၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို စတင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီ ဖြစ်သည်။
ဒီမိုကရေစီစနစ်၏ ပထမလှေကားထစ်မှာ ရွေးကောက်ပွဲ၊ ဒုတိယလှေကားထစ်မှာ လွှတ်တော်၊ တတိယလှေကားထစ်မှာ အစိုးရဖြစ်သည်။ ပြည်သူ့ကိုယ်စား သွယ်ဝိုက်အုပ်ချုပ်မှုစနစ်၏ လှေကားထစ်များ ဖြစ်ကြသည်။ တစ်ထစ်ချင်းတက်ရသည်။ အထစ်ကျော်တက်၍ အပေါ်မရောက်ဘဲ ပြုတ်ကျသွားသောဖြစ်ရပ်လည်း ရှိခဲ့ပြီးဖြစ်သည်။ လှေကားထစ်တိုင်း သူ့အထွာနှင့်သူအရေးကြီးသည်။ အောက်ဆုံးအထစ်မှာမူ အခြေခံကျသဖြင့် ပို၍အရေးကြီးသည်ဟု ထင်ပါသည်။
တာဝန်များကို ကောင်းမွန်စွာထမ်းဆောင်
အောက်ဆုံးအထစ်ဖြစ်သော ရွေးကောက်ပွဲတွင် အဓိကဇာတ်ကောင်သုံးခုရှိ၏။ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနှင့် မဲဆန္ဒရှင်တို့ဖြစ်ကြသည်။ ၎င်းတို့တွင် တာဝန်ကိုယ်စီရှိသည်။ တာဝန်များကို ကောင်းမွန်စွာထမ်းဆောင်ကြလျှင် လှပသော ရွေးကောက်ပွဲဖြစ်လာလိမ့်မည်။ ဇာတ်ကောင်တို့ သရုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်အချို့ကို အနည်းငယ်ဖော်ပြချင်ပါသည်။
ရွေးကောက်ပွဲ၏ လုပ်ငန်းအနှစ်ချုပ်မှာ ရွေးကောက်ပွဲရက်ကို အခြေခံသော ရွေးကောက်ပွဲလုပ်ငန်းစဉ် (Electoral Process)ကို အချိန်ဇယားရေးဆွဲကာ အကောင်အထည်ဖော်ပေးရခြင်းဖြစ်သည်။ ရွေးကောက်ပွဲတစ်ခု၏ နိုင်ငံတကာက လက်ခံထားသော စံသတ်မှတ်ချက်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ (Free and Fair Election)ကို ကျင်းပပေးနိုင်ခြင်းဖြစ်သည်။ လွတ်လပ်စွာရပ်တည်ခြင်း (Independence)၊ ဘက်မလိုက်ခြင်း (Impartial)နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းတို့မှာ ရွေးကောက်ပွဲ၏ အရေးကြီးသော အင်္ဂါရပ်များဖြစ်ပေသည်။ ဥပဒေဟုဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ လွှတ်တော်သုံးရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် သက်ဆိုင်ရာနည်းဥပဒေများကို ဆိုလိုသည်။
ပြည့်စုံမှန်ကန်သော မဲစာရင်းပြုစုရေး
ရွေးကောက်ပွဲလုပ်ငန်းစဉ်များအနက် အရေးကြီးသော လုပ်ငန်းတစ်ခုမှာ ပြည့်စုံမှန်ကန်သော မဲစာရင်းပြုစုရေးဖြစ်၏။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတုန်းက မဲစာရင်းများစွာ ဖောင်းပွခဲ့သည်။ ဤသည်ကို သင်ခန်းစာယူ၍ လက်ရှိရွေးကောက်ပွဲကော်မရှင် သည် မဲစာရင်းမှန်ကန်စေရန် အချိန်ယူပြင်ဆင်ထားပေသည်။ အခြားအရေးကြီးသော လုပ်ငန်းနှစ်ခုမှာ လွယ်ကူရှင်းလင်းသော မဲပေးနည်းနှင့်လျှို့ဝှက်မဲပေးစနစ်ကို ဖော်ဆောင်ပေးရန်ဖြစ်သည်။ လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၁ တွင် ပြဋ္ဌာန်းထားသည်။ ၂၀၂၀ ပြည့်နှစ်တုန်းက ဤပုဒ်မကို ဖောက်ဖျက်ရာရောက်သော တရားမဲ့ ပြုကျင့်မှုတွေ ရှိခဲ့သည်။ လာမည့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်မူ မြန်မာအီလက် ထရောနစ်မဲပေးစက်ကို အသုံးပြု၍ ဤအလုပ်နှစ်ခုကို ဖော်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းအရ နိုင်ငံသားများသည် ရွေးကောက်ပွဲအတွေ့အကြုံ အလွန်နည်းပါးလှပေသည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ် ကာလသည် အရေးပေါ်ကာလဖြစ်သောကြောင့် ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုတလေမျှပင် မရှိခဲ့ချေ။ ရွေးကောက်ပွဲနှင့် ဝေးကွာနေသော မဲဆန္ဒရှင်ပြည်သူများကို ပြန်လည်ယဉ်ပါးလာအောင် လူထုဆက်ဆံရေးနည်းလမ်းစုံဖြင့် အသိပညာပေးရန်ကလည်း အရေးပါသော အလုပ်တစ်ခုဖြစ်သည်။
ဆက်လက်၍ ပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းအချို့ကို ဖော်ပြပါမည်။ ပါတီများသည် နိုင်ငံ့အကျိုးက ပထမ၊ ပါတီအကျိုးက ဒုတိယဟု ကြွေးကြော်လေ့ရှိကြပါသည်။ ကိုယ်ရေးပတ်သက်မှု မနွှယ်ဘဲ မဲဆန္ဒနယ်၏ ကောင်းကျိုးကို အမှန်တကယ်သယ်ပိုးမည့် အရည်အချင်းပြည့်ဝသော ကိုယ်စားလှယ်လောင်းများကိုသာ အမည်စာရင်းတင်သွင်းခြင်းဖြင့် ကြွေးကြော်သံကို အကောင်အထည်ဖော်ရာ ရောက်ပါလိမ့်မည်။ ပထမလှေကားထစ်တွင် ပါတီ၏ လူကောင်းများကို တက်လှမ်းစေခြင်းဖြင့် ကျန်လှေကားထစ်များကို ကောင်းကျိုးပြုလိမ့်မည်ဟု ယုံကြည်ပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအတွင်း ဝင်ရောက်ယှဉ်ပြိုင်သည်ဖြစ်စေ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်သည်ဖြစ်စေ ဥပဒေနှင့်အညီ တရားသဖြင့် ယှဉ်ပြိုင်ရန် လိုအပ်သည်။
ပါတီများ မဲဆွယ်စည်းရုံးရာတွင် သင်္ကြန်ရေပက် ခံထွက်သလို၊ အားကစားအောင်ပွဲခံသလို လမ်းသွားလမ်းလာပြည်သူအများကို အနှောင့်အယှက်ဖြစ်စေသည့် မော်တော်ယာဉ်များဖြင့် လှည့်ပတ်သွားလာ အင်အားပြစည်းရုံးခြင်းထက် နှုတ်စွမ်းနှုတ်စဖြင့် စကားစစ်ထိုးရမည့် လွှတ်တော်အမတ်လောင်းများပီပီ ရွေးကောက်ပွဲအတွက် သတ်မှတ်ထားသောနေရာ သို့မဟုတ် ပါတီက စီစဉ်ထားသောနေရာများ၌ ပါတီမူဝါဒ၊ ရှေ့လုပ်ငန်းစဉ်၊ အခြားအချက်အလက်များကို မဲဆန္ဒရှင်တို့ နားဝင်စွဲမှတ်သွားအောင် ဟောပြောစည်းရုံးခြင်းက ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုပိုပြီး ပီပြင်ပါသည်။ ကွယ်ပျောက်သွားပြီ ဖြစ်သော ပါတီတစ်ခု၏ စည်းလွတ်ဝါးလွတ် အင်အားပြအလုပ်ကို ၂၀၂၅ ခုနှစ်တွင် ပြန်လည်ရှင်သန်မှုမပေးလိုသည်မှာ စာရေးသူ၏ ဆန္ဒသဘောထားတစ်ခုသာ ဖြစ်သည်။ ယထာဘူတကျကျ စဉ်းစားကြည့်လျှင် ဟောပြောစည်းရုံးခြင်းနည်းလမ်း သည် ပါတီကြီး၊ လတ်၊ ငယ်မရွေး တန်းတူအခွင့် အရေးရရှိခြင်း၊ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပရိသတ် တိုက်ရိုက်ထိတွေ့မှုရရှိခြင်း၊ ပါတီနှင့် ကိုယ်စားလှယ်လောင်းတို့၏ သဘောထားနှင့် အရည်အသွေးကို အကဲခတ်၊ အကဲဖြတ်နိုင်ခြင်း၊ ရွေးကောက်ပွဲ၏ သဘောသဘာဝနှင့် ကိုက်ညီခြင်း စသည့်ကောင်းကျိုးများကို ပေးနိုင်စွမ်းရှိသည်။
ဦးနှောက်ထဲက မဲတစ်မဲဖြစ်စေလို
နောက်ဆုံးတင်ပြလိုသည်မှာ မဲဆန္ဒရှင်များ၏ တာဝန်ဖြစ်သည်။ မဲဆန္ဒရှင်များသည် သတ်မှတ်အရည်အချင်းကိုက်ညီပါက မဲပေးခွင့်၊ ယှဉ်ပြိုင်ခွင့်ရှိသည်။ ဥပဒေက ပေးထားသော အခွင့်အရေးဖြစ်၏။ ဤအခွင့်အရေးကို လက်မလွှတ်ရန်၊ မဲပေးဖို့ မပျက်ကွက်ရန် တိုက်တွန်းလိုသည်။ မဲပေးခြင်းဖြင့် ပြည်သူ့ကိုယ်စား သွယ်ဝိုက်အုပ်ချုပ်မှုစနစ်အတွက် မိမိစိတ်ကြိုက်ကိုယ်စားလှယ် ရွေးချယ်ပေးရာ ရောက်သည်။ တစ်ဖန်ဆန္ဒမဲပေးရာတွင် အသိအကျွမ်း ဆွေမျိုးသားချင်းထက် မိမိရပ်ရွာဒေသကို အမှန်တကယ်အကျိုးပြုမည့် ကိုယ်စားလှယ်လောင်းကို ရွေးခြင်းဖြင့် မိမိအခွင့်အရေးကို တန်ဖိုးရှိစွာ အသုံးချသင့်ပေသည်။ ဆိုလိုသည်မှာ အသည်းကြားက မဲတစ်ပြားမဖြစ်စေဘဲ ဦးနှောက်ထဲက မဲတစ်မဲ ဖြစ်စေလိုသည်။ ထို့ပြင် အခြေခံမဲစာရင်းကပ်ထား သောအခါ (၁) မဲစာရင်းတွင် မိမိအမည်ပါမပါ၊ (၂) မိမိ၏အချက်အလက်များ မှန်ကန်မှုရှိ မရှိ၊ (၃) မဲစာရင်းတွင် မပါသင့်သူတွေပါနေခြင်း ရှိ မရှိကို မပျက်မကွက်သွားရောက်၍ လိုအပ်ပါက သက်ဆိုင်ရာပုံစံများ တင်သွင်းခြင်းဖြင့် ရွေးကောက်ပွဲကော်မရှင်ကို အကူအညီပေးသင့်ပေသည်။ မဲစာရင်း မှန်ကန်ရေးအတွက် ရွေးကောက်ပွဲကို ကူညီ ရာရောက်သည်။
ထပ်မံဖြည့်စွက်လိုသောတစ်ချက်မှာ ရွေးကောက်ပွဲ ဇာတ်ကောင်တွေအတွက် အစိုးရဌာနအဖွဲ့အစည်း များ၊ မီဒီယာများ၊ စေတနာ့ဝန်ထမ်းအရပ်ဘက်လူမှု အဖွဲ့အစည်းများ စသော ဇာတ်ပို့ဇာတ်ရံများ ရှိနေခြင်းဖြစ်သည်။ မကြာသေးခင်က ပြဋ္ဌာန်းခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေနှင့် ရွေးကောက်ပွဲလုံခြုံရေးအတွက် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့များမှာ ဇာတ်ကောင်များအတွက် အားတက်စရာဖြစ်သည်။ သို့ဖြစ်၍ ပထမလှေကားထစ်ကို ယုံယုံကြည်ကြည်တက်လှမ်းကြပါစို့ဟု တိုက်တွန်းလိုက်ရပေသည်။ ။
MOI

နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟု ညွှန်းဆိုထားသည်။ နိုင်ငံသားတို့က အချုပ်အခြာအာဏာကို ကျင့်သုံးရန် ရွေးကောက်ပွဲနည်းလမ်းမှတစ်ပါး အခြားမရှိ။ ပြည်သူများက မိမိတို့ကို ကိုယ်စားပြုရမည့် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး၍ ရွေးချယ်ရသည်။ ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များက ပြည်သူ့ထံမှဆင်းသက်လာသည့် အချုပ်အခြာအာဏာ အရပ်ရပ်ကို ပြည်သူများကိုယ်စား ကျင့်သုံးဖော်ဆောင်ခြင်းဖြစ်ပါသည်။ ထို့အတွက် ပြည်သူတို့က ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသင့်ပါသည်။
ဒီမိုကရေစီရွေးကောက်ပွဲ
ဒီမိုကရေစီ ရွေးကောက်ပွဲဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော နိုင်ငံရေးပါတီများနှင့်ကိုယ်စား လှယ်လောင်းများအတွက် မဲဆန္ဒရှင် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများကို သက်ဆိုင်ရာလွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်နေရာများအဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ ကိုယ်စားပြုမှုကို ဖော်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးသည့်နိုင်ငံများသည် မိမိနိုင်ငံသမိုင်းကြောင်း၊ နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးဖြစ်ထွန်းမှု စသည့်အချက်များပေါ်မူတည်၍ ရွေးကောက်တင်မြှောက်ပုံစနစ်များကို ရေးဆွဲကျင့်သုံးရသည်။ ယင်းသို့ ကျင့်သုံးလိုက်သည့် ရွေးကောက်ပွဲစနစ်များသည် နိုင်ငံ့အနာဂတ်အတွက် ရေတို သို့မဟုတ် ရေရှည် အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းမှုအပေါ်တွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သက်ရောက်လျက်ရှိနေမည်ဖြစ်သည်။
ရွေးကောက်ပွဲအခြေခံသဘောတရားများ
ရွေးကောက်ပွဲတွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ သမာသမတ်ကျခြင်း၊ အများယုံကြည်လက်ခံခြင်း၊ တာဝန်ယူမှုရှိခြင်း၊ လူထုကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်း၊ အားလုံးပါဝင်နိုင်ခြင်း၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှုအားကောင်းခြင်း၊ ပြဋ္ဌာန်းဥပဒေများနှင့် ညီညွတ်ခြင်းတို့သည် အများကလက်ခံထားသည့် အခြေခံသဘောတရားများ ဖြစ်ပါသည်။
မည်သည့် ဒီမိုကရေစီအုပ်ချုပ်ရေးအတွက်မဆို ရွေးကောက်ပွဲစနစ်ရွေးချယ်မှုသည် အရေးကြီးသော ဥပဒေရေးရာမူဘောင်တစ်ရပ်ဖြစ်ပါသည်။ ရွေးချယ်လိုက်သည့် ရွေးကောက်ပွဲစနစ်တစ်ခုသည် နိုင်ငံ့အနာဂတ်နှင့် နိုင်ငံရေးပုံရိပ်တို့အပေါ်တွင် နက်ရှိုင်းစွာအကျိုးသက်ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲများသည် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အလွန်အရေးကြီးသည်။
အချို့ရွေးကောက်ပွဲစနစ်များက တစ်ပါတီတည်း ကြီးစိုးသည့်အခြေအနေကို ပေါ်ပေါက်စေသည်။ အချို့ရွေးကောက်ပွဲစနစ်များက ညွန့်ပေါင်းအစိုးရတစ်ရပ်ရပ်ကို ဦးတည်စေသည်။ အချို့ရွေးကောက်ပွဲစနစ်များက မဲဆန္ဒရှင်တို့၏ ကိုယ်စားပြုမှုကို အချိုးကျဖော်ဆောင်ပေးနိုင်ပြီး အချို့ရွေးကောက်ပွဲစနစ်များတွင် မဲသာသူက အနိုင်ရသဖြင့် ကျန်မဲဆန္ဒရှင်များအတွက် ကိုယ်စားပြုမှုဆုံးရှုံးနစ်နာရကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် မိမိနိုင်ငံ၊ မိမိပြည်သူနှင့် သင့်လျော်သော ရွေးကောက်ပွဲစနစ်များကို ရွေးချယ်၍လည်းကောင်း၊ တီထွင်ဖန်တီး၍လည်းကောင်း၊ ရွေးကောက်ပွဲစနစ်တစ်ခုမှတစ်ခုသို့ ပြောင်းလဲ၍လည်းကောင်း ရေးဆွဲကျင့်သုံးကြရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အတိတ်နှင့် ပစ္စုပ္ပန်ကို သုံးသပ်ပြီး အနာဂတ်ဖြစ်နိုင်ခြေများကိုလည်း ကြိုတင်မြော်တွေး၍ ဆောင်ရွက်ရသည်။
အခြေခံရွေးကောက်ပွဲစနစ်များ
ရွေးကောက်ပွဲစနစ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ နိုင်ငံအများစုတွင် ကျင့်သုံးနေသော အဓိကရွေးကောက်ပွဲစနစ်အုပ်စု ၃ အုပ်စုရှိသည်ဟု ဆိုပါသည်။ ဗဟုအများစုကိုယ်စားပြုစနစ်များအုပ်စုတွင် မဲအများဆုံးရသူ အနိုင်ရစနစ် (First Past The Post – FPTP)၊ နှစ်ကျော့ပြန်စနစ် (Two Round System - TRS)၊ ကြိုက်နှစ်သက်မှုဦးစားပေးစနစ် (Alternative Vote – AV)၊ ကိုယ်စားလှယ်ဗဟိုပြုစနစ် (Block Vote – BV)၊ ပါတီဗဟိုပြုစနစ် (Party Block Vote – PBV) တို့ ပါဝင်ပါသည်။ အချိုးကျကိုယ်စားပြုစနစ်များအုပ်စုတွင် စာရင်း အလိုက် အချိုးကျကိုယ်စားပြုစနစ် (List Proportional Representation – List PR) နှင့် လွှဲပြောင်း၍ရသော တစ်မဲတည်းမဲပေးစနစ် (Single Transferable Vote - STV) တို့ ပါဝင်ပါသည်။ ပေါင်းစပ်ထားသည့်စနစ်များအုပ်စုတွင် အပြိုင်စနစ် (Parallel System)နှင့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional – MMP) တို့ ပါဝင်ပါသည်။ အသုံးနည်းသည့် တွက်ချက်မှုရှုပ်ထွေးသော စနစ်အချို့လည်းရှိသည်ဟု ဆိုပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံတွင် ဗဟုအများစုကိုယ်စားပြုစနစ် ၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ၇၈ နိုင်ငံ၊ စနစ်နှစ်မျိုး ရောနှောထားသော ပေါင်းစပ်ထားသည့်စနစ်များ ကျင့်သုံးသည့် နိုင်ငံ ၃၃ နိုင်ငံနှင့် အခြားစနစ်ကျင့်သုံးသည့် နိုင်ငံ ၈ နိုင်ငံရှိကြောင်း သိရသည်။
ရွေးကောက်ပွဲစနစ်အတွက် လိုအပ်ချက်များ
ရွေးကောက်ပွဲစနစ်တစ်ရပ် ဖော်ဆောင်ခြင်းနှင့် စနစ်တစ်ခုမှတစ်ခုသို့ ပြောင်းလဲကျင့်သုံးခြင်း ဆောင်ရွက်ရာတွင် အခြေခံဥပဒေနှင့်ညီညွတ်ခြင်း၊ မျှတသောကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်း၊ ရိုးရှင်းလွယ်ကူစွာမဲပေးနိုင်ခြင်း၊ တန်းတူပါဝင်ယှဉ်ပြိုင်နိုင်ခွင့်ရှိခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များက မဲဆန္ဒရှင်ကို တာဝန်ခံခြင်း၊ မတူကွဲပြားမှုများကို စုစည်းနိုင်ပြီး တူညီသောညီညွတ်မှုကို ဖော်ဆောင်နိုင်ခြင်း၊ တည်ငြိမ်သော အစိုးရတစ်ရပ်ကို ဖြစ်ပေါ်စေခြင်း၊ နိုင်ငံရေးပါတီငယ်များနှင့် တိုင်းရင်းသားလူမျိုးစုများကို အားပေးခြင်း၊ နိုင်ငံတကာစံသတ်မှတ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် တည်ငြိမ်ပြီး ရေရှည်တည်တံ့စေခြင်း၊ တည်ငြိမ်သော နိုင်ငံရေးပုံရိပ်ကောင်းကို ဖြစ်ထွန်းစေခြင်း၊ အမျိုးသားအကျိုးစီးပွားကို ရေရှည်ဖော်ဆောင်နိုင်ခြင်းနှင့် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော ဗဟုနိုင်ငံရေး (Multipolitic)ကို မြှင့်တင်ပေးနိုင်ခြင်း စသည်တို့ အပေါ်တွင်အခြေခံပြီး စဉ်းစားသုံးသပ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်း
မြန်မာနိုင်ငံတွင် ယခင်က ရွေးကောက်ပွဲများကို မဲအများဆုံးရသူအနိုင်ရစနစ် FPTP ဖြင့် ကျင်းပခဲ့ပါသည်။ ယခင်ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲစနစ်၏ အားနည်းချက်၊ အားသာချက်၊ နိုင်ငံသားတို့၏ အကျိုးစီးပွားလိုအပ်ချက်၊ ရွေးကောက်ပွဲမှ ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးအကျိုးဆက်၊ အနာဂတ်နိုင်ငံ့အကျိုးစီးပွား မျှော်မှန်းချက်တို့အပေါ်မူတည်၍ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန် လိုအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၉-၇-၂၀၂၅ ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်သည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေများကို ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် လာမည့်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစနစ်သစ်ပါဝင်ကြောင်း ထင်သာမြင်သာတွေ့ရှိရသည်။ ပြည်သူ့လွှတ်တော်အတွက် ယခင်အတိုင်း FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် FPTP စနစ်အပြင် PR စနစ်လည်းပါဝင်သည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံးရန် ပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲ၏ အကျိုးကျေးဇူးဖြစ်သော FPTP စနစ်၏ အားသာချက်နှင့် PR စနစ်၏ ကောင်းကျိုးများ ရရှိစေရန်၊ တိုင်းရင်းသားလူမျိုးစုများအတွက် ပေါင်းစည်းခြင်း၊ ကိုယ်စားပြုခြင်းနှင့် မျှတခြင်း အခွင့်အလမ်းများကို မြှင့်တင်ပေးရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းစွာတွေ့ရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များစာရင်းကို ၁၅-၈-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့သည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအတွက် FPTP မဲဆန္ဒနယ် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအတွက် FPTP မဲဆန္ဒနယ် ၈၄ နယ်နှင့် PR မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် FPTP မဲဆန္ဒနယ် ၃၂၂ နယ်နှင့် PR မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ မဲဆန္ဒနယ် စုစုပေါင်း ၈၃၃ နယ်ဖြစ်ပါသည်။ FPTP မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ရမည်။ PR မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်နှစ်ဦးနှင့်အထက် ရွေးကောက်တင်မြှောက်ရမည်ဖြစ်ပါသည်။
