျွန်တော့်လို လက်ရှိနေတဲ့နေရာမှာ မဲစာရင်းပါအောင် ပုံစံ (၃-က) နဲ့ လျှောက်တဲ့စာရင်းတွေကို စုစည်းပြီး ဝန်ကြီးရုံးကို ပို့တယ်လည်း ကြားတယ်။ ဝန်ကြီးရုံးကတော့ ဝန်ကြီးဌာနတစ်ခုလုံးရဲ့ ပုံစံ (၃-က) နဲ့တောင်းဆိုတဲ့ မဲဆန္ဒရှင် စာရင်းတွေကို စုစည်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပို့ဖို့လုပ်နေတယ်လည်း ကြားပါတယ်။

ဒီအတိုင်းပဲ ကျွန်တော့်ညီအရင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ တာဝန်ကျလို့ သွားနေတာ တစ်နှစ်တောင်ကျော်နေပြီ။ သူလည်း ကျွန်တော်နဲ့ ကမာရွတ်မြို့နယ် (၄) ရပ်ကွက်မှာပဲ အိမ်ထောင်စု စာရင်း(၆၆/၆) ရှိတာဆိုတော့ သူ့မဲစာရင်းလည်း ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာပဲ ပါမှာ။ သူလည်း ရန်ကုန်ပြန်ပြီး မဲပေးဖို့ မဖြစ်နိုင်တော့ ကျွန်တော့်လိုပဲ ပုံစံ (၃-က) နဲ့ ဌာနရဲ့ ခရိုင်တာဝန်ခံထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထပ်ဆင့်ထောက်ခံချက်နဲ့ ဟင်္သာတကော်မရှင်အဖွဲ့ခွဲမှာ လျှောက်ထားတယ်လို့ပြောတယ်။

ချက်ချင်းပေးနိုင်တဲ့ အချက်အလက်တွေ

ပုံစံ (၃-က) နဲ့ တောင်းရမှာဆိုတော့ ဘာတွေ ပုံစံမှာ ဖြည့်ရမှာလဲ၊ ခက်ခက်ခဲခဲလား၊ ဘာအထောက်အထားတွေလိုလဲ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော် ပုံစံ (၃-က) ကို ဖြည့်ပြီးပါပြီ။ လွယ်ကူရိုးရှင်းပါတယ်။ ကိုယ့်အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်၊ အဘအမည်၊ အမိအမည်၊ ကိုယ့်အလုပ်အကိုင်စတဲ့ကိုယ်အလွယ်တကူ ချက်ချင်းပေးနိုင်တဲ့ အချက်အလက်တွေပါပဲ။ နောက်အရေးကြီးတာက လက်ရှိနေရပ်လိပ်စာနဲ့ ကိုယ့်ရဲ့ အမြဲတမ်းနေရပ်လိပ်စာကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် အပြည့်အစုံထည့်ရတယ်။

ဒါကလည်း ကိုယ့်ရဲ့ ပုံစံ (၆၆/၆) ရှိတဲ့နေရာမှာ ကိုယ့်မဲစာရင်း ပါနေမှာဆိုတော့ မဲစာရင်း မဖောင်းပွအောင် စိစစ်ပြီး မူလနေရပ်က မဲစာရင်းကို ဥပဒေနှင့်အညီ ဖျက်ရမှာပါ။ ကိုယ်က လက်ရှိနေရာမှာ ရက်ပေါင်း ၁၈၀ အနည်းဆုံး နေထိုင်ပြီးပြီဆိုတာရယ်၊ အခြားနေရာ တွေက မဲစာရင်းတွေမှာ ပါဖို့တောင်းဆိုတာ မရှိဘူးလို့ ဝန်ခံလက်မှတ် ထိုးတာတို့ရယ် ဒါပါပဲ။ ဘာမှခက်ခဲတာ မဖြည့်နိုင်စရာ အချက်မရှိပါဘူး။ ဒီတော့ဗျာ ကျွန်တော်တို့ဝန်ထမ်းတွေ မိမိအမြဲတမ်းနေထိုင်တဲ့ နေရပ်ကိုပြန်ပြီး မဲပေးဖို့ အခက်အခဲရှိတာသိလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဝန်ကြီးဌာနတွေက ပူးပေါင်းညှိနှိုင်းစီစဉ်ထားပြီးဖြစ်လို့ လက်ရှိနေရပ်မှာ မဲပေးနိုင်ဖို့ ပုံစံ (၃-က) နဲ့သာ ကိုယ့်အမည် မဲစာရင်းမှာ ပါဝင်အောင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ။

ab

moi

မောင်စံကြီး

NCA လုပ်ငန်းစဉ်ကို မသွေဖည် တစ်စည်းတစ်လုံးတည်း ဆက်လက်ဖော်ဆောင်ကြရမည်
-
လောက၌ တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ပါတီနှင့် တစ်ပါတီ နိုင်ငံရေးစနစ် သို့မဟုတ် ယုံကြည်ချက်မတူနိုင်၊ မတူသော်ငြားလည်း အတူနေထိုင်ခြင်းသည် သာယာဝပြောသော လူ့ဘောင် သို့မဟုတ် ယဉ်ကျေးသော ဒီမိုကရေစီဟုဆိုနိုင်သည်။ ဒီမိုကရေစီစနစ်တွင် အခြားသူ၊ အခြားအဖွဲ့အား ရန်မပြုဘဲ မိမိနှစ်သက်သည့်စနစ် သို့မဟုတ် ယုံကြည်ချက်ကို ထူထောင်ခွင့်ရှိသည်။ သို့မဟုတ်မူဘဲ “ငါနှင့်မတူ ရန်သူ”ဟု သတ်မှတ်သူသည်ကား အာဏာရှင် သို့မဟုတ် စစ်ကိုလိုလားသူ သို့မဟုတ် ငြိမ်းချမ်းရေးကို လက်မခံသူဟု ဆိုနိုင်သည်။တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကွဲလွဲနေသော ပြဿနာကိုတွေ့ဆုံစေ့စပ်သောနည်း သို့မဟုတ် နှစ်ဖက်လက်ခံ သဘောတူလာအောင် ဆွေးနွေးသောနည်းဖြင့်မဟုတ်ဘဲ လက်နက်ဖြင့် ဖြေရှင်းလိုသူသည်ကား ငြိမ်းချမ်းရေးကို လက်မခံသူ သို့မဟုတ် စစ်ကိုလိုလားသူသာဖြစ်သည်။ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသူသည် အဆိုပါတိုင်းပြည်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် အမျိုးသား လွတ်လပ်ရေးကိုထိပါးခြင်းသာ ဖြစ်သည်။ စစ်ကိုဖန်တီးခြင်းဖြစ်သည်။ ယင်းတို့သည် မငြိမ်းချမ်းခြင်း၏ သဘာဝများဖြစ်သည်။ မငြိမ်းချမ်းခြင်းသည် မတူညီသောယုံကြည်ချက်ကို လက်နက်ဖြင့်တုံ့ပြန်လိုခြင်း ဖြစ်သည်။ပဋိပက္ခများ ရပ်ဆိုင်းငြိမ်းချမ်းခြင်းကို လူတိုင်းလိုချင်သည်။ လူတိုင်းလိုလားသည်။ ငြိမ်းချမ်းရေးကို အလိုလားဆုံးသူများ မှာ ပဋိပက္ခနယ်မြေအတွင်းမှ ပြည်သူများနှင့် လက်နက်ကိုင်ထားသော နှစ်ဖက်စလုံးမှ လူများဖြစ်သည်။ မငြိမ်းချမ်းခြင်း၏ အနိဋ္ဌာရုံများ၊ စက်ဆုပ်ဖွယ်များ၊ ကြောက်မက်ဖွယ်ရာများကို သူတို့ကိုယ်တွေ့ အသိဆုံးဖြစ်သည်။ သို့ဆိုပါလျှင် လက်နက်ကိုင်ပဋိပက္ခများရပ်တန့်မသွားဘဲ အဘယ်ကြောင့် ဆက်တိုးနေကြပါသနည်း။ အကြောင်းအမျိုးမျိုးရှိမည်၊ ခံယူချက်အမျိုးမျိုး ရှိမည်၊ ယုံကြည်ချက်အဖုံဖုံရှိမည်။ အကြောင်းအမျိုးမျိုး၊ ယုံကြည်ချက်၊ ခံယူချက်တို့ကို အလျှော့ပေးလိုက်လျော၊ အပေးအယူညှိနှိုင်းမှုမရှိသဖြင့် လက်နက်ကိုင်ပဋိပက္ခများ မရပ်ဆိုင်း၊ မရပ်ဆိုင်းလိုဘဲ ဆက်လက်ရှိနေခြင်းဖြစ်သည်။အဓိကပြဿနာမှာ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းနေခြင်းဖြစ်သည်။ အမှန်တကယ်တွင် စစ်ရေးသည် ဒုတိယ၊ နိုင်ငံရေးသည် ပထမဖြစ်သင့်သည်။ နိုင်ငံရေးပြဿနာကို ပထမဦးစားပေး ဖြေရှင်းနိုင်မည်ဆိုလျှင် လက်နက်ကိုင်တိုက်ပွဲများ ဆိတ်သုဉ်း၍ ငြိမ်းချမ်းရေးနှင့် အလှမ်းမဝေးဟု ဆိုချင်သည်။ တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲစစ်ရေးနည်းဖြင့် ဖြေရှင်းနေသောကြောင့်ဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားနေခြင်းသည် မယုံကြည်မှု၊ အလျှော့မပေးလိုမှု၊ ရည်မှန်းချက်အတိုင်း မရမှု၊ လက်နက်ကိုင်ကဏ္ဍ မပျောက်လိုမှု စသည်ဖြင့် တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်နိုင်သည်။စစ်ရေးနည်းလမ်းဖန်တီးမြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အခါ နိုင်ငံရေးအယူအဆကွဲပြားမှုကြောင့် လက်နက်စွဲကိုင်ကာ တိုင်းရင်းသားလူမျိုးအချင်းချင်း စစ်ခင်းပြီး စစ်ရေးအသွင်ဆောင်ခဲ့သည်မှာ ယနေ့ထက်တိုင်အောင်ဖြစ်သည်။ အတိတ်ကာလက နိုင်ငံရေးခံယူချက်သက်သက်ဖြင့် လက်နက်ပဋိပက္ခများကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ မျက်မှောက်ကာလ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများမှာ လွတ်လပ်ရေးမရမီ၊ ရပြီးစကာလက ဆင်နွှဲခဲ့သော တိုက်ပွဲများ၏ နိုင်ငံရေးရည်မှန်းချက်များနှင့်မတူ ကွဲပြားခြားနားသည်။ ယနေ့ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးရည်မှန်းချက်ရှိသော အစုအဖွဲ့တစ်စုက နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း သို့မဟုတ် ကိုယ်ကျိုးစီးပွားအတွက် စစ်ရေးကို ဖန်တီးခြင်း ဖြစ်သည်။မည်သို့ပင်ဖြစ်စေတပ်မတော်အနေဖြင့် ပြည်ထောင်စုကြီးအကျိုးကိုရှေးရှု၍ ငြိမ်းချမ်းရေးကို အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုလျက်ရှိသည်။ လက်ကမ်းဖိတ်ခေါ်လျက်ရှိသည်။ ငြိမ်းချမ်းရေးအတွက် ကနဦးခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုနိုင်ရန် ၂၀၁၂ ခုနှစ်မှစတင်၍ နိုင်ငံတော် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ အတူတကွစုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုကြီးဖြစ်၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နေခြင်းဖြစ်သည်။NCA သဘောတူစာချုပ်နိုင်ငံတော်အစိုးရအဆက်ဆက်သည် ငြိမ်းချမ်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်သည်။ ငြိမ်းချမ်းရေးသည် တက်တစ်လှည့်၊ ဆုတ်တစ်လှည့် အကြိမ်ကြိမ် ဖြစ်ခဲ့သည်။ ရောင်နီသန်းလိုက်၊ တိမ်သလ္လာဖုံးလိုက် ဖြစ်ခဲ့သည်။ အစိုးရအနေဖြင့် စိတ်မပျက်ဘဲ ပြည်ထောင်စုအကျိုးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဆက်မပြတ် အကောင်အထည်ဖော်သည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး အတွက် NCA သဘောတူစာချုပ်အတိုင်း အကောင်အထည်ဖော်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် အရေးကြီးသည့်အချက်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် NCA သဘောတူစာချုပ်ပါအတိုင်း အကောင်အထည်ဖော်ကြရမည်။တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၂၁ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို စတင်ဆောင်ရွက်ခဲ့သည်။ ယနေ့အချိန်အထိ တစ်ဖက်သတ် အပစ်ရပ်ထုတ်ပြန်ဆောင်ရွက်မှု ၂၇ ကြိမ်ရှိသည်။ ထာဝရငြိမ်းချမ်းရေးအတွက် အလေးထားသည်မှာ ပေါ်လွင်သည်။ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်းဖြင့်သာ ငြိမ်းချမ်းရေးအတွက် နီးစပ်မည်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား ဖြစ်သင့်သည်များကိုပြောပြီး ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ်ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် လက်တွေ့ကျပြီးအောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကိုတည်ဆောက်ကာ နိုင်ငံနှင့် ပြည်သူလူထု၏ ကောင်းရာကောင်းကျိုးကို ရှေးရှုကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းထားသည်။အကြိမ်ကြိမ်ဆွေးနွေးခဲ့နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့်ဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ်ရေးထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၉၁ ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၂၅ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၂၂ ကြိမ်၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ယခု ၂၀၂၅ ခုနှစ်တွင် နယ်ပယ်ကဏ္ဍစုံ၊ ပုဂ္ဂိုလ်မျိုးစုံပါဝင်သည့် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) တစ်ကြိမ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Peace Forum)တစ်ကြိမ်နှင့် NCA (၁၀)နှစ်မြောက်ကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Peace Forum)တစ်ကြိမ်ကျင်းပမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးခဲ့မှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့ သည်။ ယင်းသဘောတူညီချက်များနှင့် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်များမှ စုစည်းထားသည့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင် ကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်ကို စုစည်းတင်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်နိုင်ရေး လုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်သွားမည်ဟု သိရသည်။ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးတို့သည် ပြည်ထောင်စုကြီး၏ အကျိုး၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အလိုလားဆုံးဆန္ဒ ဖြစ်သည့်အတွက် စစ်ကိုလိုလားပြီး တိုက်ပွဲဖော်ဆောင်နေသူများကို စစ်ရေးနည်းလမ်းဖြင့် ထိရောက်စွာ ဖြေရှင်းရမည်သာဖြစ်သည်။ စစ်ရေးကိုမလိုလားသည့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို လိုလားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်သူများအားလုံးသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နေကြသည်။ လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများသည် မူလကတည်းကပင်ရှိခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်ကိုအရေးပေါ်ကြေညာလိုက်သောကြောင့် ဖြစ်ပေါ်လာသော ကိစ္စမဟုတ်ပေ။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် အချိန်ယူပြီးစေ့စပ်ဆွေးနွေးညှိနှိုင်းမှသာ စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းရန်ဆိုပါက ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးရန် လိုအပ်သည်။ ယနေ့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မှသာ ပေါ်ပေါက်လာမည့်လွှတ်တော်များတွင် မိမိတို့၏ လိုလားချက်များကို ဥပဒေနှင့်တရားဝင်တင်ပြဆောင်ရွက်ခွင့်ရမည် ဖြစ်သည်။လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းမိမိတို့လူမျိုးအကျိုး၊ မိမိတို့ဒေသအကျိုး၊ မိမိတို့အလိုရှိကြသော အခွင့်အလမ်းများကိုရရှိလိုပါလျှင် လက်နက်ကိုင်နည်းလမ်းဖြင့်ဆောင်ရွက်၍ မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပါ။ လွတ်လပ်ရေးရပြီး ကာလမှ ယနေ့ကာလအထိ တိုက်ပွဲဝင် ခဲ့သော လက်နက်ကိုင်လမ်းစဉ်သည် နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ ကြာသည့်တိုင် မရနိုင်သည်ကို သင်ခန်းစာယူကြရမည်ဖြစ်သည်။ လက်နက်အားကိုး၊ အင်အားအလုံးအရင်းဖြင့် အနိုင်ရသည်ဟုဆိုသည်မှာလည်း တဒင်္ဂသာဖြစ်သည်။ လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျမှုကို ပြည်သူအားလုံးက မလိုလားသဖြင့် ပြည်သူမပါသည့် လက်နက်ကိုင်လမ်းစဉ်သည် တစ်ချိန်တွင် နိဂုံးချုပ်မည်သာဖြစ်သည်။ယခုအခါ ငြိမ်းချမ်းရေး၏ ရှေ့ခရီးဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့သည်မှာ (၁၀) နှစ်ပြည့်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ရှေ့မတိုးသာ နောက်မဆုတ်သာ လိပ်ခဲတည်းလည်းအခြေအနေမှ ကျော်လွှားနိုင်ရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးအဖြေရှာရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ဆောင်ရွက်ကြမှသာ ငြိမ်းချမ်းရေးရှေ့ခရီးကိုဆက်နိုင်မည်ဖြစ်သည်။ NCA သည် တစ်နိုင်ငံလုံး အတွက် ရည်ရွယ်သဖြင့် လက်မှတ်ရေးထိုးသူအားလုံးက တိတိကျကျအကောင်အထည်ဖော်မှသာ အောင်မြင်မည်ဖြစ်သည်။ NCA ၏ အနှစ်သာရသည် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ထူထောင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်ချမ်းရေးကို တည်ဆောက်ရန် ဖြစ်သည်။ပြီးခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အခြေအနေများနှင့် ငြိမ်းချမ်းရေးအတွက် မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကို သုံးသပ်ကြည့်မည်ဆိုလျှင် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ပြင်းပြသည့်ဆန္ဒဖြင့် ဆောင်ရွက်နေသည်မှာ ထင်ရှားသည်။ ငြိမ်းချမ်းရေးကို လိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်း ဖြင့် ဆက်လက်ဆွေးနွေး အဖြေရှာနေသည်မှာ ပေါ်လွင်သည်။ သို့ဖြစ်ပါ၍ ထာဝရငြိမ်းချမ်းရေးအတွက် ကနဦးခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်များကို မသွေဖည်ဘဲ တစ်စည်းတစ်လုံးတည်း ဆက်လက်အကောင်အထည်ဖော် ကြရမည်ဖြစ်ပါကြောင်း။ ။MOI

လောက၌ တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊   တစ်ပါတီနှင့်  တစ်ပါတီ  နိုင်ငံရေးစနစ် သို့မဟုတ် ယုံကြည်ချက်မတူနိုင်၊ မတူသော်ငြားလည်း အတူနေထိုင်ခြင်းသည် သာယာဝပြောသော လူ့ဘောင် သို့မဟုတ် ယဉ်ကျေးသော ဒီမိုကရေစီဟုဆိုနိုင်သည်။ ဒီမိုကရေစီစနစ်တွင် အခြားသူ၊ အခြားအဖွဲ့အား ရန်မပြုဘဲ   မိမိနှစ်သက်သည့်စနစ် သို့မဟုတ် ယုံကြည်ချက်ကို  ထူထောင်ခွင့်ရှိသည်။ သို့မဟုတ်မူဘဲ “ငါနှင့်မတူ ရန်သူ”ဟု သတ်မှတ်သူသည်ကား အာဏာရှင် သို့မဟုတ် စစ်ကိုလိုလားသူ သို့မဟုတ် ငြိမ်းချမ်းရေးကို လက်မခံသူဟု ဆိုနိုင်သည်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကွဲလွဲနေသော ပြဿနာကိုတွေ့ဆုံစေ့စပ်သောနည်း သို့မဟုတ်  နှစ်ဖက်လက်ခံ သဘောတူလာအောင် ဆွေးနွေးသောနည်းဖြင့်မဟုတ်ဘဲ  လက်နက်ဖြင့် ဖြေရှင်းလိုသူသည်ကား ငြိမ်းချမ်းရေးကို လက်မခံသူ သို့မဟုတ် စစ်ကိုလိုလားသူသာဖြစ်သည်။ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသူသည် အဆိုပါတိုင်းပြည်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်   အမျိုးသား လွတ်လပ်ရေးကိုထိပါးခြင်းသာ ဖြစ်သည်။ စစ်ကိုဖန်တီးခြင်းဖြစ်သည်။ ယင်းတို့သည်  မငြိမ်းချမ်းခြင်း၏  သဘာဝများဖြစ်သည်။ မငြိမ်းချမ်းခြင်းသည် မတူညီသောယုံကြည်ချက်ကို လက်နက်ဖြင့်တုံ့ပြန်လိုခြင်း ဖြစ်သည်။

ပဋိပက္ခများ ရပ်ဆိုင်း

ငြိမ်းချမ်းခြင်းကို လူတိုင်းလိုချင်သည်။ လူတိုင်းလိုလားသည်။ ငြိမ်းချမ်းရေးကို အလိုလားဆုံးသူများ မှာ   ပဋိပက္ခနယ်မြေအတွင်းမှ   ပြည်သူများနှင့် လက်နက်ကိုင်ထားသော  နှစ်ဖက်စလုံးမှ လူများဖြစ်သည်။ မငြိမ်းချမ်းခြင်း၏ အနိဋ္ဌာရုံများ၊ စက်ဆုပ်ဖွယ်များ၊ ကြောက်မက်ဖွယ်ရာများကို သူတို့ကိုယ်တွေ့   အသိဆုံးဖြစ်သည်။ သို့ဆိုပါလျှင် လက်နက်ကိုင်ပဋိပက္ခများရပ်တန့်မသွားဘဲ အဘယ်ကြောင့်       ဆက်တိုးနေကြပါသနည်း။ အကြောင်းအမျိုးမျိုးရှိမည်၊  ခံယူချက်အမျိုးမျိုး ရှိမည်၊   ယုံကြည်ချက်အဖုံဖုံရှိမည်။   အကြောင်းအမျိုးမျိုး၊ ယုံကြည်ချက်၊ ခံယူချက်တို့ကို အလျှော့ပေးလိုက်လျော၊  အပေးအယူညှိနှိုင်းမှုမရှိသဖြင့် လက်နက်ကိုင်ပဋိပက္ခများ မရပ်ဆိုင်း၊ မရပ်ဆိုင်းလိုဘဲ ဆက်လက်ရှိနေခြင်းဖြစ်သည်။

အဓိကပြဿနာမှာ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့်  ဖြေရှင်းနေခြင်းဖြစ်သည်။ အမှန်တကယ်တွင် စစ်ရေးသည် ဒုတိယ၊ နိုင်ငံရေးသည် ပထမဖြစ်သင့်သည်။ နိုင်ငံရေးပြဿနာကို ပထမဦးစားပေး ဖြေရှင်းနိုင်မည်ဆိုလျှင် လက်နက်ကိုင်တိုက်ပွဲများ  ဆိတ်သုဉ်း၍  ငြိမ်းချမ်းရေးနှင့် အလှမ်းမဝေးဟု ဆိုချင်သည်။ တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲစစ်ရေးနည်းဖြင့် ဖြေရှင်းနေသောကြောင့်ဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားနေခြင်းသည် မယုံကြည်မှု၊ အလျှော့မပေးလိုမှု၊ ရည်မှန်းချက်အတိုင်း မရမှု၊ လက်နက်ကိုင်ကဏ္ဍ မပျောက်လိုမှု စသည်ဖြင့် တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်နိုင်သည်။

စစ်ရေးနည်းလမ်းဖန်တီး

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အခါ နိုင်ငံရေးအယူအဆကွဲပြားမှုကြောင့် လက်နက်စွဲကိုင်ကာ တိုင်းရင်းသားလူမျိုးအချင်းချင်း စစ်ခင်းပြီး စစ်ရေးအသွင်ဆောင်ခဲ့သည်မှာ ယနေ့ထက်တိုင်အောင်ဖြစ်သည်။ အတိတ်ကာလက နိုင်ငံရေးခံယူချက်သက်သက်ဖြင့် လက်နက်ပဋိပက္ခများကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ မျက်မှောက်ကာလ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများမှာ လွတ်လပ်ရေးမရမီ၊ ရပြီးစကာလက ဆင်နွှဲခဲ့သော တိုက်ပွဲများ၏ နိုင်ငံရေးရည်မှန်းချက်များနှင့်မတူ ကွဲပြားခြားနားသည်။ ယနေ့ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးရည်မှန်းချက်ရှိသော အစုအဖွဲ့တစ်စုက နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း သို့မဟုတ် ကိုယ်ကျိုးစီးပွားအတွက်  စစ်ရေးကို ဖန်တီးခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေတပ်မတော်အနေဖြင့် ပြည်ထောင်စုကြီးအကျိုးကိုရှေးရှု၍ ငြိမ်းချမ်းရေးကို အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုလျက်ရှိသည်။ လက်ကမ်းဖိတ်ခေါ်လျက်ရှိသည်။ ငြိမ်းချမ်းရေးအတွက် ကနဦးခြေလှမ်းဖြစ်သည့်   တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုနိုင်ရန် ၂၀၁၂ ခုနှစ်မှစတင်၍ နိုင်ငံတော် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ    ငြိမ်းချမ်းရေး  ဖိတ်ခေါ်ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)   ချုပ်ဆိုနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ အတူတကွစုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုကြီးဖြစ်၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နေခြင်းဖြစ်သည်။