MMP စနစ်ဆိုသည်မှာ
MMP စနစ်ဆိုသည်မှာ ရောနှောထားသည့် စနစ်များအုပ်စုတွင် ပါဝင်သည့်စနစ်တစ်မျိုး ဖြစ်ပါသည်။ မတူညီသည့် ရွေးကောက်ပွဲစနစ်နှစ်မျိုးကို ကျင့်သုံးခြင်းဖြစ်သည်။ သာမန်အားဖြင့် ဗဟုအများစုကိုယ်စားပြုစနစ်နှင့် အချိုးကျကိုယ်စားပြု စနစ်တို့ကို ပေါင်းစပ်ကျင့်သုံးခြင်းဖြစ်သည်။ အဓိက အားဖြင့် FPTP စနစ်နှင့် PR စနစ်တို့ကို ပေါင်းစပ်ပြီး မဲဆန္ဒနယ်နှင့် ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ခွဲခြား၍ ကျင့်သုံးခြင်းဖြစ်ပါသည်။ ပထမနည်း - မဲဆန္ဒရှင်က FPTP အတွက် မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို မဲတစ်ကြိမ်၊ PR အတွက် နှစ်သက်ရာပါတီကို မဲတစ်ကြိမ်၊ မဲနှစ်ကြိမ် ပေးသည့်စနစ်လည်းရှိသည်။ ဒုတိယနည်း - နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို မဲတစ်ကြိမ်သာပေးရပြီး ကိုယ်စားလှယ်လောင်းရရှိသည့်မဲက ယင်းကိုယ်စားပြုသည့်ပါတီကရသည့် မဲအဖြစ် FPTP အတွက်ရော PR အတွက်ပါ တွက်ယူသည့်စနစ်လည်း ရှိပါသည်။
လာမည့်ရွေးကောက်ပွဲအတွက် MMP စနစ်ကို ဒုတိယနည်းဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။ ဤနည်းလမ်းအရ မဲဆန္ဒရှင်က ယခင်ရွေးကောက်ပွဲများအတိုင်း မဲတစ်ကြိမ်သာပေးရပါမည်။ မဲတစ်ကြိမ် ပေးရုံဖြင့် FPTP ကိုယ်စားလှယ်ရော PR ကိုယ်စားလှယ်များကိုပါ တပေါင်းတစည်းတည်း ရွေးကောက်တင်မြှောက်နိုင်မည်ဖြစ်ပါသည်။ ရိုးရှင်းပါ သည်။ လွယ်ကူပါသည်။ ရှုပ်ထွေးမှုမရှိပါ။ အခက်အခဲလည်း မရှိပါ။ နိုင်ငံရေးပါတီများက FPTP မဲ ဆန္ဒနယ်အတွက်ရော PR မဲဆန္ဒနယ်အတွက်ကိုပါ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရန်ဖြစ်ပါသည်။ ရွေးကောက်တင်မြှောက်ခံရသည့်
ကိုယ်စားလှယ်များအား MMP စနစ်ဖြင့် ပေါင်းစည်းတွက်ချက်ခြင်းကို တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်မည်ဖြစ်သဖြင့် အမှားအယွင်းမရှိနိုင်ပါ။ ပါတီများကရသည့် ခိုင်လုံမဲအချိုးအစားအတိုင်း ကိုယ်စားလှယ်များ ရွေးကောက်ခံရမည်ဖြစ်ပါသည်။
MMP စနစ်အရ FPTP စနစ်နှင့် PR စနစ်တို့ကို ပေါင်းစပ်ကျင့်သုံးခြင်းဖြစ်သဖြင့် စနစ်နှစ်မျိုးစလုံး၏ အားသာချက်နှင့် ကောင်းကျိုးများကို ရရှိမည်ဖြစ်သည်။ FPTP စနစ်အရ ကိုယ်စားလှယ် အချိုးမညီမျှမှုကို PR စနစ်ဖြင့် အချိုးကျမျှတအောင် ဖြည့်ဆည်းပေးနိုင်သည်။ FPTP မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်နေရာမရခဲ့ပါကလည်း ပါတီကရသည့် အချိုးကျမဲအရ PR မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်ရရှိနိုင်သည့်စနစ်ဖြစ်ပါသည်။ မဲဆန္ဒရှင်များက နှစ်သက်ရာကိုယ်စားလှယ် လောင်းနှင့်ပါတီကို စိတ်ကြိုက်ရွေးချယ်နိုင်သည့် အခွင့်အလမ်းရှိသည်။ အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးစုပါတီများအတွက် ဒေသအလိုက် ကိုယ်စားပြုမှု ပိုမိုရရှိလာမည်ဖြစ်သည်။ လူထုအလွှာအသီးသီးကို ကိုယ်စားပြုသော ပါတီငယ်များအတွက်လည်း ကိုယ်စားလှယ်နေရာများ ပိုမိုရရှိလာမည်ဖြစ်သည်။ လွှတ်တော်တွင် ပါတီစုံဖြင့် ကိုယ်စားပြုမှုစနစ်ပိုမိုမြင့်မားလာမည်ဖြစ်သည်။ လွှတ်တော်တွင်း ယခင်သက်တမ်းက တိမ်းစောင်းခဲ့သည့် အပြန်အလှန်ထိန်းကျောင်းမှုယန္တရားကို ပြန်လည်တည့်မတ်ပေးနိုင်မည်ဖြစ်သည်။ ပါတီကြီးတစ်ခုတည်းက လွှမ်းမိုးသော နိုင်ငံရေးယဉ်ကျေးမှုပုံစံမှ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော Multiparty ပါတီစုံပုံစံ ပိုမိုပေါ်လွင်လာမည်ဖြစ်သည်။
ရွေးကောက်ပွဲစနစ်၊ မဲဆန္ဒနယ်နှင့် ကိုယ်စားပြုခြင်း
နိုင်ငံအလိုက် ရွေးကောက်ပွဲစနစ်တစ်မျိုးတည်းကို ကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်လျှင် ရွေးကောက်ပွဲစနစ်တစ်မျိုးစီခွဲခြားကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်တည်းတွင် ကိုယ်စားလှယ်အရေအတွက် ခွဲခြားသတ်မှတ်၍ ရွေးကောက်ပွဲ စနစ်နှစ်မျိုးပူးတွဲကျင့်သုံးခြင်းတို့ကို မိမိနိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေစွာ ရွေးချယ်ကျင့်သုံးကြောင်း တွေ့ရှိရပါသည်။
အချို့နိုင်ငံများက မည်သည့်ရွေးကောက်ပွဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားပြီး အချို့နိုင်ငံများက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိဘဲ လွှတ်တော်ရွေးကောက်ပွဲဥပဒေကဲ့သို့သော သက်ဆိုင်ရာဥပဒေများတွင်သာ ပြဋ္ဌာန်းထားပါသည်။ မည်သည့်ရွေးကောက်ပွဲစနစ်အတွက်မဆို မဲဆန္ဒနယ်သတ်မှတ်ခြင်းသည် အရေးကြီးပါသည်။ ရွေးကောက်ပွဲစနစ်အရ ကိုယ်စားလှယ်တစ်ဦးစီရွေးကောက်ရမည့် FPTP မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရွေးကောက်ရမည့် PR မဲဆန္ဒနယ်ဟူ၍ နှစ်မျိုးရှိပါသည်။ မဲဆန္ဒနယ်သတ်မှတ်ရာတွင် ကိုယ်စားလှယ်အရေအတွက်နှင့် နိုင်ငံ့လူဦးရေအချိုးအစားပေါ် အခြေခံ၍လည်းကောင်း၊ နယ်မြေဒေသကို အခြေခံ၍လည်းကောင်း၊ နယ်မြေတစ်ခုနှင့်တစ်ခု လူဦးရေအချိုးညီမျှမှုကို အခြေခံ၍လည်းကောင်း၊ လူမျိုးစုဒေသများကို အခြေခံ၍လည်းကောင်း သတ်မှတ်လေ့ရှိသည်။ FPTP စနစ်အရ မဲဆန္ဒနယ်တစ်နယ်ချင်းစီကိုယ်စားပြုသည်။ PR စနစ်အရ မဲဆန္ဒနယ်တစ်နယ်လုံးကို စုပေါင်းကိုယ်စားပြုရသည်။ ယခု ပြောင်းလဲကျင့်သုံးမည့် MMP စနစ်အရ မဲဆန္ဒနယ်ကိုယ်စားပြု FPTP ကိုယ်စားလှယ်များနှင့် ပါတီအချိုးကျကိုယ်စားပြု PR ကိုယ်စားလှယ်များကို လွှတ်တော်အလိုက် တပေါင်းတစည်းတည်းရရှိလာမည်ဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ စနစ်၏ အဓိကအနှစ်သာရဖြစ်သော ပေါင်းစည်းခြင်း၊ ကိုယ်စားပြုခြင်းနှင့် မျှတခြင်းတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။
စနစ်သစ်နှင့် ရွေးကောက်ပွဲအတွက် ထူးခြားချက် ၅ ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် အမှတ်စဉ် (၅) အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကလည်း ဦးတည်ချက် (၄) ရပ် ချမှတ်ခဲ့သည်။ ဦးတည်ချက် (၄) ရပ်သည် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် လမ်းပြမြေပုံပင်ဖြစ်ပါသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကခန့်အပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ကြီးကြပ်ကျင်းပပေးရမည်ဖြစ်ပါသည်။ ကျင်းပမည့်စနစ်သစ်နှင့် ရွေးကောက်ပွဲတွင် ထူးခြားချက် ၅ ချက် တွေ့ရှိရပါသည်-
ပထမအချက် - ယခင်အတွေ့အကြုံရှိပြီးဖြစ်သည့် FPTP စနစ်အပြင် ပါတီအချိုးကျ ကိုယ်စားပြု PR စနစ်ပါဝင်သည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျ MMP စနစ်ပြောင်းလဲကျင့်သုံးခြင်း ဖြစ်ပါသည်။ FPTP စနစ်အရ ရရှိမည့်ကိုယ်စားလှယ်အပြင် PR စနစ်အရ ပါတီအချိုးကျ ကိုယ်စားလှယ်များလည်း ရရှိလာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များက ယခင်မဲပေးသည့်စနစ်အတိုင်း FPTP မဲဆန္ဒနယ်များအတွက် နှစ်သက်ရာကိုယ်စားလှယ်လောင်းကို တစ်ကြိမ်သာမဲပေးပြီး မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်များကို အလွယ်တကူရွေးချယ်နိုင်ပါသည်။ နောက်ထပ် PR မဲဆန္ဒနယ်များအတွက် FPTP မဲဆန္ဒနယ်တွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းက ရရှိခဲ့သည့်မဲများကို ပါတီကရရှိသည့်မဲအဖြစ် သတ်မှတ်ပြီး ရိုးရှင်းလွယ်ကူသော Closed List စနစ်၊ ကြွင်းကျန်မဲအများဆုံးစနစ် (The Largest Remainder) နှင့် Hare Quota တွက်နည်းတို့ဖြင့် အချိုးကျကိုယ်စားလှယ်များကို ဥပဒေနှင့်အညီ တွက်ချက်ခွဲဝေပေးမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် FPTP မဲဆန္ဒနယ်များနှင့် PR မဲဆန္ဒနယ်များ သတ်မှတ်ထားသည်ဖြစ်ရာ ဒေသအလိုက် တိုင်းရင်းသားလူမျိုးစုများနှင့် ပါတီငယ်များ လွှတ်တော်တွင် ကိုယ်စားပြုနေရာများ ပိုမိုရရှိလာမည်ဖြစ်ပါ သည်။
ဒုတိယအချက် - ရွေးကောက်ပွဲနေ့ မဲရုံတွင် ဆန္ဒမဲပေးခြင်းနည်းလမ်းကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ပြောင်းလဲကျင့်သုံးမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များက ဆန္ဒပြုစက်တွင် ခလုတ်တစ်ကြိမ်နှိပ်၍ နှစ်သက်ရာကိုယ်စားလှယ်လောင်းကို အလွယ်တကူမဲပေးနိုင်ပါသည်။ မဲပေးစက်အသုံးပြုခြင်းဖြင့် ပယ်မဲမရှိခြင်း၊ ရိုးရှင်းလွယ်ကူစွာမဲပေးနိုင်ခြင်း၊ မဲဆန္ဒရှင်က မိမိမဲပေးထားချက်ကို မျက်မြင်စစ်ဆေးကြည့်ရှုနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ လွယ်ကူမှန်ကန်မြန်ဆန်ခြင်း၊ မဲရလဒ်များ မိနစ်ပိုင်းအတွင်း ထုတ်ယူနိုင်ခြင်း၊ အပြန်အလှန်စစ်ဆေးနိုင်ခြင်း၊ MEVM စက်တွင် ပြင်ပမှ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် USB Port များ မပါဝင်ခြင်း၊ Wifi၊ Bluetooth ကဲ့သို့သော ကြိုးမဲ့စနစ်နှင့် အင်တာနက်ကွန်ရက် ချိတ်ဆက်နိုင်သည့် စနစ်များမပါဝင်ခြင်းတို့ကြောင့် ပြင်ပမှ ဝင်ရောက်နှောင့်ယှက်၍မရဘဲ လုံခြုံမှုရှိခြင်း၊ မဲ မသမာမှုလုပ်၍မရခြင်း၊ ရာနှုန်းပြည့်ယုံကြည်စိတ်ချရခြင်း၊ ရွေးကောက်ပွဲအစဉ်အဆက် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။
တတိယအချက် - မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်းကို မြို့နယ်အဆင့်တွင် DEO Software၊ Admin Software ဖြင့်လည်းကောင်း၊ ဗဟိုအဆင့်တွင် ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) ဖြင့်လည်းကောင်း နည်းပညာအသုံးပြု၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃ အရ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၏ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ လူဦးရေစာရင်းတို့ကို ရယူအခြေခံပြုစုခြင်းဖြစ်သဖြင့် လူဦးရေစာရင်းများ ခိုင်မာမှုရှိသည်။ နည်းပညာဖြင့် စိစစ်ခြင်း၊ စီမံခန့်ခွဲခြင်း ဆောင်ရွက်နိုင်သည်ဖြစ်ရာ ယခင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကဲ့သို့ မဲစာရင်းမှားယွင်းမှုများကြောင့် မဲမသမာမှုများဖြစ်ပွားရန် အကြောင်းမရှိတော့ပါ။ မှန်ကန်ရှင်သန်နေသော မဲစာရင်းများအဖြစ် နောင်ရွေးကောက်ပွဲအစဉ်အဆက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။
စတုတ္ထအချက် - ရွေးကောက်ပွဲကို အပိုင်းလိုက် ဆောင်ရွက်မည့် အစီအမံဖြစ်ပါသည်။ အပိုင်း (၁) အတွက် ဆန္ဒမဲပေးရမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့နှင့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။ ဆက်လက်ကျင်းပမည့် အပိုင်းလိုက် မဲပေးရမည့်နေ့ရက်နှင့် မြို့နယ်များ စာရင်းကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ မဲရုံအားလုံးတွင် MEVM စက်များဖြင့် ဆန္ဒမဲပေးရပါမည်။ နယ်မြေဒေသအခြေအနေအရ ရွေးကောက်ပွဲလုံခြုံရေးနှင့် စီမံခန့်ခွဲရေးအစီအမံများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲကို အပိုင်းလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပဉ္စမအချက် - ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်အသစ်နှင့် အစိုးရအဖွဲ့အသစ်ပေါ်ပေါက်လာမည့် အချက်ဖြစ်ပါသည်။ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၏ အကျိုးကျေးဇူးအရ ဥပဒေပြုရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတွင် တိုင်းရင်းသားများနှင့် လူထုအလွှာအသီးသီး၏ ကိုယ်စားပြုမှု ပိုမိုပါဝင်လာမည်ဖြစ်ပါသည်။ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းကြောင်းနှင့် လွှတ်တော်နိုင်ငံရေး ယဉ်ကျေးမှုလမ်းကြောင်းတို့မှတစ်ဆင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လမ်းခင်းပေးထားသည့်အချက်ပင်ဖြစ်ပါသည်။
ပြည်သူအားလုံးပါဝင်သော ရွေးကောက်ပွဲ
လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန် ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့များဖြစ်သည့် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများက စွမ်းဆောင်ရည်ကောင်းကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြမည်။ ရွေးကောက်ပွဲနေ့ မဲရုံတစ်ရုံချင်းစီ၏ ရည်မှန်းချက်တာဝန်များ အောင်မြင်ပြီးမြောက်စေရန် မဲရုံအဖွဲ့များကလည်း လုပ်ငန်းကျွမ်းကျင်မှုဖြင့် ဆောင်ရွက်ကြမည်။ ရွေးကောက်ပွဲအတွက်လိုအပ်သော စီမံခန့်ခွဲရေးနှင့် လုံခြုံရေးအစီအမံများကို အစိုးရ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးမည်။ ရွေးကောက်ပွဲယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကလည်း ဥပဒေဘောင်အတွင်းမှ မိမိတို့ပါတီအသီးသီး၏ စည်းရုံးရေးစွမ်းရည်ကို ပြသကြရမည်။ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံးလွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။ မဲဆန္ဒရှင်ဖြစ်သူများကလည်း ရွေးကောက်ပွဲတွင် မိမိတို့၏ ဆန္ဒမဲနှင့် နိုင်ငံသားအခွင့်အရေးကို ကျင့်သုံးပြီး နိုင်ငံတော်နှင့် နိုင်ငံသား တို့အတွက် အရည်အချင်းရှိသော ကိုယ်စားလှယ် ကောင်းများကို ရွေးချယ်နိုင်ရန် မျှော်လင့်သည်။ ပြည်သူတို့က ဉာဏ်နှင့်ယှဉ်သော ဆန္ဒမဲတို့ဖြင့် အရည်အချင်းရှိသည့် လူကောင်းလူတော်များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လိုအပ်သည်။ ရွေးကောက်ပွဲအား မလိုလား၍ နှောင့်ယှက်ဖျက်ဆီးမည့်သူများ၏ အန္တရာယ်ကိုလည်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပြည်သူအားလုံးပါဝင်သော ရွေးကောက်ပွဲမှတစ်ဆင့် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် တက်ညီလက်ညီ တက်စုံရွက်စုံဖြင့် ဆက်လက်ချီတက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
နိဂုံး
ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအား ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာပင်ဖြစ်ပါသည်။ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အစိုးရအဖွဲ့ကဦးဆောင်ပြီး နိုင်ငံတော်တည်ဆောက်ရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတာဝန်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိနေပါသည်။ သို့ဖြစ်ပါ၍ မဲဆန္ဒရှင်ပြည်သူအားလုံးနှင့် တိုင်းရင်းသားလူမျိုးစုများ အားလုံးအတွက်မျှတသော ကိုယ်စားပြုမှုနှင့် အာမခံချက်ရရှိရေး၊ တည်ငြိမ်အေးချမ်းပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရေရှည်ရှင်သန်ခိုင်မာစေရေးတို့အတွက် အရေးကြီးဆုံးဖြစ်သည့် အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် ရည်မှန်းချက်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များကို ဩဂုတ်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ယခုတစ်ကြိမ်ကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ ယခင်မူလမဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)အပြင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၂၆ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၄၂ နယ်တို့မှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ထည့်သွင်းကျင်းပထားခြင်းဖြစ်ပါတယ်။
မဲပေးရာမှာ မှန်ကန်လွယ်ကူမဲမသမာမှုများမဖြစ်
ဒါ့အပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေမဲပေးရာမှာ မှန်ကန်လွယ်ကူစေဖို့နဲ့ မဲမသမာမှုများမဖြစ်ပွားစေဖို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုမဲပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ မြန်မာအီလက်ထရောနစ်မဲပေးစက်နဲ့ မဲပေးခြင်းဖြင့် မဲရုံပိတ်သိမ်းချိန်မှာ အရင်ကလိုမဲလက်မှတ်တွေကို ထုတ်ယူရေတွက်မှုမျိုးမဟုတ်ဘဲ မဲပေးသူအရေအတွက်နဲ့ ပါတီအလိုက်မဲရလဒ်အရေအတွက်ပါတဲ့ မဲရလဒ်စာရွက်ကို မဲပေးစက်ကနေ ပရင့်ထုတ်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းထွက်လာမှာဖြစ်တဲ့အတွက် အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျတဲ့မဲရလဒ်များရရှိနိုင်ခြင်းစတဲ့ အားသာချက်တွေရှိတယ်လို့ သိရပါတယ်။
MEVM မဲပေးစက်နဲ့မဲပေးပြီး ပရင့်ထုတ်လိုက်တာနဲ့ မဲရလဒ်က တန်းထွက်လာမှာဖြစ်ပြီး ပါတီအလိုက် မဲရလဒ်၊ ပရင့်ထုတ်တဲ့အချိန် နာရီအတိအကျအပြင် မဲပေးစက်၊ မဲပုံး၊ ထိန်းချုပ်စက်တွေမှာပါတဲ့ စက်နံပါတ်တွေအတိအကျနဲ့ မဲရလဒ်စာရွက်က ထွက်လာမှာဖြစ်ပါတယ်။ မဲလက်မှတ်တွေကို မဲရလဒ်အပေါ် ကန့်ကွက်လွှာတင်လာတဲ့ အချိန်မျိုးမှအပ အရင်ကလိုမဲလက်မှတ်တွေကို ဖွင့်ဖောက်ရေတွက်စရာမလိုဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၄ ရက်က ကျင်းပတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက်နဲ့ပတ်သက်ပြီး သတင်းမီဒီယာများကို ရှင်းလင်းပြသခြင်းနဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားမှာ ပြောကြားပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံမှာအသုံးပြု
E-Voting စနစ်ကို အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလားစတဲ့နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံမှာအသုံးပြုလျက်ရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒီနိုင်ငံတွေမှာ အသုံးပြုလျက်ရှိတဲ့ အီလက်ထရောနစ်မဲပေးစက်တွေကိုလေ့လာပြီး မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ စာတတ်မြောက်မှုနှုန်း၊ နားလည်မှုအခြေအနေတို့နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ဒီဇိုင်းကို တီထွင်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
MEVM မဲပေးစက်နဲ့ မဲပေးတဲ့အခါမှာ မဲပေးမယ့် မဲဆန္ဒရှင်ဟာ လျှို့ဝှက်မဲပေးစနစ်နဲ့သာ မဲပေးရမှာဖြစ်ပြီး အရင်မဲလက်မှတ်တွေလို ပယ်မဲမရှိနိုင်ကြောင်း သိရပါတယ်။
မဲဆန္ဒရှင်ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုပဲလို
မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကတော့ စနစ်တကျခြေလှမ်းမှန်မှန်နဲ့ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ မြန်မာ့မြေမှာ ဒီမိုကရေစီစနစ်ခိုင်မြဲရေးအတွက် အရွေ့တစ်ခုဖြစ်တဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ပြီးမြောက်အောင်မြင်နိုင်ဖို့ ဒီမိုကရေစီစနစ်ကိုမြတ်နိုးတဲ့၊ လိုလားတဲ့မဲဆန္ဒရှင်ပြည်သူတွေရဲ့ အရေးပါလှတဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုပဲ လိုပါတော့တယ်။
ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ပါလီမန်(လွှတ်တော်)ရှိရပါမယ်။ လွှတ်တော်မှာပြည်သူတွေက ပြည်သူ့ဆန္ဒနဲ့ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေရှိရပါမယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်နိုင်မယ့်ရွေးကောက်ပွဲတွေရှိရပါမယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြည်သူ့ကိုယ်စားလှယ်လောင်းတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေရှိရပါမယ်။ ပါတီကိုယ်စားပြုနိုင်ငံရေးသမားနဲ့ တစ်သီးပုဂ္ဂလနိုင်ငံရေးသမားတွေက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်အရွေးခံကြရပါမယ်။
ဒါမှသာ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်ယူခြင်း၊ လွှတ်တော်ကို စနစ်တကျလွှဲပြောင်းခြင်းနဲ့ လွှတ်တော်အသစ်က လွှတ်တော်အစည်းအဝေးကျင်းပပြီး အနိုင်ရပါတီက နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ ယင်းမှတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ခြင်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့တွေ ဆက်လက်ဖွဲ့စည်းခြင်းတွေကို အစီအစဉ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီနည်းလမ်းပိုကျ
ဒါကြောင့်မို့ ဒီမိုကရေစီစနစ်မှာ တိုင်းရေးပြည်မှုတွေကို စီမံခန့်ခွဲမယ့်ပြည်သူ့ကိုယ်စားလှယ်တွေကို အသည်းကြားမှမဲပြားကိုထုတ်ပြီး ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်ကြမယ့် မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါလှပါတယ်။
မဲဆန္ဒရှင်တွေရဲ့အခန်းကဏ္ဍက ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးရုံနဲ့တာဝန်ကျေပြီ၊ ပြီးဆုံးပြီလို့လည်း ဆိုလိုမရပါဘူး။ နိုင်ငံတော်ရဲ့ ရှေ့အနာဂတ်အတွက် လူတော်လူကောင်း၊ လူကောင်းလူမွန် လူရည်ချွန်များကို သေချာစိစစ်ရွေးချယ် တာဝန်ပေးအပ်နိုင်မှသာ မဲဆန္ဒရှင်တစ်ဦးရဲ့ တာဝန်ပြီးမြောက်မှာဖြစ်ပါတယ်။
ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေရဲ့အခန်းကဏ္ဍကို မျက်ကွယ်ပြုထားလို့မရပါဘူး။ တိုင်းပြည်ရဲ့အကောင်းအဆိုး၊ အနိမ့်အမြင့်၊ အတက်အကျဟာ မိမိရွေးကောက်တင်မြှောက်လိုက်တဲ့ နိုင်ငံရေးသမားတွေရဲ့လက်ထဲမှာ တည်ရှိနေလို့ပဲဖြစ်ပါတယ်။
ဒီမိုကရေစီ သက်တမ်းရင့်နိုင်ငံကြီးတွေက မဲဆန္ဒရှင်အများစုကတော့ တိုင်းပြည်ပြည်ပြု၊ တိုင်းရေးပြည်မှုလုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုပြီး စီမံခန့်ခွဲကြမယ့်ပုဂ္ဂိုလ်တွေဟာ သာမန်လူအဆင့်ထက်ပိုပြီး ကိုယ်ရည်ကိုယ်သွေးပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အကျင့်စရိုက်ပိုင်းမှာ ကောင်းမွန်သူဖြစ်ရမယ်ဆိုတဲ့ စံနှုန်းတွေသတ်မှတ်လေ့ရှိပါတယ်။
သက်တမ်းရင့် ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ အိမ်နီးချင်းအိန္ဒိယသမ္မတနိုင်ငံမှ မြို့နေမဲဆန္ဒရှင်အချို့ကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ခန့်ကကောက်ယူခဲ့တဲ့ အိန္ဒိယနိုင်ငံရေး လောကအရည်အသွေးမြှင့်တင်ရေးနဲ့ပတ်သက်တဲ့ စစ်တမ်းတစ်ခုမှာ ၎င်းတို့ဆန္ဒမဲပေးသူကိုယ်စားလှယ်ဟာ သန့်ရှင်းတဲ့ပုံရိပ်ရှိရမယ်၊ ပညာတတ်ဖြစ်ရမယ်၊ ရာဇဝတ်ပြစ်မှုနောက်ကြောင်းမရှိသူဖြစ်ရမယ်လို့ သဘောထားမှတ်ချက်ပြုခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံမှ မဲဆန္ဒရှင်အချို့ကတော့ နိုင်ငံရေးပါတီတစ်ခုကိုကြိုက်ခြင်း၊ မကြိုက်ခြင်းအပေါ် မဲဆန္ဒပေးခြင်းထက် မဲဆန္ဒနယ်က ကိုယ်စားလှယ်လောင်းကိုကြိုက်ခြင်း၊ မကြိုက်ခြင်းက ပိုပြီးအဓိကကျတယ်လို့ ယူဆလေ့ရှိကြတယ်။ နိုင်ငံရေးပါတီ မူဝါဒထက်အမတ်လောင်းရဲ့ အရည်အချင်းကို ကြည့်ပြီးဆုံးဖြတ်ခြင်းက ဒီမိုကရေစီနည်းလမ်းပိုကျတယ်လို့ ယုံကြည်ကြတယ်။
ဝင်စတန်ချာချီကတော့ “နိုင်ငံရေးသမားဆိုတာ မနက်ဖြန်ဘာဖြစ်မလဲ၊ နောက်အပတ်၊ နောက်လ ဘာဖြစ်မလဲ၊ နောင်နှစ်ဘာဖြစ်မလဲ ကြိုတင်ပြောနိုင်စွမ်းရှိရတယ်။ ဒါ့အပြင် နောက်ပိုင်းမှာလည်း ဘာကြောင့်သူပြောခဲ့တာတွေ ဖြစ်မလာတာလဲဆိုတာကိုလည်း ရှင်းလင်းနိုင်စွမ်းရှိရတယ်”လို့ ဆိုပါတယ်။
နိုင်ငံရေးပညာရှင်တစ်ဦးကတော့ “လူထုနဲ့ဆက်ဆံရာမှာ နိုင်ငံရေးသမားဟာ ရိုးသားမှုရှိဖို့လိုတယ်။ အခက်အခဲတွေကို စောစောစီးစီးကြိုပြောထားရမယ်။ အခက်အခဲတွေကို ကျော်လွှားဖို့ ဘယ်လောက်ကြာကြာ အချိန်ယူရနိုင်တယ်ဆိုတာကိုလည်း ကြိုတင်အစီရင်ခံထားရမယ်”လို့ ဆိုပါတယ်။
လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်တင်မြှောက်ဖို့လို
ဒါကြောင့်မို့ ဒီမိုကရေစီသက်တမ်းရင့် နိုင်ငံကြီးတွေက နိုင်ငံရေးသမားအများစုဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးနဲ့ဆက်စပ် တဲ့ပညာရပ်များကို စာတွေ့ကိုယ်တွေ့ တစိုက်မတ်မတ်လေ့လာဆည်းပူးကြတယ်။ မဲဆန္ဒရှင်ပြည်သူတွေ ယုံကြည်ကိုးစားလောက်တဲ့ အရည်အချင်းတွေ၊ စံနှုန်းတွေ မိမိမှာအထိုက်အလျောက်ရှိပြီလို့ စိတ်ချယုံကြည်ရတော့မှ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြပါတယ်။
ဒီမိုကရေစီသက်တမ်းနုနယ်သေးတဲ့ နိုင်ငံအချို့က မဲဆန္ဒရှင်တွေကတော့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲအလမ်းတွေနဲ့ ရွေးကောက်ပွဲကို ချဉ်းကပ်ရွေးချယ်လေ့ရှိပါတယ်။ မိမိတို့နေထိုင်ရာ မဲဆန္ဒနယ်မှာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဘယ်လောက်ပဲစွမ်းဆောင်နိုင်သည်ဖြစ်စေ၊ သင့်တော်သည်ဖြစ်စေ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေနဲ့ ဥပေက္ခာပြုမေ့လျော့နေတတ်ပါတယ်။
တစ်ချိန်က ဂျပန်နိုင်ငံမှာဆိုရင် ဂျပန်ဒိုင်းယက်လွှတ်တော်မှာ အနားယူသွားခဲ့တဲ့ အမတ်ဟောင်းကြီးတွေရဲ့ သားသမီးမျိုးဆက်အမတ်တွေ၊ ဝန်ကြီးချုပ်တွေနေရာရလာခဲ့လို့ ဂျပန်မှာ အမွေခံနိုင်ငံရေးသမားတွေ ကြီးစိုးနေတယ်လို့ သတင်းစာဆရာတစ်ဦးက ဝေဖန်ရေးသားခဲ့ဖူးပါတယ်။
သို့ဖြင့် လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ဒီမိုကရေစီအခြေခံအုတ်မြစ် တောင့်တင်းခိုင်မာရေးအတွက် မပျက်မကွက် ပါဝင်မဲဆန္ဒပေးဖို့လိုအပ်ရုံမက အရည်အချင်းပြည့်ဝတဲ့ လူကောင်းလူမွန် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်း ဆန္ဒာဂတိ၊ ဘယာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိဆိုတဲ့ အဂတိတရား လေးပါးကင်းရှင်းစွာနဲ့ လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်တင်မြှောက်ဖို့လိုအပ်ပါတယ်။ သို့မှသာ နိုင်ငံသားတစ်ဦးရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ။

လူတစ်ဦးတစ်ယောက်စီတွင် ပန်းတိုင်ကိုယ်စီရှိကြသည်။ ပန်းတိုင်မရှိသောသူသည် ဦးတည်ရာမဲ့ လွင့်မျောနေသော အမှိုက်တစ်ခုနှင့်သာတူပေမည်။ ထို့အတူ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ ဦးတည်ချက်(၄)ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ထိုဦးတည်ချက်(၄)ရပ် အမှတ်စဉ်(၄)တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး”ဟု ရွေးကောက်ပွဲနှင့်ပတ်သက်သော ရည်မှန်းချက်ပန်းတိုင်ကို အတိအလင်း ဖော်ပြထားသည်။
ယခုအခါတွင် နိုင်ငံတော်နှင့် ပြည်သူတို့သည် အဆိုပါ ရည်မှန်းချက်ပန်းတိုင်နှင့် အနီးဆုံးနေရာ တစ်ခုဆီသို့ ရောက်ရှိနေပြီဖြစ်သည်။
ရွေးကောက်ပွဲတစ်ခု၏စံနှုန်း
ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံသားများက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကိစ္စအဝဝတို့တွင် မိမိတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ် တင်မြှောက်ရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပြည်သူလူထုအနေဖြင့် နိုင်ငံတော်၏ အာဏာသုံးရပ်ကို ပြည်သူ့လက်ထဲသို့လွှဲပြောင်းရယူရန်၊ တရားမျှတသော အုပ်ချုပ်ရေးစနစ် တည်ဆောက်ရန်အတွက် မိမိတို့ဒေသကိုကိုယ်စားပြုမည့် လွှတ်တော်အမတ်များ၊ မိမိတို့မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီးများကို အုပ်ချုပ်မည့် အုပ်ချုပ်ရေးမှူးများ ထိုမှတစ်ဆင့် နိုင်ငံတော်အကြီးအကဲအထိ ရွေးချယ်တင်မြှောက်ခွင့်ကိုရရှိသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။ ရွေးကောက်ပွဲတစ်ခု၏ စံနှုန်းကိုလွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိဟူသည့် ပေတံဖြင့် တိုင်းတာလေ့ရှိသည်။
လူ့သက်တမ်းနှင့် ကြုံတောင့်ကြုံခဲရွေးကောက်ပွဲ
ကမ္ဘာပေါ်တွင် ဗာတီကန်စီးတီးနှင့် ပါလက်စတိုင်းတို့ အပါအဝင် အချုပ်အခြာအာဏာပိုင်နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံမှာ ၁၉၃ နိုင်ငံရှိသည်ဟု သိရသည်။ မည်သည့်နိုင်ငံ၊ မည်သည့်နိုင်ငံရေး စနစ်တွင်မဆို ရွေးကောက်တင်မြှောက်သည့်စနစ်ဖြင့် ရွေးကောက် တင်မြှောက်ခြင်းသည် တရားမျှတမှုအရှိဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်ဟု လူအများက လက်ခံ ထားကြသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် လွတ်လပ်မှုကိုလိုလားသည်။ တရားမျှတမှုကို လိုလားကြသည်။ မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ် လွတ်လပ်ရေးဆုံးရှုံးပြီးနောက် ပထမဆုံးရွေးကောက်ပွဲ စတင်ကျင်းပခဲ့သည့် ၁၉၂၂ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်အထိ အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်ကြိမ်ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးခုတို့ ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ၁၈၈၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နှစ်ပေါင်း ၁၃၉ နှစ်အတွင်း ရွေးကောက်ပွဲ ၁၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သဖြင့် ပျမ်းမျှအားဖြင့် ရှစ်နှစ်တွင် တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် သာမန်အားဖြင့် ငါးနှစ်လျှင် တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပေးလျက်ရှိရာ ပျမ်းမျှသက်တမ်း ၇၀ နေရမည့်သူတစ်ဦးသည် အသက် ၁၈ နှစ်ပြည့်ပြီးနောက် ရွေးကောက်ပွဲကို ၁၀ ကြိမ်ခန့်သာ ကြုံတွေ့ရမည်ဖြစ်၍ လူ့သက်တမ်းတစ်လျှောက်တွင် ရွေးကောက်ပွဲသည် ၁၀ ကြိမ်ခန့်သာ ကြုံတွေ့ခွင့်ရသည့် ရွေးချယ်ခွင့်တစ်ခုလည်းဖြစ်နေသည်။ ဥပမာအနေဖြင့် လက်ရှိ အသက် ၄၃ နှစ်ခန့်ရှိသော လူတစ်ဦးသည် သာမန်အားဖြင့် အသက် ၇၀ နှစ်အထိ နေရမည်ဆိုပါက နောက်ထပ်ရွေးကောက်ပွဲ ငါးခုသာ ကြုံတွေ့ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲသည် လူ့သက်တမ်းနှင့်အတူ ကန့်သတ်ချက်ဖြင့်သာ ကြုံတွေ့ခွင့်ရသည့်ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု၊ နိုင်ငံရေးဖြစ်စဉ် တစ်ခုဆိုတာကို သတိပြုမိစေချင်သည်။
မှန်ကန်သည့်လမ်းကြောင်းကိုပြောင်း၍ လျှောက်လှမ်းကြဖို့လို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၂ တွင် သာသနာ့ဝန်ထမ်းများ၊ ထောင်ဒဏ်ကျခံနေရသူများ၊ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူများ၊ လူမွဲအဖြစ်ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ တားမြစ်ခြင်း ခံရသူများကို မဲပေးပိုင်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။ ပြည်ဖျက်မီဒီယာများ၏ စကားကို နားယောင်ကာ မဲမပေးဘဲနေမည် ဆိုပါက တားမြစ်ခံထားရသူများနှင့်မခြား ဖြစ်ပေတော့မည်။ တရားဥပဒေကပေးသည့် အခွင့်အရေးတစ်ရပ်ဆုံးရှုံးပေတော့မည်။ ပြည်သူများအနေဖြင့် မဲမပေးဘဲနေလျှင် နစ်နာသူက ဘယ်သူဖြစ်မလဲဆိုတာကို ကွဲပြားစွာသိမြင်တတ်ဖို့လိုပြီး မှန်ကန်စွာ စဉ်းစားဆုံးဖြတ်တတ်ရန်လည်း အရေးကြီးလှသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးတို့သည် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့်ဆက်လက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် အစိုးရအဖွဲ့၊ လွှတ်တော်များမပေါ်ပေါက်မီ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသော်လည်း အစိုးရအဖွဲ့၊ လွှတ်တော်များပေါ်လာချိန်တွင် လွှတ်တော်ထဲ၌ တရားဝင်ဆွေးနွေးအဖြေရှာနိုင်မည့် အခွင့်အရေးများ ရှိနေပါလျက် လက်နက်စွဲကိုင်တိုက်ခိုက်နေခြင်းမှာ တကယ်လိုအပ်သလားဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ အချိန်တန်ပြီဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြီး၍ နိုင်ငံရေးအခင်းအကျင်းများ ပေါ်ပေါက်လာလျှင် ရပ်တည်မှုပျောက်ဆုံးမည်ကိုစိုးရိမ်နေသည့် CRPH နှင့် NUG တို့၏လုပ်ဆောင်မှုများသည် PDF အမည်ခံအကြမ်းဖက်အဖွဲ့၊ EAO အဖွဲ့များ၏ နိုင်ငံရေး မျှော်မှန်းချက်များနှင့် ဆန့်ကျင်နေပါက မှန်ကန်သည့် လမ်းကြောင်းကိုပြောင်း၍ လျှောက်လှမ်းကြရန် လက်ရှိအစိုးရက မီးမောင်းထိုးပြထားသည်။
နိုင်ငံသားတာဝန်ကျေပွန်သူ နိုင်ငံ့သားကောင်းများဖြစ်ရန်လို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်ဟု ဖော်ပြထားသည်။ ဆိုလိုသည်မှာ ပြည်သူလူထုသည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည်၊ နိုင်ငံတော်၏ကံကြမ္မာကို ပြည်သူလူထုကပဲ ရွေးချယ်ရမည်ဟုဆိုလိုခြင်းဖြစ်သည်။ ပုဒ်မ ၃၈(က)တွင် နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်အတွက် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် အခွင့်အရေးရရှိထားပြီးဖြစ်ရာ ပါတီများတည်ထောင်ကာ နိုင်ငံရေးတွင် ဦးဆောင်ပါဝင်ခြင်းဖြင့် လည်းကောင်း၊ မိမိနိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကို ဖော်ဆောင်ပေးမည့်ပါတီများ၊ ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခြင်းဖြင့်လည်းကောင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုအခွင့်အရေးကို အမိအရအသုံးချကာ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်မိမိတို့အနာဂတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှသာ နိုင်ငံသားတာဝန်ကျေပွန်သူ နိုင်ငံ့သားကောင်းများဖြစ်ပေမည်။
ပြည်သူ့အပေါ်ကိုယ်စားပြုနိုင်သည့် နိုင်ငံရေးပါတီများဖြစ်ဖို့လို
ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့်လူထုလူတန်းစားအလွှာများကို ကိုယ်စား ပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ပြည်သူ့လွှတ်တော်ကို နိုင်သူအကုန်ယူ(FPTP- First Past The Post System)စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/
ပြည်နယ်လွှတ်တော်ကိုရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ PR စနစ်အရ သက်ဆိုင်ရာလွှတ်တော်များတွင် အားလုံးပါဝင်သော ကိုယ်စားပြုမှုကိုဖြစ်ပေါ်စေရန်အတွက် ဝင်ရောက်
ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်များကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ဆောင်ရွက်ရမည်ဖြစ်ရာ တိုင်းရင်းသား ပါတီများနှင့် ပါတီငယ်များလည်း လွှတ်တော်ကိုယ်စားလှယ်နေရာ အချိုးကျ ရရှိနိုင်မည်ဖြစ်သည်။
ရွေးကောက်ပွဲကို မည်သည့်စနစ်ဖြင့် ကျင်းပစေကာမူ ပါတီများနှင့်ကိုယ်စားလှယ်လောင်းများအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ ထောက်ခံအားပေးမှုတို့သည် ရွေးကောက်ပွဲတစ်ခုအပေါ် များစွာသက်ရောက်မှုရှိနေသည်ကိုလည်း သတိချပ်သင့်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပြီး ယနေ့အထိ တည်ဆဲနိုင်ငံရေးပါတီ ၅၈ ပါတီရှိသည်။ ၎င်းတို့အနက် တစ်နိုင်ငံလုံးယှဉ်ပြိုင်မည့်ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ယှဉ်ပြိုင်မည့်ပါတီ ၄၉ ပါတီရှိကြောင်း သိရှိရသည်။
အခြားသော ဒီမိုကရေစီနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများပြားသော်လည်းနိုင်ငံရေးပါတီအများစုသည် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် ပါတီကြီးများ နည်းပါးပြီး ဒေသတစ်ခုကို ကိုယ်စားပြုယှဉ်ပြိုင်နိုင်သည့် ပါတီငယ်များသာ များပြားလျက်ရှိသည်ကို တွေ့ရှိရသည်။ ပါတီငယ်များနှင့်တစ်သီးပုဂ္ဂလများအနေဖြင့် ပြည်သူအပေါ်ကိုယ်စားပြုနိုင်မှု အနိုင်ရရှိမှုနည်းပါးသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် ခိုင်မာအားကောင်းသည့် ပါတီများ ဖြစ်လာစေရေး နိုင်ငံရေးယုံကြည်ချက်နှင့် ရည်မှန်းချက်တူသည့် ပါတီများ ပူးပေါင်းဆောင်ရွက်ပါက ပါတီအင်အား ပိုမိုတောင့်တင်းခိုင်မာလာမည် ဖြစ်သည်။
နိုင်ငံရေး ပါတီများအနေဖြင့် ပြည်သူများကို ပါတီလုပ်ငန်းစဉ်များချပြပြီး မဲဆွယ်စည်းရုံးရတော့မည် ဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်အရ နိုင်ငံရေးပါတီများ၏ ယှဉ်ပြိုင်မဲဆွယ်စည်းရုံးမှုများတွင် လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရယူအသုံးချပြီး စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် လိုအပ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့်နေရာတွင် အခြားနိုင်ငံများ၏ကျင့်သုံးမှုပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း တွေ့ရှိရသည်။
အစိုးရနှင့်ပြည်သူ အတူတူထုဆစ်ပုံဖော်ရမည့် နိုင်ငံရေးပန်းတိုင်
နိုင်ငံတော်အစိုးရသည် နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်အတွင်း ပြည်ပအင်အားကြီးနိုင်ငံများ၏ ဖိအားပေး ပိတ်ဆို့မှုများကို လည်းကောင်း၊ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများ၏ နယ်မြေလုယူတိုက်ခိုက်မှုများကို လည်းကောင်း တွန်းလှန်တိုက်ခိုက်ခဲ့ရသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှုများ၊ ၂၀၂၃ ခုနှစ် မိုခါနှင့် ၂၀၂၄ ခုနှစ် ရာဂိမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ၊ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံတော်အစိုးရသည် မည်သည့်အခက်အခဲကိုမဆို နိုင်ငံ့အပေါ်ထားသည့် စိတ်ရင်းစေတနာမှန်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သလို မိတ်ဆွေနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲအောင်ဆောင်ရွက်ကာ နိုင်ငံ့စွမ်းအားကို ကျမသွားအောင် ထိန်းထားနိုင်ခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများအဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ကိုင်ဆောင်မဲ ပေးနိုင်ရန်အတွက် ပန်းခင်းစီမံချက်များ ချမှတ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသူ ၆၂၁၀၂၅၆ ဦးကို ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလည်း ကောက်ယူနိုင်ခဲ့ပြီး ရရှိလာသည့် လူဦးရေဆိုင်ရာအချက်အလက်များသည် အခြေခံမဲဆန္ဒရှင် စာရင်းကိုပြုစုနိုင်ရန် အထောက်အကူဖြစ်စေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော် အစိုးရအနေဖြင့် ရည်မှန်းချက်ဦးတည်ချက်အတိုင်း ခရီးဆက်ခဲ့သည်မှာ အနာဂတ်နိုင်ငံရေး ပန်းတိုင်ဆီသို့ ရောက်လုနီးပြီဖြစ်သည်။
နိုင်ငံနှင့်လူမျိုးအကျိုးကို ရှေးရှုစေလို
ယခုအချိန်မှာ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ် ရှုမြင်သုံးသပ်ရာတွင် ယခင်ကျင်းပပြီးခဲ့သော ရွေးကောက်ပွဲများ၏ အားနည်းချက်၊ အားသာချက်များ၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတိုးတက်မှု နောက်ကျခဲ့ရပုံများကို အမှန်အတိုင်းနားလည် လက်ခံတတ်ဖို့ လိုသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာလ ကာလသုံးပါးတို့တွင် မြန်မာ့နိုင်ငံရေး ရှေ့ဆက်မည့်အရွေ့တစ်ခုကို အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်ပြုလုပ်မှုမျိုးကို မဆို မပြုလုပ်ဘဲ နိုင်ငံနှင့်လူမျိုးအကျိုးကို မျှော်ကိုးကာ နားလည်မှုရှိစွာ အတူတကွပူးပေါင်း ဆောင်ရွက်ရမည့်အချိန် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲတစ်ခုသည် နိုင်ငံတစ်နိုင်ငံ၏ အရွေ့တစ်ခုဖြစ်သည်သာမက နိုင်ငံသားအားလုံး၏ အနာဂတ်ကို ထုဆစ်ပုံဖော်ပေးမည့် နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။
နိုင်ငံချစ်စိတ်ရှိသော၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသော ကျွန်တော်တို့ နိုင်ငံသားများ အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ လမ်းဖွင့်ပေးမှု နိုင်ငံရေးအရွေ့တစ်ခုတွင် လိုက်ပါစီးမျောရင်း နိုင်ငံတော်နှင့်ပြည်သူအတူတူပန်းဝင်ကြရင်ဖြင့် မြန်မာနိုင်ငံ၏ကံကြမ္မာသည် ကောင်းမွန်သော အနာဂတ်တစ်ခုဆီသို့ ဦးတည်နေပြီဆိုတာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
ထို့ကြောင့် တိုင်းရင်းသားပြည်သူများအနေဖြင့် လာမည့်ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ၊ ယုံကြည်စွာ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မိမိတို့ အနာဂတ်အတွက် မဲပေးကြပါလို့ တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
MWD

သြဂုတ်လ ၇ ရက်နေ့တွင် ကျွန်မသည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ရှိ တရုတ်ခရီးရှည်ချီတက်တပ်အထိမ်းအမှတ် ကျောက်တိုင်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။ နှစ်စဉ်တရုတ်သံရုံးက ဤကဲ့သို့သော ဂါရဝပြုအခမ်းအနားများ ပြုလုပ်လေ့ရှိပြီး သမိုင်းကို ပြန်လည်သုံးသပ်ကာ အာဇာနည်များအား အောက်မေ့ခြင်းနှင့် ထာဝရငြိမ်းချမ်းရေးအချက်ပြမှုများ ပြုလုပ်ရန်ဖြစ်ပါသည်။
ယခုနှစ်သည် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ်ဖြစ်သဖြင့် ဤဂါရဝပြုအခမ်းအနားက ထူးခြားသောအနက်အဓိပ္ပာယ်ကို ဖော်ပြနေပါသည်။ အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင်ရပ်လျက် ကျွန်မ၏အတွေးသည် နှစ်ပေါင်း ၈၀ ကျော်ကာလသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံစစ်သည်များနှင့် ပြည်သူများအတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း၊ အပြန်အလှန်ထောက်ပံ့ကူညီခဲ့ကြသည့် ထိုကာလကို သတိရမိပါသည်။ နှစ်နိုင်ငံပြည်သူများ၏ အသက်သွေးဖြင့် ရင်းနှီးစွာဖွဲ့စည်းထားသော နက်နဲသည့်မေတ္တာတရားသည် စစ်မီးတောက်စဉ်ကာလက တရုတ်-မြန်မာ “ဆွေမျိုး ပေါက်ဖော်” ချစ်ကြည်ရေး၏ ရဲရင့်ထကြွသောသီချင်းတစ်ပုဒ်ကို သီဆိုစေခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်ကာလက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၏ တရားမျှတမှုအတွက်ရပ်တည်နေသော အင်အားစုများသည် ရဲရင့်စွာ တွန်းလှန်တိုက်ခိုက်ခဲ့ပြီး မာန်မာနကြီးမားသော ဖက်ဆစ်အင်အားစုများကို အတူတကွအနိုင်ယူခဲ့ကြ၍ စစ်ပြီးခေတ် နိုင်ငံတကာစနစ် (International System)နှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း (International order) ၏ အခြေခံကို အတူတကွချမှတ်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကို မှန်ကန်စွာမြင်တတ်ရန် ကျွန်မ၏အမြင်များကို အတူတကွမျှဝေလို
နှစ်ပေါင်း ၈၀ ကျော်ကာလဖြစ်သော ယနေ့ခေတ်တွင် တစ်ဖက်သတ်ဝါဒ (Unilateralism) သည် ပိုမိုအားကောင်းလာပြီး အနိုင်ကျင့်မှုများ ကျယ်ပြန့်လာကာသမိုင်းကို မှားယွင်းစွာအဓိပ္ပာယ်ဖွင့်ဆိုသော အတွေးအခေါ်များ ပြန်လည်ပေါ်ထွန်းလာနေသည်။ အချို့သူများသည် အရှေ့ပိုင်းအဓိကစစ်မြေပြင်က ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်ပွဲအတွက်ဆောင်ရွက်ခဲ့သော အရေးပါမှုကို တမင်သက်သက်မှေးမှိန်စေရန်ကြိုးစားနေကြသည်။ ကိုလိုနီစနစ်ကို သိသာထင်ရှားစွာဖြင့် အလှပြင်ပြောဆိုခြင်း၊ ဖက်ဆစ် ကျူးကျော်စစ်သမိုင်းကို တိုက်ရိုက်ငြင်းဆန်ခြင်းများပင်ရှိလာသည်။ ဤသို့သော အန္တရာယ်ရှိသည့် ယိမ်းယိုင်နေသောဦးတည်ချက်ကို ကျွန်မတို့ အလွန်ပင်သတိထားရမည်။ ဒုတိယကမ္ဘာစစ်ကို မှန်ကန်စွာမြင်တတ်ရန်အတွက် ကျွန်မ၏အမြင်များကို အတူတကွမျှဝေလိုပါသည်။
ဒုတိယကမ္ဘာစစ်သမိုင်း၏ ငြိမ်းချမ်းရေးအမြင်ကို စွဲစွဲမြဲမြဲကိုင်စွဲရမည်။ စစ်ပွဲသည် မှန်တစ်ချပ်ဖြစ်ရုံသာမက လူသားများအား ငြိမ်းချမ်းရေး၏တန်ဖိုးကို ပိုမိုနားလည်စေနိုင်သည်။ ဒုတိယကမ္ဘာစစ်သည် လူသားသမိုင်း၏ အကြီးမားဆုံးဘေးဒုက္ခဖြစ်ခဲ့ပြီး အာရှ၊ ဥရောပ၊ အာဖရိကနှင့်အိုရှန်းနီးယား (Oceania ) ဒေသများအထိပျံ့နှံ့ခဲ့သည်။ နိုင်ငံပေါင်း ၆၀ ကျော် တိုက်ပွဲဝင်ခဲ့ပြီး နိုင်ငံနှင့်ဒေသပေါင်း ၈၀ ကျော်မှ လူဦးရေနှစ်ဘီလီယံခန့်၊ ထိုအချိန်အခါက ကမ္ဘာ့လူဦးရေ၏ ငါးပုံလေးပုံခန့် စစ်ဘေးဒဏ်သင့်ခဲ့ကာ လူသားယဉ်ကျေးမှုများ အကြီးအကျယ်ပျက်စီး ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်၏ စစ်မီးကို ဂျပန်စစ်ဝါဒီများက ကမ္ဘာ၏အရှေ့ပိုင်းတွင် အစောဆုံးစတင်မီးပွားခဲ့သည်။
ထိုအချိန်မှစ၍ တရုတ်နိုင်ငံ၏ ကံကြမ္မာသည် အာရှ၏ ကံကြမ္မာ၊ ကမ္ဘာ့ငြိမ်းချမ်းရေး မျှော်လင့်ချက်တို့နှင့် နီးနီးကပ်ကပ်ဆက်စပ်နေခဲ့သည်။ တရုတ်စစ်မြေပြင်ကို အစောဆုံးဖွင့်ခဲ့ပြီး အချိန်အကြာရှည်ဆုံးလည်းဖြစ်သည်။ ၁၉၃၁ ခုနှစ် စက်တင်ဘာ ၁၈ ရက် ဖြစ်စဉ်မှ ၁၉၄၅ ခုနှစ် ဂျပန်လက်နက်ချချိန် အထိ ၁၄ နှစ်ကြာခဲ့သောတိုက်ပွဲသည် တရုတ်ပြည်သူများသည် ကြီးမားစွာစွန့်လွှတ်အနစ်နာခံခဲ့ရပြီး သေဆုံးဒဏ်ရာရသူဦးရေ ၃၅ သန်းကျော်ရှိခဲ့သည်။
အနာဂတ်လမ်းကို ကောင်းစွာလျှောက်လှမ်း
စစ်ပွဲသည် လူသားမျိုးနွယ်အား အဆုံးမရှိသည့် ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းပူဆွေးမှုများသာ ချန်ရစ်ခဲ့ပါသည်။ ဂျပန်စစ်ဝါဒီများ၏ လုပ်ရပ်များကြောင့် တရုတ်ပြည်သူများ၊ မြန်မာပြည်သူများနှင့် အာရှရှိအခြားနိုင်ငံများ၏ ပြည်သူများသာမက ဂျပန်ပြည်သူများပါ ဒုက္ခရောက်ခဲ့ရပါသည်။ ဒုတိယကမ္ဘာစစ်သမိုင်းကို အမှတ်ရခြင်းသည် အငြိုးအတေးများ ဆက်လက်ထိန်းသိမ်းရန်မဟုတ်ဘဲ အနာဂတ်လမ်းကို ကောင်းစွာလျှောက်လှမ်းနိုင်ရန်နှင့် ငြိမ်းချမ်းရေး၏ အယူအဆမီးတောက်ကို မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းနိုင်ရန်ဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ်၏ နာကျင်ဖွယ်သင်ခန်းစာက လူသားတို့အား အင်အားကြီးသူက အင်အားငယ်သူကို နိုင်ကျင့်သောတောရိုင်းဥပဒေ (The Law of the Jungle) သည် လူသားအတူ ရှင်တွဲရှင်သန်ခြင်း လမ်းကြောင်းမဟုတ်ကြောင်း၊ တစ်ဖက်ကနိုင်ပြီး တစ်ဖက်ကရှုံးသော (Zero-sum game) သည် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းမဟုတ် ကြောင်း၊ ကျူးကျော်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းတို့သည် အင်အားကြီးနိုင်ငံဖြစ်စေရန် မဖြစ်မနေလုပ်ဆောင်ရမည့် နည်းလမ်းမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှာဖွေခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့သာလျှင် လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် မှန်ကန်သည့်လမ်းကြောင်းနှင့် ထာဝရဆောင်ပုဒ်ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အပြီး စစ်၏ပြင်းထန်သောအနာ ဒဏ်ရာများမကျက်မီနှင့် စစ်အေးတင်းမာမှုများ စတင်ချိန်တွင် တရုတ်-မြန်မာ ယခင်ခေါင်းဆောင်ကြီးများသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို ပူးတွဲကြေညာခဲ့ကြပြီး ငြိမ်းချမ်းရေးကိုကာကွယ်ရန်၊ အချုပ်အခြာအာဏာကို ကာကွယ်ရန် သမိုင်းအဖြေဖြစ်လာခဲ့ကာ အချိန်၏စမ်းသပ်မှုကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး၏ စွမ်းအားကိုပေါ်လွင်စေခဲ့ပါသည်။
လူပေါင်း သုံးသိန်းခန့် အသက်ဆုံးရှုံးခဲ့ရ
ဒုတိယကမ္ဘာစစ်သမိုင်း၏ တရားမျှတမှုအမြင်ကို စွဲစွဲမြဲမြဲကိုင်စွဲရမည်။ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲသည် တရားမျှတမှုနှင့်မကောင်းမှု၊ အလင်းနှင့်အမှောင်၊ လွတ်လပ်မှုနှင့် ကျေးကျွန်ပြုမှုတို့အကြား ရှင်သန်ခြင်းနှင့်သေခြင်းဆိုင်ရာ ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်သည်။ ဂျပန်စစ်ကျူးကျော်သူများသည် တရုတ်နှင့် အရှေ့တောင်အာရှတွင် လူသားချင်းမည်သည့်စာနာထောက်ထားမှုမျှမရှိသော ကျူးကျော်မှုများစွာကိုကျူးလွန်ခဲ့သည်။ ၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ဂျပန်တပ်ဖွဲ့က နန်ကျင်းမြို့၌ လူသားအရွယ်မရွေး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလုပ်ဆောင်ခဲ့ပြီး ခြောက်ပတ်အတွင်း နန်ကျင်းမြို့သူ မြို့သားများနှင့် လက်နက်ချစစ်အရာရှိများကို ရက်စက်စွာသတ်ဖြတ်ခဲ့သည်။ လူပေါင်း သုံးသိန်းခန့် အသက်ဆုံးရှုံးခဲ့ရပြီး များစွာသော အမျိုးသမီးများ အဓမ္မပြုကျင့်ခံခဲ့ရသည်။ ယန်ဇီမြစ်ကြီးတွင် သွေးနီရဲရဲစီးဆင်းခဲ့ရသည်။
ဤသည်မှာ ဒုတိယကမ္ဘာစစ်အတွင်း အရက်စက်ဆုံးသော စစ်ရာဇဝတ်မှုဖြစ်သလို လူသားယဉ်ကျေးမှုသမိုင်းတွင် ကြောက်လန့်ဖွယ်ရာ ရာဇဝတ်မှုကြီးလည်းဖြစ်သည်။ ဂျပန်စစ်ကျူးကျော်သူများသည် တရုတ်ပြည်သူများအပေါ် ကြောက်မက်ဖွယ်ကောင်းသော ဇီဝစစ်နှင့် ဓာတုစစ်များကိုဆင်နွှဲခဲ့ပြီး လူသားများကို စမ်းသပ်မှုများပြုလုပ်ကာ လူသားမျိုးနွယ်အပေါ် ကြီးမားသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇွန်လတွင် ဂျပန်တပ်ဖွဲ့သည် အရှေ့တောင်အာရှတွင် ထိုင်း-မြန်မာမီးရထားလမ်းတည်ဆောက်ရန် စတင်ခဲ့ပြီး မဟာမိတ်စစ်သုံ့ပန်း ၆၂၀၀၀ နှင့် အတင်းအကျပ် ခိုင်းစေခံရသူ ၃၅၀၀၀၀ ကျော်အနက်မြန်မာအလုပ် သမား ၁၈၀၀၀၀ ပါဝင်အသုံးပြုခြင်းခံခဲ့ရသည်။
စစ်သုံ့ပန်းများနှင့် အလုပ်သမားများသည် ခေတ်နောက်ကျသော ကိရိယာများဖြင့် ပြင်းထန်သော အလုပ်များကိုလုပ်ကိုင်ခဲ့ရပြီး အစားအစာ ရှားပါးမှု၊ ရောဂါများကူးစက်ပျံ့နှံ့မှု စသည့် အကြောင်းများကြောင့် လူပေါင်း ၁၅၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။ သေဆုံးမှုနှုန်းမှာ ၃၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ဤ “သေမင်း တမန်မီးရထားလမ်း” သည် အရှေ့တောင်အာရှတွင် ဂျပန်တပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်မှု၏ ခိုင်လုံသောအထောက်အထားဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ ယနေ့ထိတိုင် ဂျပန်တပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော ကျူးလွန်မှုများကို ငြင်းဆန်နေသူများ၊ ဂျပန်၏ “Greater East Asia Co-Prosperity Sphere (GEACPS) တည်ဆောက်ခြင်း”နှင့် “အာရှ လွတ်မြောက်ရေး”အတွက် အလံထောင်ပြီး အော်ဟစ် အားပေးနေသူများ၊ လက်ထဲတွင် သွေးစွန်းနေသော စစ်ရာဇဝတ်ကောင်များ၏ ဝိညာဉ်များကို ဂါရဝပြုနေသူများလည်း ရှိနေဆဲဖြစ်သည်။ ဤအရာများသည် အမှားအမှန်ကို ဝေဝါးစေပြီး လူသားတို့၏ ကျင့်ဝတ်နှင့်ပတ်သက်၍ စိန်ခေါ်မှုများဖြစ်စေသည်။ တရုတ်ပြည်သူများနှင့် အရှေ့တောင်အာရှပြည်သူများ၏ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲသည် ဂျပန်စစ်အာဏာရှင်စနစ်၏ ကျူးကျော်စစ်ကိုတော်လှန်ခြင်း၊ နယ်မြေအချုပ်အခြာအာဏာကို ပြန်လည်ရယူခြင်း၊ အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းခြင်း၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကာကွယ်ခြင်းဆိုသည့် တရားမျှတသောစစ်ပွဲဖြစ်ကာ ၎င်းသည်တိုးတက်သော ကျူးကျော်စစ်ဆန့်ကျင်ရေးစစ်ပွဲဖြစ်ပြီး ၎င်း၏ဝိသေသနမှာ တရားမျှတမှုပင်ဖြစ်သည်။ သမိုင်းသည် ဖြစ်ပျက်ခဲ့ပြီးဖြစ်သလို တရားမျှတမှုသည် ဧကန်မုချအဆိုးကို အနိုင်ယူပြီး အလင်းသည် အမှောင်ကို ဧကန်မုချ အနိုင်ယူလိမ့်မည်ဟု ဆက်လက်သက်သေပြလိမ့်မည်။
ဒုတိယကမ္ဘာစစ်သမိုင်း၏ ပကတိအမြင်ကို စွဲစွဲမြဲမြဲကိုင်စွဲရမည်။ စစ်အေးခေတ်ကာလ၏ အတွေးအခေါ်နှင့် အယူဝါဒ (Ideology) ဆိုင်ရာ ဘက်လိုက်မှု များ၏ လွှမ်းမိုးမှုအောက်တွင် တရုတ်နိုင်ငံ ဂျပန်ကျူးကျော်မှုခုခံရေးစစ်ပွဲ၏ အခန်းကဏ္ဍနှင့် အရေးပါမှုသည် ကာလကြာရှည်စွာ အာရုံစူးစိုက်မှုနှင့် အသိအမှတ်ပြုမှုများမရရှိခဲ့ပါ။ ပထဝီနိုင်ငံရေး အကျိုး စီးပွားများရရှိစေရန် နိုင်ငံအချို့နှင့် နိုင်ငံရေးသမားအချို့သည် သမိုင်းဖြစ်ရပ်မှန်ဆိုင်ရာ အချက်အလက်များကိုလျစ်လျူရှုပြီး ဒုတိယကမ္ဘာစစ်တွင် တရုတ်နိုင်ငံ၏ သမိုင်းဝင် အကျိုးထမ်းဆောင်မှုများကို ငြင်းပယ်ရန်ကြိုးပမ်းခဲ့ကြသည်။