NCA သဘောတူစာချုပ်

နိုင်ငံတော်အစိုးရအဆက်ဆက်သည် ငြိမ်းချမ်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့်  အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်သည်။ ငြိမ်းချမ်းရေးသည် တက်တစ်လှည့်၊ ဆုတ်တစ်လှည့် အကြိမ်ကြိမ် ဖြစ်ခဲ့သည်။ ရောင်နီသန်းလိုက်၊ တိမ်သလ္လာဖုံးလိုက် ဖြစ်ခဲ့သည်။    အစိုးရအနေဖြင့်   စိတ်မပျက်ဘဲ ပြည်ထောင်စုအကျိုးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဆက်မပြတ် အကောင်အထည်ဖော်သည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး အတွက် NCA သဘောတူစာချုပ်အတိုင်း အကောင်အထည်ဖော်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် အရေးကြီးသည့်အချက်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် NCA သဘောတူစာချုပ်ပါအတိုင်း အကောင်အထည်ဖော်ကြရမည်။

တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၂၁ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်   ထုတ်ပြန်ချက်ကို စတင်ဆောင်ရွက်ခဲ့သည်။ ယနေ့အချိန်အထိ တစ်ဖက်သတ်    အပစ်ရပ်ထုတ်ပြန်ဆောင်ရွက်မှု ၂၇ ကြိမ်ရှိသည်။ ထာဝရငြိမ်းချမ်းရေးအတွက် အလေးထားသည်မှာ ပေါ်လွင်သည်။ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်းဖြင့်သာ ငြိမ်းချမ်းရေးအတွက် နီးစပ်မည်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား ဖြစ်သင့်သည်များကိုပြောပြီး ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ်ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် လက်တွေ့ကျပြီးအောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကိုတည်ဆောက်ကာ နိုင်ငံနှင့် ပြည်သူလူထု၏ ကောင်းရာကောင်းကျိုးကို ရှေးရှုကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းထားသည်။

အကြိမ်ကြိမ်ဆွေးနွေးခဲ့

နိုင်ငံတော်အစိုးရသည်  ငြိမ်းချမ်းရေးကို လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့်ဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ်ရေးထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့နှင့်    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၉၁ ကြိမ်၊   NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၂၅ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၂၂ ကြိမ်၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယခု ၂၀၂၅ ခုနှစ်တွင် နယ်ပယ်ကဏ္ဍစုံ၊ ပုဂ္ဂိုလ်မျိုးစုံပါဝင်သည့် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) တစ်ကြိမ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Peace Forum)တစ်ကြိမ်နှင့် NCA (၁၀)နှစ်မြောက်ကာလတွင်  ငြိမ်းချမ်းရေးဆွေးနွေးပွဲ  (Peace Forum)တစ်ကြိမ်ကျင်းပမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးခဲ့မှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့ သည်။ ယင်းသဘောတူညီချက်များနှင့် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်များမှ စုစည်းထားသည့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင် ကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်ကို စုစည်းတင်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်နိုင်ရေး လုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်သွားမည်ဟု သိရသည်။

ထာဝရငြိမ်းချမ်းရေးဖော်ဆောင်

ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးတို့သည် ပြည်ထောင်စုကြီး၏ အကျိုး၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အလိုလားဆုံးဆန္ဒ ဖြစ်သည့်အတွက် စစ်ကိုလိုလားပြီး တိုက်ပွဲဖော်ဆောင်နေသူများကို စစ်ရေးနည်းလမ်းဖြင့်  ထိရောက်စွာ  ဖြေရှင်းရမည်သာဖြစ်သည်။ စစ်ရေးကိုမလိုလားသည့်  တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို လိုလားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်သူများအားလုံးသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နေကြသည်။ လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများသည်   မူလကတည်းကပင်ရှိခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်ကိုအရေးပေါ်ကြေညာလိုက်သောကြောင့်  ဖြစ်ပေါ်လာသော  ကိစ္စမဟုတ်ပေ။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် အချိန်ယူပြီးစေ့စပ်ဆွေးနွေးညှိနှိုင်းမှသာ   စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းရန်ဆိုပါက  ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးရန်   လိုအပ်သည်။ ယနေ့ နိုင်ငံတော်အစိုးရကို  ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မှသာ ပေါ်ပေါက်လာမည့်လွှတ်တော်များတွင် မိမိတို့၏ လိုလားချက်များကို ဥပဒေနှင့်တရားဝင်တင်ပြဆောင်ရွက်ခွင့်ရမည် ဖြစ်သည်။

လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်း

မိမိတို့လူမျိုးအကျိုး၊ မိမိတို့ဒေသအကျိုး၊ မိမိတို့အလိုရှိကြသော အခွင့်အလမ်းများကိုရရှိလိုပါလျှင် လက်နက်ကိုင်နည်းလမ်းဖြင့်ဆောင်ရွက်၍ မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပါ။ လွတ်လပ်ရေးရပြီး ကာလမှ ယနေ့ကာလအထိ တိုက်ပွဲဝင် ခဲ့သော လက်နက်ကိုင်လမ်းစဉ်သည် နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ ကြာသည့်တိုင် မရနိုင်သည်ကို သင်ခန်းစာယူကြရမည်ဖြစ်သည်။ လက်နက်အားကိုး၊ အင်အားအလုံးအရင်းဖြင့် အနိုင်ရသည်ဟုဆိုသည်မှာလည်း တဒင်္ဂသာဖြစ်သည်။ လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျမှုကို ပြည်သူအားလုံးက မလိုလားသဖြင့် ပြည်သူမပါသည့် လက်နက်ကိုင်လမ်းစဉ်သည် တစ်ချိန်တွင် နိဂုံးချုပ်မည်သာဖြစ်သည်။

ယခုအခါ ငြိမ်းချမ်းရေး၏ ရှေ့ခရီးဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့သည်မှာ (၁၀) နှစ်ပြည့်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ရှေ့မတိုးသာ နောက်မဆုတ်သာ လိပ်ခဲတည်းလည်းအခြေအနေမှ ကျော်လွှားနိုင်ရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးအဖြေရှာရေးလုပ်ငန်းစဉ်များတွင်   အားလုံးပါဝင်ဆောင်ရွက်ကြမှသာ ငြိမ်းချမ်းရေးရှေ့ခရီးကိုဆက်နိုင်မည်ဖြစ်သည်။  NCA သည် တစ်နိုင်ငံလုံး အတွက် ရည်ရွယ်သဖြင့် လက်မှတ်ရေးထိုးသူအားလုံးက တိတိကျကျအကောင်အထည်ဖော်မှသာ အောင်မြင်မည်ဖြစ်သည်။  NCA  ၏ အနှစ်သာရသည် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ထူထောင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်ချမ်းရေးကို တည်ဆောက်ရန် ဖြစ်သည်။

ပြီးခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အခြေအနေများနှင့် ငြိမ်းချမ်းရေးအတွက် မလျော့သောဇွဲ၊ လုံ့လ၊   ဝီရိယဖြင့်  ကြိုးပမ်းဆောင်ရွက်မှုများကို သုံးသပ်ကြည့်မည်ဆိုလျှင်  ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးကို   နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ပြင်းပြသည့်ဆန္ဒဖြင့် ဆောင်ရွက်နေသည်မှာ ထင်ရှားသည်။ ငြိမ်းချမ်းရေးကို လိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်း ဖြင့် ဆက်လက်ဆွေးနွေး အဖြေရှာနေသည်မှာ ပေါ်လွင်သည်။  သို့ဖြစ်ပါ၍  ထာဝရငြိမ်းချမ်းရေးအတွက် ကနဦးခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်များကို မသွေဖည်ဘဲ တစ်စည်းတစ်လုံးတည်း ဆက်လက်အကောင်အထည်ဖော် ကြရမည်ဖြစ်ပါကြောင်း။       ။

MOI

မောင်ငြိမ်းအေး

NCA(၁၀)နှစ်ပြည့်မှသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသောအနာဂတ်ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့ . . .
-
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်​နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ချုပ်ဆိုခဲ့ခြင်း (၁၀)နှစ်ပြည့်မြောက်သောနေ့ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်ပါသည်။ ထို့ကြောင့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ “NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ''From NCA To Sustainable Peace, Shaping Our Future" ဆောင်ပုဒ်နှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။နိုင်ငံတစ်နိုင်ငံသည် ငြိမ်းချမ်းရေးမရှိပါက စည်ပင်ဝပြောသာယာမှု မရှိနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေးများ ပြိုလဲသွားနိုင်သည်ကို မငြိမ်းချမ်းသောနိုင်ငံများက သက်သေပြလျက်ရှိပါသည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာ့သမိုင်းကြောင်းတစ်​လျှောက် လက်နက်ကိုင်​​သောင်းကျန်းမှုမျိုးစုံကို ရင်ဆိုင်ခဲ့ကြရပြီး ယနေ့တိုင်အပြီးမသတ်နိုင်​သေးသည့်အတွက် ပြည်တွင်းပဋိပက္ခရှည်ကြာသည့်နိုင်ငံဟု ပြောစမှတ်ပြုခံ‌နေရ ပါသည်။ငြိမ်းချမ်းမှုသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်မည်အဆိုပါ ပဋိပက္ခများချုပ်ငြိမ်းစေရန် နိုင်ငံ​တော်အစိုးရအဆက်ဆက်က ကြိုးပမ်းခဲ့သော်လည်း အတိုင်းအတာတစ်ခုအထိသာ ​ဖြေရှင်းနိုင်​သေးပြီး အဆုံးမသတ်နိုင်သေးသည့်အတွက် နာတာရှည်ရောဂါတစ်ခုအလား ဖြစ်နေပါသည်။ ပဋိပက္ခများအကြားတွင် ရုန်းကန်လှုပ်ရှားနေကြရသည့် ပြည်သူအချို့၏ဘဝများမှာ အင်မတန်ခါးသီးလှပါသည်။ ငြိမ်းချမ်းမှုမရှိခြင်း၏ ခါးသီးလှသော အတွေ့အကြုံများကို မည်သည့် ပြည်သူလူထုမျှ တွေ့ကြုံခံစားလိုခြင်း ရှိမည်မဟုတ်ပါ။ သို့ဖြစ်ရာ ငြိမ်းချမ်းရေး၏အရသာကို လိုလားတောင့်တ၍ ငြိမ်းချမ်းရေး၏ တန်ဖိုးအနဂ္ဂအား မြတ်နိုးခြင်းသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အသက်ဝိညာဉ်ဖြစ်ပြီး ငြိမ်းချမ်းမှုသည်သာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ယနေ့အချိန်အခါတွင် ငြိမ်းချမ်းရေးရရှိရေးထက် ပိုမိုအရေးကြီးသည့် လုပ်ငန်းစဉ်မရှိတော့သည်ကို တိုင်းရင်းသားပြည်သူလူထုအားလုံးက ခြွင်းချက်မရှိ နားလည်လက်ခံ​ ယုံကြည်နေကြပြီဖြစ်ပါသည်။ ယနေ့ရရှိထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သည် လွယ်လွယ် ကူကူဖြင့် ရရှိလာခြင်းမဟုတ်ဘဲ ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုစတင်ချိန်၌ ဦးစားပေးလုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် လက်နက်ကိုင်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုသည် နိုင်ငံတော်တည် ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်ချက်ဖြစ်လေရာ ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအား နိုင်ငံရေးအသွင် ကူးပြောင်းမှုနှင့်အတူစတင်ခဲ့ခြင်း ဖြစ်ပါသည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့က ဖွဲ့စည်းပေးခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)တို့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ (UPWC) နှင့် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်မှစတင်၍ အစည်းအဝေးပေါင်း ၉ ကြိမ် ပြုလုပ်ဆွေးနွေးခဲ့ကြပါသည်။ ငြိမ်းချမ်းရေးစတင် ဖိတ်ခေါ်ခဲ့သည့်နေ့မှစတင်၍ NCA စာချုပ် အကောင်အထည်ပေါ်သည်အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပြီး တွေ့ဆုံညှိနှိုင်းမှု အကြိမ်ရေပေါင်း ၅၀၀၀ ကျော် လုပ်ဆောင်ခဲ့ရသည်။ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်​​နေ့တွင် နိုင်ငံတကာ အသိသက်သေများဖြစ်ကြသော ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ က လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်​နေ့တွင် NMSP နှင့် LDU တို့ ထပ်မံ၍ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးသည့်အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာခဲ့ပါသည်။သမိုင်းမော်ကွန်းတင်နေမည့် စာချုပ်NCA စာချုပ်သည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးထိုးခဲ့ခြင်းမဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့အစည်းများ၏ လိုလားချက်များနှင့် အဆိုပြုချက်များအပေါ် မူတည်၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီးသဘောတူရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ၊ လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံအတည်ပြုထားသည့် မည်သို့သောအခါမျှ ပျက်ပြယ်သွားမည့်စာချုပ် မဟုတ်ဘဲ သမိုင်းမော်ကွန်းတင်နေမည့် စာချုပ်တစ်ခုပင်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ သဘောတူညီချက်များကို ပြဋ္ဌာန်းထားသည့် ဥပဒေတစ်ခုဖြစ်ပြီး NCA စာချုပ်သည်လည်း နိုင်ငံတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သဘောတူညီချက်များ ပါဝင်သည့် စာချုပ်တစ်ခုပင်ဖြစ်ပါသည်။NCA သဘောတူစာချုပ် ချုပ်ဆိုနိုင်မှုသည် တည်ငြိမ်မှု၊ ပေါင်းစည်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါ နေဆဲဖြစ်ပါသည်။ ပြည်တွင်းပဋိပက္ခကို စစ်ရေးအရ မဟုတ်ဘဲ နိုင်ငံရေးဖြင့် ဖြေရှင်းသည့် နည်းလမ်းကို ဖြစ်ထွန်းစေခြင်းသည် NCA ပင် ဖြစ်ပါသည်။ NCAကြောင့် ယခုလို တွေ့ဆုံမှုများ၊ နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့သည့်အပြင် နိုင်ငံအတွင်း ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟုလည်း ဆိုနိုင်ပါသည်။ NCA စာချုပ်သည် နိုင်ငံတည်ဆောက်ရေး (State Building)နှင့် တိုင်းပြည်တည်ဆောက်ရေး (Nation Building)တို့၏ အခြေခံအုတ်မြစ်တစ်ခုအဖြစ် တွေ့မြင်ရမည်ဖြစ်ပါသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဥပဒေပြုခွင့်အာဏာကို ပုဒ်မ (၁၈၈)နှင့် ပုဒ်မ(၁၉၆)တို့နှင့်အညီ ခွဲဝေအပ်နှင်းပေးထားသည်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားများအတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသောအခွင့်အရေးများ ပေးအပ်ထား ပြီးဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် “နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အစဉ်ထာဝရ တံခါးဖွင့်ကြိုဆိုလျက်ရှိပြီး အခက်အခဲမှန်သမျှကို လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းဘဲဆွေးနွေး ညှိနှိုင်းခြင်းဖြင့် NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်နိုင်ကြပါရန် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးကို အမြဲလက်ကမ်း ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါကြောင်း” မြွက်ကြားခဲ့ပါသည်။ထို့အပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်​နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ် တည်ငြိမ်မှုဖြစ်စေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့၏ ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင်လုပ်ဆောင်ကြရန် လိုအပ်ပါသည်”ဟု မြွက်ကြားခဲ့ပါသည်။ထိုကဲ့သို့ နိုင်ငံတော်အကြီးအကဲ၏ မိန့်ခွန်း ပြောကြားချက်များကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ရင်းစေတနာ မှန်ကန်စွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့် စစ်ရေးနည်းဖြင့် ဖြေရှင်းမှုများ လျှော့နည်းနိုင်မည်ဖြစ်ပြီး နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှု သစ်တစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးသည် နိုင်ငံရေး၏ ယဉ်ကျေးမှုတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံရေးယဉ်ကျေးမှုသည် ငြိမ်းချမ်းရေး၏ စုစည်းရာလမ်းကြောင်းပင် ဖြစ်ပါသည်။သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူNCA စာချုပ် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ပါဝင်လာစေရန်အတွက် နိုင်ငံတော်အစိုးရက တတ်နိုင်သမျှ ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားပြည်သူအားလုံးကလည်း နှိုးဆော်တိုက်တွန်းမှုများ၊ စည်းရုံးသိမ်းသွင်းမှုများကို ဝိုင်းဝန်းပံ့ပိုးလုပ်ဆောင်ခြင်းဖြင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူသွားရမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် ကမ္ဘာ့နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း များက အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများနှင့် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုသည်လည်း များစွာအရေးကြီးလှပါသည်။နိုင်ငံတော်အကြီးအကဲအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်​နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မိဘပြည်သူများအား ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်သတ်မှတ်၍ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ကိုယ်တိုင်ဖိတ်ခေါ်ကာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိစေရန်၊ တိုင်းရင်းသား ပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငြိမ်းချမ်းရေး၏အရသာကို ရရှိခံစားစေရန် ရည်ရွယ်ပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးနေခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် ဆွေးနွေးဖက်အဖွဲ့ အစည်းများနှင့် အလွတ်သဘော တွေ့ဆုံမှုများ၊ တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။ NCA လက်မှတ်ရေးထိုးပြီးနောက် NCA နှစ်ပတ် လည်နေ့များအား ဂုဏ်ယူစွာ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် NCA (၁၀)နှစ်ပြည့်အခမ်းအနားသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ နိုင်ငံရေးစနစ်ကောင်းတစ်ရပ် ရှင်သန်ဖွံ့ဖြိုးလာမည်နိုင်ငံတော်အကြီးအကဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တွေ့ဆုံပွဲများ၊ အစည်းအဝေးများ၊ နိုင်ငံတော်အဆင့် အခမ်းအနားများတွင် မကြာခဏဆိုသလို ထည့်သွင်းမြွက်ကြားခဲ့ပါသည်။ သမိုင်း၏ သင်ခန်းစာများအရ တိုင်းရင်းသားပြည်သူများ၏ တူညီသည့်စိတ်ထားနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာမျှပင် အရေးကြီး သကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း၍ တိုင်းရင်းသားပြည်သူအားလုံးသည် ပြည်ထောင်စု ကြီးအတွင်း ဥမကွဲသိုက်မပျက်၊ အေးအတူပူအမျှ ရာသက်ပန် ပူးပေါင်းနေထိုင်ရန်အတွက်လည်း ငြိမ်းချမ်းရေးသည်မရှိမဖြစ် အရေးကြီးလှပေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည်သာလျှင် အရာရာကို ဖန်တီးဖြေရှင်းနိုင်မည့်၊ တိုင်းရင်းသားပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်မည့် အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။ စတင်လျှောက်လှမ်း နေသည့် ငြိမ်းချမ်းရေးလမ်းစပေါ်တွင် အပြုသဘောဖြင့် ချဉ်းကပ်ခြင်းက ငြိမ်းချမ်းရေးခရီး ပိုမိုလျင်မြန် ထိရောက်စေမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးရရှိရန်အတွက် အမှန်တကယ်လိုလားသည့်ဆန္ဒ၊ နည်းလမ်း မှန်ကန်မှု၊ ငြိမ်းချမ်းစွာ စီစဉ်ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုများရှိမှသာ ငြိမ်းချမ်းရေးဆိုသည့် လိုရာခရီးလျင်မြန်စွာ ရောက်ရှိမည်ဖြစ်ပါသည်။ မတူကွဲပြားသည့် အမြင် သဘောထားများနှင့် ယုံကြည်ချက်များအား လေးစားခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ လူတိုင်း၏ အခြေခံအခွင့်အရေးများအား တန်ဖိုးထားခြင်း၊ ခွင့်လွှတ်နားလည် သဘောထားကြီးခြင်းစသည့် လူမှုကျင့်ဝတ်များကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နှလုံးသွင်းပြင်ဆင်၍ ကျင့်ကြံအားထုတ် ကြိုးပမ်းဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံရေးစနစ်ကောင်းတစ်ရပ် ရှင်သန်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ထိုကဲ့သို့ နိုင်ငံရေးယဉ်ကျေးမှု ရေခံမြေခံကောင်း တစ်ရပ်ပြုစုပျိုးထောင်နိုင်ပြီး တဖြည်းဖြည်း ကောင်းသည်ထက်ကောင်းအောင် ကြိုးပမ်းခြင်းဖြင့် ပြည့်စုံသည်ထက် ပြည်စုံမှုရှိလာမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာရန် မျှော်မှန်း၍ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ယခုအခါ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို လျှောက်လှမ်းရာတွင် မိမိဒေသ၊ ရပ်ရွာအတွက် စိတ်ရင်းစေတနာမှန်ကန်၍ လူမှု၊ စီးပွားဘဝဖွံ့ဖြိုးတိုးတက်နိုင်ရေး ဆောင်ရွက်ပေးနိုင်မည့် တိုင်းရင်းသားများနှင့် ဒေသကိုကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်အများအပြား ရွေးကောက်ခံ စင်မြင့်သို့ ရောက်ရှိလာရန်မှာ အရေးကြီးလှပါသည်။အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်သို့ဖြစ်ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲအား နိုင်ငံတကာမှ ဧည့်သည်တော်များ၊ ပြည်တွင်းပြည်ပပညာရှင်များ၊ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိ ပညာရှင် အတတ်ပညာရှင်များ၊ မီဒီယာကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပါဝင်ဆောင်ရွက်ကြသူများ အားလုံးပါဝင်တက်ရောက်၍ “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာ သောအနာဂတ် တည်ဆောက်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်း” Theme ဖြင့် “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ ၁၀ နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်ရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် အမြင်များကို မျှဝေနိုင်ရန် အဓိကသက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် ဆွေးနွေးမှုများကို တိုးမြှင့်ရန်၊ NCA ၏ ပကတိအနှစ်သာရနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြည်သူလူထုမှ သဘောပေါက်သိရှိ နားလည်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည့် အခန်းကဏ္ဍများကို ဖော်ထုတ်ရန်၊ အနာဂတ် မြန်မာနိုင်ငံတော်ကို တည်ဆောက်ခြင်းလုပ်ငန်းစဉ် တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရွေးကောက်ပွဲတို့ကို ပေါင်းစပ် ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ဒေသန္တရအဆင့်၊ နိုင်ငံတကာအဆင့် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်” ဟူသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အောက်တိုဘာ လ ၁၅ ရက်​နေ့ မွန်းလွဲပိုင်းမှ ၁၇ ရက်​​နေ့ထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် အသိဉာဏ်ပညာဖြင့် သတိတရားကို လက်ကိုင်ထား ၍ NCA စာချုပ်အပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေးရရှိရန် ခိုင်မာသည့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်တွင် အတူတကွလျှောက်လှမ်း၍ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာ ဝပြောသော အနာဂတ်ပြည်ထောင်စုကြီးဆီသို့” မမှိတ်မသုန် အားသွန်ခွန်စိုက် အရောက်လှမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုရေးသားဖော်ပြ အပ်ပါသည်။MOI

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်​နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ချုပ်ဆိုခဲ့ခြင်း (၁၀)နှစ်ပြည့်မြောက်သောနေ့ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်ပါသည်။ ထို့ကြောင့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ “NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ''From NCA To Sustainable Peace, Shaping Our Future" ဆောင်ပုဒ်နှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံသည် ငြိမ်းချမ်းရေးမရှိပါက စည်ပင်ဝပြောသာယာမှု မရှိနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေးများ ပြိုလဲသွားနိုင်သည်ကို မငြိမ်းချမ်းသောနိုင်ငံများက သက်သေပြလျက်ရှိပါသည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာ့သမိုင်းကြောင်းတစ်​လျှောက် လက်နက်ကိုင်​​သောင်းကျန်းမှုမျိုးစုံကို ရင်ဆိုင်ခဲ့ကြရပြီး ယနေ့တိုင်အပြီးမသတ်နိုင်​သေးသည့်အတွက် ပြည်တွင်းပဋိပက္ခရှည်ကြာသည့်နိုင်ငံဟု ပြောစမှတ်ပြုခံ‌နေရ ပါသည်။

ငြိမ်းချမ်းမှုသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်မည်

အဆိုပါ ပဋိပက္ခများချုပ်ငြိမ်းစေရန် နိုင်ငံ​တော်အစိုးရအဆက်ဆက်က ကြိုးပမ်းခဲ့သော်လည်း အတိုင်းအတာတစ်ခုအထိသာ ​ဖြေရှင်းနိုင်​သေးပြီး အဆုံးမသတ်နိုင်သေးသည့်အတွက် နာတာရှည်ရောဂါတစ်ခုအလား ဖြစ်နေပါသည်။ ပဋိပက္ခများအကြားတွင် ရုန်းကန်လှုပ်ရှားနေကြရသည့် ပြည်သူအချို့၏ဘဝများမှာ အင်မတန်ခါးသီးလှပါသည်။ ငြိမ်းချမ်းမှုမရှိခြင်း၏ ခါးသီးလှသော အတွေ့အကြုံများကို မည်သည့် ပြည်သူလူထုမျှ တွေ့ကြုံခံစားလိုခြင်း ရှိမည်မဟုတ်ပါ။ သို့ဖြစ်ရာ ငြိမ်းချမ်းရေး၏အရသာကို လိုလားတောင့်တ၍ ငြိမ်းချမ်းရေး၏ တန်ဖိုးအနဂ္ဂအား မြတ်နိုးခြင်းသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အသက်ဝိညာဉ်ဖြစ်ပြီး ငြိမ်းချမ်းမှုသည်သာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