စစ်မှန်သောဖြစ်ရပ်မှာ အနောက်ပိုင်း အဓိကနိုင်ငံများက ဂျပန်ကျူးကျော်စစ်ကို စေ့စပ်၍ အလျှော့ပေးခြင်းနှင့် လက်လွှတ်စပယ်ပြုမူဝါဒများ ချမှတ် သည့်အခါမှာ တရုတ်လူမျိုးများက ဖက်ဆစ်ဆန့်ကျင်ရေး သိမ်းပိုက်မှုအလံကို အမြင့်သို့ဆွဲတင် ၍ ခုခံထကြွကာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ၏ ပထမဆုံးပစ်ချက်အဖြစ် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင် ရေးစစ်ပွဲ၏ ပွဲဦးထွက်အခန်းကို ထုတ်ဖော်ပြသခဲ့သည်။ ၁၉၃၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း တရုတ် လူမျိုးများသည် ဂျပန်ဖက်ဆစ်ဝါဒ၏ အလုံးအရင်း ထိုးစစ်ဆင်မှုကို အမှီအခိုကင်းစွာ ခုခံခဲ့ကြသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဂျာမနီကပိုလန်ကို မကျူးကျော်ခင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲသည် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ၏ အဓိကစစ်မြေပြင်ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ပစိဖိတ်စစ်ပွဲ မဖြစ်ပွားမီတွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲသည် ဂျပန်ဖက်ဆစ်ကျူးကျော်မှုကို ဆန့်ကျင်သည့် တစ်ခုတည်းသော စစ်မြေပြင် ဖြစ်သည်။
အဆုံးစွန်ထိ တိုက်ပွဲဝင်ခဲ့ကြကာ မဟာအောင်ပွဲကြီးကို ရရှိခဲ့သည်
တရုတ်ကွန်မြူနစ်ပါတီက အဆိုပြုပြီး ထူထောင်ခဲ့သော ဂျပန်ဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးတပ်ဦး၏ အလံတော်အောက်မှာ တရုတ်ပြည်သူပြည်သားများက စည်းလုံးညီညွတ်ပြီး သွေးထွက်သံယိုမှုများနှင့် အဆုံးစွန်ထိတိုက်ပွဲဝင်ခဲ့ကြကာ နောက်ဆုံးတွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲသည် မဟာအောင်ပွဲကြီးကို ရရှိခဲ့ပါသည်။ Oxford University China Centre ၏ ဒါရိုက်တာ Rana Mitter က သူ၏ Forgotten Ally: China's World War II စာအုပ်၌ “ဆယ်စုနှစ်တစ်ခုကြာခဲ့သည့် ထိုကမ္ဘာလုံးဆိုင်ရာစစ်ပွဲနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ နားလည်မှုသည် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို လုံလောက်စွာထည့်သွင်းရန် ပျက်ကွက်ခဲ့သည်” ဟု ရှင်းလင်းစွာဖြင့် ရေးသားခဲ့သည်။
လွန်ခဲ့သည့် ၁၉၃၈ ခုနှစ်တွင် တရုတ်နှင့်ဂျပန်တို့၏ စစ်ပွဲဝင်အင်အား စုစုပေါင်းလေးသန်းကျော်ရှိခဲ့ပြီး ထိတွေ့တိုက်ပွဲတစ်လျှောက်လုံး ကီလိုမီတာ ၁,၈၀၀ ကျော် ရှည်လျားကာ တိုက်ပွဲဇုန်ဧရိယာသည် စတုရန်းကီလိုမီတာ ၁ ဒသမ ၆ သန်းခန့် ကျယ်ဝန်းသည်။ တရုတ်လူမျိုး သန်း ၄၀၀ ကျော်သည် စစ်ပွဲတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် ဆွဲသွင်းပါဝင်ခြင်းခံခဲ့ကြရသည်။ တရုတ်စစ်မြေပြင်များတွင် ဂျပန်ကြည်းတပ်ဖွဲ့အင်အား၏ သုံးပုံနှစ်ပုံကျော်နှင့် ရေတပ်နှင့်လေတပ်၏ တစ်စိတ်တစ်ပိုင်းအင်အားများကို ခုခံတားဆီးနိုင်ခဲ့ကာ ဂျပန်ဖက်ဆစ် ဝါဒ၏ခြေလက်ကို တင်းတင်းကျပ်ကျပ်ချည်နှောင်ပြီး ၎င်းအား နှစ်ရှည်စစ်ပွဲ၏ လျှိုထဲတွင် ပိတ်နေနိုင်စေကာ သူ့အလိုလို မရုန်းထွက်နိုင်ခဲ့ပေ။
တရုတ်၏ နှစ်ရှည်ခုခံမှုများကြောင့် ဂျပန်၏ မြောက်ဘက်ဆိုက်ဘေးရီးယားသို့ ကျူးကျော်ခြင်း အစီအစဉ်ကို ရပ်တန့်စေပြီး ဂျပန်၏ တောင်ဘက် အရှေ့တောင်အာရှသို့ ချီတက်သောခြေလှမ်းကို တားဆီးနိုင်ခြင်းနှင့် နှောင့်နှေးစေနိုင်ခဲ့သည့်အတွက် အမေရိကန်၊ ဗြိတိန်တို့နှင့် ဂျပန်၏စစ်ပွဲကို ထိထိရောက်ရောက် ပံ့ပိုးပေးခဲ့ကာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင် ရေးစစ်ပွဲတွင် လုံးလုံးအောင်နိုင်ရေးအတွက် ခိုင်မာသော အုတ်မြစ်ချနိုင်ခဲ့သည်။ အမေရိကန်သမ္မတ သိယိုဒိုးရုစဗဲ့ (Theodore Roosevelt) က “တရုတ်နိုင်ငံမရှိရင်၊ တရုတ်နိုင်ငံသာရှုံးခဲ့ရင် ဂျပန်တပ်သား ဘယ်လောက်ကစစ်တိုက်ဖို့ တခြားနေရာတွေကို ပြောင်းရွှေ့နိုင်ခဲ့မလဲ။ သူတို့က သြစတြေးလျ၊ အိန္ဒိယတို့ကို ချက်ချင်းသိမ်းပိုက်နိုင်ပြီး အရှေ့ အလယ်ပိုင်းကိုတောင် အလျင်စလိုနဲ့ ရောက်သွားနိုင်တယ်” ဟု ပြောကြားခဲ့ဖူးပါသည်။
ဒုတိယကမ္ဘာစစ်သမိုင်း၏ ဘက်စုံအမြင်ကို စွဲစွဲမြဲမြဲကိုင်စွဲရမည်။ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ၏ အောင်ပွဲသည် တရုတ်၊ ဥရောပ၊ ပစိဖိတ်နှင့် မြောက်အာဖရိကတိုက် စစ်မြေပြင်များတွင်ရရှိခဲ့သည့် ပူးတွဲအောင်ပွဲဖြစ်ပြီး စစ်မြေပြင်တစ်ခုစီ၏ အကျိုးထမ်းရွက်မှုများကို ဖျောက်ဖျက်ပစ်၍မရပါ။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အနောက်တောင် ဘက်တွင်တည်ရှိပြီး အနောက်ဘက်တွင် အိန္ဒိယနှင့်အိန္ဒိယသမုဒ္ဒရာတို့ ထိစပ်နေသည့်အတွက် အရေးကြီးသော ဗျူဟာမြောက်နေရာတွင် ရပ်တည်နေသည်။ မြန်မာ့စစ်မြေပြင်သည် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အရှေ့ပိုင်းစစ်ပွဲ၏ အရေးပါသောအစိတ်အပိုင်းဖြစ်သည်။
မြန်မာ့တပ်သားများ ချီးကျူးဂုဏ်ယူစွာ ရေးသားခဲ့ကြ
တရုတ်၊ အမေရိကန်၊ ဗြိတိန်စသည့်နိုင်ငံများမှ တပ်ဖွဲ့များသည် မြန်မာ့တပ်သားများနှင့်အတူ ဂျပန်ကျူးကျော်သူများကို တိုက်ထုတ်ကာချီးကျူးထိုက်၊ ဂုဏ်ယူထိုက်သော ဇာတ်လမ်းများစွာကို ရေးသားခဲ့ကြသည်။ ယူနန်-မြန်မာလမ်းမကြီး (ယူနန်ပြည်နယ် ကူမင်းမြို့ - မြန်မာနိုင်ငံလားရှိုးမြို့)သည် ၁၉၃၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး တရုတ်စစ်မြေပြင် နှင့် မဟာမိတ်တပ်များကြား တစ်ခုတည်းသော ဘေးကင်းသည့်လမ်းကြောင်း ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသို့ နိုင်ငံတကာအကူအညီ အမြောက်အမြားကို ဤလမ်းမှတစ်ဆင့် ဂျပန်၏ ကျူးကျော်မှုကို ခုခံသည့် တရုတ်စစ်မြေပြင်အသီးသီးသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
ယင်းထောက်ပံ့ပစ္စည်းအများစုကို ရန်ကုန်ဆိပ်ကမ်းမှ လားရှိုးမြို့သို့ရထားလမ်းဖြင့် ပို့ဆောင်သွားပြီးနောက် ယူနန်-မြန်မာ လမ်းမကြီးမှ ဝမ်တိန်ကို ကျော်ဖြတ်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်တပ်ဖွဲ့သည် ယူနန်-မြန်မာလမ်းမကြီးကိုဖြတ်တောက်ရန် မြန်မာနိုင်ငံကို အကြီးအကျယ်ကျူးကျော်တိုက်ခိုက်ခဲ့သည်။ တော်လှန်ရေးစစ်ပွဲအတွင်း တရုတ်နိုင်ငံ၏ နောက်ဘက်နယ်မြေများကို ခုခံကာကွယ်ရန်နှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ မဟာမိတ်အဖွဲ့၏ တရားမျှတသော လုပ်ဆောင်မှုများကို ထောက်ပံ့ရန်အတွက် တရုတ်ခရီးရှည်ချီတက်တပ်မှ စစ်သည် ၄၀၀၀၀၀ ကျော်ကို မြန်မာပြည်တွင်းသို့စေလွှတ်ခဲ့ပြီး မြန်မာစစ်မြေပြင်သို့ တိုက်ပွဲဝင်ခဲ့ကာ အသေအပျောက် လူဦးရေ ၂၀၀၀၀၀ နီးပါး နစ်နာဆုံးရှုံးခဲ့ရသည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာပြည်သားများက ဂျပန်ကျူးကျော်သူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရာ နောက်ဆုံးတွင် ဂျပန်တို့အား မြန်မာနိုင်ငံမှ ဆုတ်ခွာသွားစေခဲ့သည်။
ဒုတိယကမ္ဘာစစ်သမိုင်း၏ ဘက်စုံအမြင်တွင် စစ်ပြီးခေတ်နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းကို နားလည်သဘောပေါက်ခြင်းလည်း ပါဝင်ပါသည်။ ဒုတိယကမ္ဘာစစ် မပြီးဆုံးခင်နှင့်အပြီးတွင် နိုင်ငံတကာအသိုက်အဝန်းမှ အရေးကြီးဆုံးသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်မှာ ကုလသမဂ္ဂကို ထူထောင်ရေးပင်ဖြစ်သည်။ ယနေ့ရှုပ်ထွေးပွေလီသော နိုင်ငံတကာအခင်းအကျင်းနှင့် ရင်ဆိုင်နေရချိန်၌ ကုလသမဂ္ဂကိုဗဟိုပြုသော အပြည်ပြည်ဆိုင်ရာစနစ်၊ နိုင်ငံတကာဥပဒေအပေါ် အခြေခံထားသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် အခြေခံထားသော နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများအား ကျွန်မတို့ဆက်လက် ခိုင်မြဲစွာ ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အတည်ပြု
ယခုနှစ်သ က်စာတမ်းများသည် ထိုင်ဝမ်ပြည်နယ်အပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အတည်ပြုခဲ့ပြီး စစ်ပြီးခေတ်နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည်။
၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ က ထောက်ခံမဲအများဆုံးဖြင့် ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို အတည်ပြုခဲ့ပြီး ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင်အခွင့်အရေး အားလုံးကို ပြန်လည်အတည်ပြုကာ ထိုင်ဝမ်အာဏာပိုင်များ၏ ကိုယ်စားလှယ်များကို ကုလသမဂ္ဂနှင့် ၎င်း၏အေဂျင်စီများအားလုံးမှ ချက်ချင်းနှင်ထုတ်ခဲ့သည်။ ဤဆုံးဖြတ်ချက်သည် တရုတ်တစ်နိုင်ငံ တည်းမူဝါဒကိုအတည်ပြုခဲ့သည်။ ဆိုလိုသည်မှာ ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိသည်။ ထိုင်ဝမ်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်။
တောင်ငူ၊ ရေနံချောင်းနှင့် မြစ်ကြီးနားမြို့တို့ရှိ တရုတ်ခရီးရှည်ချီတက်တပ် အထိမ်းအမှတ် ကျောက်တိုင်များ၊ ယူနန်-မြန်မာလမ်းမကြီးနှင့် ဝမ်တိန်တံတားတို့သည် တရုတ်နှင့် မြန်မာတို့၏ ဖက်ဆစ်ဝါဒဆန့်ကျင်ရေး ပူးပေါင်းတိုက်ဖျက်မှု၏ သမိုင်းဝင်အမှတ်ရနေရာများဖြစ်ကြသည်။ ဤအခက် အခဲများကို အတူကြုံတွေ့ခဲ့ရသည့်အတွက်ကြောင့် ငြိမ်းချမ်းရေး၏တန်ဖိုးကို ကျွန်မတို့ပိုပြီး လေးလေးနက်နက်နားလည်သိရှိကြပါသည်။ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က “ဒုတိယကမ္ဘာစစ်ကြီး၏ လေးနက်သော သင်ခန်းစာများနှင့် ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲကြီး မဟာအောင်ပွဲများစသည့် သမိုင်းကြောင်းများမှ သင်ခန်းစာယူ၍ ဉာဏ်ပညာနှင့် ခွန်အားများရယူကြရမည်ဖြစ်ကြောင်း၊ လွှမ်းမိုး ရေးဝါဒ (Hegemonism) နှင့် အင်အားကြီးနိုင်ငံရေး (Power politics) ဆိုင်ရာနည်းမျိုးစုံကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး လူသားတို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကိုဖန်တီးရန် အတူတကွ လုပ်ဆောင်ကြပါဟု ထောက်ပြပြောကြားခဲ့သည်။”
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ဒုတိယကမ္ဘာစစ်အောင်ပွဲရလဒ်နှင့် စစ်ပြီးခေတ် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကိုထိန်းသိမ်းခြင်း၊ နိုင်ငံတကာအမှန်တရားနှင့် တရားမျှတမှုကို ကာကွယ်ခြင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကိုတိုးမြှင့်ပြီး လူသားအေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးတွင် ကြီးမားစွာအကျိုးထမ်းဆောင်သွားမည်ဖြစ်သလို ကမ္ဘာကြီးအား ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေးနှင့် တိုးတက်မှုဆီသို့ ဦးတည်သွားရန် ဆန္ဒရှိပါသည်။ ။

ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုသမိုင်းကြောင်းကို ပြန်ပြောင်းစေ့ငုကြည့်လျှင် ၂၀ ရာစုနှစ်အစက ဒီမိုကရေစီနိုင်ငံဟူ၍ လက်တစ်ဆုပ်စာသာရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီးသောအခါ ဒီမိုကရေစီနိုင်ငံ အရေအတွက်တိုးလာသည်။ ဒုတိယကမ္ဘာစစ်ပြီးသောအခါ ထိုထက်ပိုများလာသည်။ စစ်အေးကာလပြီးသောအခါ ပို၍ပို၍များလာသည်။ ၂၁ ရာစုအစပိုင်းသို့ ရောက်သောအခါ ဒီမိုကရေစီနိုင်ငံဟု ခေါ်ဆိုလောက်သည့် နိုင်ငံပေါင်း ၉၀ ခန့်ရှိလာသည်။ The Econo- mist Intelligence Unit (EIU)၏ ၂၀၂၀ စာရင်းအရ ကမ္ဘာပေါ်တွင် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံပေါင်း ၁၁၀ ရှိသည်ဟု သိရသည်။
အဆိုပါစာရင်းတွင် ဒီမိုကရေစီပြည့်ဝသောနိုင်ငံ၊ တစ်ဝက်တစ်ပျက်ရှိသောနိုင်ငံနှင့် ချို့ယွင်းပျက်ကွက်သော နိုင်ငံများလည်းပါဝင်သည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာ့နိုင်ငံအများစုသည် ဒီမိုကရေစီကျင့်သုံးသောနိုင်ငံများဖြစ်ကြသည်။ ထိုကဲ့သို့ကာလအပိုင်းအခြား အလျောက် ဒီမိုကရေစီနိုင်ငံများ ပိုမိုများပြားလာသည်ဆိုသော်လည်း ဒီမိုကရေစီနိုင်ငံအဆင့်မှ ပြန်လည်လျှောကျသွားသော နိုင်ငံများလည်းရှိသည်။ သို့သော် သိသိသာသာ လျော့ကျသွားခြင်းတော့ မဟုတ်ပေ။ ဒီမိုကရေစီ၏ကျင့်ဝတ်စံနှုန်းများအရ၊ ဒီမိုကရေစီ၏ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်များအရ ပြည်သူအများစုက နှစ်သက်လက်ခံကြသည်မှာတော့ အမှန်ဖြစ်သည်။
ဥပဒေလေးစားလိုက်နာ
နိုင်ငံတကာက အသိအမှတ်ပြုလက်ခံထားသော ဒီမိုကရေစီစံနှုန်းများမှာ (၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည်။ (၂) သာတူညီမျှရှိစေရမည်။ (၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ်ထားရှိရမည်။ (၄) တာဝန်ယူမှုရှိရမည်။ (၅) ရိုးသားပွင့်လင်းမှုနှင့် ထင်သာမြင်သာရှိစေရမည်။ (၆) ပုံမှန်လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးချယ်တင်မြှောက်ခွင့် ရှိရမည်။ (၇) စီးပွားရေးလွတ်လပ်ခွင့်ရှိရမည်။ (၈) အာဏာအလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည်။ (၉) လူ့အခွင့် အရေးကြေညာစာတမ်းများ ထုတ်ပြန်ထားရှိရမည်။ (၁၀) ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်ထား သောရလဒ်များအား လက်ခံနိုင်ရမည်။ (၁၁) လူ့အခွင့် အရေးထိန်းသိမ်းရမည်။ (၁၂) ပါတီစုံစနစ်ကျင့်သုံးရမည်။ (၁၃) ဥပဒေကို လေးစားလိုက်နာကြရမည် တို့ဖြစ်သည်။
ဒီမိုကရေစီစနစ်သည် လူထုကိုအခြေခံခြင်း၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှုတို့ကို ဖော်ဆောင်နိုင်ခြင်း၊ အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများရှိသဖြင့် နိုင်ငံအများစုက ကျင့်သုံးကြသည်ကို တွေ့ရသည်။ ယင်းစနစ်သည် လူထုကိုအခြေခံသော အုပ်ချုပ်ရေးစနစ်ဖြစ်၍ ပြည်သူလူထုပါဝင်ဆောင်ရွက်မှုနှင့် ပြည်သူလူထု၏ အလေ့အထများသည် ဒီမိုကရေစီစနစ်၏ အခြေခံအစိတ်အပိုင်းများဖြစ်သည်။ ပြည်သူလူထုအတွင်း ဒီမိုကရေစီယဉ်ကျေးမှု ခိုင်မာလာသည်နှင့်အမျှ လူ့အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာခြင်းနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှုများရရှိရန် လူတစ်ဦးချင်းစီတွင် ကောင်းမြတ်သည့်စိတ်ထား၊ ကျင့်ဝတ်များကို လိုက်နာကြရန်လိုပါသည်။ ကိုယ်စီလိုက်နာကျင့်ကြံကြမှသာ ဒီမိုကရေစီအကျိုးရလဒ်များကို ခံစားနိုင်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာဘုရင်လက်ထက်က လွှတ်တော် အခင်းအကျင်းရှိသော်လည်း ပဒေသရာဇ်စနစ်သာ ဖြစ်သည်။ အင်္ဂလိပ်အုပ်ချုပ်စဉ်အခါကလည်း မြန်မာပြည်အုပ်ချုပ်ရေးကို လွှတ်တော်ပုံစံဖြင့် သွားခဲ့သော်လည်း ကိုလိုနီစနစ်သာဖြစ်သည်။ ကိုလိုနီခေတ်လွှတ်တော်စနစ်ဖြင့် သွားခဲ့သောကြောင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးခါနီး၌ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပါလီမန်ဒီမိုကရေစီစနစ် တည်ဆောက်ရန် ရေးဆွဲခဲ့သည်။ ၁၉၄၈ ခုနှစ်မှစတင်၍ ပါလီမန်ဒီမိုကရေစီခေတ်ကို ဖ.ဆ.ပ.လ အများစု အနိုင်ရပါတီမှဦးဆောင်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာကို ရယူခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကာ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။
ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး အခြေခံသဘောတရားအားနည်းမှု၊ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းမှု၊ တံခါးပိတ်စီးပွားရေးဝါဒ ကျင့်သုံးမှုတို့ကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေကာ စားဝတ်နေရေး ကျပ်တည်းမှုမှတစ်ဆင့် အထွေထွေမကျေနပ်မှုများ ဖြစ်ပေါ်ပြီး ၁၉၈၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပျက်သုဉ်းခဲ့သည်။ တပ်မတော်က ယိုယွင်းပျက်ပြားနေသောနိုင်ငံတော်ကို ထိန်းသိမ်းရန်အာဏာလွှဲယူခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ပြည်သူများဆန္ဒပြင်းပြခဲ့သဖြင့် ၁၉၉၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲထားသဖြင့် ခရီးမပေါက်ခဲ့ပေ။ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခဲ့သည်။ ဥပဒေရေးဆွဲရန်လိုအပ်ချက် သုံးလဖြစ်သော်လည်း အနိုင်ရပါတီ နုတ်ထွက်သည့် ကာလအပါအဝင် စုစုပေါင်း ၁၅ နှစ်ကြာခဲ့သည်။
တပ်မတော်နှင့် လက်တွဲ
၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ တပ်မတော်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန်အတွက် အခြေခံအုတ်မြစ်ချပေးခြင်း၊ ဒီမိုကရေစီ စနစ်ကို ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အသားကျနိုင်ရေးလိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။ တပ်မတော်အနေဖြင့်လည်း အစိုးရနှင့် လက်တွဲညီစွာ ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှစတင်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရန် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆောင်ရွက်ခဲ့သည်။ အမှန်တကယ်ငြိမ်းချမ်းရေးရရှိနိုင်ရန် အစိုးရနှင့်တပ်မတော် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
သင်ခန်းစာဖော်ထုတ်