ယနေ့အချိန်အခါတွင် ငြိမ်းချမ်းရေးရရှိရေးထက် ပိုမိုအရေးကြီးသည့် လုပ်ငန်းစဉ်မရှိတော့သည်ကို တိုင်းရင်းသားပြည်သူလူထုအားလုံးက ခြွင်းချက်မရှိ နားလည်လက်ခံ​ ယုံကြည်နေကြပြီဖြစ်ပါသည်။ ယနေ့ရရှိထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သည် လွယ်လွယ် ကူကူဖြင့် ရရှိလာခြင်းမဟုတ်ဘဲ ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုစတင်ချိန်၌ ဦးစားပေးလုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် လက်နက်ကိုင်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုသည် နိုင်ငံတော်တည် ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်ချက်ဖြစ်လေရာ ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအား နိုင်ငံရေးအသွင် ကူးပြောင်းမှုနှင့်အတူစတင်ခဲ့ခြင်း ဖြစ်ပါသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့က ဖွဲ့စည်းပေးခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)တို့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ (UPWC) နှင့် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်မှစတင်၍ အစည်းအဝေးပေါင်း ၉ ကြိမ် ပြုလုပ်ဆွေးနွေးခဲ့ကြပါသည်။ ငြိမ်းချမ်းရေးစတင် ဖိတ်ခေါ်ခဲ့သည့်နေ့မှစတင်၍ NCA စာချုပ် အကောင်အထည်ပေါ်သည်အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပြီး တွေ့ဆုံညှိနှိုင်းမှု အကြိမ်ရေပေါင်း ၅၀၀၀ ကျော် လုပ်ဆောင်ခဲ့ရသည်။ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်​​နေ့တွင် နိုင်ငံတကာ အသိသက်သေများဖြစ်ကြသော ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ က လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်​နေ့တွင် NMSP နှင့် LDU တို့ ထပ်မံ၍ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးသည့်အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာခဲ့ပါသည်။

သမိုင်းမော်ကွန်းတင်နေမည့် စာချုပ်

NCA စာချုပ်သည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးထိုးခဲ့ခြင်းမဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့အစည်းများ၏ လိုလားချက်များနှင့် အဆိုပြုချက်များအပေါ် မူတည်၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီးသဘောတူရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ၊ လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံအတည်ပြုထားသည့် မည်သို့သောအခါမျှ ပျက်ပြယ်သွားမည့်စာချုပ် မဟုတ်ဘဲ သမိုင်းမော်ကွန်းတင်နေမည့် စာချုပ်တစ်ခုပင်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ သဘောတူညီချက်များကို ပြဋ္ဌာန်းထားသည့် ဥပဒေတစ်ခုဖြစ်ပြီး NCA စာချုပ်သည်လည်း နိုင်ငံတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သဘောတူညီချက်များ ပါဝင်သည့် စာချုပ်တစ်ခုပင်ဖြစ်ပါသည်။

NCA သဘောတူစာချုပ် ချုပ်ဆိုနိုင်မှုသည် တည်ငြိမ်မှု၊ ပေါင်းစည်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါ နေဆဲဖြစ်ပါသည်။ ပြည်တွင်းပဋိပက္ခကို စစ်ရေးအရ မဟုတ်ဘဲ နိုင်ငံရေးဖြင့် ဖြေရှင်းသည့် နည်းလမ်းကို ဖြစ်ထွန်းစေခြင်းသည် NCA ပင် ဖြစ်ပါသည်။ NCAကြောင့် ယခုလို တွေ့ဆုံမှုများ၊ နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့သည့်အပြင် နိုင်ငံအတွင်း ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟုလည်း ဆိုနိုင်ပါသည်။ NCA စာချုပ်သည် နိုင်ငံတည်ဆောက်ရေး (State Building)နှင့် တိုင်းပြည်တည်ဆောက်ရေး (Nation Building)တို့၏ အခြေခံအုတ်မြစ်တစ်ခုအဖြစ် တွေ့မြင်ရမည်ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဥပဒေပြုခွင့်အာဏာကို ပုဒ်မ (၁၈၈)နှင့် ပုဒ်မ(၁၉၆)တို့နှင့်အညီ ခွဲဝေအပ်နှင်းပေးထားသည်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားများအတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသောအခွင့်အရေးများ ပေးအပ်ထား ပြီးဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် “နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အစဉ်ထာဝရ တံခါးဖွင့်ကြိုဆိုလျက်ရှိပြီး အခက်အခဲမှန်သမျှကို လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းဘဲဆွေးနွေး ညှိနှိုင်းခြင်းဖြင့် NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်နိုင်ကြပါရန် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးကို အမြဲလက်ကမ်း ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါကြောင်း” မြွက်ကြားခဲ့ပါသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်​နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ် တည်ငြိမ်မှုဖြစ်စေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့၏ ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင်လုပ်ဆောင်ကြရန် လိုအပ်ပါသည်”ဟု မြွက်ကြားခဲ့ပါသည်။

ထိုကဲ့သို့ နိုင်ငံတော်အကြီးအကဲ၏ မိန့်ခွန်း ပြောကြားချက်များကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ရင်းစေတနာ မှန်ကန်စွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့် စစ်ရေးနည်းဖြင့် ဖြေရှင်းမှုများ လျှော့နည်းနိုင်မည်ဖြစ်ပြီး နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှု သစ်တစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးသည် နိုင်ငံရေး၏ ယဉ်ကျေးမှုတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံရေးယဉ်ကျေးမှုသည် ငြိမ်းချမ်းရေး၏ စုစည်းရာလမ်းကြောင်းပင် ဖြစ်ပါသည်။

သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူ

NCA စာချုပ် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ပါဝင်လာစေရန်အတွက် နိုင်ငံတော်အစိုးရက တတ်နိုင်သမျှ ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားပြည်သူအားလုံးကလည်း နှိုးဆော်တိုက်တွန်းမှုများ၊ စည်းရုံးသိမ်းသွင်းမှုများကို ဝိုင်းဝန်းပံ့ပိုးလုပ်ဆောင်ခြင်းဖြင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူသွားရမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် ကမ္ဘာ့နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း များက အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများနှင့် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုသည်လည်း များစွာအရေးကြီးလှပါသည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်​နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မိဘပြည်သူများအား ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်သတ်မှတ်၍ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ကိုယ်တိုင်ဖိတ်ခေါ်ကာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိစေရန်၊ တိုင်းရင်းသား ပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငြိမ်းချမ်းရေး၏အရသာကို ရရှိခံစားစေရန် ရည်ရွယ်ပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးနေခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် ဆွေးနွေးဖက်အဖွဲ့ အစည်းများနှင့် အလွတ်သဘော တွေ့ဆုံမှုများ၊ တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။ NCA လက်မှတ်ရေးထိုးပြီးနောက် NCA နှစ်ပတ် လည်နေ့များအား ဂုဏ်ယူစွာ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် NCA (၁၀)နှစ်ပြည့်အခမ်းအနားသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ 

 နိုင်ငံရေးစနစ်ကောင်းတစ်ရပ် ရှင်သန်ဖွံ့ဖြိုးလာမည်

နိုင်ငံတော်အကြီးအကဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တွေ့ဆုံပွဲများ၊ အစည်းအဝေးများ၊ နိုင်ငံတော်အဆင့် အခမ်းအနားများတွင် မကြာခဏဆိုသလို ထည့်သွင်းမြွက်ကြားခဲ့ပါသည်။ သမိုင်း၏ သင်ခန်းစာများအရ တိုင်းရင်းသားပြည်သူများ၏ တူညီသည့်စိတ်ထားနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာမျှပင် အရေးကြီး သကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း၍ တိုင်းရင်းသားပြည်သူအားလုံးသည် ပြည်ထောင်စု ကြီးအတွင်း ဥမကွဲသိုက်မပျက်၊ အေးအတူပူအမျှ ရာသက်ပန် ပူးပေါင်းနေထိုင်ရန်အတွက်လည်း ငြိမ်းချမ်းရေးသည်မရှိမဖြစ် အရေးကြီးလှပေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည်သာလျှင် အရာရာကို ဖန်တီးဖြေရှင်းနိုင်မည့်၊ တိုင်းရင်းသားပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်မည့်အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။ စတင်လျှောက်လှမ်း နေသည့် ငြိမ်းချမ်းရေးလမ်းစပေါ်တွင် အပြုသဘောဖြင့် ချဉ်းကပ်ခြင်းက ငြိမ်းချမ်းရေးခရီး ပိုမိုလျင်မြန် ထိရောက်စေမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးရရှိရန်အတွက် အမှန်တကယ်လိုလားသည့်ဆန္ဒ၊ နည်းလမ်း မှန်ကန်မှု၊ ငြိမ်းချမ်းစွာ စီစဉ်ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုများရှိမှသာ ငြိမ်းချမ်းရေးဆိုသည့် လိုရာခရီးလျင်မြန်စွာ ရောက်ရှိမည်ဖြစ်ပါသည်။ မတူကွဲပြားသည့် အမြင် သဘောထားများနှင့် ယုံကြည်ချက်များအား လေးစားခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ လူတိုင်း၏ အခြေခံအခွင့်အရေးများအား တန်ဖိုးထားခြင်း၊ ခွင့်လွှတ်နားလည် သဘောထားကြီးခြင်းစသည့် လူမှုကျင့်ဝတ်များကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နှလုံးသွင်းပြင်ဆင်၍ ကျင့်ကြံအားထုတ် ကြိုးပမ်းဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံရေးစနစ်ကောင်းတစ်ရပ် ရှင်သန်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။

ထိုကဲ့သို့ နိုင်ငံရေးယဉ်ကျေးမှု ရေခံမြေခံကောင်း တစ်ရပ်ပြုစုပျိုးထောင်နိုင်ပြီး တဖြည်းဖြည်း ကောင်းသည်ထက်ကောင်းအောင် ကြိုးပမ်းခြင်းဖြင့် ပြည့်စုံသည်ထက် ပြည်စုံမှုရှိလာမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာရန် မျှော်မှန်း၍ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။

ယခုအခါ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို လျှောက်လှမ်းရာတွင် မိမိဒေသ၊ ရပ်ရွာအတွက် စိတ်ရင်းစေတနာမှန်ကန်၍ လူမှု၊ စီးပွားဘဝဖွံ့ဖြိုးတိုးတက်နိုင်ရေး ဆောင်ရွက်ပေးနိုင်မည့် တိုင်းရင်းသားများနှင့် ဒေသကိုကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်အများအပြား ရွေးကောက်ခံ စင်မြင့်သို့ ရောက်ရှိလာရန်မှာ အရေးကြီးလှပါသည်။

အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်

သို့ဖြစ်ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲအား နိုင်ငံတကာမှ ဧည့်သည်တော်များ၊ ပြည်တွင်းပြည်ပပညာရှင်များ၊ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိ ပညာရှင် အတတ်ပညာရှင်များ၊ မီဒီယာကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပါဝင်ဆောင်ရွက်ကြသူများ အားလုံးပါဝင်တက်ရောက်၍ “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာ သောအနာဂတ် တည်ဆောက်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်း” Theme ဖြင့် “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ ၁၀ နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်ရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် အမြင်များကို မျှဝေနိုင်ရန် အဓိကသက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် ဆွေးနွေးမှုများကို တိုးမြှင့်ရန်၊ NCA ၏ ပကတိအနှစ်သာရနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြည်သူလူထုမှ သဘောပေါက်သိရှိ နားလည်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည့် အခန်းကဏ္ဍများကို ဖော်ထုတ်ရန်၊ အနာဂတ် မြန်မာနိုင်ငံတော်ကို တည်ဆောက်ခြင်းလုပ်ငန်းစဉ် တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရွေးကောက်ပွဲတို့ကို ပေါင်းစပ် ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ဒေသန္တရအဆင့်၊ နိုင်ငံတကာအဆင့် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်” ဟူသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အောက်တိုဘာ လ ၁၅ ရက်​နေ့ မွန်းလွဲပိုင်းမှ ၁၇ ရက်​​နေ့ထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် အသိဉာဏ်ပညာဖြင့် သတိတရားကို လက်ကိုင်ထား ၍ NCA စာချုပ်အပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေးရရှိရန် ခိုင်မာသည့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်တွင် အတူတကွလျှောက်လှမ်း၍ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာ ဝပြောသော အနာဂတ်ပြည်ထောင်စုကြီးဆီသို့” မမှိတ်မသုန် အားသွန်ခွန်စိုက် အရောက်လှမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုရေးသားဖော်ပြ အပ်ပါသည်။

MOI

အောင်ကျော်မိုး(ငြိမ်းချမ်းရေး)

NCA ငြိမ်းချမ်းရေး အနိမ့်အမြင့် အတက်အကျနှင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ
-
NCA (၁၀) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။မင်္ဂလာရှိတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်အခါသမယမှာ NCA ရဲ့ ပကတိအနှစ်သာရနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာပြည်သူတွေနဲ့ မျိုးဆက်သစ်လူငယ်မောင်မယ်တွေ ပိုမိုသဘောပေါက်သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ NCA စာချုပ်နဲ့ပတ်သက်လို့ ပြန်ပြောင်းတင်ပြချင်ပါတယ်။ကနဦးတင်ပြရရင် NCA စာချုပ်ဆိုတာ ဘာလဲ။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဆိုတာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းသက်သေများရှေ့မှောက်မှာ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးခဲ့တဲ့ သမိုင်းဝင်စာချုပ်တစ်ခု ဖြစ်ပါတယ်။NCA ဘယ်လိုပေါ်ပေါက်လာသလဲ။၂၀၁၀-၂၀၁၅ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရသစ်ဟာ “ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီစနစ် မထွန်းကားနိုင်၊ ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုမဖြစ်နိုင်”ဆိုတဲ့ အတွေးအခေါ်အယူအဆကို အခြေခံပြီး ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာချက်ဖြစ်တဲ့ “နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေး(၃)ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရန်အတွက် နိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းတည်ဆောက်သွားရန် အထူးလိုအပ်သည်ဟု ယုံကြည်ပါသည်။လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်လိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့တစ်ဖွဲ့ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ပဏာမဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်းဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်”ဆိုတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်က အစပြုခဲ့တယ်လို့ဆိုရမှာ ဖြစ်တယ်။ထိုစဉ်က နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်အပေါ် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS)နဲ့ ကယန်းပြည်သူ့ပါတီ(KNPP)စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးဆွေးနွေးဖို့ စတင်ကမ်းလှမ်းလာခဲ့ကြပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုဆောင်ရွက်ခဲ့သလဲ။သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းများစတင်နိုင်ဖို့အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထိုစဉ်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့”ကို ဖွဲ့စည်းပေးခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ ထာဝရငြိမ်းချမ်းရေးအတွက် ပထမအဆင့်မှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ဒုတိယအဆင့်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ တတိယအဆင့်မှာ လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ်ရေးထိုးရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆိုတဲ့ နိုင်ငံတော်ရဲ့ လမ်းပြမြေပုံ(Road Map)ကို ချမှတ်ခဲ့ပါတယ်။ဆက်လက်ပြီး ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC)နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယသမ္မတဦးဆောင်တဲ့ အဖွဲ့ဝင် ၅၂ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UWPC)တို့ကို ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ UWPC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)ကို ဖွဲ့စည်းခဲ့ပါတယ်။တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက် နိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ ကချင်ပြည်နယ် လိုင်ဇာမှာပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများညီလာခံကနေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်မှ ၉ ရက်အထိ ကျင်းပတဲ့ လော်ခီးလာညီလာခံက အဖွဲ့ဝင် ၁၅ဦးပါ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)ကို ဖွဲ့စည်းခဲ့ကြပါတယ်။UPWC မှ ကိုယ်စားလှယ်တွေနဲ့ NCCT မှ ကိုယ်စားလှယ်တွေဟာ ၂၀၁၄ ခုနှစ် မတ်လ ၉ ရက် မှ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတည်ပြုမူကြမ်းရရှိရေး တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသလို UPWC နဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)တို့ကလည်း ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်နေ့ အထိတစ်ကြိမ်၊ ဩဂုတ်လ ၆ ရက်မှ ၇ရက်နေ့အထိတစ်ကြိမ် ထပ်မံတွေ့ဆုံပြီး အခန်း(၇)ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ သဘောတူ စာချုပ် (မူကြမ်း)ကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာ အချောသပ်အတည်ပြုခဲ့ပါတယ်။ ပါဝင်ရေးဆွဲသူအားလုံး သဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ခဲ့ပါတယ်။၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ဟာ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းသက်သေများ ရှေ့မှောက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ သမိုင်းဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ(NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDC)တို့ကလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက် NCA မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ ဖွဲ့အထိ ရှိလာခဲ့ပါတယ်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုနိုင်ဖို့ ဘယ်လောက်အထိကြိုးပမ်းခဲ့ရသလဲ။သမ္မတ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးအတွက် စတင်ဖိတ်ခေါ်ကမ်းလှမ်းတဲ့နေ့မှ NCA စာချုပ်ချုပ်ဆိုနိုင်တဲ့နေ့အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့တယ်။ ငြိမ်းချမ်းရေးကြိုးပမ်းစဉ်ကာလအတွင်း အစည်းအဝေးစုစုပေါင်း ၅၀၀၀ ခန့်အထိရှိခဲ့တယ်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဟာ နိုင်ငံတော်၊ ပြည်သူနဲ့တပ်မတော်တို့ရဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်။ အထူးသဖြင့် ဒေသခံပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။ထိုစဉ်က မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူ အရေအတွက် ခြောက်သိန်းကျော်ခန့်ရှိပြီး မြန်မာနိုင်ငံရှိ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိတဲ့ဒေသတွေဟာ ပဋိပက္ခဖြစ်ပွားရာဒေသ သို့မဟုတ် ပဋိပက္ခသင့်ဒေသနဲ့ ဆက်စပ်တဲ့နေရာတွေ ဖြစ်ခဲ့ပါတယ်။ဒီအတွက် ငြိမ်းချမ်းမှုနဲ့ကင်းဝေးနေခဲ့တဲ့ ဒေသခံပြည်သူတွေဟာ ငြိမ်းချမ်းရေးကို အလွန်အမင်း ဆာလောင်မွတ်သိပ် တောင့်တလျက်ရှိကြပါတယ်။ အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဒေသခံပြည်သူတွေဟာ ဘားအံမြို့ကနေ မြို့လုံးကျွတ်မျှ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပွဲ အောင်မြင်တဲ့အခါမှာတော့ ဒေသခံပြည်သူတွေမဆိုထားဘိ၊ ကမ္ဘောဒီးယားနိုင်ငံမှ လေ့လာသူအဖြစ်တက်ရောက်လာတဲ့ ကိုယ်စားလှယ် အမျိုးသမီးကြီးကလည်း ဝမ်းသာလွန်းလို့ ချုံးပွဲချငိုကြွေးခဲ့တယ်လို့ သိရပါတယ်။ထိုစဉ်က ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်ကြီး စောမူတူးစေးဖိုးရဲ့ “တိုက်ပွဲတိုက်နေတာကြာပြီ၊ ဘယ်သူ့ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ကြပါဘူး၊ ဆုံးရှုံးရတာတော့ နှစ်ဖက်စလုံးပါပဲ” ဆိုတဲ့စကားကလည်း နိုင်ငံရေးသံဝေဂပွားစရာပါပဲ။ဒါပေမယ့် ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ တချို့သော EAO တွေအနေနဲ့ NCA မှာ လက်မှတ်ရေးထိုးထားရှိခဲ့တဲ့ ကတိကဝတ်ကို ဖောက်ဖျက်ပြီး NUG ၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့တို့ကို တစ်ဖက်လှည့်နည်းနဲ့ ထောက်ခံအားပေးခဲ့ကြသလို လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကိုလည်း ထောက်ပံ့မှုမျိုးစုံနဲ့ အားပေးအားမြှောက် ပြုလုပ်လာခဲ့ကြတဲ့အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုတွေ အားနည်းခဲ့ရပြီး ပြည်သူလူထုဟာလည်း အကြောက်တရားများနဲ့ ကျီးလန့်စာစားတဲ့ဘဝကို ရောက်ရှိခဲ့ရပြန်တယ်။၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA ၊ TNLA နဲ့ AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကလည်း ပြည်သူတွေရဲ့ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေသလို ဒီမတိုင်မီမှာလည်း KNPP၊ KNDF၊ KIA လက်နက်ကိုင်သောင်းကျန်းသူတွေဟာ နယ်မြေဒေသအသီးသီးမှာ အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြတဲ့အတွက် အပြစ်မဲ့ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါတယ်။အဆိုပါ ဖြစ်ရပ်ဖြစ်စဉ်တွေကို သမိုင်းသင်ခန်းစာတစ်ရပ်အဖြစ် ဖော်ထုတ်ရရင် NCA ငြိမ်းချမ်းရေး အနိမ့်အမြင့် အတက်အကျဖြစ်စဉ်ဟာ ဒေသခံပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လူမှုစီးပွားဘဝအပေါ် တိုက်ရိုက်ရိုက်ခတ်လျက်ရှိကြောင်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။အမှန်တကယ်အားဖြင့်လည်း NCA သဘောတူစာချုပ်ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တစ်ခုတည်းသော စာချုပ်ဖြစ်သလို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ ပြင်ဆင်ဖြည့်စွက်သွားနိုင်ရေးတို့အတွက် လွှတ်တော်ပြင်ပက ဆောင်ရွက်နိုင်တဲ့လမ်းကြောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမိန့်ခွန်းမှာ “တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဟာ သက်ဆိုင်ရာအဖွဲ့အသီးသီးမှ တာဝန်ရှိသူများရဲ့ တွေ့ဆုံမှုပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုပေါင်းများစွာကနေ အခြေတည်ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့သမိုင်းဝင်စာချုပ်သစ်တစ်ခုပဲဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ပါတယ်။ထို့အတူ နိုင်ငံတော်အကြီးအကဲက “NCA ကို လက်မှတ်ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနဲ့ ဒီမိုကရေစီအရေးတွက်ပဲဖြစ်ပါတယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဆိုရာမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်အနေနဲ့ NCA စာချုပ်ဖြစ်ပေါ်လာပြီး (၃)နှစ်အကြာမှာပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲတာတွေကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျောဆောင်ရွက်ပေးတာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေကိုချမှတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားတာတွေ၊ လိုက်ပါဆောင်ရွက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကြဖို့လည်း ဖိတ်ခေါ်မှုများကို ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခများဟာ နိုင်ငံရေးအမြင်မတူမှုများကနေ ပေါ်ပေါက်လာခြင်းဖြစ်တာကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများပြုလုပ်လျက်ရှိပါတယ်။ အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းကြဖို့ ပြောကြားလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ နိုင်ငံတော်အကြီးအကဲက “လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကိုလည်း နိုင်ငံတော်အစိုးရက နေပြည်တော်မှာ နိုင်ငံရေးအနှစ်သာရရှိရှိ၊ အသွင်သဏ္ဌာန်နဲ့အနှစ်သာရရှိရှိ ခမ်းနားစွာကျင်းပသွားမယ်လို့ သိရပါတယ်။ဒါကြောင့်မို့ NCA စာချုပ်မှာ မူလက ကိုယ်တိုင်ပါဝင်ရေးဆွဲသဘောတူညီခဲ့ပြီး လက်မှတ်ရေးထိုးချိန်ရောက်မှ အကြောင်းအမျိုးမျိုးပြ လက်မှတ်မရေးထိုးခဲ့သော EAO တွေနဲ့ NCA မှာ လက်မှတ်ရေးထိုးခဲ့ပြီးမှ ထားရှိခဲ့တဲ့ကတိကဝတ်တွေကို ဖောက်ဖျက်နေတဲ့ တချို့သော EAOတွေအနေနဲ့ NCA အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံရေးအမြတ်ထုတ်ရမယ့် နိုင်ငံရေးကစားကွင်းမဟုတ်ဘဲ နိုင်ငံတော်နဲ့နိုင်ငံသားများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသ၊ ပဋိပက္ခသင့်ဒေသနဲ့ ဆက်စပ်တဲ့နေရာက ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်တယ်ဆိုတာကို မှန်ကန်စွာ ရှုမြင်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။MOI

NCA (၁၀) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

မင်္ဂလာရှိတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်အခါသမယမှာ NCA ရဲ့ ပကတိအနှစ်သာရနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာပြည်သူတွေနဲ့ မျိုးဆက်သစ်လူငယ်မောင်မယ်တွေ ပိုမိုသဘောပေါက်သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ NCA စာချုပ်နဲ့ပတ်သက်လို့ ပြန်ပြောင်းတင်ပြချင်ပါတယ်။

ကနဦးတင်ပြရရင် NCA စာချုပ်ဆိုတာ ဘာလဲ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဆိုတာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းသက်သေများရှေ့မှောက်မှာ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးခဲ့တဲ့ သမိုင်းဝင်စာချုပ်တစ်ခု ဖြစ်ပါတယ်။

NCA ဘယ်လိုပေါ်ပေါက်လာသလဲ။

၂၀၁၀-၂၀၁၅ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရသစ်ဟာ “ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီစနစ် မထွန်းကားနိုင်၊ ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုမဖြစ်နိုင်”ဆိုတဲ့ အတွေးအခေါ်အယူအဆကို အခြေခံပြီး ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာချက်ဖြစ်တဲ့ “နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေး(၃)ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရန်အတွက် နိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းတည်ဆောက်သွားရန် အထူးလိုအပ်သည်ဟု ယုံကြည်ပါသည်။

လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်လိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့တစ်ဖွဲ့ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

ပဏာမဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်းဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်”ဆိုတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်က အစပြုခဲ့တယ်လို့ဆိုရမှာ ဖြစ်တယ်။

ထိုစဉ်က နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်အပေါ် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS)နဲ့ ကယန်းပြည်သူ့ပါတီ(KNPP)စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးဆွေးနွေးဖို့ စတင်ကမ်းလှမ်းလာခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုဆောင်ရွက်ခဲ့သလဲ။

သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းများစတင်နိုင်ဖို့အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထိုစဉ်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့”ကို ဖွဲ့စည်းပေးခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ထာဝရငြိမ်းချမ်းရေးအတွက် ပထမအဆင့်မှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ဒုတိယအဆင့်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ တတိယအဆင့်မှာ လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ်ရေးထိုးရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆိုတဲ့ နိုင်ငံတော်ရဲ့ လမ်းပြမြေပုံ(Road Map)ကို ချမှတ်ခဲ့ပါတယ်။

ဆက်လက်ပြီး ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC)နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယသမ္မတဦးဆောင်တဲ့ အဖွဲ့ဝင် ၅၂ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UWPC)တို့ကို ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ UWPC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)ကို ဖွဲ့စည်းခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက် နိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ ကချင်ပြည်နယ် လိုင်ဇာမှာပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများညီလာခံကနေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်မှ ၉ ရက်အထိ ကျင်းပတဲ့ လော်ခီးလာညီလာခံက အဖွဲ့ဝင် ၁၅ဦးပါ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)ကို ဖွဲ့စည်းခဲ့ကြပါတယ်။

UPWC မှ ကိုယ်စားလှယ်တွေနဲ့ NCCT မှ ကိုယ်စားလှယ်တွေဟာ ၂၀၁၄ ခုနှစ် မတ်လ ၉ ရက် မှ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတည်ပြုမူကြမ်းရရှိရေး တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသလို UPWC နဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)တို့ကလည်း ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်နေ့ အထိတစ်ကြိမ်၊ ဩဂုတ်လ ၆ ရက်မှ ၇ရက်နေ့အထိတစ်ကြိမ် ထပ်မံတွေ့ဆုံပြီး အခန်း(၇)ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ သဘောတူ စာချုပ် (မူကြမ်း)ကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာ အချောသပ်အတည်ပြုခဲ့ပါတယ်။ ပါဝင်ရေးဆွဲသူအားလုံး သဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ဟာ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းသက်သေများ ရှေ့မှောက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ သမိုင်းဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ(NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDC)တို့ကလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက် NCA မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ ဖွဲ့အထိ ရှိလာခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုနိုင်ဖို့ ဘယ်လောက်အထိကြိုးပမ်းခဲ့ရသလဲ။

သမ္မတ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးအတွက် စတင်ဖိတ်ခေါ်ကမ်းလှမ်းတဲ့နေ့မှ NCA စာချုပ်ချုပ်ဆိုနိုင်တဲ့နေ့အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့တယ်။ ငြိမ်းချမ်းရေးကြိုးပမ်းစဉ်ကာလအတွင်း အစည်းအဝေးစုစုပေါင်း ၅၀၀၀ ခန့်အထိရှိခဲ့တယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဟာ နိုင်ငံတော်၊ ပြည်သူနဲ့တပ်မတော်တို့ရဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်။ အထူးသဖြင့် ဒေသခံပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။

ထိုစဉ်က မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူ အရေအတွက် ခြောက်သိန်းကျော်ခန့်ရှိပြီး မြန်မာနိုင်ငံရှိ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိတဲ့ဒေသတွေဟာ ပဋိပက္ခဖြစ်ပွားရာဒေသ သို့မဟုတ် ပဋိပက္ခသင့်ဒေသနဲ့ ဆက်စပ်တဲ့နေရာတွေ ဖြစ်ခဲ့ပါတယ်။

ဒီအတွက် ငြိမ်းချမ်းမှုနဲ့ကင်းဝေးနေခဲ့တဲ့ ဒေသခံပြည်သူတွေဟာ ငြိမ်းချမ်းရေးကို အလွန်အမင်း ဆာလောင်မွတ်သိပ် တောင့်တလျက်ရှိကြပါတယ်။ အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဒေသခံပြည်သူတွေဟာ ဘားအံမြို့ကနေ မြို့လုံးကျွတ်မျှ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပွဲ အောင်မြင်တဲ့အခါမှာတော့ ဒေသခံပြည်သူတွေမဆိုထားဘိ၊ ကမ္ဘောဒီးယားနိုင်ငံမှ လေ့လာသူအဖြစ်တက်ရောက်လာတဲ့ ကိုယ်စားလှယ် အမျိုးသမီးကြီးကလည်း ဝမ်းသာလွန်းလို့ ချုံးပွဲချငိုကြွေးခဲ့တယ်လို့ သိရပါတယ်။

ထိုစဉ်က ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်ကြီး စောမူတူးစေးဖိုးရဲ့ “တိုက်ပွဲတိုက်နေတာကြာပြီ၊ ဘယ်သူ့ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ကြပါဘူး၊ ဆုံးရှုံးရတာတော့ နှစ်ဖက်စလုံးပါပဲ” ဆိုတဲ့စကားကလည်း နိုင်ငံရေးသံဝေဂပွားစရာပါပဲ။

ဒါပေမယ့် ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ တချို့သော EAO တွေအနေနဲ့ NCA မှာ လက်မှတ်ရေးထိုးထားရှိခဲ့တဲ့ ကတိကဝတ်ကို ဖောက်ဖျက်ပြီး NUG ၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့တို့ကို တစ်ဖက်လှည့်နည်းနဲ့ ထောက်ခံအားပေးခဲ့ကြသလို လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကိုလည်း ထောက်ပံ့မှုမျိုးစုံနဲ့ အားပေးအားမြှောက် ပြုလုပ်လာခဲ့ကြတဲ့အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုတွေ အားနည်းခဲ့ရပြီး ပြည်သူလူထုဟာလည်း အကြောက်တရားများနဲ့ ကျီးလန့်စာစားတဲ့ဘဝကို ရောက်ရှိခဲ့ရပြန်တယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA ၊ TNLA နဲ့ AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကလည်း ပြည်သူတွေရဲ့ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေသလို ဒီမတိုင်မီမှာလည်း KNPP၊ KNDF၊ KIA လက်နက်ကိုင်သောင်းကျန်းသူတွေဟာ နယ်မြေဒေသအသီးသီးမှာ အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြတဲ့အတွက် အပြစ်မဲ့ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါတယ်။

အဆိုပါ ဖြစ်ရပ်ဖြစ်စဉ်တွေကို သမိုင်းသင်ခန်းစာတစ်ရပ်အဖြစ် ဖော်ထုတ်ရရင် NCA ငြိမ်းချမ်းရေး အနိမ့်အမြင့် အတက်အကျဖြစ်စဉ်ဟာ ဒေသခံပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လူမှုစီးပွားဘဝအပေါ် တိုက်ရိုက်ရိုက်ခတ်လျက်ရှိကြောင်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။

အမှန်တကယ်အားဖြင့်လည်း NCA သဘောတူစာချုပ်ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တစ်ခုတည်းသော စာချုပ်ဖြစ်သလို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ ပြင်ဆင်ဖြည့်စွက်သွားနိုင်ရေးတို့အတွက် လွှတ်တော်ပြင်ပက ဆောင်ရွက်နိုင်တဲ့လမ်းကြောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမိန့်ခွန်းမှာ “တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဟာ သက်ဆိုင်ရာအဖွဲ့အသီးသီးမှ တာဝန်ရှိသူများရဲ့ တွေ့ဆုံမှုပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုပေါင်းများစွာကနေ အခြေတည်ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့သမိုင်းဝင်စာချုပ်သစ်တစ်ခုပဲဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထို့အတူ နိုင်ငံတော်အကြီးအကဲက “NCA ကို လက်မှတ်ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနဲ့ ဒီမိုကရေစီအရေးတွက်ပဲဖြစ်ပါတယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဆိုရာမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်အနေနဲ့ NCA စာချုပ်ဖြစ်ပေါ်လာပြီး (၃)နှစ်အကြာမှာပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲတာတွေကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျောဆောင်ရွက်ပေးတာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေကိုချမှတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားတာတွေ၊ လိုက်ပါဆောင်ရွက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကြဖို့လည်း ဖိတ်ခေါ်မှုများကို ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခများဟာ နိုင်ငံရေးအမြင်မတူမှုများကနေ ပေါ်ပေါက်လာခြင်းဖြစ်တာကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများပြုလုပ်လျက်ရှိပါတယ်။ အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းကြဖို့ ပြောကြားလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ နိုင်ငံတော်အကြီးအကဲက “လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကိုလည်း နိုင်ငံတော်အစိုးရက နေပြည်တော်မှာ နိုင်ငံရေးအနှစ်သာရရှိရှိ၊ အသွင်သဏ္ဌာန်နဲ့အနှစ်သာရရှိရှိ ခမ်းနားစွာကျင်းပသွားမယ်လို့ သိရပါတယ်။

ဒါကြောင့်မို့ NCA စာချုပ်မှာ မူလက ကိုယ်တိုင်ပါဝင်ရေးဆွဲသဘောတူညီခဲ့ပြီး လက်မှတ်ရေးထိုးချိန်ရောက်မှ အကြောင်းအမျိုးမျိုးပြ လက်မှတ်မရေးထိုးခဲ့သော EAO တွေနဲ့ NCA မှာ လက်မှတ်ရေးထိုးခဲ့ပြီးမှ ထားရှိခဲ့တဲ့ကတိကဝတ်တွေကို ဖောက်ဖျက်နေတဲ့ တချို့သော EAOတွေအနေနဲ့ NCA အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံရေးအမြတ်ထုတ်ရမယ့် နိုင်ငံရေးကစားကွင်းမဟုတ်ဘဲ နိုင်ငံတော်နဲ့နိုင်ငံသားများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသ၊ ပဋိပက္ခသင့်ဒေသနဲ့ ဆက်စပ်တဲ့နေရာက ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်တယ်ဆိုတာကို မှန်ကန်စွာ ရှုမြင်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။

MOI

ဇာနည်ဘွား

ငြိမ်းချမ်းရေးအထင်ကရ NCA နှင့်အတူ ယုံကြည်နားလည်မှုများဖြင့်ရှေ့ဆက်မြဲရှေ့ဆက်နေမည်
-
မြန်မာ့ငြိမ်းချမ်းရေး အထင်ကရမှတ်တိုင်တစ်ခု Nationwide Ceasefire Agreement ဖြင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး NCA ငြိမ်းချမ်းရေးခရီးက အောက်တိုဘာလ ၁၅ ရက်နေ့တွင် (၁၀)နှစ် ရှိသွားပါပြီ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သမိုင်းဝင်စာချုပ်ကြီး၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ကူညီအားပေးခဲ့သူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အသိသက်သေပုဂ္ဂိုလ်များ သက်ရှိထင်ရှားရှိဆဲဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေရသူများရှိသလို ဖျက်ဆီးနေကြသူများလည်း ရှိနေသည်။ဒို့တာဝန်အရေးသုံးပါးနှင့် ငြိမ်းချမ်းရေးတို့က ဆက်စပ်နေ၁၈၈၅ ခုနှစ်က ဆုံးရှုံးခဲ့ရကာ ခက်ခက်ခဲခဲတိုက်ယူခဲ့ရပြီးမှ ပြန်လည်ရရှိခဲ့သည့် လွတ်လပ်ရေးကြီးဖြစ်၍ ပြန်လည်မဆုံးရှုံးရအောင် အရင်းအနှီးမြောက်မြားစွာ ပေးဆပ်ကာကွယ်နေရသည်။ လူ့အသက်ပေါင်းများစွာ ပေးဆပ်ထားရသည့်အတွက်လည်း လွတ်လပ်ရေးနှင့် အချုပ်အခြာတန်ဖိုးက ကြီးမားလှသည်။ လွတ်လပ်ရေးနှင့်အတူ သန္ဓေတည်ခဲ့သည့် ခွဲထွက်လိုမှု၊ မညီညွတ်မှု၊ လက်နက်ကိုင် ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုများက ယခုတိုင် ရှိနေဆဲ။ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲများလည်း ပြင်းထန်​နေဆဲပင်။သမိုင်းအဆက်ဆက်၊ အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသည်သာ။ သို့သော် ထာဝရငြိမ်းချမ်းရေးကား မရသေး။ ကျွန်တော်တို့ မှတ်မိသည်က တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးကို ၁၉၈၈ ခုနှစ် တပ်မတော် အစိုးရလက်ထက် အစောပိုင်းကာလများကတည်းက ဖိတ်ခေါ်ခဲ့သည်ဆိုသောအချက်တစ်ခု။ ထိုစဉ်မှစ၍ ဒို့တာဝန်အရေးသုံးပါးကို အခြေခံ၍ ငြိမ်းချမ်းရေးစကား ပြောခဲ့ကြသည်။ ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာတည်တံ့ခိုင်မြဲရေးကို လုံးဝအထိခံ၍ မရသည်မှာ ရှင်းပါသည်။ ထိုအရေးသုံးပါး မစဉ်းစားဘဲ ငြိမ်းချမ်းရေးကို လုံးဝဆောင်ရွက်၍ မဖြစ်နိုင် သည်မှာလည်း ရှင်းလှသည်။ မြန်မာနိုင်ငံသမိုင်းကြောင်းအရ ဒို့တာဝန်အရေးသုံးပါးနှင့် ငြိမ်းချမ်းရေးကို မဆက်စပ်၍ ဘယ်လိုမှမဖြစ်နိုင်သည်မှာ ထင်ရှားပါသည်။စိတ်ရှည်၊ သည်းခံ၊ နားလည်၊ ယုံကြည်ချက်များဖြင့်အထူးသဖြင့် ယခုလို နိုင်ငံရေးသမိုင်းကြောင်း အချိုးအကွေ့တစ်ခု၊ ဒီမိုကရေစီအလှည့်အပြောင်း တစ်ခုတွင် ဒီမိုကရေစီနှင့်ကိုက်ညီသည့် ထာဝရငြိမ်းချမ်းရေးဖြစ်ဖို့က ပို၍အရေးကြီးနေပါသည်။ ထိုသို့ ဒို့တာဝန်အရေးများနှင့် ငြိမ်းချမ်းရေး အရေးကြီးပုံကို တပ်မတော်အစိုးရအဆက်ဆက်နှင့် တပ်မတော်က ကောင်းစွာသဘောပေါက်သည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးအတွက်ဆိုလျှင် တပ်မတော်ဘက်က ဘယ်တော့မှ လက်မနှေး၊ ဝန်မလေးခဲ့ပါ။ စိတ်ရှည်၊ သည်းခံ၊ နားလည်မှု၊ ယုံကြည်မှုအပြည့်ဖြင့် လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးစားပွဲဆီ ဖိတ်ခေါ်မြဲဖိတ်ခေါ်နေခဲ့သည်။ယခုလို အခြေအနေမှာ ယာယီနေထိုင်ရန်မျှ၊ နယ်မြေအကန့်အသတ်သဘောတူညီချက်မျှ၊ ဒေသ ဖွံ့ဖြိုးရေးသဘောတူညီချက် (Gentleman Agreement) မျှဖြစ်ရုံမက အမျိုးသားစည်းလုံး ညီညွတ်ရေးအထိ သွားနေပြီဖြစ်သည်။ ယခု ၂၀၂၁ အလွန် နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအပြောင်းအလဲများမှ ဖားနှင့်ငါး၊ အပြုနှင့်အဖျက်၊ ဓမ္မနှင့်အဓမ္မ ကွဲပြားသွားပုံကို ပြည်သူများ၊ တိုင်းရင်းသားများ ဒိဋ္ဌဓမ္မသိသွားခဲ့ကြသည်က အရှုံးထဲမှအမြတ်တစ်ခု။ တိုင်းရင်းသားအမည်ခံ၊ တော်လှန်ရေးအမည်ခံလက်နက်ကိုင်များ၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အချို့အချို့သော တိုင်းရင်းသားပါတီများ၊ Political players နိုင်ငံရေးပါတီများသာ ရှင်းရှင်းလင်းလင်း သိရှိနားလည်သဘောပေါက်ကြရန်သာ လိုပါသည်။ထာဝရငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံဖြစ်ဆဲNCA သမိုင်း၏ အစသည် ၂၀၁၁ ခုနှစ် နိုင်ငံတော်က စတင်ဖော်ဆောင်သည့် ထာဝရငြိမ်းချမ်းရေး လမ်းပြမြေပုံမှ အစပြုခဲ့သည်ဟု အမှတ်ရမိပါသည်။ ထိုမှ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ် ပါဝင်သောအဖွဲ့ဝင် ၁၁ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ (Union Peace Central Committee-UPCC) ဖြစ်ပေါ်လာသည်။ ထို့နောက် ၂၀၁၃ ခုနှစ် လိုင်ဇာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံမှ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် NCA ညှိနှိုင်းရေးအဖွဲ့ ဖြစ်ပေါ်လာ သည်ဟု ဆိုရမည်။ထိုမှတစ်ဆင့် ပထမမူကြမ်းကို သဘောတူညီမှု ရခဲ့သည်၊၊ မူကြမ်းအပေါ် အကြိမ်ကြိမ် အကျေ အလည် ညှိနှိုင်းခဲ့၊ ဆွေးနွေးခဲ့ကြပြီးမှ သဘောတူညီချက်မူချောကို ရခဲ့ကြခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များ၏ တင်ပြချက်အားလုံးနီးပါးအပေါ် သဘောတူညီခဲ့ကြပြီးမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ စာချုပ်ချုပ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ပါဝင်ခဲ့ကြရာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့ ကိုယ်စားပြုသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအပြင် အစိုးရနှင့်လွှတ်တော်များ အပိုင်းကလည်း ဝိုင်းဝန်းကြိုးစားခဲ့ကြသည်။ ပြည်တွင်း အသိသက်သေများအဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စာချုပ်ညှိနှိုင်းရေးမှူးများ၊ နှစ်ဖက်သက်သေများ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုင်ငံတကာ အသိသက်သေများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်၊ အိန္ဒိယသမ္မတနိုင်ငံမှ နိုင်ငံတော်လုံခြုံရေးဆိုင်ရာအကြံပေး၊ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။သံသယကင်းကင်းဖြင့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ သည်းခံမှု၊ သဘောထားကြီးမှုများစွာ ဖြင့် စာချုပ်တစ်ခု ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။ ၂၀၁၈ ခုနှစ်တွင် နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ စာချုပ်တွင် ပူးပေါင်းပါဝင် လက်မှတ် ရေးထိုးခဲ့ကြသည်။ NCA စာချုပ်ပါအခြေခံမူများကား ကျယ်ပြန့်နက်ရှိုင်းသည့်အတွက် လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင်အဆုံးသတ်ရေးအတွက်လည်း အခြေခံအာမခံချက်များ ဖြစ်နေသည်။ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ်လည်းဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်လိုချင်သည့် တိုင်းရင်းသားပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေး လမ်းပြမြေပုံတစ်ခုဆိုလျှင်လည်း မမှားပါ။ယုံကြည်ချက်၊ အမြော်အမြင်နှင့် ပညာဉာဏ် ရှိနေသရွေ့မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟူသည် ဘယ်ခေတ်ဘယ်အခါမဆို အရေးကြီးပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးခရီးကို ဆက်ခဲ့သည်။ ယခုအခါ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မြန်မာ့ဒီမိုကရေစီနှင့် ကိုက်ညီမည့် ငြိမ်းချမ်းရေးအခင်းအကျင်းကို ဘယ်လိုဆက်လက် ပုံဖော်ကြမလဲ၊၊ ပြည်သူများက ငြိမ်းချမ်းရေးကို အထူးငံ့လင့်နေကြသကဲ့သို့ တပ်မတော်ကလည်း မငြိမ်းချမ်းခြင်း၏ဆိုးကျိုးများကို အသိဆုံးဖြစ်သည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ညှိနှိုင်းနေရဦးမည်ပင်။ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး အ​မြော်အမြင်ကြီးကြီးဖြင့် ရှေ့ဆက်ချီတက်ကြရ ဦးမည်ဖြစ်သည်။ သို့သော် ယခုအချိန်အထိတော့ မတူကွဲပြားမှုတွေနှင့် ဝေးနေဆဲဖြစ်သည်ဟု ခံစားရသည်။ အကြမ်းဖက်မှုများချုပ်ငြိမ်းရန် လက်နက်ဖြင့် ဖြေရှင်းနေရဆဲ ဖြစ်သည်ကိုလည်း နားလည်သည်။ ထိုလမ်းကိုမလျှောက်ချင်သော်လည်းလျှောက်နေရဆဲဖြစ်သည်ကို သဘောပေါက်သည်။ထို့ကြောင့်လည်း NCA (၁၀)နှစ်ပြည့်၌ ဖိတ်ခါ်မြဲဆက်လက်ဖိတ်ခေါ်နေရပါဦးမည်။ စစ်ပွဲမပါဘဲ ငြိမ်းချမ်းရေးအတွက် ဖြေရှင်း၍ရနိုင်သေးသည်ဟူသော ယုံကြည်ချက်ရှိနေသေး၍ဖြစ်ပါသည်။ ဝေးနေသောအရာတွေကို နီးကပ်အောင်ဆောင်ကြဉ်းပေးနိုင်မည့် ပညာဉာဏ်ရှိနေ၍ ဖြစ်သည်။ အကြမ်းမဖက်၊ အနုပညာဆန်သော၊ ကျွမ်းကျင်မှု အရည်အသွေးများ ရှိနေသေးသည်ဟု ခံယူထား၍ဖြစ်သည်။ ဆန့်ကျင်ဘက်အမြင်များ လျှော့နိုင်ကြလျှင်၊ အကျိုး စီးပွားချင်းမတူသည်များကို ဘုံအကျိုးစီးပွားအဖြစ် မြင်လာလျှင် ငြိမ်းချမ်းရေးကစားပွဲက တကယ်ပြီးပါပြီ။နိုင်ငံတော်နှင့် အချုပ်အခြာအတွက်ငါ့မှာ တာဝန်ရှိနေသည်ဟု ခံယူလိုက်လျှင် ဘယ်လောက် ကောင်းမလဲ၊ နိုင်ငံတော်အတွက် မစဉ်းစားတတ် သေးလျှင်တောင် စစ်ဘေးသင့်သည့် ငါ့ပြည်နယ်၊ ငါ့ဒေသ၊ ငါ့လူမျိုးအတွက် အနည်းငယ်မျှ စဉ်းစားမိ လျှင်ပင်အတော်အကျိုးကျေးဇူးများနေပါပြီ။ ငါတို့ လုပ်တာကိုင်တာများသည် ဒီမိုကရေစီအတွက်လား၊ နိုင်ငံအရေးလား၊ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ပါတီ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက်လားပညာရှိရှိ စဉ်းစားတတ်ပါစေ။ ငါ့အမြင် ငါ့ရှုထောင့်က စဉ်းစားသမျှ အတွေးဟူသမျှမှာ တစ်ဖက်အကျိုးအတွက်လည်း ထည့်သွင်းစဉ်းစားပေးခြင်းမျိုးကသာပညာရှိတို့၏ စိတ်ထားဖြစ်သည်ကို မမေ့ပါနှင့်။ငါကလည်း သူ့အတွက်စဉ်းစားပေးနေလျှင်၊ သူလည်းကိုယ့်အတွက် တွေးပေးနေမည်ဖြစ်ကြောင်း အသိမျိုးက နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါသည်။ စေ့စပ်ညှိနှိုင်းခြင်းဟူသည် အပေးအယူ၊ အလျှော့အတင်းများစွာဖြင့် နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိအောင် စကားပြောရ၊ လုပ်ကိုင်ပြရခြင်းဖြစ်၍ အလွန်ပညာဆန်ပါသည်။ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်လမ်းစဉ် ရွေးတတ်သူကိုသာလျှင် သတ္တိရှိသူဟုလည်းဆိုကြ၍ သတ္တိရှိရှိ အမြော်အမြင်ရှိရှိဖြင့် ငြိမ်းချမ်းရေးလိုလားသူများ အမှန်ဖြစ်စေချင်ပါသည်။ထို့ကြောင့်လည်း ယခု (၁၀) နှစ်ပြည့် NCA နှစ်ပတ်လည်အခမ်းအနားကို အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာကျင်းပရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းနှင့်အတူ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ဘယ်လို ဆက်လက်ပုံဖော်ကြမလဲဆိုတာ ပြည်သူများက စိတ်ဝင်စားနေကြသည်။ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်ကောင်းဟူသည် နှောင်းသည်ဟူ၍ ဘယ်တော့မှ မရှိပါ။ ယနေ့လုပ်၊ ယနေ့အကျိုးရှိသည်သာ။နိုင်ငံတော်တည်ဆောက်ရေးအတွက် Nation building၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်ရေးအတွက် အရေးတကြီး လုပ်စရာတွေများစွာရှိ​နေပါသည်။ စစ်ပွဲများက အဖြေမဟုတ်ဆိုသည်ကို တပ်မတော်ကော ပြည်သူပါ သိပါသည်။ ငြိမ်းချမ်းရေးလိုချင်လွန်း၍သာ စစ်ကို တိုက်နေရသည်ဆိုသည့် အမြင်ရှင်းရှင်းလင်းလင်း ဖြစ်ရန်သာလိုသည်။ ယခုအထိ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များကား အပြုသဘောဆောင်ဆဲ ဖြစ်ပါသည်၊၊ အကောင်းမြင်ဆဲဖြစ်ပါသည်။ ငြိမ်းချမ်းရေး အလင်းတံခါးကိုလည်း ဖွင့်မြဲဖွင့်ထားဆဲ ဖြစ်ပါသည်။ ။MOI