မြန်မာနိုင်ငံသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အစဉ်အဆက်အတူပေါင်းစည်း နေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးနိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။ ဒီမိုကရေစီ ပထမအစိုးရအနေဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီသက်တမ်း ကာလနုနယ်သေးခြင်း၊ ဒီမိုကရေစီစနစ်နှင့်အသား ကျမှုမရှိသေးခြင်း၊ အဖွဲ့အစည်းအသီးသီးက အတိတ်ဖြစ်ရပ်များအပေါ်အခြေခံ၍ သွေးထိုးလှုံ့ဆော်မှုများရှိခြင်း၊ ဆိုရှယ်လစ်စနစ်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် မကျေနပ်ချက်များကို ဒီမိုကရေစီကျင့်သုံးချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက်အခံပြုလုပ်ခြင်း စသည်တို့ကို သင်ခန်းစာ ဖော်ထုတ်ရရှိသည်။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ် ဆောင်ရွက်ခဲ့သည်။ ဒီမိုကရေစီဒုတိယအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုက များစွာမျှော်လင့် ထားသော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံ အားနည်းမှုများ၊ ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများ၊ စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်ခဲ့သည်။ စတင်တာဝန်ယူသည့် ၂၀၁၅-၂၀၁၆ ကာလတွင် ပြည်ပအကူအညီများစွာရရှိပြီး နိုင်ငံ့စီးပွားရေး အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ပြည်ပနိုင်ငံ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်နေခြင်း၊ ပြည်တွင်းစီးပွားရေးကို အားပေး မှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမရှိခြင်း၊ နိုင်ငံ၏ ပကတိအခြေအနေနှင့်မကိုက်ညီဘဲ နိုင်ငံခြားသား အကြံပေးများ၏ အကြံဉာဏ်အတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းလာခဲ့သည်။ အနိုင်ရပါတီ ကိုယ်စားလှယ်များမှာလည်း ဒီမိုကရေစီစံနှုန်းများနှင့်မညီခြင်း၊ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်း၊ လွှတ်တော်များအတွင်း ကမောက်ကမဖြစ်စေခြင်းစသည့် အားနည်းချက်များရှိခဲ့သည်။
စိုးရိမ်ဖွယ်ရာများစွာရှိ
ထိုသို့သော အားနည်းချက်အမျိုးမျိုးတို့ကြောင့် ပြည်သူလူထုအတွင်းတွင် ၎င်းတို့အပေါ် ယုံကြည်မှု အားနည်းလာခဲ့ရာ အာဏာရပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရလိုမှုနှင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့၍ မဲမသမာမှု များကို ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့သည်ဟု သုံးသပ်မိပါသည်။ ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် သတ်မှတ်စံနှုန်းများအား တစ်စုံတစ်ယောက်၊ တစ်ဖွဲ့က လွှဲပြောင်းပေးခြင်း၊ လက်ခံ ရယူခြင်းမဟုတ်ပေ။ ဒီမိုကရေစီကို တည်ဆောက်ရယူခြင်းဖြစ်သည်။ စင်စစ်စစ်မှန်သောဒီမိုကရေစီကို မလိုလားသော ပြည်ပအင်အားစုများ၏ စွက်ဖက်မှုနှင့် ဩဇာသက်ရောက်ခံရသော လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီအပင်မပေါက်နိုင်ဟု ဆိုထားသည်။ ပထမဒီမိုကရေစီသက်တမ်း၌ ဤအချက်များကို စိုးရိမ်ရန်မလိုသော်လည်း ဒုတိယဒီမိုကရေစီ သက်တမ်းတွင် စိုးရိမ်ဖွယ်ရာများ များစွာရှိခဲ့သည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းကြောင်းတွင် အကျည်းတန်အရုပ်ဆိုးဖြစ်ခဲ့သည့် မဲမသမာမှုများဖြစ်ခဲ့ခြင်းကို အကြောင်းပြု၍ နိုင်ငံရေးအချိုးအကွေ့ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်နိုင် သည့်စာရင်း ၁၁၃၀၅၃၉၀ (တစ်ဆယ့်တစ်သန်း သုံးသိန်းကျော်)ကို တာဝန်ရှိသူအဆင့်ဆင့်တို့က ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀(ဂ) နှင့် ပုဒ်မ ၄၁၇ တို့တွင်ပါရှိသည့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော် ၏ ယာယီသမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး ပုဒ်မ ၄၁၈(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲအပ်ပေးသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။
ဖွဲ့စည်းတာဝန်ပေးအပ်
ယခုအခါ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့စဉ်က ပါရှိခဲ့သည့် ကိစ္စရပ်များကို ပြီးပြတ် အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ခြင်း၊ ပြည်သူတို့၏ဆန္ဒဖြစ်သည့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ်အား မဖြစ်မနေ ကျင်းပပေးရန် လိုအပ်ခြင်းတို့ကြောင့် နိုင်ငံတော်ကို အရေးပေါ်ကြေညာထားခြင်းအား ရုပ်သိမ်းပေးရန်နှင့် အစိုးရအပေါ် ပေးအပ်ထားသည့်တာဝန်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပြန်လည်အပ်နှံပေးခဲ့သည်။ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက်လိုအပ်သည့် လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော် ခေါ်ယူ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးရေး ပင်ဖြစ်သည်။ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မဲစာရင်းမှန်ကန်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပေးခဲ့သလို မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူ ခြင်းနှင့် နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ ရယူခြင်းများကို ဆောင်ရွက်ခဲ့သည်။ ယခုအခါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်မြေများကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
ရွေးကောက်ပွဲအောင်မြင်ရေး
ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် ဒီမိုကရေစီအခင်းအကျင်းသစ်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ လွှတ်တော်မှနေ၍ သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတမှတာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးသည်။ ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးမည့်သူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်သည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပေ။ အခြားနိုင်ငံများတွင်လည်း ထိုသို့သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသည်ကို လေ့လာတွေ့ရှိရသည်။ နိုင်ငံတကာရွေးကောက်ပွဲများတွင် ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့သည့်နိုင်ငံများလည်းရှိသည်။ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူအများစုဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်သည်။
သို့ဖြစ်ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည်ပြီးခဲ့သည့် ဒီမိုကရေစီသက်တမ်း ကာလများက ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ဖြစ်ပေါ်ခဲ့သည်များကို သင်ခန်းစာယူပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများ ကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့်ရွေးကောက်ပွဲ ဖြစ်စေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်ဆိုတာကို နိုင်ငံရေးပါးဝသူတိုင်း၊ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးကို လေ့လာတီးခေါက်မိသူတိုင်း နားလည်သဘောပေါက်ကြပေမယ့် နယ်တစ်နယ် ဓားတစ်စင်း၊ တစ်တောတစ်ကြက်ဖ စစ်ဘုရင်ဝါဒကို နှစ်ပေါင်းများစွာ ကိုင်စွဲထားပြီး လက်နက်ကိုင်လမ်းစဉ်ကို သဘောတွေ့နေကြတဲ့ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကတော့ ရွေးကောက်ပွဲကို လက်မခံတဲ့သဘောထားတွေကို ထုတ်ဖော်ပြောနေတာ ကြားရပါတယ်။
ဒါဖြင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘယ်လို လုပ်ငန်းစဉ်နဲ့ သွားမလဲ၊ ဘယ်လိုချဉ်းကပ် လုပ်ဆောင်ရမလဲလို့ မေးခွန်းထုတ်ပြန်ရင်လည်း သူတို့မှာ တိတိကျကျ၊ ရေရေရာရာအဖြေမရှိပါဘူး။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ လက်နက်ကိုင်တော်လှန်ရေး စသည်ဖြင့် မရေမရာ ဝေဝေဝါးဝါးနဲ့ပဲ အဆုံးသတ်သွားတာပါပဲ။
ဒါပေမဲ့ တကယ့်မြေပြင်အနေအထားအရကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြရမယ့်အစား စစ်ဘောင်ကိုပဲ တွင်တွင်ချဲ့ပြီး ဖော်ဆောင်နေခဲ့ကြတဲ့အတွက် ဒေသခံတိုင်းရင်းသားပြည်သူတွေမှာ မြောက်မြားစွာသော အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေကြရပါတယ်။
ဒီအတွက် တစ်ခုတည်းသောလမ်းကြောင်းကတော့ နိုင်ငံတော်ရဲ့အကျိုးစီးပွား၊ ဒေသခံတို့ရဲ့အနာဂတ်အကျိုးစီးပွားကို အာမခံနိုင်သော ဒီမိုကရေစီရဲ့ သဘောတရားအရ မတူတာတွေကို ဆွေးနွေးညှိနှိုင်း၊ တူတာတွေကို အတူတကွတွဲလုပ်နိုင်မယ့် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းသာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ ပထမအကြိမ် ကျင်းပခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတုန်းကလည်း ထိုစဉ်က အတိုက်အခံပါတီဟာ “နိုးဘုတ်”ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲကို ကျောခိုင်းခဲ့ပေမယ့် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာတဲ့ လွှတ်တော် နိုင်ငံရေးနဲ့အတူ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ် အသိအမှတ်ပြုထောက်ခံလာတဲ့ ကမ္ဘာ့ အခြေအနေကြောင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ထိုမှ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံတော်ရဲ့တာဝန်တွေကို ထမ်းဆောင်ခွင့်ရခဲ့တာပဲ မဟုတ်ပါလား။
နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာတော့ အာဏာရပါတီဟာ မဲမသမာမှုကတစ်ဆင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရမယ့်အစား လွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်ရဲ့အာဏာကို အဓမ္မရယူဆောင်ရွက်မှုမှ အစပြုပြီး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နဲ့အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်ရဲ့တာဝန်များ ခေတ္တလွှဲပြောင်းထိန်းသိမ်းလိုက်တဲ့အတွက် လွှတ်တော်နိုင်ငံရေးဟာ ခေတ္တရပ်တန့်သွားခဲ့ပါတယ်။ ဒါတွေကို ပြန်လည်တင်ပြပြောဆိုရခြင်းဟာလည်း နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ၊ နိုင်ငံရေးသံဝေဂ၊ နိုင်ငံရေးသင်ခန်းစာအဖြစ် ပြန်ပြောင်း ဆင်ခြင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ နိုင်ငံတော်ရဲ့အာဏာကို ခေတ္တထိန်းသိမ်းခဲ့ခြင်းသာဖြစ်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးစတဲ့လုပ်ငန်းစဉ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်ငါးရပ်ထဲမှာ အတိအလင်းထည့်သွင်းဖော်ပြပြီး တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။
စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်
လက်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ ဦးတည်ချက် ၄ ရပ်မှာလည်း “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ် လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး”၊ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” စသည်ဖြင့် ဆက်လက်ဖော်ပြပါရှိ ပါတယ်။
ကမ္ဘာက “မြန်မာ့နွေဦး” လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ညင်သာတဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုလည်း တပ်မတော်က ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့အတူ ဖော်ဆောင်ပေးခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းအရ ယခုဒီဇင်ဘာလမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာလည်း ခေတ္တရပ်တန့်သွားခဲ့ရတဲ့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကို မကြာမီ သက်ဝင်နိုးထလာစေမှာ ဖြစ်ပါတယ်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၁၂ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပတဲ့ ကော်မရှင်အစည်းအဝေးမှာ “ရွေးကောက်ပွဲ ဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်းပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အပေါ် ထောက်ခံအားပေးသည့် အပြုသဘောဆောင်သည့်နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒကတက်သည့်နိုင်ငံများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သတိထားရမယ့်ကိစ္စတစ်ရပ်အနေနဲ့ ထည့်သွင်းပြောကြားသွားတာကို နိုင်ငံပိုင်သတင်းစာတွေမှာ ဖတ်လိုက်ရပါတယ်။
နိုင်ငံတော်အကြီးအကဲ မိန့်ကြားခဲ့သလို ရွေးကောက်ပွဲဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်း ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိကောင်း ရှိလာနိုင်မှာ ဖြစ်ပါတယ်။
လောကဓမ္မတာအရတော့ အဖြူရှိရင် အမည်းရှိမယ်၊ အကောင်းရှိရင် အဆိုးရှိမှာပါပဲ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုရွေးကောက်ပွဲမှာလည်း ရွေးကောက် ပွဲကို သပိတ်မှောက်ကျောခိုင်းတဲ့အဖွဲ့အစည်းတွေ၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တဲ့လူစားတွေရှိခဲ့ကြတာပါပဲ။ ဒါကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ကြမယ်ဆိုတဲ့ လူတွေပေါ်ရင်တော့ အဲဒီလူတွေဟာ တိုင်းပြည်ရဲ့ရန်သူ နံပါတ်တစ်တွေပဲ။ လွတ်လပ်ရေးကို ဆုံးဖြတ်ရမယ့် ရွေးကောက်ပွဲဖျက်ဆီးချင်သူတွေဟာ တိုင်းပြည်ရဲ့ရန်သူပဲ။ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့လူတွေဟာ ရှေ့လျှောက်ပြီး သူတို့ မင်းသားကြီးမလုပ်နိုင်ကြမယ့်အရေးမြင်လို့ ဗမာပြည် ဘာဖြစ်ဖြစ်ဆိုပြီး လုပ်ချင်ကြတဲ့လူတွေပဲ။ လာမယ့်ရွေးကောက်ပွဲကို ဖျက်ချင်တဲ့လူတွေက ဘာဖြစ်လို့ဖျက်ချင်တာလဲ။ တခြားကြောင့် မဟုတ်ဘူး၊ လွတ်လပ်တဲ့မြန်မာပြည်ကြီးမှာ သူတို့တတွေဟာ တစ်သက်လုံး မြုပ်တော့မယ့် အရေးကြီးကိုတွေး၊ တွေးမြင်တိုင်း သူတို့ဟာ မစားရတဲ့အမဲကို သဲနဲ့ပက်ချင်လို့ပဲ” စသည်ဖြင့် တိုင်းပြု ပြည်ပြုလွှတ်တော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရန်ကုန်အသံလွှင့်ရုံကနေ ပြောကြားခဲ့ဖူးပါတယ်။
ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြတဲ့ တိုင်းရင်းသားပြည်သူတွေအနေနဲ့ မိမိတို့လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက်ဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
“ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူများ၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတဲ့ လွှတ်တော်နိုင်ငံရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းကြမယ်ဆိုရင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကသာ ဧကာယနောတစ်ခုတည်းသော၊ တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့သာ ဖော်ဆောင်နိုင်လိမ့်မယ်လို့ ဆိုပါရစေ။ ။
MOI
Photo Crd to Myanmar Insider

အမေရိကန်နိုင်ငံ သမ္မတကြီးထံ ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ယခု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အလျဉ်းသင့်၍ ပါးခဲ့သည့် သဝဏ်လွှာပါအကြောင်းကြားစာမှ အကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး စဉ်းစားမိတာလေးရှိလာခဲ့သည်။ မြန်မာနှင့် အမေရိကန်တို့ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များတွင် တူညီစွာကြုံခဲ့ရသော နိုင်ငံရေးဖြစ်စဉ်တစ်ခုနှင့်ပတ်သက်၍ နောက်ဆက်တွဲ စဉ်းစားမိခြင်းဖြစ်သည်။ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတကြီးဒေါ်နယ်ထရမ့် ကြုံခဲ့ရသလို ကျွန်တော်တို့မြန်မာနိုင်ငံရွေးကောက်ပွဲတွင်လည်း ကြီးမားသည့်မဲမသမာမှု ကြုံခဲ့ရပုံသည် နှိုင်းယှဉ်စရာဖြစ်ခဲ့သည်။
မဲမသမာမှုဖြစ်ခဲ့သည်ချင်းတူ၊ သို့သော် ဖြေရှင်းပုံချင်းမတူ
မှတ်မိကြမည်ထင်သည်။ ထိုအချိန်က ရွေးကောက်ပွဲဖြစ်ရပ်များအတွက် ဖြေရှင်းပေးရန် အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်ထံ တပ်မတော်နှင့် အခြားပါတီများက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရပြီး မဲမသမာမှုရလဒ်မှ နိုင်ငံတော်အာဏာကို တရားမဲ့ရယူရန် ကြိုးစားခဲ့ကြပုံများ၊ ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသောတာဝန်အရ နိုင်ငံတော်အာဏာကို လွှဲပြောင်းထမ်းဆောင်ခဲ့ရပုံများ၊ ရွေးကောက်ပွဲကော်မရှင်အသစ် ပြန်လည် ဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စစ်ဆေးသည့်အခါ မဲမသမာမှုဖြစ်နေသော ၁၁ ဒသမ ၃ သန်းသော မဲအရေအတွက်၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆိုလျှင် ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း စစ်ဆေးတွေ့ရှိချက်များအရကော ထိုစဉ်က UEC အဖွဲ့ဝင်များ၏ ထွက်ဆိုချက်များအရပါ ထင်ရှားရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်ကို အမှတ်ရကြဦးမည်ထင်သည်။
ပေးချင်သည့်သတင်းစကားက ဘာဖြစ်မလဲ။ မဲမသမာမှုဖြစ်တာချင်းတူသော်လည်း တစ်ကမ္ဘာလုံး၏ ဒီမိုကရေစီစံပြ၊ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွင်ဖြစ်ခဲ့သည်နှင့် ထွန်းသစ်စ မရင့်ကျက်သေးသည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ဖြစ်တာချင်း ကွာခြားပုံကို သွားတွေ့ရသည်။ ပြဿနာကို ဖြေရှင်းပုံချင်း လည်းမတူ၊ မတူသည့်ဖြေရှင်းပုံမှ နောက်ဆက်တွဲသက်ရောက်မှုချင်းလည်း ကွာဟသွားသည်။ ပညာ နည်းမှုနှင့် ပညာရှင်ဆန်ပုံ၊ ရင့်ကျက်မှုချင်းကွာခြားပုံ၊ ကွာခြားချက်များကို လေ့လာမိသည်။ ထိုပြဿနာကို ရွေးကောက်ပွဲအပြီး ဘယ်လိုဖြေရှင်းခဲ့ကြသလဲ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းတွင် အဖြေရှာရန် တစ်ဖက်က ကြိုးစားခဲ့သော်လည်း အခြားတစ်ဖက်က ငြင်းပယ်ခဲ့သည့်အခါ နောက်ဆက်တွဲဆိုးကျိုးများက အားလုံးမြင်သည့်အတိုင်း ခံစားနေကြရသည်။ ဤသည်က အမေရိကန်နှင့် မြန်မာနိုင်ငံတို့အကြား ကွာခြား သွားချက်ပင်၊၊