မြန်မာ့ငြိမ်းချမ်းရေး အထင်ကရမှတ်တိုင်တစ်ခု Nationwide Ceasefire Agreement ဖြင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး NCA ငြိမ်းချမ်းရေးခရီးက အောက်တိုဘာလ ၁၅ ရက်နေ့တွင် (၁၀)နှစ် ရှိသွားပါပြီ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သမိုင်းဝင်စာချုပ်ကြီး၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ကူညီအားပေးခဲ့သူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အသိသက်သေပုဂ္ဂိုလ်များ သက်ရှိထင်ရှားရှိဆဲဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေရသူများရှိသလို ဖျက်ဆီးနေကြသူများလည်း ရှိနေသည်။

ဒို့တာဝန်အရေးသုံးပါးနှင့် ငြိမ်းချမ်းရေးတို့က ဆက်စပ်နေ

၁၈၈၅ ခုနှစ်က ဆုံးရှုံးခဲ့ရကာ ခက်ခက်ခဲခဲတိုက်ယူခဲ့ရပြီးမှ ပြန်လည်ရရှိခဲ့သည့် လွတ်လပ်ရေးကြီးဖြစ်၍ ပြန်လည်မဆုံးရှုံးရအောင် အရင်းအနှီးမြောက်မြားစွာ ပေးဆပ်ကာကွယ်နေရသည်။ လူ့အသက်ပေါင်းများစွာ ပေးဆပ်ထားရသည့်အတွက်လည်း လွတ်လပ်ရေးနှင့် အချုပ်အခြာတန်ဖိုးက ကြီးမားလှသည်။ လွတ်လပ်ရေးနှင့်အတူ သန္ဓေတည်ခဲ့သည့် ခွဲထွက်လိုမှု၊ မညီညွတ်မှု၊ လက်နက်ကိုင် ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုများက ယခုတိုင် ရှိနေဆဲ။ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲများလည်း ပြင်းထန်​နေဆဲပင်။

သမိုင်းအဆက်ဆက်၊ အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသည်သာ။ သို့သော် ထာဝရငြိမ်းချမ်းရေးကား မရသေး။ ကျွန်တော်တို့ မှတ်မိသည်က တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးကို ၁၉၈၈ ခုနှစ် တပ်မတော် အစိုးရလက်ထက် အစောပိုင်းကာလများကတည်းက ဖိတ်ခေါ်ခဲ့သည်ဆိုသောအချက်တစ်ခု။ ထိုစဉ်မှစ၍ ဒို့တာဝန်အရေးသုံးပါးကို အခြေခံ၍ ငြိမ်းချမ်းရေးစကား ပြောခဲ့ကြသည်။ ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာတည်တံ့ခိုင်မြဲရေးကို လုံးဝအထိခံ၍ မရသည်မှာ ရှင်းပါသည်။ ထိုအရေးသုံးပါး မစဉ်းစားဘဲ ငြိမ်းချမ်းရေးကို လုံးဝဆောင်ရွက်၍ မဖြစ်နိုင် သည်မှာလည်း ရှင်းလှသည်။ မြန်မာနိုင်ငံသမိုင်းကြောင်းအရ ဒို့တာဝန်အရေးသုံးပါးနှင့် ငြိမ်းချမ်းရေးကို မဆက်စပ်၍ ဘယ်လိုမှမဖြစ်နိုင်သည်မှာ ထင်ရှားပါသည်။

စိတ်ရှည်၊ သည်းခံ၊ နားလည်၊ ယုံကြည်ချက်များဖြင့်

အထူးသဖြင့် ယခုလို နိုင်ငံရေးသမိုင်းကြောင်း အချိုးအကွေ့တစ်ခု၊ ဒီမိုကရေစီအလှည့်အပြောင်း တစ်ခုတွင် ဒီမိုကရေစီနှင့်ကိုက်ညီသည့် ထာဝရငြိမ်းချမ်းရေးဖြစ်ဖို့က ပို၍အရေးကြီးနေပါသည်။ ထိုသို့ ဒို့တာဝန်အရေးများနှင့် ငြိမ်းချမ်းရေး အရေးကြီးပုံကို တပ်မတော်အစိုးရအဆက်ဆက်နှင့် တပ်မတော်က ကောင်းစွာသဘောပေါက်သည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးအတွက်ဆိုလျှင် တပ်မတော်ဘက်က ဘယ်တော့မှ လက်မနှေး၊ ဝန်မလေးခဲ့ပါ။ စိတ်ရှည်၊ သည်းခံ၊ နားလည်မှု၊ ယုံကြည်မှုအပြည့်ဖြင့် လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးစားပွဲဆီ ဖိတ်ခေါ်မြဲဖိတ်ခေါ်နေခဲ့သည်။

ယခုလို အခြေအနေမှာ ယာယီနေထိုင်ရန်မျှ၊ နယ်မြေအကန့်အသတ်သဘောတူညီချက်မျှ၊ ဒေသ ဖွံ့ဖြိုးရေးသဘောတူညီချက် (Gentleman Agreement) မျှဖြစ်ရုံမက အမျိုးသားစည်းလုံး ညီညွတ်ရေးအထိ သွားနေပြီဖြစ်သည်။ ယခု ၂၀၂၁ အလွန် နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအပြောင်းအလဲများမှ ဖားနှင့်ငါး၊ အပြုနှင့်အဖျက်၊ ဓမ္မနှင့်အဓမ္မ ကွဲပြားသွားပုံကို ပြည်သူများ၊ တိုင်းရင်းသားများ ဒိဋ္ဌဓမ္မသိသွားခဲ့ကြသည်က အရှုံးထဲမှအမြတ်တစ်ခု။ တိုင်းရင်းသားအမည်ခံ၊ တော်လှန်ရေးအမည်ခံလက်နက်ကိုင်များ၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အချို့အချို့သော တိုင်းရင်းသားပါတီများ၊ Political players နိုင်ငံရေးပါတီများသာ ရှင်းရှင်းလင်းလင်း သိရှိနားလည်သဘောပေါက်ကြရန်သာ လိုပါသည်။

ထာဝရငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံဖြစ်ဆဲ

NCA သမိုင်း၏ အစသည် ၂၀၁၁ ခုနှစ် နိုင်ငံတော်က စတင်ဖော်ဆောင်သည့် ထာဝရငြိမ်းချမ်းရေး လမ်းပြမြေပုံမှ အစပြုခဲ့သည်ဟု အမှတ်ရမိပါသည်။ ထိုမှ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ် ပါဝင်သောအဖွဲ့ဝင် ၁၁ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ (Union Peace Central Committee-UPCC) ဖြစ်ပေါ်လာသည်။ ထို့နောက် ၂၀၁၃ ခုနှစ် လိုင်ဇာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံမှ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် NCA ညှိနှိုင်းရေးအဖွဲ့ ဖြစ်ပေါ်လာ သည်ဟု ဆိုရမည်။

ထိုမှတစ်ဆင့် ပထမမူကြမ်းကို သဘောတူညီမှု ရခဲ့သည်၊၊ မူကြမ်းအပေါ် အကြိမ်ကြိမ် အကျေ အလည် ညှိနှိုင်းခဲ့၊ ဆွေးနွေးခဲ့ကြပြီးမှ သဘောတူညီချက်မူချောကို ရခဲ့ကြခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များ၏ တင်ပြချက်အားလုံးနီးပါးအပေါ် သဘောတူညီခဲ့ကြပြီးမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ စာချုပ်ချုပ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ပါဝင်ခဲ့ကြရာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့ ကိုယ်စားပြုသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအပြင် အစိုးရနှင့်လွှတ်တော်များ အပိုင်းကလည်း ဝိုင်းဝန်းကြိုးစားခဲ့ကြသည်။ ပြည်တွင်း အသိသက်သေများအဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စာချုပ်ညှိနှိုင်းရေးမှူးများ၊ နှစ်ဖက်သက်သေများ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုင်ငံတကာ အသိသက်သေများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်၊ အိန္ဒိယသမ္မတနိုင်ငံမှ နိုင်ငံတော်လုံခြုံရေးဆိုင်ရာအကြံပေး၊ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။

သံသယကင်းကင်းဖြင့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ သည်းခံမှု၊ သဘောထားကြီးမှုများစွာ ဖြင့် စာချုပ်တစ်ခု ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။ ၂၀၁၈ ခုနှစ်တွင် နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ စာချုပ်တွင် ပူးပေါင်းပါဝင် လက်မှတ် ရေးထိုးခဲ့ကြသည်။ NCA စာချုပ်ပါအခြေခံမူများကား ကျယ်ပြန့်နက်ရှိုင်းသည့်အတွက် လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင်အဆုံးသတ်ရေးအတွက်လည်း အခြေခံအာမခံချက်များ ဖြစ်နေသည်။ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ်လည်းဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်လိုချင်သည့် တိုင်းရင်းသားပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေး လမ်းပြမြေပုံတစ်ခုဆိုလျှင်လည်း မမှားပါ။

ယုံကြည်ချက်၊ အမြော်အမြင်နှင့် ပညာဉာဏ် ရှိနေသရွေ့

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟူသည် ဘယ်ခေတ်ဘယ်အခါမဆို အရေးကြီးပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးခရီးကို ဆက်ခဲ့သည်။ ယခုအခါ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မြန်မာ့ဒီမိုကရေစီနှင့် ကိုက်ညီမည့် ငြိမ်းချမ်းရေးအခင်းအကျင်းကို ဘယ်လိုဆက်လက် ပုံဖော်ကြမလဲ၊၊ ပြည်သူများက ငြိမ်းချမ်းရေးကို အထူးငံ့လင့်နေကြသကဲ့သို့ တပ်မတော်ကလည်း မငြိမ်းချမ်းခြင်း၏ဆိုးကျိုးများကို အသိဆုံးဖြစ်သည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ညှိနှိုင်းနေရဦးမည်ပင်။ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး အ​မြော်အမြင်ကြီးကြီးဖြင့် ရှေ့ဆက်ချီတက်ကြရ ဦးမည်ဖြစ်သည်။ သို့သော် ယခုအချိန်အထိတော့ မတူကွဲပြားမှုတွေနှင့် ဝေးနေဆဲဖြစ်သည်ဟု ခံစားရသည်။ အကြမ်းဖက်မှုများချုပ်ငြိမ်းရန် လက်နက်ဖြင့် ဖြေရှင်းနေရဆဲ ဖြစ်သည်ကိုလည်း နားလည်သည်။ ထိုလမ်းကိုမလျှောက်ချင်သော်လည်းလျှောက်နေရဆဲဖြစ်သည်ကို သဘောပေါက်သည်။

ထို့ကြောင့်လည်း NCA (၁၀)နှစ်ပြည့်၌ ဖိတ်ခါ်မြဲဆက်လက်ဖိတ်ခေါ်နေရပါဦးမည်။ စစ်ပွဲမပါဘဲ ငြိမ်းချမ်းရေးအတွက် ဖြေရှင်း၍ရနိုင်သေးသည်ဟူသော ယုံကြည်ချက်ရှိနေသေး၍ဖြစ်ပါသည်။ ဝေးနေသောအရာတွေကို နီးကပ်အောင်ဆောင်ကြဉ်းပေးနိုင်မည့် ပညာဉာဏ်ရှိနေ၍ ဖြစ်သည်။ အကြမ်းမဖက်၊ အနုပညာဆန်သော၊ ကျွမ်းကျင်မှု အရည်အသွေးများ ရှိနေသေးသည်ဟု ခံယူထား၍ဖြစ်သည်။ ဆန့်ကျင်ဘက်အမြင်များ လျှော့နိုင်ကြလျှင်၊ အကျိုး စီးပွားချင်းမတူသည်များကို ဘုံအကျိုးစီးပွားအဖြစ် မြင်လာလျှင် ငြိမ်းချမ်းရေးကစားပွဲက တကယ်ပြီးပါပြီ။

နိုင်ငံတော်နှင့် အချုပ်အခြာအတွက်ငါ့မှာ တာဝန်ရှိနေသည်ဟု ခံယူလိုက်လျှင် ဘယ်လောက် ကောင်းမလဲ၊ နိုင်ငံတော်အတွက် မစဉ်းစားတတ် သေးလျှင်တောင် စစ်ဘေးသင့်သည့် ငါ့ပြည်နယ်၊ ငါ့ဒေသ၊ ငါ့လူမျိုးအတွက် အနည်းငယ်မျှ စဉ်းစားမိ လျှင်ပင်အတော်အကျိုးကျေးဇူးများနေပါပြီ။ ငါတို့ လုပ်တာကိုင်တာများသည် ဒီမိုကရေစီအတွက်လား၊ နိုင်ငံအရေးလား၊ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ပါတီ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက်လားပညာရှိရှိ စဉ်းစားတတ်ပါစေ။ ငါ့အမြင် ငါ့ရှုထောင့်က စဉ်းစားသမျှ အတွေးဟူသမျှမှာ တစ်ဖက်အကျိုးအတွက်လည်း ထည့်သွင်းစဉ်းစားပေးခြင်းမျိုးကသာပညာရှိတို့၏ စိတ်ထားဖြစ်သည်ကို မမေ့ပါနှင့်။

ငါကလည်း သူ့အတွက်စဉ်းစားပေးနေလျှင်၊ သူလည်းကိုယ့်အတွက် တွေးပေးနေမည်ဖြစ်ကြောင်း အသိမျိုးက နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါသည်။ စေ့စပ်ညှိနှိုင်းခြင်းဟူသည် အပေးအယူ၊ အလျှော့အတင်းများစွာဖြင့် နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိအောင် စကားပြောရ၊ လုပ်ကိုင်ပြရခြင်းဖြစ်၍ အလွန်ပညာဆန်ပါသည်။ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်လမ်းစဉ် ရွေးတတ်သူကိုသာလျှင် သတ္တိရှိသူဟုလည်းဆိုကြ၍ သတ္တိရှိရှိ အမြော်အမြင်ရှိရှိဖြင့် ငြိမ်းချမ်းရေးလိုလားသူများ အမှန်ဖြစ်စေချင်ပါသည်။

ထို့ကြောင့်လည်း ယခု (၁၀) နှစ်ပြည့် NCA နှစ်ပတ်လည်အခမ်းအနားကို အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာကျင်းပရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းနှင့်အတူ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ဘယ်လို ဆက်လက်ပုံဖော်ကြမလဲဆိုတာ ပြည်သူများက စိတ်ဝင်စားနေကြသည်။ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်ကောင်းဟူသည် နှောင်းသည်ဟူ၍ ဘယ်တော့မှ မရှိပါ။ ယနေ့လုပ်၊ ယနေ့အကျိုးရှိသည်သာ။

နိုင်ငံတော်တည်ဆောက်ရေးအတွက် Nation building၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်ရေးအတွက် အရေးတကြီး လုပ်စရာတွေများစွာရှိ​နေပါသည်။ စစ်ပွဲများက အဖြေမဟုတ်ဆိုသည်ကို တပ်မတော်ကော ပြည်သူပါ သိပါသည်။ ငြိမ်းချမ်းရေးလိုချင်လွန်း၍သာ စစ်ကို တိုက်နေရသည်ဆိုသည့် အမြင်ရှင်းရှင်းလင်းလင်း ဖြစ်ရန်သာလိုသည်။ ယခုအထိ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များကား အပြုသဘောဆောင်ဆဲ ဖြစ်ပါသည်၊၊ အကောင်းမြင်ဆဲဖြစ်ပါသည်။ ငြိမ်းချမ်းရေး အလင်းတံခါးကိုလည်း ဖွင့်မြဲဖွင့်ထားဆဲ ဖြစ်ပါသည်။ ။

MOI

မိုးမြင့်

နှုတ်မြိန်စေသော သံခင်းတမန်ခင်း
-
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်၌ ခေတ္တရပ်နားစဉ် နိုင်ငံ​တော်အကြီးအကဲနှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich တို့ လေဆိပ်ဧည့်ခန်းမဆောင်၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည့်သတင်းကို ဖတ်ရှုလိုက်ရပါသည်။ နိုင်ငံတကာခရီးစဉ်များအတွင်း နှစ်နိုင်ငံ အပြုသဘောဆောင် ဆွေးနွေးဆောင်ရွက်ကြသည်များက နိုင်ငံ့အကျိုးစီးပွားအတွက် အလေးထားဆောင်ရွက်ကြရသည့် လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ထူးခြားသည်မှာ ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံမှ အသင့်ပြင်ဆင်လာသည့် မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် လက်ဖက်အုပ်၊ လက်ဖက်ရည်၊ အသင့်ချက်ပြုတ်လာသည့် ငါးသလောက်ပေါင်းတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ခြင်းဖြစ်ကာ နိုဗာစီဗစ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မြိန်ရှက်စွာ သုံးဆောင်ခဲ့ကြပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်း ပင်ဖြစ်သည်။စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေမည်တစ်ဖန် စက်တင်ဘာလ ၂၇ ရက်နေ့က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းအမျိုးအစားများ အကြောင်း ဗီဒီယိုကလစ်ကို ပြသ၍ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း Gastronomy Tourism အကြောင်းကိုလည်း ထည့်သွင်းပြသသွားသည်ကို တွေ့ရှိရသည်။ ခရီးသွားဧည့်သည်များအတွက် နေရာဒေသတစ်ခုတွင်ရှိသည့် အစားအသောက်များ၏ အရသာကို သွားရောက်မြည်းစမ်း စားသုံးရုံသာမက အဆိုပါအစားအသောက်၏နောက်ကွယ်တွင်ရှိသော ယဉ်ကျေးမှုအစဉ်အလာ၊ သမိုင်းကြောင်းနှင့် ထုတ်လုပ်ပုံနည်းစနစ်များကိုပါ လေ့လာနိုင်သော ခရီးသွားရောက်မှုပုံစံသည် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ်မှစတင်၍ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းကို ခရီးသွားလုပ်ငန်းအမျိုးအစားတစ်ခုအနေဖြင့် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်းအားဖြင့် ဒေသထွက်ကုန်ပစ္စည်းများကို အစားအစာများ ထုတ်လုပ်ရောင်းချရာတွင် အသုံးပြုနိုင်သည့်အတွက် စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေမည်ဖြစ်သည့်အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါကြောင်း တင်ဆက်သွားသည်ကို တွေ့ရှိခဲ့ရသည်။ထို့ကြောင့် အစားအသောက်သည် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေးနှင့် မြှင့်တင်ဆောင်ရွက်ခြင်းအပိုင်းတို့တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာသည်ကို တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဆောင်ရွက်ရေးနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအပိုင်းတွင် အစားအသောက်ကို ရှေးယခင်ကတည်းကပင် မီဒီယံ (Medium) တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ လက်ရှိတွင်လည်း နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် ယင်းကို အသုံးဝင်သော ကိရိယာတစ်ခု (Tools)သဖွယ် အသုံးပြုလျက်ရှိကြသည်ကို ကြည့်ခြင်းဖြင့် မည်မျှထိရောက်သောအရာဖြစ်သည်ကို သိရှိနိုင်မည်ဖြစ်ပါသည်။ကမ္ဘာ့သံခင်းတမန်ခင်းမျက်နှာစာတွင် နေရာယူကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် မိမိတို့၏ကိုယ်ပိုင်ရိုးရာအစားအစာနှင့် ချက်ပြုတ်နည်းပုံစံများ ရှိကြသည်။ ထိုအစားအစာယဉ်ကျေးမှုကို ဖော်ထုတ်မြှင့်တင်ခြင်းဖြင့် မိမိနိုင်ငံ၏ ကိုယ်ပိုင် ယဉ်ကျေးမှုစရိုက်လက္ခဏာများကို မြှင့်တင်နိုင်ခြင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ခြင်း၊ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ခြင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ယဉ်ကျေးမှုများ ဖလှယ်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိစေ မည်ဖြစ်ပါသည်။ အစားအစာသည် စိတ်ကျေနပ်ဖွယ်ရာ အရသာနှင့် အာဟာရတန်ဖိုးပေးစွမ်းမှု သက်သက်မဟုတ်တော့ပေ။ စေ့စပ်ညှိနှိုင်းခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ရံဖန်ရံခါ ငြိမ်းချမ်းရေးကို ယူဆောင်လာခြင်းတို့အထိပင် သက်ရောက်မှုက ကြီးမားလာသည်။ ဟင်းလျာတို့သည်အစားအစာသက်သက်ဆိုခြင်းထက် ယဉ်ကျေးမှုများကို ပြန်ပြောင်းပြောဆိုခြင်း၊ ပျော့ပျောင်းသော စွမ်းပကားနှင့် ရံဖန်ရံခါ သံခင်းတမန်ခင်းပင်ဖြစ်လို့လာပေပြီ။ Gastro-Diplomacy အဖြစ် ကမ္ဘာ့ သံခင်းတမန်ခင်း မျက်နှာစာတွင် နေရာယူလာပြီ ဖြစ်သည်။နှုတ်မြိန်စေသော သံခင်းတမန်ခင်း (Gastro-Diplomacy) နှင့် အစားအစာခရီးသွားလုပ်ငန်း (Gastronomy Tourism) ဖွံ့ဖြိုးလာသည်နှင့်အမျှ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပါဝင်သော စားဖိုမှူးများ၊ အစားအစာပြင်ဆင်ချက်ပြုတ်သူများ၏ အခန်းကဏ္ဍသည်လည်း အဓိကကျလာပါသည်။ ယခင်က ခရီးစဉ်များအတွင်း လှည့်လည်ရှင်းလင်းပြသသော ဧည့်လမ်းညွှန်များက ကမ္ဘာလှည့်ခရီးသွားများကို တိကျမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှု၊ သမိုင်းနှင့် ရိုးရာဓလေ့များကို စိတ်ဝင် စားဖွယ်ရာ မိတ်ဆက်ပေးခြင်း၊ မိမိနိုင်ငံ၏ အဆင့်အတန်းပုံရိပ်ကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်း တို့ကြောင့် နိုင်ငံ့သံတမန်များအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ဧည့်လမ်းညွှန် (Tourist Guide) များသည် နိုင်ငံရေးသံတမန် (Diplomatic Ambassador) များ မဟုတ်ကြသော်လည်း နိုင်ငံ့ကိုယ်စားပြု ယဉ်ကျေးမှုသံတမန် (Cultural Ambassador)၊ ခရီးသွားလုပ်ငန်းသံတမန် (Tourism Ambassador) များဖြစ်ကြပါသည်။ သို့ဖြစ်ရာ အစားအသောက် များကို သံခင်းတမန်ခင်းတွင် တင်ဆက်အသုံးပြုလာကြရာဝယ် ယင်းအစားအစာများအား ပြင်ဆင် ချက်ပြုတ်သည့် စားဖိုမှူးများကိုလည်း သံတမန် (Diplomat) များ အဖြစ် ခေါ်ဆိုကြရပေလိမ့်မည်။ အစားအစာများသည် the most immediate and memorable connection ဟု ဆိုရလောက်အောင် နှစ်ဦးနှစ်ဖက်ကြား ထင်ရှားသော အမှတ်သညာကို စွဲမှတ်ပေးစေနိုင်သည်။ အမြဲအမှတ်ရနေစေမည့် အရာလည်းဖြစ်ပါသည်။နိုင်ငံ၏ပုံရိပ်နှင့် လူသိများမှုကို မြှင့်တင်ရန်ဖြစ်Gastro-diplomacy သည် ရှေးယခင်ကတည်းကပင် တည်ရှိလာခဲ့သော အစဉ်အလာတစ်ခု ဖြစ်ပါသည်။ Gastro-Diplomacy (အချို့နေရာတွင် Culinary Diplomacy ဟုလည်း ခေါ်ဝေါ်သုံးနှုန်း ကြသည်။)နှင့်စပ်လျဉ်း၍ အကိုးအကားပြုရာ၌ ၂၀၀၂ ခုနှစ်က ထိုင်းနိုင်ငံမှ အကောင်အထည်ဖော် ခဲ့သော ''The Global Thai Program"နှင့် "Thailand; Kitchen of the World" အစီအစဉ်နှစ်ခုသည် ထင်ရှားသော အစီအစဉ်များဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်း ထိုင်းစားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်နိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုင်းအစားအစာများကို ကမ္ဘာကသိရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယင်းအစီအစဉ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ ထိုင်းစားသောက်ဆိုင်အရေအတွက်သည် ၂၀၀၂ ခုနှစ်က ၅၅၀၀ ခန့်သာရှိခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်တွင် စားသောက်ဆိုင်ပေါင်း ၁၅၀၀၀ ခန့်အထိ ရှိလာခဲ့ပြီဖြစ်ပါသည်။ ထိုကဲ့သို့ ကမ္ဘာတစ်လွှား ထိုင်းအစားအစာရောင်းချသည့်ဆိုင်များ တိုးပွားလာခြင်းသည် အဆိုပါအစီအစဉ်နှစ်ခု၏ Output များ ဖြစ်ပါသည်။ မျှော်မှန်း Outcome များအနေဖြင့် လေ့လာကြည့်ပါက ထိုင်းရိုးရာအစားအစာများမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ပုံရိပ်နှင့် လူသိများမှုကို မြှင့်တင်ရန်ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ထိုင်းအစားအစာထုတ်လုပ်ရောင်းချမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းမှသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ခရီးသွားဧည့်သည် ၃၅ သန်းအထိ စံချိန်တင်ဝင်ရောက်ခဲ့သလို ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံ၏ Gastro-Diplomacy သည် အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။မြန်မာနိုင်ငံသည် ပင်လယ်သမုဒ္ဒရာ၊ ရေမြေ၊ တောတောင်များနှင့် ကျယ်ပြန့်သော ပထဝီဝင်အနေအထားရှိသကဲ့သို့ တိုင်းရင်းသား ၁၃၅ မျိုးတို့ မှီတင်းနေထိုင်လျက်ရှိခြင်းကြောင့် တိုင်းရင်းသား တိုင်းတွင် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် နေထိုင်စားသောက်မှုပုံစံတို့ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြပါသည်။ ထို့အတူ မိမိတို့ဒေသ၌ စိုက်ပျိုးထုတ်လုပ်သည့် ကုန်ကြမ်းများနှင့် ရိုးရာနည်းစနစ်များအတိုင်း ချက်ပြုတ်ပြင်ဆင်သော အစားအစာများလည်း ရှိကြပါသည်။ ယင်းအစားအစာများသည် ယခုအခါတွင် မိမိတို့ဒေသအတွင်းသာမက အခြားဒေသများသို့ပါ ဖြန့်ကြက်ရောက်ရှိနေပြီဖြစ်သည်။ မြန်မာ့ရိုးရာ အစားအစာများသည် အာဟာရတန်ဖိုးပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သော ဒေသထွက်ကုန်များကိုသာ အသုံးပြုချက်ပြုတ်ပြင်ဆင်ခြင်းကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ဖြစ်ကြပါသည်။တိုင်းရင်းသားရိုးရာအစားအစာများ ဖော်ထုတ်မြှင့်တင်၁၂ လရာသီအလိုက်ပွဲတော်များ ကျင်းပရာတွင်လည်း ရိုးရာအစားအစာများကို ထည့်သွင်းပြင်ဆင် ကျွေးမွေးကြသည့် ချစ်စရာအလေ့အထများ ရှိပါသည်။ ယနေ့ကာလတွင် တိုင်းရင်းသားရိုးရာ အစားအစာများ ဖော်ထုတ်မြှင့်တင်ခြင်းများကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိပါသည်။ ဒေသအလိုက် တိုင်းရင်းသားရိုးရာအစားအစာပွဲတော်များ ကျင်းပခြင်း၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့စသောအထိမ်းအမှတ်နေ့များတွင် နေပြည်တော်၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန်များ ပြသရောင်းချပွဲများ ကျင်းပရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာအစားအစာ အရောင်း ဆိုင်များကို ဖွင့်လှစ်စေပြီး မိမိတို့၏ ဒေသရိုးရာအစားအစာများကို လာရောက်ပြင်ဆင်ချက်ပြုတ်ရောင်းချစေခြင်းဖြင့် အားပေးမြှင့်တင်ဖော်ထုတ်ပေးခြင်း၊ ပြည်ပတွင် ကျင်းပပြုလုပ်သည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်များတွင် မြန်မာ့ရိုးရာအစားအစာများကို သွားရောက်တည်ခင်းပြသစေ ခြင်း၊ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ၊ ချစ်ကြည်ရေးလာရောက် သည့် ခရီးစဉ်များတွင် မြန်မာ့ရိုးရာအစားအစာ၊ ဒေသအစားအစာများကို ဖွယ်ဖွယ်ရာရာ တည်ခင်း ဧည့်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒေသအလိုက် ဟိုတယ်များတွင်လည်း မနက်စာ တည်ခင်းဧည့်ခံရာ၌ မြန်မာ့ရိုးရာမုန့်ပဲသရေစာများ၊ အစားအစာများကို ထည့်သွင်းတည်ခင်းကျွေးမွေးခြင်းဖြင့် မြန်မာ့ရိုးရာအစားအစာများကို ကမ္ဘာကပိုမိုသိရှိလာစေမည်ဖြစ်ပါသည်။ ။MOI

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်၌ ခေတ္တရပ်နားစဉ် နိုင်ငံ​တော်အကြီးအကဲနှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich တို့ လေဆိပ်ဧည့်ခန်းမဆောင်၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည့်သတင်းကို ဖတ်ရှုလိုက်ရပါသည်။ နိုင်ငံတကာခရီးစဉ်များအတွင်း နှစ်နိုင်ငံ အပြုသဘောဆောင် ဆွေးနွေးဆောင်ရွက်ကြသည်များက နိုင်ငံ့အကျိုးစီးပွားအတွက် အလေးထားဆောင်ရွက်ကြရသည့် လုပ်ဆောင်ချက်များ ဖြစ်ပါသည်။

ထူးခြားသည်မှာ ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံမှ အသင့်ပြင်ဆင်လာသည့် မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် လက်ဖက်အုပ်၊ လက်ဖက်ရည်၊ အသင့်ချက်ပြုတ်လာသည့် ငါးသလောက်ပေါင်းတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ခြင်းဖြစ်ကာ နိုဗာစီဗစ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မြိန်ရှက်စွာ သုံးဆောင်ခဲ့ကြပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်း ပင်ဖြစ်သည်။

စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေမည်

တစ်ဖန် စက်တင်ဘာလ ၂၇ ရက်နေ့က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းအမျိုးအစားများ အကြောင်း ဗီဒီယိုကလစ်ကို ပြသ၍ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း Gastronomy Tourism အကြောင်းကိုလည်း ထည့်သွင်းပြသသွားသည်ကို တွေ့ရှိရသည်။ ခရီးသွားဧည့်သည်များအတွက် နေရာဒေသတစ်ခုတွင်ရှိသည့် အစားအသောက်များ၏ အရသာကို သွားရောက်မြည်းစမ်း စားသုံးရုံသာမက အဆိုပါအစားအသောက်၏နောက်ကွယ်တွင်ရှိသော ယဉ်ကျေးမှုအစဉ်အလာ၊ သမိုင်းကြောင်းနှင့် ထုတ်လုပ်ပုံနည်းစနစ်များကိုပါ လေ့လာနိုင်သော ခရီးသွားရောက်မှုပုံစံသည် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ်မှစတင်၍ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းကို ခရီးသွားလုပ်ငန်းအမျိုးအစားတစ်ခုအနေဖြင့် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်းအားဖြင့် ဒေသထွက်ကုန်ပစ္စည်းများကို အစားအစာများ ထုတ်လုပ်ရောင်းချရာတွင် အသုံးပြုနိုင်သည့်အတွက် စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေမည်ဖြစ်သည့်အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါကြောင်း တင်ဆက်သွားသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် အစားအသောက်သည် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေးနှင့် မြှင့်တင်ဆောင်ရွက်ခြင်းအပိုင်းတို့တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာသည်ကို တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဆောင်ရွက်ရေးနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအပိုင်းတွင် အစားအသောက်ကို ရှေးယခင်ကတည်းကပင် မီဒီယံ (Medium) တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ လက်ရှိတွင်လည်း နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် ယင်းကို အသုံးဝင်သော ကိရိယာတစ်ခု (Tools)သဖွယ် အသုံးပြုလျက်ရှိကြသည်ကို ကြည့်ခြင်းဖြင့် မည်မျှထိရောက်သောအရာဖြစ်သည်ကို သိရှိနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာ့သံခင်းတမန်ခင်းမျက်နှာစာတွင် နေရာယူ

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် မိမိတို့၏ကိုယ်ပိုင်ရိုးရာအစားအစာနှင့် ချက်ပြုတ်နည်းပုံစံများ ရှိကြသည်။ ထိုအစားအစာယဉ်ကျေးမှုကို ဖော်ထုတ်မြှင့်တင်ခြင်းဖြင့် မိမိနိုင်ငံ၏ ကိုယ်ပိုင် ယဉ်ကျေးမှုစရိုက်လက္ခဏာများကို မြှင့်တင်နိုင်ခြင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ခြင်း၊ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ခြင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ယဉ်ကျေးမှုများ ဖလှယ်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိစေ မည်ဖြစ်ပါသည်။ အစားအစာသည် စိတ်ကျေနပ်ဖွယ်ရာ အရသာနှင့် အာဟာရတန်ဖိုးပေးစွမ်းမှု သက်သက်မဟုတ်တော့ပေ။ စေ့စပ်ညှိနှိုင်းခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ရံဖန်ရံခါ ငြိမ်းချမ်းရေးကို ယူဆောင်လာခြင်းတို့အထိပင် သက်ရောက်မှုက ကြီးမားလာသည်။ ဟင်းလျာတို့သည်အစားအစာသက်သက်ဆိုခြင်းထက် ယဉ်ကျေးမှုများကို ပြန်ပြောင်းပြောဆိုခြင်း၊ ပျော့ပျောင်းသော စွမ်းပကားနှင့် ရံဖန်ရံခါ သံခင်းတမန်ခင်းပင်ဖြစ်လို့လာပေပြီ။ Gastro-Diplomacy အဖြစ် ကမ္ဘာ့ သံခင်းတမန်ခင်း မျက်နှာစာတွင် နေရာယူလာပြီ ဖြစ်သည်။

နှုတ်မြိန်စေသော သံခင်းတမန်ခင်း (Gastro-Diplomacy) နှင့် အစားအစာခရီးသွားလုပ်ငန်း (Gastronomy Tourism) ဖွံ့ဖြိုးလာသည်နှင့်အမျှ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပါဝင်သော စားဖိုမှူးများ၊ အစားအစာပြင်ဆင်ချက်ပြုတ်သူများ၏ အခန်းကဏ္ဍသည်လည်း အဓိကကျလာပါသည်။ ယခင်က ခရီးစဉ်များအတွင်း လှည့်လည်ရှင်းလင်းပြသသော ဧည့်လမ်းညွှန်များက ကမ္ဘာလှည့်ခရီးသွားများကို တိကျမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှု၊ သမိုင်းနှင့် ရိုးရာဓလေ့များကို စိတ်ဝင် စားဖွယ်ရာ မိတ်ဆက်ပေးခြင်း၊ မိမိနိုင်ငံ၏ အဆင့်အတန်းပုံရိပ်ကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်း တို့ကြောင့် နိုင်ငံ့သံတမန်များအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသည်။

 ဧည့်လမ်းညွှန် (Tourist Guide) များသည် နိုင်ငံရေးသံတမန် (Diplomatic Ambassador) များ မဟုတ်ကြသော်လည်း နိုင်ငံ့ကိုယ်စားပြု ယဉ်ကျေးမှုသံတမန် (Cultural Ambassador)၊ ခရီးသွားလုပ်ငန်းသံတမန် (Tourism Ambassador) များဖြစ်ကြပါသည်။ သို့ဖြစ်ရာ အစားအသောက် များကို သံခင်းတမန်ခင်းတွင် တင်ဆက်အသုံးပြုလာကြရာဝယ် ယင်းအစားအစာများအား ပြင်ဆင် ချက်ပြုတ်သည့် စားဖိုမှူးများကိုလည်း သံတမန် (Diplomat) များ အဖြစ် ခေါ်ဆိုကြရပေလိမ့်မည်။ အစားအစာများသည် the most immediate and memorable connection ဟု ဆိုရလောက်အောင် နှစ်ဦးနှစ်ဖက်ကြား ထင်ရှားသော အမှတ်သညာကို စွဲမှတ်ပေးစေနိုင်သည်။ အမြဲအမှတ်ရနေစေမည့် အရာလည်းဖြစ်ပါသည်။

နိုင်ငံ၏ပုံရိပ်နှင့် လူသိများမှုကို မြှင့်တင်ရန်ဖြစ်

Gastro-diplomacy သည် ရှေးယခင်ကတည်းကပင် တည်ရှိလာခဲ့သော အစဉ်အလာတစ်ခု ဖြစ်ပါသည်။ Gastro-Diplomacy (အချို့နေရာတွင် Culinary Diplomacy ဟုလည်း ခေါ်ဝေါ်သုံးနှုန်း ကြသည်။)နှင့်စပ်လျဉ်း၍ အကိုးအကားပြုရာ၌ ၂၀၀၂ ခုနှစ်က ထိုင်းနိုင်ငံမှ အကောင်အထည်ဖော် ခဲ့သော ''The Global Thai Program"နှင့် "Thailand; Kitchen of the World" အစီအစဉ်နှစ်ခုသည် ထင်ရှားသော အစီအစဉ်များဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်း ထိုင်းစားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်နိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုင်းအစားအစာများကို ကမ္ဘာကသိရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယင်းအစီအစဉ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ ထိုင်းစားသောက်ဆိုင်အရေအတွက်သည် ၂၀၀၂ ခုနှစ်က ၅၅၀၀ ခန့်သာရှိခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်တွင် စားသောက်ဆိုင်ပေါင်း ၁၅၀၀၀ ခန့်အထိ ရှိလာခဲ့ပြီဖြစ်ပါသည်။ ထိုကဲ့သို့ ကမ္ဘာတစ်လွှား ထိုင်းအစားအစာရောင်းချသည့်ဆိုင်များ တိုးပွားလာခြင်းသည် အဆိုပါအစီအစဉ်နှစ်ခု၏ Output များ ဖြစ်ပါသည်။ မျှော်မှန်း Outcome များအနေဖြင့် လေ့လာကြည့်ပါက ထိုင်းရိုးရာအစားအစာများမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ပုံရိပ်နှင့် လူသိများမှုကို မြှင့်တင်ရန်ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ထိုင်းအစားအစာထုတ်လုပ်ရောင်းချမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းမှသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ခရီးသွားဧည့်သည် ၃၅ သန်းအထိ စံချိန်တင်ဝင်ရောက်ခဲ့သလို ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံ၏ Gastro-Diplomacy သည် အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ပင်လယ်သမုဒ္ဒရာ၊ ရေမြေ၊ တောတောင်များနှင့် ကျယ်ပြန့်သော ပထဝီဝင်အနေအထားရှိသကဲ့သို့ တိုင်းရင်းသား ၁၃၅ မျိုးတို့ မှီတင်းနေထိုင်လျက်ရှိခြင်းကြောင့် တိုင်းရင်းသား တိုင်းတွင် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် နေထိုင်စားသောက်မှုပုံစံတို့ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြပါသည်။ ထို့အတူ မိမိတို့ဒေသ၌ စိုက်ပျိုးထုတ်လုပ်သည့် ကုန်ကြမ်းများနှင့် ရိုးရာနည်းစနစ်များအတိုင်း ချက်ပြုတ်ပြင်ဆင်သော အစားအစာများလည်း ရှိကြပါသည်။ ယင်းအစားအစာများသည် ယခုအခါတွင် မိမိတို့ဒေသအတွင်းသာမက အခြားဒေသများသို့ပါ ဖြန့်ကြက်ရောက်ရှိနေပြီဖြစ်သည်။ မြန်မာ့ရိုးရာ အစားအစာများသည် အာဟာရတန်ဖိုးပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သော ဒေသထွက်ကုန်များကိုသာ အသုံးပြုချက်ပြုတ်ပြင်ဆင်ခြင်းကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ဖြစ်ကြပါသည်။

တိုင်းရင်းသားရိုးရာအစားအစာများ ဖော်ထုတ်မြှင့်တင်

၁၂ လရာသီအလိုက်ပွဲတော်များ ကျင်းပရာတွင်လည်း ရိုးရာအစားအစာများကို ထည့်သွင်းပြင်ဆင် ကျွေးမွေးကြသည့် ချစ်စရာအလေ့အထများ ရှိပါသည်။ ယနေ့ကာလတွင် တိုင်းရင်းသားရိုးရာ အစားအစာများ ဖော်ထုတ်မြှင့်တင်ခြင်းများကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိပါသည်။ ဒေသအလိုက် တိုင်းရင်းသားရိုးရာအစားအစာပွဲတော်များ ကျင်းပခြင်း၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့စသောအထိမ်းအမှတ်နေ့များတွင် နေပြည်တော်၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန်များ ပြသရောင်းချပွဲများ ကျင်းပရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာအစားအစာ အရောင်း ဆိုင်များကို ဖွင့်လှစ်စေပြီး မိမိတို့၏ ဒေသရိုးရာအစားအစာများကို လာရောက်ပြင်ဆင်ချက်ပြုတ်ရောင်းချစေခြင်းဖြင့် အားပေးမြှင့်တင်ဖော်ထုတ်ပေးခြင်း၊ ပြည်ပတွင် ကျင်းပပြုလုပ်သည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်များတွင် မြန်မာ့ရိုးရာအစားအစာများကို သွားရောက်တည်ခင်းပြသစေ ခြင်း၊ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ၊ ချစ်ကြည်ရေးလာရောက် သည့် ခရီးစဉ်များတွင် မြန်မာ့ရိုးရာအစားအစာ၊ ဒေသအစားအစာများကို ဖွယ်ဖွယ်ရာရာ တည်ခင်း ဧည့်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒေသအလိုက် ဟိုတယ်များတွင်လည်း မနက်စာ တည်ခင်းဧည့်ခံရာ၌ မြန်မာ့ရိုးရာမုန့်ပဲသရေစာများ၊ အစားအစာများကို ထည့်သွင်းတည်ခင်းကျွေးမွေးခြင်းဖြင့် မြန်မာ့ရိုးရာအစားအစာများကို ကမ္ဘာကပိုမိုသိရှိလာစေမည်ဖြစ်ပါသည်။ ။

MOI

စည်သူကျော်

ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲ
-
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုသည်မှာ ရွေးကောက်ပွဲများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းနှင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိစေရေး၊ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး၊ ပွင့်လင်းမြင်သာစွာမဲပေးရေး၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်နိုင်ရေး၊ လွတ်လပ်၍ တရားမျှတသော မဲဆွယ်စည်းရုံးရေးနှင့် သာတူညီမျှ အခွင့်အရေးများ ဆောင်ရွက်ခွင့်ရရှိရေး၊ လုံခြုံရေး၊ အကြမ်းဖက်မှုနှင့် ခြယ်လှယ်မှုများ မရှိစေရေး၊ အငြင်းပွားမှုကို ဖြေရှင်းရေး၊ ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့က သမာသမတ်ကျအောင် ဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။နိုင်ငံသားတိုင်းဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိစေရေးနှင့် မဲစာရင်းမှန်ကန်ရေး၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းများကို လေ့လာကြည့်သောအခါ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈ (က) တွင် “နိုင်ငံသားတိုင်း သည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။” နှင့် ပုဒ်မ ၃၉၁ (က) တွင် “ရွေးကောက်ပွဲ စတင်ကျင်းပ သည့် နေ့ရက်၌ အသက် (၁၈) နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်” ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များကို အခြေခံ၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆ ပါ အရည်အချင်းများနှင့် ပြည့်စုံသူများကို အမျိုးသား အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် ပြုစုထားသည်။ မဲစာရင်းများပြုစုရာတွင် ပုဒ်မ ၁၃ (က) အရ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတို့သည် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများပြုစုရာတွင် ကော်မရှင်က သတ်မှတ်သည့် လူဦးရေစာရင်းပုံစံဇယားများအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ပြုစုထားသည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့က ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ လူဦးရေစာရင်းများကို ရယူအခြေခံပြီး ပြုစုရမည့်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ထားသည်ကို တွေ့ရှိရသည်။ထိုသို့ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ လွှတ်တော်နည်းဥပဒေ ၈ (က) ပါ အသေးစိတ်ပြဋ္ဌာန်းချက်များဖြစ်သည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာမြို့နယ်ရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ရမည့် ပြဋ္ဌာန်းချက်များအတိုင်း စိစစ် ဆောင်ရွက်နိုင်ရန် ကပ်ထားကြေညာခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းတို့ကိုလည်း ကြေညာခဲ့ပြီးဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ ဆန္ဒမဲပေးခွင့် နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် ယာယီနေရပ် စွန့်ခွာနေရသူများ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးနိုင်ရန် ပုံစံ(၁၅)များကို မိမိတို့ရောက်ရှိရာ ဒေသမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ မဲစာရင်းများကို ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အသီးသီးရှိ မဲရုံများတွင် ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်ကိုပါ တစ်ပါတည်းထုတ်ပြန်ကြေညာထားရှိသည် -(က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ၃၀ - ၉ - ၂၀၂၅ ရက်နေ့မှ ၁၃-၁၀ - ၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည် ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေး ဆောင်ရွက်ထားမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံ မှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်ပါသည်။(ခ) မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင် နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်း နေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုပါသည်။ လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။ ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။(ဂ) သို့ဖြစ်ပါ၍ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဖော်ပြထားပါသည်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတို့သည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မဲစာရင်းပြုစုရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက ရေးသွင်းဆောင်ရွက်ရမည့် Admin/ Data Entry Officer Software နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီမံခန့်ခွဲမည့် Central Voter List Management System (CVLMS) Software များဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများအလိုက် စိစစ်ရေးသွင်းထားရှိသဖြင့် မဲစာရင်းများမှာ ယခင်ကဲ့သို့ (၂) ကြိမ်၊ (၃) ကြိမ် အထပ်များနှင့် မှတ်ပုံတင်မပါရှိသူ၊ အချက်အလက်မပြည့်စုံသူများ ပါဝင်တော့မည် မဟုတ်တော့သဖြင့် ကျစ်လျစ်မှန်ကန်သော မဲစာရင်း များ ရရှိနိုင်မည်ဖြစ်ပါသည်။မြေပြင်တွင် ရွှေ့ပြောင်းသွားလာသူများ ရှိနေသေးသဖြင့် မဲစာရင်းပြုစုသည့်အချိန်တွင် ဆောင်ရွက် ရမည့် ပုံစံ (၆၆/၆) တွင် ပါဝင်နိုင်ခြင်း မရှိသေးသူများ အတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သေဆုံး၊ ပျောက်ဆုံးသူများအတွက် မြေပြင်တွင် စာရင်းကောက်ယူဆောင်ရွက်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများ မှန်ကန်ရေးအတွက်လည်း စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြောင်းကြောင်းကြောင့် ကျန်ရစ်သူများမရှိစေရေးအတွက် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးနောက် သက်ဆိုင်ရာမဲဆန္ဒရှင်များက ကြည့်ရှုစစ်ဆေး၍ ထုတ်ပြန်ကြေညာထားသည့် ဆောင်ရွက်ရမည့် နည်းလမ်းများအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက် ပေးနိုင်ရန် မဲဆန္ဒရှင်တစ်ဦးချင်းတိုင်းက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းထား ပါသည်။Myanmar Electronic Voting Machine (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆန္ဒမဲပေးရာတွင် တိုင်းရင်းသားမဲဆန္ဒနယ်များအပါအဝင် လွှတ်တော်အားလုံး တစ်နိုင်ငံလုံး၌ Myanmar Electronic Voting Machine (MEVM) မဲပေးစက်ဖြင့် မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထား ရှိသည်ကို တွေ့ရှိရသည်။ မဲပေးစက်ကို အသုံးပြု၍ မဲပေးဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အခက်အခဲမရှိ လွယ်ကူလျင်မြန်ခြင်း၊ မဲရလဒ်များ တိတိကျကျရရှိခြင်းနှင့် ပယ်မဲလုံးဝမရှိခြင်းတို့ကြောင့် မဲလက်မှတ်များ ရေတွက်ရာတွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုမရှိတော့ခြင်း၊ မဲပေး ရာတွင် မဲရုံဝန်ထမ်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ မဲရုံကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ မဲပေးဆောင်ရွက်နိုင်ခြင်း အကျိုးကျေးဇူးများရရှိမည့် အပြင် မဲပေးစက်၏ တိကျမှန်ကန်မှုနှင့် နည်းပညာအရ အာမခံမှုများရရှိနိုင်ရန် မဲဆန္ဒရှင်ပြည်သူများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်များ၏ ရပ်ကွက်၊ ကျေးရွာများသို့ လိုက်လံပြသစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူ ၃ ဒသမ၅ သန်းကို စမ်းသပ်မဲပေးဆောင်ရွက်ခဲ့သည်။ Myanmar Electronic Voting Machine (MEVM) မဲပေးစက်သည် မြန်မာအင်ဂျင်နီယာ ပညာရှင်များ က အစိုးရဝန်ကြီးဌာန၏ စက်ရုံများ၌ ထုတ်လုပ်ထားသဖြင့် နည်းပညာဆိုင်ရာ လုံခြုံ စိတ်ချရမှု အပြည့်အဝရှိပြီး မည်သည့် Internet ၊ Cellular ၊ Wifi ၊ Bluetooth စသည့် ဆက်သွယ်ရေး ကွန်ရက်များကိုမျှ ချိတ်ဆက်နိုင်ခြင်းမရှိသည့်အပြင် Wire ကြိုးများနှင့် ဆက်သွယ်ထားခြင်း မရှိသဖြင့် မဲရလဒ်များအပေါ် ပြင်ပမှ နှောင့်ယှက်ဖျက်ဆီးခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်နိုင်ဘဲ ဓာတ်ပုံကင်မရာ၊ Scanner များ ပါရှိခြင်းမရှိသဖြင့် မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲပေးခြင်းကို အာမခံချက်အပြည့်ရှိကြောင်း မဲပေးစက်များအား လိုက်လံရှင်းလင်းပြသမှုများအရ သိရသည်။မဲပေးစက်များကို ရွေးကောက်ပွဲတွင် အသုံးပြု ရာ၌ Myanmar Electronic Voting Machine (MEVM) မဲပေးစက်၏ စံချိန်စံညွှန်းကို မြန်မာနိုင်ငံ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ၂၀၁၄ ခုနှစ်နှင့် အညီ အမျိုးသားအဆင့် ထောက်ခံအသိအမှတ်ပြုလွှာ ရရှိရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၀၇၅/၂၀၂၅ နှင့် မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံနှုန်း များကို မြန်မာနိုင်ငံ စံချိန်းစံညွှန်းအဖြစ် အတည်ပြုသတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်တွင်း ပြည်ပ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်များအား သိရှိဆောင်ရွက်နိုင်ရန် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အသေးစိတ်ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။ ကြိုတင်မဲများရေတွက်ခြင်းနှင့် စပ်လျဉ်း၍လည်း ရွေးကောက်ပွဲနည်းဥပဒေ အခန်း(၁၄)၊ ဆန္ဒမဲ ရေတွက်ခြင်း၊ ရွေးကောက်ပွဲရလဒ်ကြေညာခြင်း အခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း ရွေးကောက်ပွဲမကျင်းပမီ (၂)ရက်ကြိုတင်၍ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူရှေ့မှောက်၌ ရေတွက်၍ ရလဒ်များကို ပွင့်လင်းမြင်သာစွာ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ကြိုတင်မဲများကြောင့် မဲမသမာမှုဖြစ်ခြင်းကို ကာကွယ်တားဆီး နိုင်မည်ဖြစ်သည်။လွတ်လပ်ပြီး တရားမျှတသော မဲဆွယ်စည်းရုံးခြင်းနိုင်ငံရေးပါတီများ လွတ်လပ်ပြီးတရားမျှတစွာ ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးဆောင်ရွက်နိုင်ရန် အတွက် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သော လွှတ်တော် နည်းဥပဒေများတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း အခန်း (၁၀) ကို ထည့်သွင်းပြဋ္ဌာန်းထားကြောင်း တွေ့ရှိရသည်။ ယခင်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အတွေ့အကြုံများအရ နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံး ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မျှမျှတတ မဲဆွယ်ဆောင်ရွက်ကြရန် ဖြစ်သော်လည်း မီဒီယာအားကိုအသုံးပြု၍ အမုန်းစကားများဖြင့် ပါတီအချင်းချင်း တိုက်ခိုက်မဲဆွယ်ခြင်း၊ အချို့နိုင်ငံရေးပါတီကြီးများသည် မိမိပါတီအနိုင်ရရေးအတွက် နည်းလမ်းမမှန်သော စည်းရုံးရေးနည်းများဖြင့် မဲဆွယ်ခြင်း၊ မဲဆွယ်စည်းရုံးရာတွင် လိုက်ပါ ဆောင်ရွက်သူများကို ဝန်းရံသူများအဖြစ် အခကြေးငွေပေး၍ စည်းရုံးလှုံ့ဆော်မှုများ ရှိခဲ့သည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်း ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပေးထုတ်ပြန်ကြေညာခြင်းကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် လည်းကောင်း၊ နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည်များကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာထားကြောင်း သိရှိရ သည်။ရွေးကောက်ပွဲနည်းဥပဒေ ၅၀ တွင်လည်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ပြဋ္ဌာန်းထားသော ဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ၊ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များကိုဖြစ်စေ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန် ပါက သက်ဆိုင်ရာ ဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း တစ်ပြေးညီ ပြဋ္ဌာန်းထားရှိသည်ကို လည်း တွေ့ရှိရပါသည်။သို့ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ သာတူညီမျှ မျှမျှတတ မဲဆွယ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည်ကိုလည်း တွေ့ရှိရပါ သည်။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် သတင်းမီဒီယာများအား လေ့လာခွင့်ပြုမည်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဖိတ်ကြား၍ လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပြီးဖြစ်သည်။ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကျင့်ဝတ်များကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။မြန်မာနိုင်ငံသတင်းမီဒီယာများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန်ကိုလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်၍ တရားမျှတ မှုရှိကြောင်းကို နိုင်ငံတကာနှင့် ပြည်တွင်းလေ့လာ စောင့်ကြည့်ရေးအဖွဲ့များမှ လေ့လာစောင့်ကြည့်နိုင် ကြမည်ဖြစ်သည်။ရွေးကောက်ပွဲလုံခြုံရေးနှင့် အကြမ်းဖက်မှု၊ ခြယ်လှယ်မှုများ မဖြစ်စေရေးကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဝန်ထမ်းများ၊ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်နေသူများ လုံခြုံရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရေး ဥပဒေကိုပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက အပြည့်အဝ ဆောင်ရွက်ပေးလျက်ရှိကြောင်းကို လည်း တွေ့ရှိရသည်။နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၅၇ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။ တိုင်းရင်းသားပါတီများ ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်များကို အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံ ရေးပါတီများအနေဖြင့် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများအရ ကိုယ်စားလှယ်နေရာများ ရရှိနိုင် ကြမည်ဖြစ်ပါသည်။ လွှတ်တော်အတွင်း တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များ ပါဝင်လာခြင်း ဖြင့် ဒေသဆိုင်ရာကိုယ်စားပြုမှု တိုးမြှင့်ရရှိလာမည်ဖြစ်ပြီး တိုင်းရင်းသားများဆန္ဒကို ပိုမိုညှိနှိုင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ (MMP) စနစ်သည် တရားမျှတမှုမြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ပွင့်လင်းမြင်သာစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲမသမာမှုဖြစ်စဉ်များ မဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက်များက သက်သေခံလျက်ရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှု မရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသော၊ ဂုဏ်သိက္ခာရှိသော အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးအတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။MOI