အာဃာတ မပြေနိုင်သေး
အမေရိကန်နိုင်ငံရေးကိုကြည့်လျှင် ထိုသို့ အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိသည်။ မတူသည်များရှိသလို တူညီသည်လည်းရှိသည်။ တူသည်တို့လာပါမည်။ ဘာများတူညီကြ သလဲဆိုလျှင် အတိတ်ကသမ္မတလက်မဲ့ဘဝ ဒေါ်နယ်ထရမ့်နှင့် ယခုလက်ရှိသမ္မတဘဝ၊ သမ္မတထရမ့် နှစ်ဆက်မှာ ဖြစ်နေသည်များကို လေ့လာကြည့်ရန် လိုသည်။ နောက်ပိုင်းတောက်လျှောက် အမေရိကန်နိုင်ငံရေးတွင် ပုဂ္ဂိုလ်ရေးမုန်းတီးမှုများ၊ အာဃာတများ တွေ့လာရသည်။ နောက်ဆုံးပါတီတစ်ခုနှင့် တစ်ခု အပြတ်ရှင်းကြရန်ပင် တာစူနေကြသည်ကို တွေ့ရသည်။ ဒီမိုကရက်က Jeffery Epstein လက်နက်ကိုခင်းပြီး ရီပတ်ဘလစ်ကင်တို့က Russia gate လက်နက်ဖြင့် တိုက်ပွဲဝင်ရန် ပြင်နေကြသည်။ သူတို့ကိုယ်တိုင်ကော သတိထားမိကြသလား၊ အမေရိကန်နိုင်ငံရေးက ပျက်ဖို့ဖြစ်နေပြီလား၊ သူတို့ သတိထားမိဟန်မတူသေး။ သို့သော် သူတို့အဖြစ်အပျက်များမှ သတိထားမိရန်၊ သံဝေဂဖြစ်ကာ ဆင်ခြင်နိုင်ရန်က ကျွန်တော်တို့အတွက် ဖြစ်လာ သည်။ ကျွန်တော်တို့မှာ ယခုအချိန်က နိုင်ငံရေးအစ၊ စီးပွားလူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးအထိ စာမျက်နှာအသစ်အသစ်များ ပြုပြင်ပြောင်းလဲဖွင့်လှစ်နေရသည့်အခြေအနေဖြစ်သည်။ ဦးဆုံးလုံခြုံရေးနှင့်အေးချမ်းသာယာရေးက အရေးကြီးနေသည်။
နိုင်ငံနှစ်ခုအကြား တူညီပုံများရှိ
အမေရိကန်နှင့် မြန်မာနိုင်ငံရေး၌ မတူသည်ကို ဖယ်ထားပြီး တူညီသည်များကို ဆက်ပြီး ယူကြ ဦးစို့လား။ သမ္မတထရမ့်လမ်းစဉ်ကို ကြည့်လျှင် သူတို့အမျိုးသားအကျိုးစီးပွားကိုသာ ဦးစားပေးပြီး အမျိုးသားရေးဘက်ကို ပိုပိုသာသာဇောင်းပေးလာသည်ကို တွေ့ရသည်။ လူ့အခွင့်အရေးစံနှုန်းများ၊ လစ်ဘရယ်အယူများ၊ ဒီမိုကရေစီသဘောတရားများက အသံတိုးလာသည်ကို သတိထားမိသည်။
ထိုအချက်များကို ထင်ဟပ်သည့်နှယ် သမ္မတထရမ့်ကို မျိုးချစ်ပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေးလိုလားသူတစ်ဦးအဖြစ် ပုံဖော်ခဲ့ပုံကို ထိုသဝဏ်လွှာတွင် တွေ့ရသည်က မြန်မာတို့၏ခံယူပုံနှင့် အပြုသဘောဆောင်ပုံကို ပြသနေခြင်းဖြစ်သည်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် ၄ ရပ်တွင်လည်း နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထားပုံကို သတိထားမိကြမည်ထင်ပါသည်။ အမေရိကန်နိုင်ငံရေးတွင် အမျိုးသားရေး အလေးထားမှုများနှင့် လစ်ဘရယ်အယူအဆများအကြား ထိပ်တိုက်တွေ့နေကြသလို မြန်မာ့နိုင်ငံရေး၊ လူမှုဘဝရေးရာများတွင်လည်း ထို့အတူဖြစ်နေသည်။ မြေပေါ်မြေအောက်အင်အားစုများ၊ လက်မည်းအရေခြုံလစ်ဘရယ်များ၏ရန်ကို သမ္မတထရမ့်တစ်ယောက် ရင်ဆိုင်နေသလို မြန်မာနိုင်ငံတိုးတက်ရေးလမ်းကြောင်းတွင် ရင်ဆိုင်နေရသည့် ဆူးငြောင့်ခလုတ်ကန်သင်းများ အန္တရာယ်ကလည်း ထို့အတူပင်ဖြစ်သည်။ သဝဏ်လွှာ၌ ပါသလို မြန်မာနိုင်ငံအရေးတွင် မီဒီယာအား၊ ဘလော့ဂါအား၊ influencers အားဖြင့် ဘက်စုံထိုးနှက်ခြင်းဒဏ်ကို မြန်မာတို့ ပြင်းပြင်းထန်ထန်ခံစားခဲ့ကြရသည်၊ ယခုတိုင် ရင်ဆိုင်နေရဆဲလည်းဖြစ်သည်။ နောက်ဆုံး ICC ၊ ICJ တို့နှင့်ပင် ခြိမ်းခြောက်ခံခဲ့ရသည်။
မတူညီသည်များလည်းရှိ
တူညီသည်များကို ခဏဖယ်ထားလျှင် မတူသည်က ဘာဖြစ်မလဲ၊ မြန်မာ၌ မကောင်းသည့် အကြောင်းတရားများ ပေါင်းစုံ၍ဖြစ်ခဲ့ရသည့် ကြောင်းကျိုးဆက်နိုင်ငံရေးပဋိပက္ခ၊ အမေရိကန်၌ လည်း သူ့အကြောင်းနှင့်သူဖြစ်နေသည့် နိုင်ငံရေးပဋိပက္ခ၊ မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခ ပေါင်းစုံနှင့်ကပ်ဘေးမျိုးစုံ ပိုကြုံရသည်။ တူတာ၊ မတူတာတွေရှိသည့်အတွက် ပဋိပက္ခကို ဖြေရှင်း ပုံချင်းလည်း တူညီနိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံအကြီးအကဲများက တွေ့ဆုံညှိနှိုင်းအဖြေရှာရေး နည်းလမ်းဖြင့် အမြဲသွားသည်။ ကိုယ့်နိုင်ငံသားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းဆိုသည်ကို အမြဲလက်ကိုင်ထားပြီး စစ်မက်ကိုမလိုလား၊ သူအနိုင်၊ ကိုယ်လည်းအနိုင် Win-Win သီအိုရီ အတိုင်းဆောင်ရွက်သည်။
သို့သော် တစ်ဖက်တုံ့ပြန်မှုကမူ ဆန့်ကျင်ဘက်ဖြစ်ပြီး အခွင့်အရေးယူ၍ စစ်ဘောင်ကို ရသလောက် ချဲ့ကြသည်။ ထို့ကြောင့်လည်း အဆင်အခြင်မဲ့ တစ်ဖက်သတ်သောင်းကျန်းမှုဒဏ်ကို တပ်မတော်ကော ပြည်သူပါ ပြင်းပြင်းထန်ထန် ခံခဲ့ကြရသည်။ သို့သော် ယခုလိုကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆီ လှမ်းနေကြပါပြီ၊၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကို စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေးက အရေးကြီးလာပြီဖြစ်သည်။ ရွေးကောက်ပွဲကာလအလိုက် လုံခြုံရေးမကျိုးပေါက်ရအောင် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားတော့မည်ဖြစ်သည်။ လုပ်ကိုလုပ်ရမည့် အလုပ်လည်းဖြစ်သည်။ ပြည်သူ တစ်ရပ်လုံးလိုလားသည့် ရွေးကောက်ပွဲအတွက် တည်ငြိမ်အေးချမ်းမှုအရေးကြီးသည်မှာ အားလုံးအသိဖြစ်ပါသည်။
ဆက်၍ ဖျက်ကြဦးမလား
ပြည်သူ့ဆန္ဒမဲအစစ်အမှန်ဖြင့် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံခဲ့ရသည့် သမ္မတထရမ့်သည်ပင် သူအရွေးခံခဲ့ရအပြီး နိုင်ငံအတွက်လုပ်နေသည်ကို လုပ်ကိုင်၍မရအောင်၊ နောက်ဆုံးပြုတ်သွားသည်အထိ သူ့ကို သဲကြီးမဲကြီး တိုက်ခိုက်ကြသည်ကိုကြည့်၍ ယနေ့အမေရိကန်ဒီမိုကရေစီနှင့် အမေရိကန်နိုင်ငံရေးသည် ဘာလဲ၊ ဘယ်လဲဆိုတာ ပြောစရာဖြစ်လာသည်။ တကယ့်တရားခံက အကျိုး စီးပွားအာဃာတနှင့်အမုန်းတရားများပင်၊ သူတစ်ပါးပျက်စီးပြီး မိမိတို့အာဏာရဖို့အရေး၊ နိုင်ငံပျက်စီးမှာကို မကြောက်၊ လုပ်မှားကိုင်မှားဖြင့် မိုက်တွင်းနက်နေကြဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းတူ သတိပြုစရာများကို သတိပြုရမည်ဖြစ်သည်။
ရွေးကောက်ပွဲမဖြစ်အောင် ဖျက်ကြမည်၊ ရွေးကောက်ပွဲပြီးလည်း ပုံစံမျိုးစုံဖြင့် ဖျက်ကြလိမ့်ဦးမည်။ ထို့ကြောင့်လည်း ရွေးကောက်ပွဲမလိုလားသူ ပြည်တွင်းပြည်ပအင်အားစုများ၊ အချို့တိုင်းရင်းသား အမည်ခံလက်နက်ကိုင်များကို မေးချင်သည်။ မြန်မာနိုင်ငံကို ဘာဖြစ်စေချင်ကြသလဲ၊ မြန်မာအရေး ဘယ်လဲ ဘာလဲ၊ ဘယ်လိုမျှော်မှန်းချက် ရှိနေပါသလဲဟူ၍။ ပြည်သူတစ်ယောက်အနေဖြင့် မေးရမည့်မေးခွန်းတစ်ခုဖြစ်သော်လည်း အဖြေက ရှင်းနေဟန်ရှိသည်။ အလုံးစုံပျက်သုဉ်းရေးက ရုန်းမထွက်နိုင်သေးသော Lose - Lose အဖြေပင် ဖြစ်နေမည်လား၊ တွေးဆစရာဖြစ်ပါသည်။
အချုပ်အားဖြင့် နိုင်ငံအကြီးအကဲနှစ်ဦးအကြား အပြန်အလှန်ပေးပို့ခဲ့ကြသည့် သဝဏ်လွှာပါအချက် များကို အခြေခံ၍ အတွေးများမှ ဆင်ခြင်မိခြင်းသာ ဖြစ်ပါသည်။ အကြီးအကဲနှစ်ဦးစလုံးမှာ ကိုယ်စီ သမိုင်းကြောင်းများကို ကိုယ်တိုင်ဖန်တီးနေကြပုံနှင့် အပြောင်းအလဲတိုင်းတွင် ခက်ခဲမှု၊ စိန်ခေါ်မှု ကိုယ်စီရှိနေပုံကို တွေ့ကြရမည်ဖြစ်သည်။ တူညီသည်များ၊ မတူသည်များအားလုံးမှာ အတုယူစရာရှိတာ ယူသင့်ပါသည်။ ဒီမိုကရေစီနှင့်အတူ အမျိုးသားအကျိုးစီးပွား အလေးထားပုံတွေကို အတုယူသင့်သည်။ လစ်ဘရယ်တို့၊ လူ့အခွင့်အရေးတို့ဆိုတာထက် အမျိုးသားရေးအလေးထားပုံကို သင်ခန်းစာယူသင့်သည်။ လုပ်ရဲကိုင်ရဲပြီး ပြတ်သားလွန်းခြင်းနောက်တွင် အဆင်အခြင်မဲ့ သွားတတ်သည့် စိတ်သဘောကိုလည်း သတိထားသင့်သည်။ အမျိုးသားအကျိုးစီးပွားကို နိုင်ငံ အများစုက အလေးထားလာချိန်တွင် မြန်မာနိုင်ငံ၌လည်း အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နေချိန်ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တည်ငြိမ်ရေးသည် အရေးကြီးသကဲ့သို့ ရွေးကောက်ပွဲအောင်မြင်မှလည်း နိုင်ငံအေးချမ်းသာယာလာမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ တစ်ရပ်လုံး၏ပူးပေါင်းပါဝင်မှုသည် ယခုလိုကာလတွင် အလွန်အရေးကြီးပါသည်။ အကြောင်းက မဲမသမာမှုမရှိစေရဟူသော အကြိမ်ကြိမ်ကတိ စကားများကို ယုံကြည်ချက်ထား၍ တရား မျှတသော၊ လွတ်လပ်သော၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲများမှ နောက်ထပ်ခေါင်းဆောင်ကောင်းများ၊ လူတော်လူကောင်းများကို ရွေးချယ်ရမည့်တာဝန်မှာ ကျွန်တော်တို့တာဝန်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ။

ကျွန်တော်တို့မြန်မာတချို့ အတိုင်းအတာတစ်ခုအထိ အစွန်းရောက်ခဲ့ကြပြီးပြီ။ ပညာနှင့် သဒ္ဓါနှစ်ဖက်တွင် ဘက်မညီခဲ့ကြ၊ ပညာအားနည်းတော့ သဒ္ဓါပိုခဲ့ကြသည်။ ယုံကြည်မှုအစွန်းရောက်ခဲ့ပြီး အမုန်းနှင့်အချစ်ကို မသဲကွဲ၊ ပုဂ္ဂိုလ်အစွဲလွန်တော့ အမှားကို အမှန်ထင်၊ အမှန်ကို အမှားမြင်၊ အပြစ်မမြင်အကောင်းထင်၍ လိုချင်ပြင်းပြလောဘ၊ ငါမှတစ်ပါး အခြားမရှိမာန၊ အယူမှားဒိဋ္ဌိများအောက်တွင် ဖိစီးမှုတသီတတန်းကြီးနှင့် အပျက်အစီးများအောက် ပြားပြားဝပ်ခဲ့ကြရသည်။
အမြင်ကို မှန်သင့်ပြီ... အနာဂတ်ဘဝအတွက်
ကျွန်တော်တို့ ဘယ်လောက်အထိ မောဟတွေများခဲ့ကြပါသလဲ၊ လောဘ၊ ဒေါသအောက်တွင် ကိုယ့်ကိုယ်ကိုယ်အဒိန္နာဒါနာ (သူများဥစ္စာခိုးယူခြင်း) ကိုပင် ကျူးလွန်၍ ကျူးလွန်နေမှန်းမသိ၊ ကျူးလွန်လျှင် အပြစ်ဖြစ်မည်မှန်းမသိ၊ ကျူးလွန်သူကိုလည်း အားပေးလို့ အားပေးမိမှန်း မသိလောက်အောင် မောဟအထုံမှာ ယစ်မူးခဲ့ကြသည်။ နောက်ဆက်တွဲ မုသာဝါဒါ၊ ပါဏာတိပါတာများ၌ မွေ့လျော်ခဲ့ကြ၊ ဒုစရိုက်အမှုများစွာကို ထက်ထက်သန်သန်ကြီး ကျူးလွန်ခဲ့ကြတော့သည်။ ယခုအချိန်မှာတော့ ထိုအမှားများ ပြီးဆုံးချိန်တန်ပါပြီ၊ နိဂုံးလည်းချုပ်သင့်ပါပြီ။ အမြင်မှန်လည်းရသင့်ကြပါပြီ။ ထို့အတွက် ယခုအခြေအနေတွင် ဖွင့်ထားသောစာမျက်နှာသစ်များ၌ လှလှပပလက်ရေးလက်သားများဖြင့် အားလုံးအတူပါဝင်လျက် စေတနာပါပါ ရေးသားအရောင်ခြယ်နိုင်ကြရန်ကသာ အဓိကအရာဖြစ်နေပါပြီ။
ယခုအချိန်၌ ယခင်က အမည်းအစွန်းများနေရာတွင် ပုံရိပ်ကောင်းများ ထင်လာအောင်၊ နိုင်ငံ့အနာဂတ်လှပအောင် တာဝန်ရှိသူများက ပြင်းပြင်းထန်ထန် ကြိုးစားနေသည်ကို တွေ့ရသည်။ နိုင်ငံ့အနာဂတ်အတွက်ဆိုသည်က ပြည်သူများ လိုလားသည့်အရာ၊ ငါတို့အတွက်၊ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးမည့်၊ အရည်အချင်းရှိသည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ထွက်ပေါ်လာရေးက အရေးပါနေသည်၊ ထို့အတွက် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်နှင့်အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ရေး အလွန့်အလွန်ကို အရေးကြီးလာသည်။
အမျိုးသားအကျိုးစီးပွားနှင့်ကိုက်ညီမည့် စစ်မှန်စည်းကမ်းပြည့်ဝမှုဆိုသည်မှာ အဓိပ္ပာယ်ရှိသည်။ ရွေးကောက်ပွဲအောင်မြင်မှ ပြည်သူအများစုရွေးချယ်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ် များနှင့်လွှတ်တော်များပေါ်လာမည်ဖြစ်ပြီး လွှတ်တော်ခေါ်နိုင်မှ နိုင်ငံအတွက် အလုပ်လုပ်မည့် အစိုးရများ ပေါ်ထွက်လာမည်မဟုတ်ပါလား။ ထိုလုပ်ငန်းစဉ် အားလုံးက လက်ရှိအမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီနှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်တို့နှင့်အတူ ကျွန်တော်တို့၏ တာဝန်များလည်း ဖြစ်လာသည်။
ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မှာတော့ သေချာနေပါပြီ။ ပို၍သေချာသည်က ယခင်ပုံရိပ်ဆိုးများကို ပုံရိပ်ကောင်းများဖြင့် အစားထိုးမည့်သမိုင်းပေးတာဝန်ကြီးတစ်ရပ် ရှိနေခြင်းပင်ဖြစ်သည်။ ဖွဲ့စည်းခဲ့သည့်ရွေးကောက်ပွဲကော်မရှင်အသစ်က မဲဆန္ဒနယ်အလိုက် အချက်အလက်များကို ကောက်ယူပြီး မဲစာရင်းများ မှန်ကန်မှုရှိအောင် ဆောင်ရွက်နေသည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းလည်း ပြီးစီးခဲ့ပါပြီ။ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်မှာ သေချာသည့်အတွက်လည်း လွှတ်တော်အစည်းအဝေးများ ကျင်းပချိန်မှာ တက်ရောက်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် က အနည်းဆုံးတော့ ၅၀ ရာခိုင်နှုန်းရှိမည် သေချာပါသည်။ မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်မဆုံးရှုံးစေရဘဲ မဲပေးနိုင်အောင် ဆောင်ရွက်ပေးသွားမည်လည်းဖြစ်သည်။ သဘာဝကပ်ဘေးအပါအဝင် အခြားအခြားသော ကပ်ဘေးများကြောင့် ရှောင်လွှဲမရသည့် ရွှေ့ပြောင်းနေထိုင်ရသူများ၊ ရွှေ့ပြောင်းတာဝန်ထမ်းနေကြသူများအတွက်လည်း ကြိုတင်မဲဖြင့် မဲပေးနိုင်အောင် စီမံရမည်ဖြစ်သည်။
ရွေးကောက်ပွဲဝင်မည့်ပါတီများ မဲစည်းရုံးခွင့်၊ ပါတီရုံးဖွင့်ခွင့်၊ ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်၊ ကိုယ်စားလှယ်လောင်းများအတွက် လုံခြုံရေးစိတ်ချရသည့် အနေအထားများဖြစ်ရေး အာမခံချက်ရှိအောင် ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။ မဲပေးမည့်ပြည်သူများအတွက် လုံလုံခြုံခြုံမဲပေးနိုင်ရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အရေးကြီးသည်က ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လုံခြုံရေးကိစ္စများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုပင်ဖြစ်သည်။ မိမိတို့၏မဲပေးပိုင်ခွင့်ကို မဆုံးရှုံးစေချင်ပါ၊ ဒီမိုကရေစီနှင့်အတူ နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို အရေးတကြီး လိုအပ်နေသည့်အချိန်အခါ မဟုတ်ပါလား။ သို့ဖြစ်၍ ကျွန်တော်တို့ ပြည်သူများတွင် အတိုင်းအတာတစ်ခုအထိ စိတ်ဓာတ်ရေးရာအရ၊ နိုင်ငံရေးအရရင့်ကျက်မှုများ ပြသနိုင်ရန်လိုနေပါပြီ။ ထို့ပြင် ရွေးကောက်ပွဲစနစ်တွင် FPTP စနစ်အပြင် PR စနစ်ပါ ကျင့်သုံးရန် ဖြစ်လာသည်။ ၎င်းအချက်က ပါတီအများစုအတွက်ကော တိုင်းရင်းသား များအတွက်ပါ လူစုံ၊ အရောင်စုံဖြင့်လွှတ်တော်တွင်း တာဝန်ထမ်းရွက်ကြရန် အခွင့်အရေးတစ်ခုအဖြစ် မြင်မိသည်။
MEVM နှင့်ပတ်သက်၍
နောက်ထပ် အာမခံချက်တစ်ခုက ယခုရွေးကောက်ပွဲတွင် မဲမသမာမှုမဖြစ်စေရေး အီလက်ထရွန်နစ်မဲပေးစက်များဖြင့် မဲပေးနိုင်အောင် စီမံဆောင်ရွက်ထားခြင်းပင် ဖြစ်သည်။ MEVM ဆိုတာကို ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ ဒီမိုကရေစီပြယုဂ်ကောင်းတစ်ခုအဖြစ် မြင်ပါသည်။ ပြည်သူများ၊ ပါတီများ၊ အစိုးရနှင့် UEC တို့အကြား ရွေးကောက်ပွဲလုပ်ငန်းစဉ် အပေါ် ပွင့်လင်းမြင်သာမှု၊ ယုံကြည်စိတ်ချရမှု၊ လုံခြုံမှုတို့နှင့်ပတ်သက်၍ စွမ်းဆောင်ရည်ကိုပြသနိုင်မည့် Tool တစ်ခုလည်း ဖြစ်သည်။ IT နည်းပညာနှင့် ချိတ်ဆက်ထားသည့် မဲပေးခြင်း၊ မဲထည့်ခြင်း၊ အလိုအလျောက် မဲရေတွက်ခြင်း လုပ်ငန်းစဉ်များကို ဘယ်လိုလုပ်ပြီး ကလီကမာ၊ မသမာလုပ်၍ ရနိုင်မည်နည်း။ ဒီလိုစွမ်းဆောင်ရည်ကပင် မဲမသမာမှုကို တားဆီးပေးသွားနိုင်ခြင်း ဖြစ်သည်။ အကြောင်းကလူကြောင့် မှားသည့်အမှားမျိုး စက်၌မရှိခြင်းကြောင့် ဖြစ်သည်။ လူနှင့်စက်မှာ စိတ်ခံစားမှု အခြေခံလည်းရှိ၊ အစွဲလွန်လွှမ်းမိုး ခြယ်လှယ်တတ်ပြီး အဂတိလည်း မကင်းတတ်သည့် လူသားနှင့်စက်ကို နှိုင်းယှဉ်စဉ်းစားနိုင်လျှင် ယခုလို အရေးကြီးသည့်ရွေးကောက်ပွဲမျိုးမှာ လူထက်စက်ကိုရွေးချယ်တာ မှားမည်မထင်ပါ။
ပိုပြီး မြန်မြန်ဆန်ဆန်ပြီးမြောက်နိုင်သည့် အနေအထားတွင်လည်း စက်က ပိုသာသည်။ MEVM များကို ငွေကြေး အကုန်အကျခံ၍ ဆောင်ရွက်ထားရသည်ဟု သိရသည်။ သို့သော် နောက်နောင် ကျင်းပမည့် ရွေးကောက်ပွဲများတွင်လည်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်၍ ရေရှည်တွင် ကုန်ကျစရိတ်ကို ကာမိနိုင်မည်ဟု ယူဆပါသည်။ သို့သော်လည်း မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ အားသာချက်နည်းတူ အားနည်ချက်များလည်း ရှိနိုင်သည်။ နည်းပညာနှင့် ပတ်သက်သည့် စနစ်သစ်တစ်ခုကို ယုံကြည်လက်ခံလာစေရေး ပြည်သူများကို မိတ်ဆက်ပညာပေးစည်းရုံးရမည့် တာဝန်များ ရှိလာသည်။ မဲရုံဝန်ထမ်းများ နားလည်သဘောပေါက်ရန် သင်တန်းများ ပေးရသည်။ ဘယ်လိုပဲဖြစ်ဖြစ် MEVM ၏ အားသာချက်များစွာအနက် မဲမသမာမှုကို ကာကွယ်နိုင်မည်ဆိုသည့် အားသာချက်တစ်ခုနှင့်ပင် ယခင်ဖြစ်ခဲ့သည့် မဲမသမာမှုနောက်ဆက်တွဲဆိုးကျိုးများ ထပ်မံမဖြစ်ရန် ကာကွယ်တားဆီးရာ ရောက်နေပါသည်။
သင်ခန်းစာကိုယ်စီနှင့်အတူတူညီသည့်အမှားမျိုး ထပ်မကြုံရစေရန်
မှန်ပါသည်။ ကျွန်တော်တို့ “တစ်ခါ သေဖူးပျဉ်ဖိုးနားလည်” ဆိုသလို ဆုံးရှုံးနစ်နာမှုကိုယ်စီနှင့် သင်ခန်းစာများရခဲ့ကြပါပြီ။ ယခုလာမည့်ရွေးကောက်ပွဲမှာ မဲမသမာမှုဆိုသည့်စကား မကြားချင်တော့ပါပြီ၊၊ နိုင်ငံရေးဖြစ်စဉ် အမှားတစ်ခု၏ ကြောင်းကျိုးသံသရာကို ဖြတ်တောက်ရန် အခွင့်အခါကောင်းကို ပြည်သူအားလုံးဆုပ်ကိုင်ကြရန် အချိန်တန်ပါပြီ။ အမှားတစ်ခုမဖြစ်အောင် တာဝန်ယူတာဝန်ခံဆောင်ရွက်မည့် သူတွေလည်း အသင့်ရှိနေကြပြီ။ ဤအတွက် တရားမျှတသော ရွေးကောက်ပွဲ၊ စစ်မှန်စည်းကမ်းပြည့်ဝသော အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲ၊ မသမာမှုဟူ သည်မရှိစေရ အာမခံသည့် ရွေးကောက်ပွဲ စသည်များအတွက် အကြိမ်ကြိမ် ကတိပေး၍ တာဝန်ရှိသူအဆင့်ဆင့်က ကြိုးပမ်းအကောင်အထည်ဖော်နေကြသည်မှာ မျက်မြင်ပင်ဖြစ်သည်။ အခက်အခဲတွေကြားမှ နိုင်ငံတည်ငြိမ်ရေး၊ လုံခြုံရေးအတွက် သစ္စာရှိရှိ တာဝန် ကျေခဲ့ကြသည့် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းအဖိတ် အစင်များ၊ အရင်းအနှီးများ အမြောက်အမြားရှိခဲ့ပြီ။ သို့သော် လာမည့်ရွေးကောက်ပွဲ စက်ဝန်းတစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ရေး၊ မဲပေးမည့်ပြည်သူများ၊ အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးအတွက် ဆက်၍တာဝန်ထမ်း နေကြဦးမည်ဖြစ်သည်။ အားလုံးလိုလားသည့် ဆန္ဒမဖြစ်ဖြစ်အောင် အကောင်အထည်ဖော်မည်ဟူသည့် ခံယူချက် တစ်ခုအတွက်၊ တရားမျှတမှုတစ်ခုအတွက် အမှားတစ်ခုထပ်မဖြစ်စေရေးအတွက်ပင် ဖြစ်ပါလိမ့်မည်။
အမှားကိုအမှန်ပြင်ရန် ကြိုးစားနေစဉ်မှာပင် အမှားကနေ အမှားသွားချင်နေသူ အုပ်စုလည်းရှိနေပြန်သည်။ ဒါသည်လည်း သဘာဝပေမို့ အကောင်းအဆိုးက ဒွန်တွဲမြဲပါ။ အပြုသဘောရှိနေလျှင် အဖျက်သဘောလည်း ရှိနေမည်သာ။ ဆက်ပြီးဖျက်နေ၊ ဆက်ပြီးပျက်နေသည်ကို ပျော်နေကြသူတွေထဲ ကိုယ်မပါမိ ရန်သာလိုသည်။ အရေးအကြီးဆုံးက လမ်းကြောင်းမှန်ကို ဆက်လျှောက်နေကြရန်သာ။ အချို့သောကိစ္စရပ်များက ကြိုတင်ကာကွယ်သည့် သဘောနှင့် တိုက်ရိုက်ကုသသွားရမည့်အခြေအနေများ ဖြစ်နေသည်။ မည်သည့်စိန်ခေါ်မှု များရှိနေပါစေ၊ နိုင်ငံတော်အနေဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်သလို အောင်မြင်မည်ဟုလည်း ပြည်သူအများက ယုံကြည်ထားပါသည်။ ယုံကြည်မှုရှိမှလည်း တည်ငြိမ်မှုရှိမည် မဟုတ်ပါလား။ ။
MOI
Photo - Life Hack

မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် ကျင့်သုံးမည့်စနစ်
မကြာမီကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ စာရေးသူတို့နိုင်ငံအနေနဲ့ မြန်မာအီလက်ထရောနစ်မဲပေးစနစ်( Myanmar Electronic Voting Machine-MEVM)ကို ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူမဲဆန္ဒရှင်တွေအနေနဲ့လည်း Myanmar Electronic Voting Machine-MEVM အကြောင်းကို အကြမ်းဖျင်းသိထားဖို့ အသိပေးလိုပါသေးတယ်။
ဒီစနစ်ကိုတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းတီထွင်ဆောင်ရွက်ထားတယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအစီရင်ခံစာ ၂၀၂၁ ခုနှစ်ရဲ့ဖော်ပြချက်အရဆိုရင် အီလက်ထရောနစ်မဲ ပေးစနစ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ စာရေးသူတို့ မြန်မာနိုင်ငံမှာ အသုံးပြုမှာမို့ Myanmar Electronic Voting Machine -MEVM လို့ဆိုတာပါ။ သူ့ရဲ့မူရင်းအသုံးအနှုန်းကတော့ Electronic Voting Machine-EVM ပါပဲ။ ဘယ်နိုင်ငံတွေကျင့်သုံးကြလဲဆိုရင် အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလားစတဲ့နိုင်ငံတွေမှာ ကျင့်သုံးနေတာကို လေ့လာတွေ့ရှိရပါတယ်။
အီလက်ထရောနစ်မဲပေးစနစ် (Electronic Voting Machine-EVM) က လေးမျိုးရှိတာကို ထပ်တွေ့ရပြန်တယ်။ ဒါတွေကတော့-
(၁) တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရောနစ်မဲပေးစနစ်( Direct Recording Electronic system-DRE) (ကျင့်သုံးသည့်နိုင်ငံများ- အိန္ဒိယ၊ ဘူတန်၊ ရိုမေးနီးယား၊ ဘရာဇီး၊ အီရန်၊ ပီရူး၊ အယ်လ်ဘေး နီးယား၊ နာမီဗီးယား၊ ဘူလ်ဂေးရီးယား၊ ဗင်နီဇွဲလား…) မဲပေးပုံပေးနည်းကတော့ မဲဆန္ဒရှင်တွေဟာ ကီးဘုတ်၊ ထိတွေ့မျက်နှာပြင်၊ မောက်၊ ဘောပင် ဒါမှမဟုတ် တခြားအီလက်ထရောနစ် ပစ္စည်းတစ်ခုခုကိုသုံးပြီး ကိုယ်ပေးချင်တာကို ရွေးချယ်မဲပေးခြင်းပဲဖြစ်ပါတယ်။ ဒီစက်ဟာ ပေးတဲ့မဲတွေကို မှတ်တမ်းအနေနဲ့သိမ်းထားပေးနိုင်ပါတယ်။
ဒီစက်တွေကို မဲပေးချက်မှန်၊ မမှန်အတည်ပြုစက်(Voter-Verified Paper Audit Trail – VVPAT)ဖြင့် ချိတ်ဆက်ပြီးလည်း သုံးနိုင်သလို မချိတ်ဆက်ဘဲလည်းသုံးနိုင်ပါတယ်။ ချိတ်ဆက်ပြီးသုံးရင်တော့ မဲဆန္ဒရှင်ရွေးချယ်လိုက်တဲ့ ဆန္ဒမဲတွေအတွက် VVPAT များက ကိုယ်ပေးလိုက်တဲ့မဲအတိုင်း ပြေစာသဘောမျိုး အထောက်အထား စက္ကူစလစ်ဖြတ်ပိုင်းလေးတွေ ပရင့်ထုတ်ပေးမှာဖြစ်ပါတယ်။
(၂) အီလက်ထရောနစ်မဲလက်မှတ်ထုတ်ပရင်တာ (Electronic Ballot Printer System – EBPs) (ကျင့်သုံးသည့်နိုင်ငံများ - ကွန်ဂို၊ အာဂျင်တီးနား..) ဒီစက်ကတော့ အထက်မှာဖော်ပြထားတဲ့ DRE စက်နှင့်ဆင်တူပါတယ်။ ဒီစက်ကလည်း ကိုယ်ပေးလိုက်တဲ့ မဲဆန္ဒအတိုင်း မဲလက်မှတ်ကို ပရင့်ထုတ်ပေးတယ်။ အဲဒီမဲလက်မှတ်ကို အလိုအလျောက် မဲရေတွက်ပေးတဲ့ သီးခြားမဲလက်မှတ်ဖတ် စကင်နာစက်(Ballot Scanner)အတွင်းသို့ ထည့်သွင်းရေတွက်ပြီး မဲပုံးထဲသို့ရောက်ရှိသွားတဲ့စနစ် ဖြစ်ပါတယ်။ EBPs ကတော့ ပေးတဲ့မဲတွေကို မှတ်တမ်းအနေနဲ့ သိမ်းထားပေးခြင်းမရှိပါဘူး။ EBPs နဲ့ တွဲဖက်လုပ်ဆောင်တဲ့ မဲလက်မှတ်ဖတ်စကင်နာစက် (Ballot Scanner) ကတော့ မဲပေးချက်နဲ့ စုစုပေါင်းမဲအရေအတွက်များကို မှတ်တမ်းတင်ပေးနိုင်ပါတယ်။
(၃) အလင်းဖြင့်မှတ်တမ်းတင်စနစ်(Optical Mark Recognition – OMR) (ကျင့်သုံးသည့်နိုင်ငံများ- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အီရတ်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ..) အထူးပြုလုပ်ထားတဲ့ မဲလက်မှတ်ပေါ်မှာ မဲပေးသူရွေးချယ်တာကို စကင်ဖတ်စစ်ဆေးသောစနစ် (OMR systems)တပ်ဆင်ထားတဲ့စက်ဖြစ်ပြီး စာရွက်နဲ့မဲပေးတာကို အီလက်ထရောနစ်ရေတွက်ခြင်းဆိုပြီး စနစ်နှစ်ခုပေါင်းစပ်ထားတာဖြစ်ပါတယ်။
OMR စက်မှာတော့ အဆိုပါစက်က နားလည်ဖတ်ရှုနိုင်တဲ့ မဲစာရွက်ကိုသာ အသုံးပြုရပါမယ်။ အဲဒီစာရွက်ပေါ်မှာ ဘောပင် သို့မဟုတ် ခဲတံကို အသုံးပြုရပါတယ်။ ဒါမှလည်း ဆန္ဒမဲလက်မှတ်များကို OMR စက်က ဖတ်ရှုမှတ်သား၍ အလိုအလျောက် ရလဒ်များ တွက်ချက်ပေးနိုင်မှာဖြစ်ပါတယ်။
(၄) အင်တာနက်မဲပေးစနစ် (Internet Voting System ) (ကျင့်သုံးသည့်နိုင်ငံများ-ဩစတြေးလျနိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံ…) မဲပေးသူက အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာကိုသုံးပြီး မဲပေးရတာဖြစ်ပါတယ်။ အင်တာနက်မှတစ်ဆင့် မဲရေတွက်တဲ့ ဗဟိုကွန်ပျူတာဆာဗာဆီကို ပေးတဲ့မဲတွေ လွှဲပြောင်းပေးတဲ့စနစ်ပင် ဖြစ်ပါတယ်။ အင်တာနက်ကနေမဲပေးတဲ့ အားနည်းချက် တချို့ကတော့ ကွန်ပျူတာစနစ်အတွင်းသို့ဟက်ကာ(Hacker)တွေ ဝင်ရောက် နှောင့်ယှက်နိုင်ခြင်းနဲ့ အချက်အလက်ပျက်စီးနိုင်ခြင်း စတဲ့လုံခြုံရေးဆိုင်ရာပြဿနာများ ရှိနိုင်ပါတယ်။
နိုင်ငံတော်ရဲ့နိုင်ငံရေးခရီးလမ်းမှာ ဒီလိုအီလက်ထရောနစ်နဲ့မဲပေးစနစ်ကို ကျင့်သုံးခဲ့တာမရှိခဲ့ပါဘူး။ ဒါ့ကြောင့် မဲဆန္ဒရှင်ပြည်သူတွေ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ပညာပေးရေးအစီအစဉ်တွေ ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ လတ်တလောထိတော့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့ နေပြည်တော် ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီးတွေမှာ မဲဆန္ဒရှင်ပေါင်းတစ်သိန်းကျော်နဲ့ လက်တွေ့ဆောင်ရွက် နိုင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။
ကျန်ရှိဒေသတွေမှာလည်း မဲပေးစနစ်နဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေ ဆောင်ရွက်နေတာကို နေ့စဉ်ထုတ် သတင်းစာများမှာ တွေ့မြင်ဖတ်ရှုရပါတယ်။
မဲဆန္ဒရှင်များအတွက် မဲပေးစက်များ၏အကြောင်းအရာအကျဉ်း
မဲရုံတစ်ရုံမှာ ဆန္ဒပြုစက်(Ballot Unit-BU)၊ ထိန်းချုပ်စက် ( Control Unit-CU)၊ မဲပေးချက် ဖော်ပြသည့်စက် (Verification Unit – VU)ဆိုပြီး စက်သုံးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ ဆန္ဒပြုစက်မှာတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမယ့် ပါတီအလိုက် ကိုယ်စားလှယ်လောင်း အမည်၊ သင်္ကေတအမှတ်အသားတွေနဲ့ တစ်တန်းတည်းမှာ ခလုတ်တွေပါမယ်။
ထိန်းချုပ်စက်မှာတော့ မဲပေးခြင်းစတင်ပြီဆိုတာနဲ့ မဲရုံတာဝန်ရှိသူက မဲပေးခြင်းစတင်တဲ့ ခလုတ်ကို နှိပ်ပေးမယ်။ မဲပေးချိန်ပြီးဆုံး၍ မဲရုံပိတ်သိမ်းသည်နှင့် မဲပေးခြင်းပိတ်သိမ်း ခလုတ်ကိုနှိပ်ပြီး ပိတ်လိုက်မှာဖြစ်တယ်။ ဒီနောက်တော့ မဲလုံးဝထပ်ပေးလို့မရတော့တာပဲဖြစ်တယ်။ မဲရုံကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာပဲ ထိန်းချုပ်စက်မှာရှိတဲ့ Print ခလုတ်ကိုနှိပ်ပြီး မဲရလဒ်ကို Print ထုတ်ပြီး မဲရုံကိုယ်စားလှယ်တွေနဲ့ အများပြည်သူကို ပြသမှာပဲဖြစ်ပါတယ်။
မဲပေးချက်ဖော်ပြသည့်စက်ဆိုတာဘယ်လိုလဲ။
ဒီစက်က မဲဆန္ဒရှင်တွေနဲ့ မဲရုံတာဝန်ရှိသူတွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေရဲ့ကြားက ပွင့်လင်းမြင်သာမှုတစ်ခုပါပဲ။ ဒီစက်ဟာ မဲပုံးနဲ့မဲပေးချက်ကိုချပြနိုင်မယ့် ပရင်တာတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့စက်ပါပဲ။ ဆိုပါစို့။ မဲဆန္ဒရှင်ဟာ ဆန္ဒပြုစက်မှာ မဲပေးလိုက်မယ်။ ကိုယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်း အမည်၊ သင်္ကေတအတိုင်း စက္ကူဖြတ်ပိုင်းကို သုံးစက္ကန့်စက်ကထုတ်ပြမယ်။ အဲ့ဒီမှာ မဲဆန္ဒရှင်ဟာ ကိုယ်ရွေးချယ်တဲ့ကိုယ်စားလှယ်လောင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးနိုင်မှာပဲဖြစ်တယ်။ ပြီးတာနဲ့ အလိုအလျောက်စနစ်နဲ့ တွဲဆက်ထားတဲ့ မဲပုံးထဲကို မဲဖြတ်ပိုင်းဟာ လျှောကျသွားမှာပဲဖြစ်တယ်။ ဒီအချိန်ဟာ မဲဆန္ဒရှင်တစ်ဦးရဲ့မဲပေးမှု အောင်မြင်သွားပြီဆိုတာကို သိရမှာပဲဖြစ်တယ်။
အမှန်တရားနဲ့ မုသားဆိုသည်မှာ အမှန်တရားက ဖိနပ်စီးနေချိန်မှာ မုသားစကားက ကမ္ဘာပတ်ပြီးနေပြီလို့ ဆိုရပါမယ်။ အဖျက်ဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိနေပြီးသားပါပဲ။ လက်ရှိမှာလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစနစ်(Myanmar Electronic Voting Machine-MEVM) စက်တွေအပေါ် ထုံးစံအတိုင်း ဝေဖန်ပုတ်ခတ်မှုတွေ ဒုနဲ့ဒေးတွေ့နေရပြန်ပါတယ်။
သူတို့ဝေဖန်ပုတ်ခတ်ချက်တွေကို စာရေးသူလေ့လာကြည့်မိတယ်။ ဒါတွေကတော့ မဲရုံမှူးနဲ့ တာဝန်ရှိသူတွေက မဲရလဒ်တွေကို အပြောင်းအလဲလုပ်နိုင်တယ်ဆိုတာမျိုးတွေ၊ အရင်ရွေးကောက်ပွဲ တုန်းကမှ မဲလက်မှတ်တွေ မှန်၊ မမှန်ပြန်စစ်လို့ရတယ်ဆိုတာမျိုးတွေ၊ ဘယ်နည်းပညာနဲ့ တီထွင်တယ်လို့အသိမပေးဘူးဆိုတာမျိုးတွေ၊ ထိန်းချုပ်သူက အပြောင်းအလဲလုပ်လို့ရတယ်ဆိုတဲ့ ဝေဖန်မှုမျိုးတွေပါပဲ။ ဪ..
သူတို့က အဖျက်အမှောင့်ပဲ။ အဖျက်အမှောင့်အတွေးနဲ့ပဲ တွေးမှာပေါ့။
ခုလိုစက်နဲ့မဲပေးတဲ့စနစ်တွေမှာ နံပါတ်(၁)အနေနဲ့ ခွင့်ပြုချက်ဖြင့်သာ မဲပေးနိုင်ခြင်းဖြစ်ပါတယ်။ မဲရုံမဖွင့်ခင်မှာလည်း ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေကခန့်ထားတဲ့ မဲရုံကိုယ်စားလှယ်တွေက စက်တွေကို စမ်းသပ်စစ်ဆေးခွင့်ပေးထားပါသေးတယ်။ စက်ထဲမှာ အချက်အလက်ဘာမှမရှိတာတွေ၊ မဲပုံးထဲမှာ ဘာမှမရှိတာတွေကို အားလုံးစစ်ဆေးပြီးမှ မဲရုံစတင်ဖွင့်လှစ်ချိန်မှာ မဲရုံမှူးက မဲပေးခြင်းစတင်တဲ့on/off ခလုတ်ကိုနှိပ်ကာ မဲပေးခြင်းလုပ်ငန်းစဉ်ကို စတင်တာဖြစ်ပါတယ်။ ဒါတောင် မဲဆန္ဒရှင်တွေက မဲပေးလို့မရသေးပါဘူး။ နောက်တစ်ဆင့်အဖြစ် ထိန်းချုပ်စက်ကိုင်တဲ့ မဲရုံဝန်ထမ်းက မဲဆန္ဒရှင်တွေမဲပေးနိုင်ဖို့အတွက် မဲပေးခြင်းကိုခွင့်ပြုပေးတဲ့ Ballot ခလုတ်ကို နှိပ်ပေးမှသာ မဲပေးနိုင်မှာဖြစ်ပါတယ်။ (ဒါဟာ ခွင့်ပြုချက်မရှိဘဲ မဲပေးတာတွေ၊ မဲအရေအတွက်ကို လိုသလိုထည့်သွင်းတာတွေမလုပ်နိုင်အောင် ကာကွယ်ပေးထားတာဖြစ်ပါတယ်)၊ ထိန်းချုပ်စက်ကိုင်တဲ့ မဲရုံဝန်ထမ်းကလည်း ဒီစက်ကို နေရာရွှေ့လို့မရပါဘူး။ ခလုတ်နှိပ်ပြီး ခွင့်ပြုပေးတယ်ဆိုတာကလည်း အများမြင်သာတဲ့စားပွဲပေါ်မှာပဲ ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒါကိုလည်း ပါတီကိုယ်စားလှယ်တွေက ထင်သာမြင်သာစွာ စောင့်ကြည့်နေနိုင်ပါတယ်။ စက်တွေကို လုံခြုံရေးကြိုးတွေနဲ့ ချည်ထားပါသေးတယ်။
မဲပေးခြင်းလုပ်ငန်းစဉ်ပြီးလို့ မဲရုံပိတ်ပြီဆိုရင်လည်း မဲရုံမှူးဟာ ထိန်းချုပ်စက်မှာရှိတဲ့ မဲပေးခြင်းပိတ်သိမ်းတဲ့ on/off ခလုတ်ကို နှိပ်လိုက်တာနဲ့ နောက်ထပ်မဲပေးခြင်းလုပ်ငန်းတွေဟာ လုံးဝရပ်နားသွားပြီဖြစ်ပါတယ်။ (မဲပေးခြင်းစနစ်တစ်ခုလုံးကို ပိတ်ချလိုပြီဖြစ်တဲ့အတွက် မသမာမဲထပ်ပေါင်းခြင်း၊ မဲအရေအတွက် ပြောင်းလဲခြင်းတို့ကို မပြုလုပ်နိုင်တော့ပါဘူး။ မဲပေးခြင်းမပိတ်ခင်မှာလည်း စက်မှာ လူဘယ်လောက်မဲ ပေးထားတယ်ဆိုတာကို စစ်ဆေးပြီးမှ ပိတ်တာဖြစ်တဲ့အတွက် အဲ့ဒီအရေအတွက်ကိုလည်း ပါတီကိုယ်စားလှယ်တွေက သိနှင့်နေကြပါပြီ) မဲရုံပိတ်ပြီဆိုတာနဲ့ မဲရုံမှူးက မဲရုံကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာပဲ ထိန်းချုပ်စက်က Print ခလုတ်ကိုနှိပ်ပြီး ရလဒ်စာရွက်ကို ချက်ချင်းထုတ်ပြမှာဖြစ်ပါတယ်။ မဲရုံမပိတ်ခင်မှာ စစ်ဆေးထားတဲ့ စုစုပေါင်းအရေအတွက်အတိုင်း မဲရလဒ်က ထုတ်ပြမှာဖြစ်ပါတယ်။ အဲဒီရလဒ်မှာ စက်နံပါတ်ရယ်၊ ရွေးကောက်ပွဲရက်ရယ်၊ ရလဒ်ကို ပရင့်ထုတ်တဲ့အချိန်ကို နာရီ၊ မိနစ်၊ စက္ကန့်အထိ ဖော်ပြထားလို့ နောက်ထပ် ဒီစက်နဲ့ရလဒ်ကို ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတဲ့စကားဟာ အလွန်ရယ်စရာ ကောင်းလှပါတယ်။ နောက်ပြီး လူတစ်ဦးမဲပေးလိုက်တိုင်း မဲပေးမှုကိုပြသပေးတဲ့ မဲပုံးထဲက ဆန္ဒမဲ ဖြတ်ပိုင်းတွေဟာ သက်သေခံစာရွက်တွေအဖြစ် ချိပ်ပိတ်သိမ်းဆည်းထားမှာဖြစ်ပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေဖြစ်လာလို့ ရေတွက်ဖို့လိုလာရင်လည်း အဲဒီဆန္ဒမဲဖြတ်ပိုင်းတွေကို ဖွင့်ဖောက်ရေတွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)စနစ်ဟာ မဲပေးခြင်းစတင်ချိန်ကနေ ရလဒ်ထုတ်ယူ ချိန်အထိ မဲပေးဖို့ခွင့်ပြုချက်များ၊ မဲပေးခြင်းပိတ်သိမ်းမှုများ၊ လုံခြုံရေးအစီအမံများနဲ့ ပွင့်လင်း မြင်သာမှု ရှိသော မဲရေတွက်မှုများကို စနစ်တကျဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက် ဝေဖန်ပုတ်ခတ်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ မီဒီယာများပြောသကဲ့သို့ မဲရလဒ်များကို လိုသလိုချက်ချင်းပြောင်းလဲ၍ ရနိုင်မည်မဟုတ်ကြောင်း ပြည်သူများသိရှိနိုင်စေရန် ဗဟုသုတပါးလိုပါတယ်။
မဲလက်မှတ်နဲ့ပေးတုန်းက ပိုကောင်းတယ်ဆိုတဲ့ သူတို့အပြော။ ဒါဆိုရင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရဲ့ များစွာသော မဲစာရင်းကွာခြားချက်တွေကိုဖြေရှင်းဖို့ တရားဝင်နည်းလမ်းတကျ တောင်းဆိုခဲ့သော ပါတီများနဲ့ တပ်မတော်၏ ထုတ်ပြန်ချက်များကို အဘယ့်ကြောင့် လှည့်ပတ်ရှောင်နေရသလဲ၊ ကိုယ်မှန်နေရင် မဲမခိုးကြောင်း သက်သေနဲ့တကွပြပြီး စွပ်စွဲသမျှ အဖွဲ့အစည်းအားလုံးကို အရှက်ခွဲနိုင်တဲ့အပြင် မိမိတို့မှန်ကန်မှု ကမ္ဘာကျော်မယ့်အခွင့်အရေးကြီးကို လက်လွှတ်ခံကာ မှန်သည့်အတွက် ဖြေရှင်းစရာမလိုဟု မျက်စိစုံမှိတ်ငြင်းခဲ့ကြသလဲဟု ဒီဆောင်းပါးကတစ်ဆင့် မေးလိုပါတယ်။ မိမိတို့ကိုယ်တိုင်လည်း တိုးတက်ကောင်းမွန်အောင်မလုပ်နိုင်၊ တိုးတက်ကောင်းမွန်အောင် နည်းလမ်းများစွာဖြင့် အဖြေရှာ၍ ကြိုးစားနေကြသူများကိုလည်း ထိုင်အပြစ်တင်။ ဪ… သူတို့လုပ်တတ်ကြသည်မှာလည်း ဒါပဲရှိတာပါလားလို့ ဖြည့်တွေးပေးမိရင်း သနားစိတ်ပင်ဖြစ်မိပါသေးတယ်။
စကားကိုထိန်းပြောရရင် ဘယ်အစိုးရ မဲမသမာမှုပြုသလဲ၊ စကားကိုဒဲ့ပြောရရင် ဘယ်အစိုးရ မဲလိမ်မဲခိုးခဲ့သလဲဆိုတာ ပစ္စုပ္ပန်မှ ကျန်ခဲ့သောလေးနှစ်သို့ ပြန်လှည့်ကြည့်ရင် တွေ့နိုင်ပါလိမ့်မယ်။ သူခိုးက လူပြန်ဟစ်တယ်ဟုသုံးနှုန်းရင် မယဉ်ကျေးရာကျပေဦးမယ်။ သို့ဖြစ်ပါ၍ အမှန်ကခါးသောအခါ မမှန်သူတို့သည် အခါးမကြိုက် မုသားလိုက်ကာ ဖြောင့်ဖြောင့်သွားနေသူတို့ကို လိမ်ဖည်လိမ်ဖည်နဲ့ လိုက်ငြိတွယ်နေဦးမည်သာဖြစ်တယ်။ အမှန်တရားနဲ့မုသား၊ သတင်းနဲ့ကောလာဟလကို မိဘပြည်သူအပေါင်းကွဲကွဲပြားပြားနားလည်နိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုပါတယ်။
မည်သို့ဆိုပါစေ … ယခုကျင်းပတော့မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကလည်း တစ်ရက်ထက် တစ်ရက် ပိုပိုနီးကပ်လာပါပြီ။ ရွေးကောက်ပွဲကျင်းပပေးပြီး ထွက်ပေါ်လာတဲ့ အစိုးရတစ်ရပ်ကို နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေးဟာ အန္တိမရည်မှန်းချက် ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အားလုံးလည်း သိကြမှာပါ။ ရွေးကောက်ပွဲနီးကပ်လာချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ PDF အဖွဲ့တွေကိုတောင် ငြိမ်းချမ်းရေးအတွက် ကမ်းလင့်ကြိုဆိုခဲ့ပြီ ဆိုတာကိုလည်း မိဘပြည်သူ အပေါင်း သိနှင့်ပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် တိုင်းရင်းသား ပြည်သူအပေါင်းကို ကောလာဟလတွေကို မယုံကြည်ဘဲ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ယုံကြည်စွာမဲပေးနိုင်ပါကြောင်း စာပန်းချီခြယ်မှုန်းရင်း တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်ဗျာ။ ။