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုသည်မှာ ရွေးကောက်ပွဲများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းနှင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိစေရေး၊ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး၊ ပွင့်လင်းမြင်သာစွာမဲပေးရေး၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်နိုင်ရေး၊ လွတ်လပ်၍ တရားမျှတသော မဲဆွယ်စည်းရုံးရေးနှင့် သာတူညီမျှ အခွင့်အရေးများ ဆောင်ရွက်ခွင့်ရရှိရေး၊ လုံခြုံရေး၊ အကြမ်းဖက်မှုနှင့် ခြယ်လှယ်မှုများ မရှိစေရေး၊ အငြင်းပွားမှုကို ဖြေရှင်းရေး၊ ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့က သမာသမတ်ကျအောင် ဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

နိုင်ငံသားတိုင်းဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိစေရေးနှင့် မဲစာရင်းမှန်ကန်ရေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းများကို လေ့လာကြည့်သောအခါ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈ (က) တွင် “နိုင်ငံသားတိုင်း သည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။” နှင့် ပုဒ်မ ၃၉၁ (က) တွင် “ရွေးကောက်ပွဲ စတင်ကျင်းပ သည့် နေ့ရက်၌ အသက် (၁၈) နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်” ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များကို အခြေခံ၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆ ပါ အရည်အချင်းများနှင့် ပြည့်စုံသူများကို အမျိုးသား အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် ပြုစုထားသည်။ မဲစာရင်းများပြုစုရာတွင် ပုဒ်မ ၁၃ (က) အရ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတို့သည် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများပြုစုရာတွင် ကော်မရှင်က သတ်မှတ်သည့် လူဦးရေစာရင်းပုံစံဇယားများအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ပြုစုထားသည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့က ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ လူဦးရေစာရင်းများကို ရယူအခြေခံပြီး ပြုစုရမည့်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ထားသည်ကို တွေ့ရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ လွှတ်တော်နည်းဥပဒေ ၈ (က) ပါ အသေးစိတ်ပြဋ္ဌာန်းချက်များဖြစ်သည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာမြို့နယ်ရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ရမည့် ပြဋ္ဌာန်းချက်များအတိုင်း စိစစ် ဆောင်ရွက်နိုင်ရန် ကပ်ထားကြေညာခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းတို့ကိုလည်း ကြေညာခဲ့ပြီးဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ ဆန္ဒမဲပေးခွင့် နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် ယာယီနေရပ် စွန့်ခွာနေရသူများ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးနိုင်ရန် ပုံစံ(၁၅)များကို မိမိတို့ရောက်ရှိရာ ဒေသမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ မဲစာရင်းများကို ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အသီးသီးရှိ မဲရုံများတွင် ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်ကိုပါ တစ်ပါတည်းထုတ်ပြန်ကြေညာထားရှိသည် -

(က)    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ၃၀ - ၉ - ၂၀၂၅ ရက်နေ့မှ ၁၃-၁၀ - ၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည် ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေး ဆောင်ရွက်ထားမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံ မှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်ပါသည်။

(ခ)     မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင် နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်း နေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုပါသည်။ လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။ ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

(ဂ)     သို့ဖြစ်ပါ၍ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဖော်ပြထားပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတို့သည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မဲစာရင်းပြုစုရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက ရေးသွင်းဆောင်ရွက်ရမည့် Admin/ Data Entry Officer Software နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီမံခန့်ခွဲမည့် Central Voter List Management System (CVLMS) Software များဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများအလိုက် စိစစ်ရေးသွင်းထားရှိသဖြင့် မဲစာရင်းများမှာ ယခင်ကဲ့သို့ (၂) ကြိမ်၊ (၃) ကြိမ် အထပ်များနှင့် မှတ်ပုံတင်မပါရှိသူ၊ အချက်အလက်မပြည့်စုံသူများ ပါဝင်တော့မည် မဟုတ်တော့သဖြင့် ကျစ်လျစ်မှန်ကန်သော မဲစာရင်း များ ရရှိနိုင်မည်ဖြစ်ပါသည်။

မြေပြင်တွင် ရွှေ့ပြောင်းသွားလာသူများ ရှိနေသေးသဖြင့် မဲစာရင်းပြုစုသည့်အချိန်တွင် ဆောင်ရွက် ရမည့် ပုံစံ (၆၆/၆) တွင် ပါဝင်နိုင်ခြင်း မရှိသေးသူများ အတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သေဆုံး၊ ပျောက်ဆုံးသူများအတွက် မြေပြင်တွင် စာရင်းကောက်ယူဆောင်ရွက်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများ မှန်ကန်ရေးအတွက်လည်း စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြောင်းကြောင်းကြောင့် ကျန်ရစ်သူများမရှိစေရေးအတွက် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးနောက် သက်ဆိုင်ရာမဲဆန္ဒရှင်များက ကြည့်ရှုစစ်ဆေး၍ ထုတ်ပြန်ကြေညာထားသည့် ဆောင်ရွက်ရမည့် နည်းလမ်းများအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက် ပေးနိုင်ရန် မဲဆန္ဒရှင်တစ်ဦးချင်းတိုင်းက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းထား ပါသည်။

Myanmar Electronic Voting Machine (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း

ဆန္ဒမဲပေးရာတွင် တိုင်းရင်းသားမဲဆန္ဒနယ်များအပါအဝင် လွှတ်တော်အားလုံး တစ်နိုင်ငံလုံး၌ Myanmar Electronic Voting Machine (MEVM) မဲပေးစက်ဖြင့် မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထား ရှိသည်ကို တွေ့ရှိရသည်။ မဲပေးစက်ကို အသုံးပြု၍ မဲပေးဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အခက်အခဲမရှိ လွယ်ကူလျင်မြန်ခြင်း၊ မဲရလဒ်များ တိတိကျကျရရှိခြင်းနှင့် ပယ်မဲလုံးဝမရှိခြင်းတို့ကြောင့် မဲလက်မှတ်များ ရေတွက်ရာတွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုမရှိတော့ခြင်း၊ မဲပေး ရာတွင် မဲရုံဝန်ထမ်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ မဲရုံကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ မဲပေးဆောင်ရွက်နိုင်ခြင်း အကျိုးကျေးဇူးများရရှိမည့် အပြင် မဲပေးစက်၏ တိကျမှန်ကန်မှုနှင့် နည်းပညာအရ အာမခံမှုများရရှိနိုင်ရန် မဲဆန္ဒရှင်ပြည်သူများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်များ၏ ရပ်ကွက်၊ ကျေးရွာများသို့ လိုက်လံပြသစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူ ၃ ဒသမ၅ သန်းကို စမ်းသပ်မဲပေးဆောင်ရွက်ခဲ့သည်။

 Myanmar Electronic Voting Machine (MEVM) မဲပေးစက်သည် မြန်မာအင်ဂျင်နီယာ ပညာရှင်များ က အစိုးရဝန်ကြီးဌာန၏ စက်ရုံများ၌ ထုတ်လုပ်ထားသဖြင့် နည်းပညာဆိုင်ရာ လုံခြုံ စိတ်ချရမှု အပြည့်အဝရှိပြီး မည်သည့် Internet ၊ Cellular ၊ Wifi ၊ Bluetooth စသည့် ဆက်သွယ်ရေး ကွန်ရက်များကိုမျှ ချိတ်ဆက်နိုင်ခြင်းမရှိသည့်အပြင် Wire ကြိုးများနှင့် ဆက်သွယ်ထားခြင်း မရှိသဖြင့် မဲရလဒ်များအပေါ် ပြင်ပမှ နှောင့်ယှက်ဖျက်ဆီးခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်နိုင်ဘဲ ဓာတ်ပုံကင်မရာ၊ Scanner များ ပါရှိခြင်းမရှိသဖြင့် မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲပေးခြင်းကို အာမခံချက်အပြည့်ရှိကြောင်း မဲပေးစက်များအား လိုက်လံရှင်းလင်းပြသမှုများအရ သိရသည်။

မဲပေးစက်များကို ရွေးကောက်ပွဲတွင် အသုံးပြု ရာ၌ Myanmar Electronic Voting Machine (MEVM) မဲပေးစက်၏ စံချိန်စံညွှန်းကို မြန်မာနိုင်ငံ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ၂၀၁၄ ခုနှစ်နှင့် အညီ အမျိုးသားအဆင့် ထောက်ခံအသိအမှတ်ပြုလွှာ ရရှိရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၀၇၅/၂၀၂၅ နှင့် မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံနှုန်း များကို မြန်မာနိုင်ငံ စံချိန်းစံညွှန်းအဖြစ် အတည်ပြုသတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်တွင်း ပြည်ပ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်များအား သိရှိဆောင်ရွက်နိုင်ရန် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အသေးစိတ်ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။ ကြိုတင်မဲများရေတွက်ခြင်းနှင့် စပ်လျဉ်း၍လည်း ရွေးကောက်ပွဲနည်းဥပဒေ အခန်း(၁၄)၊ ဆန္ဒမဲ ရေတွက်ခြင်း၊ ရွေးကောက်ပွဲရလဒ်ကြေညာခြင်း အခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း ရွေးကောက်ပွဲမကျင်းပမီ (၂)ရက်ကြိုတင်၍ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူရှေ့မှောက်၌ ရေတွက်၍ ရလဒ်များကို ပွင့်လင်းမြင်သာစွာ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ကြိုတင်မဲများကြောင့် မဲမသမာမှုဖြစ်ခြင်းကို ကာကွယ်တားဆီး နိုင်မည်ဖြစ်သည်။

လွတ်လပ်ပြီး တရားမျှတသော မဲဆွယ်စည်းရုံးခြင်း

နိုင်ငံရေးပါတီများ လွတ်လပ်ပြီးတရားမျှတစွာ ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးဆောင်ရွက်နိုင်ရန် အတွက် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သော လွှတ်တော် နည်းဥပဒေများတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း အခန်း (၁၀) ကို ထည့်သွင်းပြဋ္ဌာန်းထားကြောင်း တွေ့ရှိရသည်။ ယခင်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အတွေ့အကြုံများအရ နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံး ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မျှမျှတတ မဲဆွယ်ဆောင်ရွက်ကြရန် ဖြစ်သော်လည်း မီဒီယာအားကိုအသုံးပြု၍ အမုန်းစကားများဖြင့် ပါတီအချင်းချင်း တိုက်ခိုက်မဲဆွယ်ခြင်း၊ အချို့နိုင်ငံရေးပါတီကြီးများသည် မိမိပါတီအနိုင်ရရေးအတွက် နည်းလမ်းမမှန်သော စည်းရုံးရေးနည်းများဖြင့် မဲဆွယ်ခြင်း၊ မဲဆွယ်စည်းရုံးရာတွင် လိုက်ပါ ဆောင်ရွက်သူများကို ဝန်းရံသူများအဖြစ် အခကြေးငွေပေး၍ စည်းရုံးလှုံ့ဆော်မှုများ ရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်း ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပေးထုတ်ပြန်ကြေညာခြင်းကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် လည်းကောင်း၊ နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည်များကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာထားကြောင်း သိရှိရ သည်။

ရွေးကောက်ပွဲနည်းဥပဒေ ၅၀ တွင်လည်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ပြဋ္ဌာန်းထားသော ဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ၊ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များကိုဖြစ်စေ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန် ပါက သက်ဆိုင်ရာ ဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း တစ်ပြေးညီ ပြဋ္ဌာန်းထားရှိသည်ကို လည်း တွေ့ရှိရပါသည်။

သို့ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ သာတူညီမျှ မျှမျှတတ မဲဆွယ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည်ကိုလည်း တွေ့ရှိရပါ သည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် သတင်းမီဒီယာများအား လေ့လာခွင့်ပြုမည်

ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဖိတ်ကြား၍ လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပြီးဖြစ်သည်။ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကျင့်ဝတ်များကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန်ကိုလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်၍ တရားမျှတ မှုရှိကြောင်းကို နိုင်ငံတကာနှင့် ပြည်တွင်းလေ့လာ စောင့်ကြည့်ရေးအဖွဲ့များမှ လေ့လာစောင့်ကြည့်နိုင် ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲလုံခြုံရေးနှင့် အကြမ်းဖက်မှု၊ ခြယ်လှယ်မှုများ မဖြစ်စေရေး

ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဝန်ထမ်းများ၊ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်နေသူများ လုံခြုံရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရေး ဥပဒေကိုပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက အပြည့်အဝ ဆောင်ရွက်ပေးလျက်ရှိကြောင်းကို လည်း တွေ့ရှိရသည်။

နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၅၇ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။ တိုင်းရင်းသားပါတီများ ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်များကို အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံ ရေးပါတီများအနေဖြင့် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများအရ ကိုယ်စားလှယ်နေရာများ ရရှိနိုင် ကြမည်ဖြစ်ပါသည်။ လွှတ်တော်အတွင်း တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များ ပါဝင်လာခြင်း ဖြင့် ဒေသဆိုင်ရာကိုယ်စားပြုမှု တိုးမြှင့်ရရှိလာမည်ဖြစ်ပြီး တိုင်းရင်းသားများဆန္ဒကို ပိုမိုညှိနှိုင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ (MMP) စနစ်သည် တရားမျှတမှုမြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ပွင့်လင်းမြင်သာစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲမသမာမှုဖြစ်စဉ်များ မဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက်များက သက်သေခံလျက်ရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှု မရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသော၊ ဂုဏ်သိက္ခာရှိသော အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးအတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။

ရွေးနိုင်မှ တော်ကာကျမည်
-
ကျွန်မတို့အိမ်ရှင်မတွေအဖို့ နံနက်မိုးသောက် အလင်းရောက်ရင် ဈေးခြင်းတောင်းဆွဲပြီး ဈေးဝယ်ထွက်ရတဲ့ကိစ္စက နိစ္စဓူဝအလုပ်တစ်ခုလို့ဆိုရမယ်။ ပြီးတော့ ဈေးဆိုတာကလည်း စောစောအဝယ်ထွက်မှ။ ဈေးပေါင်ကျိုးချိန်ရောက်မှ ဈေးရောက်ရင်တော့ သူများမကြိုက်လို့ ချန်ရစ်ထားခဲ့တဲ့ ရွေးကျန်တွေပဲရမယ်။ကျွန်မကတော့ ဈေးရောက်ရင် ပထမဦးဆုံးဦးတည်ရာက ဘုရားပန်းကပ်ဖို့ပန်းဆိုင်ကိုပဲ။ မြတ်ဘုရားကို မွန်မွန်မြတ်မြတ် ဘုရားပန်းကပ်လှူဖို့အတွက်ကောင်းပေ့၊ လှပေ့ပန်းမန်တွေ ဦးဦး ဖျားဖျားရဖို့ ဈေးသည်ဈေးဗန်းစခင်းတဲ့အချိန်မျိုးကိုမှန်းပြီး ရောက်အောင်သွားတယ်။ ဒါတောင် ကိုယ့်လိုလူစားက အများသားလို့ဆိုရလောက်အောင် ပန်းဆိုင်ရောက်ရင် အိမ်ရှင်မ သုံး၊ လေး၊ ငါးဦးကတော့ ကြိုရောက်နေတာပါပဲ။ ပန်းစည်းတွေထဲက ပန်းအချို့က မူလက ကိုယ်နှစ်သက်သလိုလို လှနေ သယောင်ယောင်နဲ့ ကိုယ့်လက်ထဲလည်းရောက်ရော သူများလက်ထဲကရွေးထားတဲ့ပန်းစည်းကပဲ ပိုလှ နေသလိုလို ဖြစ်ပြန်ရော။ လူ့စိတ်များ ခက်သားလားနော်။ နောက်ဆုံးပန်းဆိုင်က ပန်းဝယ်ပြီးပြန်ထွက်လာတဲ့အထိ စိတ်ထဲမှာမတင်မကျ၊ ဒွိဟ။ အိမ်ရောက်လို့ ဘုရားကိုပန်းဆက်ကပ်လှူဒါန်းမှပဲ ဘုရားပန်းအိုးထဲ ပန်းလေးတွေကြည့်ပြီး ငါရွေးလာတဲ့ပန်းလေးတွေလှသားပဲလို့ စိတ်ထဲဘဝင်ကျတော့တယ်။နေ့စဉ်ဟင်းလျာ ချက်ပြုတ်စားသောက်ဖို့ သားငါးတန်းရောက်ရင်လည်း အခြားအိမ်ရှင်မတွေ နဲ့အပြိုင် တိုးဝှေ့ရွေးရတာပါပဲ။ မရွေးလို့လည်း မရ ဘူး။ ကိုယ်လက်နှေးရင် သူတို့ရွေးကျန်၊ ရွေးကျတွေပဲ ကျန်ခဲ့တာ။ နောက်ပြီး ဈေးသည်ကိုလည်း ယုံမှတ် လို့ ပုံအပ်လို့လည်းမဖြစ်ပြန်။ တစ်နေ့က အခါကြီးရက်ကြီး ဘုန်းကြီးဆွမ်းချိုင့် ဆက်ကပ်လှူဒါန်းဖို့ အတွက် ပုစွန်တုပ်လေး နှစ်ဆယ်သားဝယ်တာ လက်က ဘုရားပန်းကအစ ဝယ်ခြမ်းထားတာတွေနဲ့ လက်မအားလို့၊ တိုးဝှေ့မဝယ်အားလို့ ဈေးသည်ကိုပဲရွေးထည့်ခိုင်းလိုက်တော့ ပုစွန်တုပ်က ပုစွန်ဆိတ်၊ ပုစွန်ကျော့သာသာတွေပဲ ထည့်ပေးလိုက်တယ်။ ကိုယ့်မိသားစုစားဖို့ပဲဆိုရင်တော့ မထောင်း သာလှပါဘူး။ သို့ပေမယ့် ရဟန်းသံဃာတော်တွေအတွက်ဆိုတော့ နည်းရင်လည်းနည်းပါစေ၊ အကောင်ကြီးကြီးလေးကပ်လှူချင်ခဲ့တာ။ဆိုတော့ကာ အိမ်ရှင်မလက်သစ်တွေအတွက် ဈေးဝယ်ထွက်နည်းနိဿရည်းကို အကျဉ်းချုံးတင်ပြရရင်တော့ ဈေးသွားရင်စောစောသွားပါ။ အခြားအိမ်ရှင်မတွေနဲ့အပြိုင် စိတ်ကြိုက်ရွေးပါ။“ဒါကောင်းတယ်၊ ဒါလေးယူပါလား”လို့ ဈေးသည်ပြောတိုင်း မျက်စိမှိတ်မယူနဲ့။ ကိုယ့်အတွေ့အကြုံအရကိုယ် အသုံးတည့်မယ့်၊ ကြာရှည်သုံးစွဲလို့ရမယ့် ကုန် ပစ္စည်းမျိုး၊ သန့်ရှင်းလတ်ဆတ်တဲ့ သားငါးမျိုး သေချာရွေးချယ်ဝယ်ယူကြ။ ကိုယ်ရဲ့ နမော်နမဲ့ ရွေးချယ်ဝယ်ယူမှုကြောင့် အိမ်ရောက်မှတာရှည်လည်းမခံ၊ အသုံးလည်းမတည့်တာမျိုး ကြုံတွေ့လာရင်တော့ ကိုယ့်ထိုက်ကိုယ့်ကံ၊ ကိုယ်နဲ့ထိုက်တာကိုယ်ရတာလို့ပဲ ဆိုရမှာပေါ့။ရွေးကောက်ပွဲအကြောင်း အတွေးရောက်သွားဒီနေ့တော့ ဈေးကအပြန် လမ်းလျှောက်ရင်း စိတ်က လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအကြောင်း အတွေးရောက်သွားတယ်။ တကယ်တော့ ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးပြီးရွေးချယ်တဲ့ ရွေးကောက်ပွဲဆိုတာကလည်း ကျွန်မတို့ အိမ်ရှင်မတွေ ဈေးထဲမှာကောင်းနိုးရာရာ ရွေးချယ်ဝယ်ယူရတဲ့အလုပ်နဲ့ အတူတူပါပဲလား။ ကိုယ့်မဲဆန္ဒနယ်နဲ့ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအကျိုးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ကြမယ့် ကိုယ်စားလှယ်လောင်းလျာတွေကို ဈေးထဲက ဟင်းရွက်၊ ကန်စွန်းရွက်ရွေးချယ်ဝယ်ယူတာမျိုးနဲ့ မနှိုင်းအပ်ပေမယ့် သဘောသဘာဝအရကတော့ သိပ်မကွာခြားလှဘူးလို့ ကျွန်မထင်မြင်ယူဆမိတယ်။ကျွန်မတို့အိမ်ရှင်မတွေက ကိုယ်နဲ့အသုံးတည့်မယ့်ကုန်ပစ္စည်း၊ ကိုယ်ပေးရတာနဲ့ထိုက်တန်တဲ့ ကုန်ပစ္စည်းအရည်အသွေး၊ ပစ္စည်းမှန် ဈေးနှုန်းမှန်တဲ့ကုန်ပစ္စည်း၊ အပြစ်အနာအဆာကင်းတဲ့ကုန်ပစ္စည်းစတဲ့ ကောင်းမွန်သင့်တော်တဲ့ကုန်ပစ္စည်းတွေကို ကုန်ပစ္စည်းများစွာထဲက ရွေးချယ်ဝယ်ယူသုံးစွဲကြရ သလို မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း ကိုယ့် မဲဆန္ဒနယ်၊ ကိုယ့်မြို့ကိုယ့်ရွာကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့အကျိုးစီးပွားကို တော်တည့်မှန်ကန်ဖြောင့်မတ်စွာအကျိုးဆောင်မယ့်၊ ထမ်းရွက်မယ့်၊ ကြိုးပမ်းအကောင်အထည်ဖော်မယ့် ကိုယ်စားလှယ်ကို ရွေးချယ်တင်မြှောက်ကြရတာပါပဲ။တစ်ခုတော့ရှိတာပေါ့။ ကိုယ့်မဲဆန္ဒနယ်၊ ကိုယ့်မြို့ကိုယ့်ရွာကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအရေးအရာကိစ္စတွေကို ဆောင်ရွက်မယ့်လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေကို ရွေးချယ်ဆန္ဒမဲပေးရတာကတော့ တာဝန်ပိုကြီးတာပေါ့။ ဈေးဝယ်သလိုမကြိုက်လို့ ရော့အင့်ဆိုပြီး စွန့်ပစ်လို့မှမရတာ။ လွှတ်တော်သက်တမ်း၊ ရွေးကောက်ပွဲကာလတစ်ခုအထိ အကျုံးဝင်နေတာကိုး။ ဒါကြောင့်မို့ အိမ်ရှင်မတွေ ဈေးဝယ်ထွက်တာထက်ပိုပြီး ဇီဇာကြောင်မှ၊ ချီတုံချတုံ စဉ်းစားနိုင်မှ၊ စိစစ်နိုင်မှ၊ ရွေးနိုင်မှတော်ကာ ကျမှာဖြစ်ပါတယ်။ကနဦးအားဖြင့် ကိုယ်ရွေးချယ်မယ့် လွှတ်တော်ကိုယ်စားလှယ်က ကိုယ့်မဲဆန္ဒနယ်က မဲဆန္ဒရှင်ပြည်သူလူထုရဲ့ နစ်နာမှုတွေ၊ အကျိုးစီးပွားတွေကို သက်ဆိုင်ရာလွှတ်တော်မှာ အမှန်တကယ်တင်ပြ ဆွေးနွေးနိုင်မယ့် လူစားလားဆိုတာ စိစစ်ဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတွေမှာဆိုရင် လွှတ်တော်သက်တမ်း တစ်ခုသာပြီးရော ကိုယ့် မဲဆန္ဒနယ်အတွက် မေးခွန်းတစ်ခု၊ အဆိုတစ်ခုတောင် မမေးမြန်း၊ မတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်အချို့တောင်ရှိခဲ့တယ်လေ။ဒါ့အပြင် မိမိတို့ရွေးချယ်တင်မြှောက်မယ့် ကိုယ်စားလှယ်တွေဟာ ပဋိပက္ခဝါဒီလား၊ ကိုယ်ကျိုးရှာအတ္တဝါဒီလား၊ အမြင်ကျဉ်းမြောင်းသူလား၊ နိုင်ငံခြားဩဇာခံလား၊ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေ သူလား၊ ပညာရေးအားနည်းသူလား၊ ဆင်ခြင်တုံတရား နည်းပါးသူလား၊ တွေးခေါ်မြော်မြင်မှု နည်းပါးသူလားစသဖြင့် အဘက်ဘက်က စိစစ်နိုင်ကာမှ တော်ကာကျပါလိမ့်မယ်။လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ဖို့ဖြစ်ဒီမိုကရေစီစနစ်မှာ အထွေထွေရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ရွေးကောက်ပွဲကျင်းပခြင်းဟာ လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ဖို့ ဖြစ်ပြီး လွှတ်တော်ကတစ်ဆင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ သမ္မတကတာဝန်ပေးအပ်တဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေကို တာဝန်ပေးအပ်နိုင်ဖို့ဖြစ်တဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေရဲ့ ရွေးချယ်မှုဟာ တစ်နည်းအားဖြင့် နိုင်ငံတော်ရဲ့ကံကြမ္မာလို့လည်းဆိုရမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံ့အနာဂတ်ကံကြမ္မာကို မိမိတို့ လတ်တလော ဉာဏ်ပညာနဲ့ ဦးဆောင်ပြီး ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိဆိုတဲ့ အဂတိတရားကင်းကင်းနဲ့ နိုင်ငံရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန် တကယ် ဖော်ဆောင်ပေးနိုင်သူ၊ ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး (၃)ပါးကို အမှန်တကယ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်သူ၊ နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မယ့်သူတွေကို ရွေးချယ်ဆန္ဒမဲပေး ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။အမည်စာရင်း တင်သွင်းခဲ့ကြပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ သတင်းထုတ်ပြန်ချက် အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေး ပါတီ ၅၇ ပါတီနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း ၄၉၆၃ ဦးက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးမှာ အမည်စာရင်း တင်သွင်းခဲ့ကြတယ်လို့ဆိုတယ်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၁၀၁၈ ဦး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီက ၆၉၄ ဦး၊ ပြည်သူ့ ရှေ့ဆောင်ပါတီက ၆၇၂ ဦး၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄၂၈ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီက ၅၈၄ ဦး၊ ပြည်သူ့ပါတီက ၅၁၂ ဦး စတဲ့နိုင်ငံ ရေးပါတီ ခြောက်ပါတီက ပြည်ထောင်စုတစ်ဝန်းလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အမည်စာရင်းတင်သွင်းထားပြီး တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ နိုင်ငံရေးပါတီ ၅၁ ပါတီက ကိုယ်စား လှယ်လောင်း ၉၆၀ နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း စုစုပေါင်း ၉၅ ဦးတို့က အမည်စာရင်း တင်သွင်းထားကြောင်း သိရပါတယ်။နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကလည်း လာမယ့်ရွေးကောက်ပွဲကို “တရားမျှတတဲ့ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ဖို့ရည်မှန်းထားတယ်”လို့ ဆိုပါတယ်။ဒါကြောင့် ကျွန်မတို့မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း လာမယ့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေကို မပျက်မကွက် ဆန္ဒမဲပေးရွေးကောက်တင်မြှောက်ခြင်းဖြင့် နိုင်ငံသားတစ်ဦးရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။မိမိရဲ့ဒီမိုကရေစီအခွင့်အရေး၊ ဒီမိုကရေစီရပိုင်ခွင့်ဖြစ်တဲ့ အသည်းကြားကမဲတစ်ပြား မဆုံးရှုံးစေဖို့အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မိမိအမည်မဲစာရင်းပါ/မပါ၊ ပြည့်စုံမှန်ကန်မှုရှိ/မရှိ ကနဦးသွားရောက် ကြည့်ရှုစစ်ဆေးကြဖို့လိုပါတယ်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း များကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေမှာ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာပေးထားပါတယ်။ နိုဝင်ဘာလထဲမှာ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ကပ်ထားကြေညာပေးမယ်လို့လည်း ဆိုပါတယ်။မဲစာရင်းကြည့်ပြီးရင် ကျွန်မတို့ ရွေးချယ်ကြတာပေါ့။ ဈေးဝယ်တာပဲဖြစ်ဖြစ်၊ မဲဆန္ဒပေးရွေးချယ်တာပဲဖြစ်ဖြစ် ကောင်းတာကိုလိုချင်တဲ့ သဘောသဘာဝချင်းကတော့ အတူတူပါပဲ။ ဈေးဝယ်ရင်းရွေးချယ်တာက ကျွန်မတို့မိသားစု တစ်နပ်စာအတွက်၊ မဲဆန္ဒပေးပြီး ရွေးချယ်တာက နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ဂုဏ်သိက္ခာအတွက်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက်၊ ငြိမ်းချမ်းသာယာဝပြောတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းကို ဖော်ဆောင်နိုင်ဖို့အတွက်၊ ကျွန်မတို့သားစဉ်မြေးဆက် မျိုးဆက်သစ်များအတွက်။ဘာပဲဖြစ်ဖြစ် ကျွန်မတို့အဖို့ ရွေးနိုင်မှ တော်ကာကျမယ်လေ။ ။MOI

ကျွန်မတို့အိမ်ရှင်မတွေအဖို့ နံနက်မိုးသောက် အလင်းရောက်ရင် ဈေးခြင်းတောင်းဆွဲပြီး ဈေးဝယ်ထွက်ရတဲ့ကိစ္စက နိစ္စဓူဝအလုပ်တစ်ခုလို့ဆိုရမယ်။ ပြီးတော့ ဈေးဆိုတာကလည်း စောစောအဝယ်ထွက်မှ။ ဈေးပေါင်ကျိုးချိန်ရောက်မှ ဈေးရောက်ရင်တော့ သူများမကြိုက်လို့ ချန်ရစ်ထားခဲ့တဲ့ ရွေးကျန်တွေပဲရမယ်။

ကျွန်မကတော့ ဈေးရောက်ရင် ပထမဦးဆုံးဦးတည်ရာက ဘုရားပန်းကပ်ဖို့ပန်းဆိုင်ကိုပဲ။ မြတ်ဘုရားကို မွန်မွန်မြတ်မြတ် ဘုရားပန်းကပ်လှူဖို့အတွက်ကောင်းပေ့၊ လှပေ့ပန်းမန်တွေ ဦးဦး ဖျားဖျားရဖို့ ဈေးသည်ဈေးဗန်းစခင်းတဲ့အချိန်မျိုးကိုမှန်းပြီး ရောက်အောင်သွားတယ်။ ဒါတောင် ကိုယ့်လိုလူစားက အများသားလို့ဆိုရလောက်အောင် ပန်းဆိုင်ရောက်ရင် အိမ်ရှင်မ သုံး၊ လေး၊ ငါးဦးကတော့ ကြိုရောက်နေတာပါပဲ။ ပန်းစည်းတွေထဲက ပန်းအချို့က မူလက ကိုယ်နှစ်သက်သလိုလို လှနေ သယောင်ယောင်နဲ့ ကိုယ့်လက်ထဲလည်းရောက်ရော သူများလက်ထဲကရွေးထားတဲ့ပန်းစည်းကပဲ ပိုလှ နေသလိုလို ဖြစ်ပြန်ရော။ လူ့စိတ်များ ခက်သားလားနော်။ နောက်ဆုံးပန်းဆိုင်က ပန်းဝယ်ပြီးပြန်ထွက်လာတဲ့အထိ စိတ်ထဲမှာမတင်မကျ၊ ဒွိဟ။ အိမ်ရောက်လို့ ဘုရားကိုပန်းဆက်ကပ်လှူဒါန်းမှပဲ ဘုရားပန်းအိုးထဲ ပန်းလေးတွေကြည့်ပြီး ငါရွေးလာတဲ့ပန်းလေးတွေလှသားပဲလို့ စိတ်ထဲဘဝင်ကျတော့တယ်။

နေ့စဉ်ဟင်းလျာ ချက်ပြုတ်စားသောက်ဖို့ သားငါးတန်းရောက်ရင်လည်း အခြားအိမ်ရှင်မတွေ နဲ့အပြိုင် တိုးဝှေ့ရွေးရတာပါပဲ။ မရွေးလို့လည်း မရ ဘူး။ ကိုယ်လက်နှေးရင် သူတို့ရွေးကျန်၊ ရွေးကျတွေပဲ ကျန်ခဲ့တာ။ နောက်ပြီး ဈေးသည်ကိုလည်း ယုံမှတ် လို့ ပုံအပ်လို့လည်းမဖြစ်ပြန်။ တစ်နေ့က အခါကြီးရက်ကြီး ဘုန်းကြီးဆွမ်းချိုင့် ဆက်ကပ်လှူဒါန်းဖို့ အတွက် ပုစွန်တုပ်လေး နှစ်ဆယ်သားဝယ်တာ လက်က ဘုရားပန်းကအစ ဝယ်ခြမ်းထားတာတွေနဲ့ လက်မအားလို့၊ တိုးဝှေ့မဝယ်အားလို့ ဈေးသည်ကိုပဲရွေးထည့်ခိုင်းလိုက်တော့ ပုစွန်တုပ်က ပုစွန်ဆိတ်၊ ပုစွန်ကျော့သာသာတွေပဲ ထည့်ပေးလိုက်တယ်။ ကိုယ့်မိသားစုစားဖို့ပဲဆိုရင်တော့ မထောင်း သာလှပါဘူး။ သို့ပေမယ့် ရဟန်းသံဃာတော်တွေအတွက်ဆိုတော့ နည်းရင်လည်းနည်းပါစေ၊ အကောင်ကြီးကြီးလေးကပ်လှူချင်ခဲ့တာ။

ဆိုတော့ကာ အိမ်ရှင်မလက်သစ်တွေအတွက် ဈေးဝယ်ထွက်နည်းနိဿရည်းကို အကျဉ်းချုံးတင်ပြရရင်တော့ ဈေးသွားရင်စောစောသွားပါ။ အခြားအိမ်ရှင်မတွေနဲ့အပြိုင် စိတ်ကြိုက်ရွေးပါ။ဒါကောင်းတယ်၊ ဒါလေးယူပါလားလို့ ဈေးသည်ပြောတိုင်း မျက်စိမှိတ်မယူနဲ့။ ကိုယ့်အတွေ့အကြုံအရကိုယ် အသုံးတည့်မယ့်၊ ကြာရှည်သုံးစွဲလို့ရမယ့် ကုန် ပစ္စည်းမျိုး၊ သန့်ရှင်းလတ်ဆတ်တဲ့ သားငါးမျိုး သေချာရွေးချယ်ဝယ်ယူကြ။ ကိုယ်ရဲ့ နမော်နမဲ့ ရွေးချယ်ဝယ်ယူမှုကြောင့် အိမ်ရောက်မှတာရှည်လည်းမခံ၊ အသုံးလည်းမတည့်တာမျိုး ကြုံတွေ့လာရင်တော့ ကိုယ့်ထိုက်ကိုယ့်ကံ၊ ကိုယ်နဲ့ထိုက်တာကိုယ်ရတာလို့ပဲ ဆိုရမှာပေါ့။

ရွေးကောက်ပွဲအကြောင်း အတွေးရောက်သွား

ဒီနေ့တော့ ဈေးကအပြန် လမ်းလျှောက်ရင်း စိတ်က လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအကြောင်း အတွေးရောက်သွားတယ်။ တကယ်တော့ ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးပြီးရွေးချယ်တဲ့ ရွေးကောက်ပွဲဆိုတာကလည်း ကျွန်မတို့ အိမ်ရှင်မတွေ ဈေးထဲမှာကောင်းနိုးရာရာ ရွေးချယ်ဝယ်ယူရတဲ့အလုပ်နဲ့ အတူတူပါပဲလား။ ကိုယ့်မဲဆန္ဒနယ်နဲ့ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအကျိုးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ကြမယ့် ကိုယ်စားလှယ်လောင်းလျာတွေကို ဈေးထဲက ဟင်းရွက်၊ ကန်စွန်းရွက်ရွေးချယ်ဝယ်ယူတာမျိုးနဲ့ မနှိုင်းအပ်ပေမယ့် သဘောသဘာဝအရကတော့ သိပ်မကွာခြားလှဘူးလို့ ကျွန်မထင်မြင်ယူဆမိတယ်။

ကျွန်မတို့အိမ်ရှင်မတွေက ကိုယ်နဲ့အသုံးတည့်မယ့်ကုန်ပစ္စည်း၊ ကိုယ်ပေးရတာနဲ့ထိုက်တန်တဲ့ ကုန်ပစ္စည်းအရည်အသွေး၊ ပစ္စည်းမှန်ဈေးနှုန်းမှန်တဲ့ကုန်ပစ္စည်း၊ အပြစ်အနာအဆာကင်းတဲ့ကုန်ပစ္စည်းစတဲ့ ကောင်းမွန်သင့်တော်တဲ့ကုန်ပစ္စည်းတွေကို ကုန်ပစ္စည်းများစွာထဲက ရွေးချယ်ဝယ်ယူသုံးစွဲကြရ သလို မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း ကိုယ့် မဲဆန္ဒနယ်၊ ကိုယ့်မြို့ကိုယ့်ရွာကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့အကျိုးစီးပွားကို တော်တည့်မှန်ကန်ဖြောင့်မတ်စွာအကျိုးဆောင်မယ့်၊ ထမ်းရွက်မယ့်၊ ကြိုးပမ်းအကောင်အထည်ဖော်မယ့် ကိုယ်စားလှယ်ကို ရွေးချယ်တင်မြှောက်ကြရတာပါပဲ။

တစ်ခုတော့ရှိတာပေါ့။ ကိုယ့်မဲဆန္ဒနယ်၊ ကိုယ့်မြို့ကိုယ့်ရွာကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအရေးအရာကိစ္စတွေကို ဆောင်ရွက်မယ့်လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေကို ရွေးချယ်ဆန္ဒမဲပေးရတာကတော့ တာဝန်ပိုကြီးတာပေါ့။ ဈေးဝယ်သလိုမကြိုက်လို့ ရော့အင့်ဆိုပြီး စွန့်ပစ်လို့မှမရတာ။ လွှတ်တော်သက်တမ်း၊ ရွေးကောက်ပွဲကာလတစ်ခုအထိ အကျုံးဝင်နေတာကိုး။ ဒါကြောင့်မို့ အိမ်ရှင်မတွေ ဈေးဝယ်ထွက်တာထက်ပိုပြီး ဇီဇာကြောင်မှ၊ ချီတုံချတုံ စဉ်းစားနိုင်မှ၊ စိစစ်နိုင်မှ၊ ရွေးနိုင်မှတော်ကာ ကျမှာဖြစ်ပါတယ်။

ကနဦးအားဖြင့် ကိုယ်ရွေးချယ်မယ့် လွှတ်တော်ကိုယ်စားလှယ်က ကိုယ့်မဲဆန္ဒနယ်က မဲဆန္ဒရှင်ပြည်သူလူထုရဲ့ နစ်နာမှုတွေ၊ အကျိုးစီးပွားတွေကို သက်ဆိုင်ရာလွှတ်တော်မှာ အမှန်တကယ်တင်ပြ ဆွေးနွေးနိုင်မယ့် လူစားလားဆိုတာ စိစစ်ဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတွေမှာဆိုရင် လွှတ်တော်သက်တမ်း တစ်ခုသာပြီးရော ကိုယ့် မဲဆန္ဒနယ်အတွက် မေးခွန်းတစ်ခု၊ အဆိုတစ်ခုတောင် မမေးမြန်း၊ မတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်အချို့တောင်ရှိခဲ့တယ်လေ။

ဒါ့အပြင် မိမိတို့ရွေးချယ်တင်မြှောက်မယ့် ကိုယ်စားလှယ်တွေဟာ ပဋိပက္ခဝါဒီလား၊ ကိုယ်ကျိုးရှာအတ္တဝါဒီလား၊ အမြင်ကျဉ်းမြောင်းသူလား၊ နိုင်ငံခြားဩဇာခံလား၊ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေ သူလား၊ ပညာရေးအားနည်းသူလား၊ ဆင်ခြင်တုံတရား နည်းပါးသူလား၊ တွေးခေါ်မြော်မြင်မှု နည်းပါးသူလားစသဖြင့် အဘက်ဘက်က စိစစ်နိုင်ကာမှ တော်ကာကျပါလိမ့်မယ်။

လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ဖို့ဖြစ်

ဒီမိုကရေစီစနစ်မှာ အထွေထွေရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ရွေးကောက်ပွဲကျင်းပခြင်းဟာ လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ဖို့ ဖြစ်ပြီး လွှတ်တော်ကတစ်ဆင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ သမ္မတကတာဝန်ပေးအပ်တဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေကို တာဝန်ပေးအပ်နိုင်ဖို့ဖြစ်တဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေရဲ့ ရွေးချယ်မှုဟာ တစ်နည်းအားဖြင့် နိုင်ငံတော်ရဲ့ကံကြမ္မာလို့လည်းဆိုရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံ့အနာဂတ်ကံကြမ္မာကို မိမိတို့ လတ်တလော ဉာဏ်ပညာနဲ့ ဦးဆောင်ပြီး ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိဆိုတဲ့ အဂတိတရားကင်းကင်းနဲ့ နိုင်ငံရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန် တကယ် ဖော်ဆောင်ပေးနိုင်သူ၊ ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး (၃)ပါးကို အမှန်တကယ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်သူ၊ နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မယ့်သူတွေကို ရွေးချယ်ဆန္ဒမဲပေး ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။

အမည်စာရင်း တင်သွင်းခဲ့ကြ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ သတင်းထုတ်ပြန်ချက် အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေး ပါတီ ၅၇ ပါတီနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း ၄၉၆၃ ဦးက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးမှာ အမည်စာရင်း တင်သွင်းခဲ့ကြတယ်လို့ဆိုတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၁၀၁၈ ဦး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီက ၆၉၄ ဦး၊ ပြည်သူ့ ရှေ့ဆောင်ပါတီက ၆၇၂ ဦး၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄၂၈ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီက ၅၈၄ ဦး၊ ပြည်သူ့ပါတီက ၅၁၂ ဦး စတဲ့နိုင်ငံ ရေးပါတီ ခြောက်ပါတီက ပြည်ထောင်စုတစ်ဝန်းလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အမည်စာရင်းတင်သွင်းထားပြီး တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ နိုင်ငံရေးပါတီ ၅၁ ပါတီက ကိုယ်စား လှယ်လောင်း ၉၆၀ နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း စုစုပေါင်း ၉၅ ဦးတို့က အမည်စာရင်း တင်သွင်းထားကြောင်း သိရပါတယ်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကလည်း လာမယ့်ရွေးကောက်ပွဲကို “တရားမျှတတဲ့ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ဖို့ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျွန်မတို့မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း လာမယ့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေကို မပျက်မကွက် ဆန္ဒမဲပေးရွေးကောက်တင်မြှောက်ခြင်းဖြင့် နိုင်ငံသားတစ်ဦးရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။

မိမိရဲ့ဒီမိုကရေစီအခွင့်အရေး၊ ဒီမိုကရေစီရပိုင်ခွင့်ဖြစ်တဲ့ အသည်းကြားကမဲတစ်ပြား မဆုံးရှုံးစေဖို့အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မိမိအမည်မဲစာရင်းပါ/မပါ၊ ပြည့်စုံမှန်ကန်မှုရှိ/မရှိ ကနဦးသွားရောက် ကြည့်ရှုစစ်ဆေးကြဖို့လိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း များကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေမှာ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာပေးထားပါတယ်။ နိုဝင်ဘာလထဲမှာ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ကပ်ထားကြေညာပေးမယ်လို့လည်း ဆိုပါတယ်။

မဲစာရင်းကြည့်ပြီးရင် ကျွန်မတို့ ရွေးချယ်ကြတာပေါ့။ ဈေးဝယ်တာပဲဖြစ်ဖြစ်၊ မဲဆန္ဒပေးရွေးချယ်တာပဲဖြစ်ဖြစ် ကောင်းတာကိုလိုချင်တဲ့ သဘောသဘာဝချင်းကတော့ အတူတူပါပဲ။ ဈေးဝယ်ရင်းရွေးချယ်တာက ကျွန်မတို့မိသားစု တစ်နပ်စာအတွက်၊ မဲဆန္ဒပေးပြီး ရွေးချယ်တာက နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ဂုဏ်သိက္ခာအတွက်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက်၊ ငြိမ်းချမ်းသာယာဝပြောတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းကို ဖော်ဆောင်နိုင်ဖို့အတွက်၊ ကျွန်မတို့သားစဉ်မြေးဆက် မျိုးဆက်သစ်များအတွက်။

ဘာပဲဖြစ်ဖြစ် ကျွန်မတို့အဖို့ ရွေးနိုင်မှ တော်ကာကျမယ်လေ။ ။

MOI

ခင်သန်းမြင့်